Sunday, October 31, 2010

celebrity


















celebrity တစ်ယောက်နဲ့ နီးနီးစပ်စပ် နေခဲ့ဘူးတယ်။ ဘယ်သူလဲဆိုတာ သိတဲ့သူနာမည်မဖော်ကြေး။
Justify Full
နာမည်ကြီးတယ်ဆိုတယ်ကောင်းတယ်ထင်ပါသလား။ ကောင်းတယ်လို့ဆိုရမလို မကောင်းဘူးလို့လဲဆိုရမယ်။

သူ့ခမျာ နာမည်ကြီးကတည်းက တစ်ယောက်ထဲမသွားဘူးဘူး. မစားဘူးဘူး ဘတ်စကားမစီးဘူးဘူး ဆိုက်ကားမစီးဘူးဘူး. လမ်းမလျောက်ဘူးဘူး. လမ်းဘေးဆိုင်မထိုင်ဘူးဘူး လဘက်ရည်ဆိုင်မထိုင်ဘူးဘူး အသုပ်ဆိုင်မစားဘူးဘူး။ မလုပ်ဘူးတော့တာ အများကြီးဘဲ. အိမ်ထဲဘဲနေရတယ် အပြင်သွားရင် ကားနဲ့. ဆိုင်ဆိုလဲ ခပ်သန့်သန့်မှ. ကြီးကျယ်တာ မဟုတ် ဘဝက အဲသလိုဖြစ်သွားတယ်။

အိမ်ကို ဧည့်သည်လာရင် ဘဲဖြစ်ဖြစ် သူကိုယ်တိုင်ထွက်ရင်ဘဲဖြစ်ဖြစ်. ပရိသတ်က တည့်တည့်တစ်မျိုး စောင်းပြီးတစ်မျိုးကြည့်ကြတယ်။ စောင့်ကြည့်ကြတယ် ချောင်းကြည့်ကြတယ်။ ကားချင်းယှဉ်ရင် မသိသလို မကြည့်သလို ကြည့်တယ်။ မျိုးစုံကြည့်တယ်။ အိမ်ကိုလာရင်ကြည့်တယ်။

အစ်မ လှတယ်နော် ။ ပိန်သွားတယ်နော်. ဝလာတယ်နော်. မျိုးစုံကြားရမယ်. တစ်စုံတစ်ယောက်လာတယ်ဆိုရင် အရင်ဆုံးမှန်ပြေးကြည့်ရတယ် ခေါင်းဖြီးပေါင်ဒါရိုက် နှုတ်ခမ်းနီ နဲနဲသရတယ် လှနေမှ ဖြစ်မယ်လေ. မလှနေလို့မဖြစ်ဘူး. လှနေတာကိုဘဲကြည့်ချင်ကြတယ်။

အစာအငတ်ခံရတယ် စားရင်ဝတယ်မဟုတ်လား့း့ပွဲတစ်ပွဲရှိတယ် ဆိုရင် အစားလျော့ရပြီး အရွက်တွေစားရပြီ။ ပွဲရှိတဲ့နေ့ဆို ဘာမှ မစားရသလောက်ဘဲ မှတ်မှတ်ရရ တစ်နစ် အကယ်ဒမီပေးပွဲသွားပြီးပြန်လာတဲ့ည မှ အားရပါးရစားရရှာတယ်။ ပွဲမသွားခင်က ဘာမှ မစားရသလောက်ဘဲ။

ဆံပင်တွေ ဆိုလဲပြင်လိုက်ရတာ. အခြောက်တွေ ပတ်လည်ဝိုင်း.ဟိုဘက်က သမ. ဒီဘက်က သမ.ရွီးရွီးနဲ့ဖြန်းလိုက်ကြဟိုခြစ်ဒီခြစ်. ဆံပင်ထုံးလိုက်ကြ. ကော်လိုမျိုးဖြန်း ပုံပျက်မှာ စိုးလို့. ပွဲပြီးရင် မနည်းပြန်ဖြေယူရတယ်။ တစ်ချာင်းချင်းခြစ်ယူရတယ်။ ဆံ့ပင်တွေဆိုတာ သိတ်နာတယ်။
ကိုယ်ချစ်တဲ့သူဆိုရင် ပရိသတ်က လှလှလေးဘဲမြင်ချင်ကြတယ် ရုပ်ဆိုးနေရင်စိတ်ဆိုးတယ်. ဟယ် လှလိုက်တာ ချစ်လိုက်တာဟယ်ဆိုပြီးဖြစ်ကြတယ်။ သူ့တို့ မျက်စိထဲလှနေစေချင်ကြတယ်။

ဝက်ဝက်ကွဲအားပေးကြတယ်။ သီချင်းဆိုမယ်ဆိုရင် ဝုန်းကနဲထကြည့်ကြတယ်။ ဘာများလုပ်ပြမလဲဆိုပြီး။ နစ်သက်သူလဲရှီမယ်မနစ်သက်သူလဲရှိမယ်။ တော်ပါတော့ဗျို့ဆိုတာမျိုးကိုလည်း အပြုံးမပျက်သည်းခံ့ပွဲထိန်းနိုင်ရမယ်။

ရထားနဲ့သွားတော့ ပြုတင်းပေါက်ကနေနေတိုးဝှေ့ကြည့်ကြတယ်။ မမြင်ရတာမြင်အောင်ြိကိုါ်စားကြည့်ကြတယ်. ချစ်ကြတယ်။ သူတို့ချစ်တဲ့သူကို ကိုယ်နဲ့ကွုယ်နေတော့ဟဲ့ကုလားမ ဘေးဖယ်စမ်းဆိုလို့ သုတ်သုတ်ကလေးဖယ်ပေးလိုက်ရတယ် ။ မဟုတ်ရင် ပြောင်းဖူးရိုးထိမှာစိုးလို့။

Privacy ဆိုတာ သူတို့အတွက်ရှားပါးလွန်းတယ်။ ပွဲရှိရင် မနည်းတိုးဝှေ့ဝင်ရတယ်။ ထွက်ရင် မနည်းလမ်းရှင်းထွက်ရတယ်။ သူ့လက်ကို ကျစ်ကျစ်ပါအောင်ဆုပ် မနည်းတိုးထွက်ယူရတယ်။ လမ်းကြောင်းကို မနည်းရှာယူရတယ်။ ပွဲ အနောက်မှာ နေခဲ့ဘူးတယ် . စင်ရှေ့ကနေကြည့်ခဲ့ဘူးတယ်။ celebrity တွေ ကို ထိုင်ကြည့်ဘူးခဲ့တယ်။

မိတ်ကပ်ဆိုတာ လိမ်းရလွန်းလို့မလိမ်းချင်လောက်အောင်ဘဲ။ ဆွေဇင်ထိုက်ဆိုရင်လဲ အဲသလိုဘဲ အပြင်မှာတွေ့ရင် သနပ်ခါးရေကြဲလေးပါးကွက်နဲ့သိတ်ချစ်စရာကောင်းတယ်။ ဟေမာလေးလဲလှတာဘဲ. ဒါ တို့အမျိုးလေ လို့ celebrity က မိတ်ဆက်ပေးတော့ဟေမာက မယုံဘူး တစ်ကယ်. အရင်းလားလို့မေးတယ်။ ဇော်ဝင်းရှိန်တစ်ခါက မြို့ထဲမှာ ဘတစ်ကားပေါ်တက်လာတယ်။ အားလုံးဘဲဝိုင်းကြည့်လိုက်ကြတာ.. တစ်အားဘဲ.။ သာဓုဂျပန်ဆေးရုံလာတက်တယ်။ ဝက်ဝက်ကွဲဘဲ။ ဒေါ်ခင်မျိုးချစ် အမျိုးသား လာတက်တယ်။ မိုးမိုးအင်းလျား အလုပ်သမားဆေးရုံကိုရောက်လာတယ်။ ပြေငြိမ်းသတင်းကြားလိုက်ရတယ်။ ပုံမှန်လူတစ်ယောက်ထက် နာမည်ကြီးလူတစ်ယောက်ဖြစ်ရတာဟာ မလွယ်ပါဘူး။ စိုင်းထီးဆိုင်ကိုတွေ့တယ် တစ်အားကြီးလေးစားပြီးလမ်းဖယ်ပေးလိုက်တယ် .သူက ဘာမှ မသိလိုက်ဘူး ကိုယ်တွေ ကပီတိဖြစ်ပြီးကျန်ခဲ့တယ်။ မေဆွိအခုလဲအရမ်းလှနေတုံးဘဲ. ဖဘမှာမြင်လိုက်တယ်။

ဒါပေမဲ့လဲ .နာမည်ကြီးတဲ့အချိန်အရမ်းကြီးပြီးငြိမ်တဲ့အခါမှာလည်းငြိမ်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိမယ်။ မင်းလိုမျိုးတော့ ငါ မခံစားနိုင်ဘူး အဲဒီကြောင့် ဒီလိုင်းကို ငါမနစ်သက်ဘူးလို့ဆိုတဲ့အခါ ကိုယ်က တရားမှ မရှိဘဲ သူကတော့ခံနိုင်ရည်ရှိပါတယ်လို့ဆိုတယ်. ။

မှတ်ချက်.
celebrity မဖြစ်ချင်ပါ။

39 comments:

  1.း)ကဲ..ဖယ်.မကေအိုအမ်ကို မြင်ချင်နေတာ.. ဒီဘလော့ဂ်က အဒေါ်ကြီးက အမြဲကွယ်နေတယ်။.ပြောင်းဖူးရိုးနဲ့ ပေါက်မယ်။
    mm

    ReplyDelete
  2. တရာနဲ့သာ ဖြေရမှာပေါ့ အမကြီးရယ် ...
    သူတောင်မှ ဖြေနိုင်သေးတာပဲ။
    စလစ်ဗျစ်တီ ဘယ်သူလဲဆိုတာ သိပါတယ်။
    မကေအိုအမ်လဲ ဘလော့မှာတော့ စလစ်ဗျစ်တီတယောက်ပါပဲလေ ... ဟုတ်တယ်ဟုတ်?

    ReplyDelete
  3. မြန်မာဘလောဂ့်လောကမှာလဲ မပြောင်းလဲတဲ့ မေ ခင်ဦးမေက စလစ်ဗျစ်တီတယောက်ပဲဟာ။

    လျို့ဝှက်နိုင်လွန်းသူကြီးရဲ့။

    :)))

    ReplyDelete
  4. အင်း... မမပြောတာ ဟုတ်တယ်...
    တော်တော်တော့ မလွယ်တဲ့ အလုပ်တခုပါပဲ...

    မမကို မြင်ချင်လို့ ဘလော့ဂ်ကို ပြောင်းဖူးရိုးရော ရေသန့်ဗူးခွံနဲ့ပါ ပေါက်သွားတယ်... အဟဲ...း))

    ReplyDelete
  5. ဘ၀ရဲ့ နိမ့်တုံ မြင့်တုံတွေကို ခံနိုင်ရည် ရှိတာ ၀မ်းသာစရာပေါ့။
    privacy ရှိတာ ကြိုက်တဲ့ ကုလားမလေးကိုသာ မြင်ဖူးချင်ပါတယ်လေ.. :)

    ReplyDelete
  6. သိတယ်။ အဲဒီ Celebrity ကို။ ဖုန်း ၂ လုံး ၃လုံးနဲ့။ ပင်နီဆူလာ သွားရင် ကုပ်ကုပ် ကုပ်ကုပ်နဲ့။

    ReplyDelete
  7. မမပြောတဲ့ သူဘယ်သူလဲ ဆိုတာသိတယ် အမကိုလည်းမြင်ဘူးတယ် ပလာဇာမှာ

    ReplyDelete
  8. မှားတယ်ဗျ။
    အမှန်က သူတို့က ဘာမှ ဖြစ်နေတာ မဟုတ်ဘူး။
    လူတွေက ဖြစ်နေကြတာပါ။
    တကယ်တော့ သူတို့လည်း လူထဲက လူပဲလေ။
    ဘာမှ မဟုတ်ပါဘူး “ ပြာ ” နဲ့ “ မြေကြီး ” နှစ်မျိုးထဲက တစ်မျိုးကို ရွေးရမှာပါ။

    ReplyDelete
  9. စာလာဖတ်တယ် မမခင်ဦးမေ

    စူးနွယ်လေး

    ReplyDelete
  10. အသစ်တင်ထားတာလေးတွေ့လိုက်တော့ စိတ်ချမ်းသာသွားတယ်..
    celebrity ဖြစ်ခြင်းသည်လည်း ကုသိုလ်တစ်မျိုးပါဘဲ။
    မဖြစ်တာဟာလည်း ကုသိုလ်တစ်မျိုးလို့ ယူဆလို့ ရပါတယ်..
    လွတ်လပ်မှုကိုကြိုက်တဲ့သူအတွက်ကတော့ အေးအေးဆေးဆေးနဲ့ လူသိမများတဲ့ဘ၀က အကောင်းဆုံးပေါ့နော်။
    မမပြောတဲ့ "celebrity"ကို စဉ်းစားလိုက်တော့
    တစ်စုံတစ်ယောက်ကို သွားသတိရလိုက်မိတယ်.
    ဘယ်သူလဲဆိုတာ သိလိုက်သလိုဘဲ.. ဒါပေမဲ့ ပြောသွားဘူးနော်း)

    ReplyDelete
  11. celebrity မဖြစ်ချင်ပါ။
    I don't believe it.
    That word must be come from your mouth, opposite way in your real heart.
    As you know, every celebrity is own by public ( also own by Govt.)
    What is a privacy lost?
    If you seek celebrity, you must sacrifice privacy.
    That is a proper way.
    Everybody chose the way he or she want.
    Isn't it?

    Sorry for my rude words.
    I can't write as Moe Cho Thinn brief with wide means (privacy ရှိတာ ကြိုက်တဲ့ ကုလားမလေးကိုသာ မြင်ဖူးချင်ပါတယ်လေ..)

    BINO

    ReplyDelete
  12. ဘလော့ ဘွားတော် စီလစ်ဗျစ်တီကြီးကတော့..
    စ လုံးမှာ စိတ်ကြိုက် လျှောက်သွားနေပါ့လား...

    ReplyDelete
  13. ပုံထဲမယ် ဝင်းဦးပဲတွေ့ လိုက်တယ် ကျန်သူတွေမသိဘူး ..ဝင်းဦးဆိုရင်ရယ်ချင်နေတော့တာ ဟားဟား။

    ReplyDelete
  14. မမရဲ့ ဆယ်လီဗျစ်တီကို အသက် ၂၅- ၃၀ ဝန်းကျင်လို့ ခုထိထင်နေသေးတာ...

    ဒီအရွယ်နောက်ပိုင်း မမြင်ဖူးတော့လို့.....

    မမလည်း ဆယ်လီဗျစ်တီပါပဲ.....

    မနေ့က ပင်နီဆူလာရောက်ဖြစ်လို့ မမလည်း အဲ့ဒီဝန်းကျင်မှာရှိမယ်ထင်လို့ လှမ်းခြိမ်းခြောက်ဖို့ ကြံသေးတယ်.. ဖုန်းက အိမ်မှာကျန်နေခဲ့လို့ ....။

    ReplyDelete
  15. မမကွန်ကြီးလည်း Celebrity တစ်ယောက်ပဲ မဟုတ်လား ၊ စလုံးမှာနာမည်ကြီးတဲ့ အန်တီကြီးလေ ၊

    S O R R Y .... မှားသွားလို.

    စလုံးမှာနာမည်ကြီးတဲ့ နုပျိုတဲ့မမ

    ReplyDelete
  16. 1..2..3..4 သိတယ် ဒီဇင်ဘာကျရင် ဘကျောက် ပြောတဲ့  စင့်ကာ ပူ က စီလစ်ဗျစ်တီကြီး သွားရှာအုံးမယ်

    ReplyDelete
  17. ကောလဟလ ကြားဖူးထားတာတော့ ရှိတယ်။ ပြောလိုက်ရမလား။

    ReplyDelete
  18. ဖင်ကောက်ကောက် ဗိုက်ပူပူကြီးနဲ့ဟာကြီးက ဆယ်လီဗြွတ်တီဘဲဖြစ်မယ်။
    ဒီဘလော့ဂါ ဘာတွေရေးလို့ ဘာတွေနာမည်ကြီးတာလဲ ရှင်...
    မသိလို့မေးတာပါနော် ...
    စိတ်မရှိပါနဲ့..
    သိတဲ့သူများဖြေပေးပါနော်။

    ReplyDelete
  19. သိဘူး..သိဘူး..။
    ဘယ်သူလဲ ဆိုတာကို..။

    ကျနော်တော့ မင်းသားတယောက်ရဲ့
    ပြန်စာတွေ ကူရေးပေးဖူးတယ်..။
    ဟိဟိ..။

    မယ်ဆင် မဖော်ရပါ.။။


    ဒန်တန့်တန့်
    (လက်ရေးဝိုင်းသူ..လက်ရေးလှသူမဟုတ်)

    ReplyDelete
  20. ခခဥ တို့ ခဥမ ခမမ တို့ နာမည်ကြီးတွေဘဲဟာ သိသားဘဲ။ ဟမ် ..

    ReplyDelete
  21. ဘူလေးလဲဟင်..............

    ReplyDelete
  22. အစ်မကွန်လည်း စလီဗျစ်တီပဲဟာ....၊ကျွန်တော်ဆို
    ပန်နစူလာရောက်တိုင်း အစ်မကွန်ကိုများတွေ့လေမလားလို့
    ရှာကြည့်မိသေး...:)။တွေ့ရင် အော်ရှည် ရေးပေးရမယ်နော်
    ဒါဗြဲ...။

    ReplyDelete
  23. အဲဒီ celebrity က မ၀မ လား...

    ReplyDelete
  24. တွေ့ အောင်လိုက်ရှာ မြင်အောင်လိုက်ကြည့်ပြီး အော်ရှည်ရေးခိုင်းမယ်...... :D

    Justice999burma

    ReplyDelete
  25. လာဖတ်သွားပါတယ် အရေးအသားလေးတွေ အရမ်းကောင်းပါတယ်ခင်ဗျား ..
    ဆက်လက်၍ ရေးသားနိုင်ပါစေခင်ဗျား

    အားပေးလျှက်

    နေဇော်လင်း
    http://nayzawlin1.blogspot.com/

    ReplyDelete
  26. မောင်ဝေးOctober 31, 2010 at 3:41 PM

    ဪ.. ဆယ်လစ်ဗျစ်တီတွေဆိုတာ ဒီလိုတဲ့လား၊ ပါပါရာဇီတွေကကော ဘယ်လိုတဲ့လဲ၊ ပြောရင်းနဲ့ မဆီမဆိုင် ဘယာကြော်စမူဆာသုပ် စားချင်စိတ်ပေါက်လာတယ်၊ ဘာဖြစ်လို့ပါလိမ့်။

    ReplyDelete
  27. ဘလော့ဂါမမလည်း အတွေးကောင်းတယ်၊ မန့်တဲ့သူတွေကလည်း အရေးကောင်းတယ်။ :)

    ReplyDelete
  28. သတင်းအစုံ ကိုလာရောက်ဖတ်ရှု
    ပြီးအားရပါးရအားပေးသွားပါတယ်။
    ဘယ်အရာမှအကြာကြီးမတည်မြဲပါဘူး။
    ဒေါ်ခင်ဖုန်းကြည်

    ReplyDelete
  29. ဒီပို့စ်လေး သဘောကျမိတယ်..
    ဘာရယ်မဟုတ်ပါဘူး... ရုပ်ရှင်တွေ ၀တ္ထုတွေမှာ မင်းသမီးတွေ ပရိသတ်မမှတ်မိအောင် ရုပ်ဖျက်ထွက်တာတွေ၊ သမားရိုးကျနိုင်လှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေပဲ ၇ှိတယ်။
    အရာဝတ္ထုတစ်ခုလို ပရိသတ်ရှေ့မှာ ချပြခံနေရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်၊ ကိုယ့်ခနာ အသားအရေတွေက အစ ဆံပင်တွေအဆုံး သူတကာရဲ့ လက်ထဲကို ၀ကွက် အပ်လိုက်ရတဲ့ ခံစားချက်၊ အချိန်တွေ လွန်လာရင် အလှတွေယွင်းလာရင် ဘယ် လို ခံစားရမလဲ ဆိုတဲ့ ခံစားချက်၊ အဲဒီလို ခံစားချက်တွေကို အသေးစိတ်ရေးနိုင်မယ့် ဇာတ်လမ်းတွေ ဖတ်ရရင်ကောင်းမယ်

    ReplyDelete
  30. Let me say openly, people crazy to elebrity is a person do not occur self-esteem.

    ReplyDelete
  31. ကြင်နာသူဟာ အရူးလား......??????
    ကိုယ် ကိုယ်တိုင်ဟာ အရူးလား....????
    ဘယ်သူတွေဟာ အရူးလဲ..??

    ReplyDelete
  32. ဒီ celebrity ကိုသိပ့်သိတာပေါ့ မဟေသီ အင်တာဗျူး မှာ အပျိုကြီးလုပ်မှာ သိပ့်သေချာတာပေါ့ ရေးသာရေးလိုက်ပါလို့ ဖြေခဲ့ပြီး မကြာခင်လက်ထပ်သွားတဲ့ တနင်းလာနံနဲ့စတဲ့သူပေါ့…… ကျမတို့ အသိုင်းအဝိုင်းမှာ အဲဒီစကားလုံးလေး ခေတ်စားလိုက်သေးတယ်…..:-)))))

    ReplyDelete
  33. မကွန်
    “စိုင်းထီးဆိုင်ကိုတွေ့တယ် တစ်အားကြီးလေးစားပြီးလမ်းဖယ်ပေးလိုက်တယ် .သူက ဘာမှ မသိလိုက်ဘူး ကိုယ်တွေ ကပီတိဖြစ်ပြီးကျန်ခဲ့တယ်။ ”
    ကျွန်မ စီဘောက်စ်မှာ kom ဆိုတာတွေ့တယ်။ ပထမ ဘယ်သူမှန်းမသိဘူး။ လိုက် click တော့မှ အရမ်း hit တဲ့ နေရာဖြစ်နေတယ်။
    သူကတော့ ဘာမှ မသိလိုက်ဘူး။ ကျွန်မကတော့ ပီတိတွေဖြစ်ပြီး ကျန်ခဲ့တယ်။
    m^-^m

    ReplyDelete
  34. တစ် "ဦး" ဦးတော့ဖြစ်ရမယ်...
    မေTZ.Oo လို့အစကထင်နေတာ Zင်Mာ.Oo လား ၊ K.Kင်.Oo လား ဇဝေဇဝါဖြစ်ရပြီ ။ မေTZ.Oo ဆို ဟိုလူ့သိလား ဒီလူ့သိလား အမျိုးစပ်မိတော့မှာပဲ ။ ပြေငြိမ်း လူဝင်စားကိစ္စလည်း အဲဒိတုန်းက နာမည်ကြီးလိုက်သေးတယ် ကြားဖူးတယ် ။ ဝင်းဦးဆိုလို့ .. အမေက မင်းသားကြီးကို အတော်ကြိုက်တာ ငယ်ငယ်ကဆို အမြဲပြောပြောနေကြ .. အင်းလေ သူတို့အရွယ်တွေ ကြိုက်ကြမှာပေါ့.. ငွှားငွှားးး

    ReplyDelete
  35. သိပ်မရင်းနှီးပေမယ့် လေးစားပါတယ်။

    ဒါပေမယ့် ပို့စ်ရယ် ကွန်မန့်တွေရယ် ဖတ်တော့မှ ပိုရှုပ်ကုန်တယ်။ တစ်ယောက်စီက ကြားဖူးတာကလဲ တစ်မျိုးဖြစ်နေတာကိုး။

    ၀ို ဟို ...အားလုံးကို ရှုပ်နေတာပဲ

    ReplyDelete
  36. များတို့လဲ ဆယ်လစ်ဗျစ်တီ မမတစ်ယောက်ကို ချောင်းနေတာ လူမှားပြီး ချောင်းမိနေလို့ ခက်နေရပြီ။ အ်မပြောတဲ့ တစ်ယောက်ကို သိသလိုပဲနော် ...

    ReplyDelete
  37. မေဝင်းမောင်မှ မေဝင်းမောင် အစစ်ပါ....

    ReplyDelete