Friday, November 5, 2010

ADELE Rise of The Mummy






















Taxi နဲ့လစ်သွားတာတောင်.ထွေလာတွေ လွတ်သွားတယ် ။ အစပိုင်းတောင်စပြနေပြီ။ ဘာကားဘဲပြပြ တစ်ကားတော့ရအောင်ကြည့်မယ်လို့စိတ်ပိုင်းဖြတ်ထားတာမို့လို့ ကြည့်ဖြစ်တယ်။ မထင်မှတ်ဘဲ ရုံတော်တော်ပြည့်နေတယ်။ တစ်ခါတစ်လေ ကြရင် လက်မှတ်ဝယ်တဲ့အကွက်ထဲမှာဘဲပြည့်တာ ရုံမှာ လွတ်ရင် လွတ်နေတတ်တယ်။ အဲဒါနဲ့ couple seat သူများကြားထဲ ခဏသွားထိုင်တာ ပြန်ဖယ်ပေးလိုက်ရတယ် ။ တစ်ကယ်ပြည့်နေတာကိုး. ။ အဲဒါနု့ကိုယ့်နေရာ ကိုယ်ပြန်သွားထိုင်ရတယ် နောက်ဆုံးတန်း လူသွားလမ်းဘေးက ခုံ နဲနဲလေးတော့စောင်းတယ် ။ ကြည့်လို့တော့အဆင်ပြေပါတယ်။ အ ဆင်မပြေတာက ကိုယ့်ဘေးက ခမမ တို့အတွဲ. အတော်လေး ကသိကအောင့်ဖြစ်သွားမယ်။

မပြခင်ကတည်းက ကောင်မလေးကိုယ်တစ်ဝက်က ဟိုဘက်ရောက်နေပြီ. ဟိုဘက်က လက်တစ်ဘက်က လည်းဒီဘက်ရဲ့ ပေါင် ကိုထိထားပြီးပြီ. ကောင်မလေးမပြောနဲ့ကိုယ်တောင် နဲနဲရင် ခုန်သလိုဖြစ်သွားလို့ ရုံ့ကိုဘဲ မဲပြီး စိုက်ကြည့်လိုက်ရတယ်။ အားနာလို့ လှည့်ကို မကြည့်တော့ဘူး libido နည်းတာလဲပါတာပေါ့လေ။

Museum လိုမျိုးထဲကနေ ဥကြီးတစ်လုံးကနေပြီး အကောင်ပေါက်မလို အက်ကွဲလာတယ်။ တစ်ဖြည်းဖြည်းနဲ့ အကာငိကိုမြင်လာရတယ်။ ခဏနေ တိုးလာတယ်။ ပြီးတိုးထွက်လာတယ်။ အကောင်တစ်ကောင်ဖြစ်သွားတယ်။ အဲ…….. ငှက် ကြီးတစ်ကောင်ဘဲဆိုကြပါစို့ ရုပ်ကလဲဆိုးလိုက်တာ. အဲဒီငှက်ကြီး ခံစားရသလိုမျိုး ပရောဖက်ဆာကြီးတစ်ယောက်ကလည်းခံစားရတယ။် သူတို့နစ်ယောက်က တစ်သွေးထဲတစ်သားထဲလိုမျိုး.။ ခဏနေတေှာု့ငှက်ကြီး က အဆောက်အဦး ခေါင်မိုးကို ဖောက်ထွက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်။

ထုူးဆန်းတော့ထူးဆန်းတယ် ။ အမြင်သစ်မြင်ရတာပေါ့ ။ အချစ်ကားကို မခံစားနိုင်တော့လဲ ဒီလိုဘဲ လျောက်ကြည့်ရတာဘဲ ။ အက်ရှင်လို့ယူဆလိုက်ရင် ကြည့်လိုက်တာဘဲ။ ဟိုခေတ်က ဝတ်စားထားကြတာတွေ ...တယ်လီဖုံးတွေ ကအစ ...ရယ်ရတယ် ။ ဟိုခေတ်က ဖုံးတွေ လူတွေ ကလည်း နှူတ်ခမ်းမွေးကားကားကြီးတွေနဲ့ မျက်မှန်သေးသေးဝိုင်းဝို်င်းကလေးတွေ....

ကောင်မလေးတစ်ယောက်ခပ်ချောချော အရည်ရှည်ရှည်ပိန်ပိန်. တစ်ယောက်ပေါ်လာတယ်။ စူပါမန်းဘဲ။ ဘယ်သူ့ကိုမှ မကြောက်ဘူး ။ စာရေးဆရာမလိုလို. သုတေသနသမား လိုလိုနဲ့ ပိရိမစ်. ဆီရောက်လာတယ် လမ်းပြတွေ နဲ့အတူ အကျိုးဆောင်ရွက်မဲ့သူတစ်ချို့နဲ့အတူ. မြေကြီးအောက်ထဲဆင်းသွားကြတယ်။ အကျိုးတု တွေ နဲ့ လမ်းပြမြေပုံချင်းတစ်ယောက်တစ်ပိုင်းစီ ဆက်ကြတယ် ။ ပုံပေါ်လာတယ်။ လမ်းကြောင့း်ပေါ်လာတယ်။ ရင်သတ်ရှူမောဖြစ်သွားကြတယ်။ အထဲရောက်သွားတယ် ။်ကက္ကရာလိုမျိုးအရည်တွေ လဲစီးလာတယ် ။ မီးရှို့ကြည့်တာ လောင်တယ်။ အထဲရောက်သွားတယ်။ ရွေတွေ အဖိုးတန် ပစစ၁ည်းတွေအများကြီးတွေ့ရတယ်။

တစ်ယေက်ကအရမ်းပျော်ရွင်သွားတယ်။ တစ်ယောက် ဘယက်လိုမျို:ကြည့်ဆွဲလိုက်တယ်။ ကောင်မလေးကိုလဲ အကျိုးတူတွေ ကနေ သေနတ်နဲ့ထောက်လာတယ်.။ ကျေးဇူးတင်တယ်တယ် ဝိုင်းရှာပေးတဲ့အတွက်.အ ခုတော့သတ်ရမယ်လို့ပြောတယ်။အဲဒါကို မကြောက်မလန့်သေနတ်ကိုတွန်းဖယ်ပြီး ဆက်သွားတယ်။ သေနတ်ကိုင်သူ ဘာဆက်လုပ်ရမှန်းမသိဘဲ ဖြစ်သွာတယ်။

အတွင်းလူကလည်းရဲကိုသွားခေါ်လာသေးတယ်။ နောက်ဆုံးရှု့ပ်ယှက်ခတ်သွားတယ်။ လည်ဆွဲဆွဲတဲ့သူကို အဲဒီလည်ဆွဲနေ မြွေဖြစ်သွားပြီး အဲဒီလူကိုပေါက်သတ်လိုက်တယ်။ ရွေငွေ ကျောက်သံပတာများပုံကြီး ကလည်း မျက်လှည့်ပြလိုက်သလို. မြေကြီးထဲဝင်သွားတာ အဲဒီပေါ်မှာ လူက ပါသွားတယ်။ ကောင်မလေးကို သေနတ်ကိုင်လူတွေ က ဖမ်းလိုက်တယ်။ သေနတ်နဲ့ပစ်သတ်မလို့ချိန်ကြတယ်။ နောက်ဆုံးလက်ဆောင်စီးကရက်လေးပေးသောက်တယ။် ကောင်မလေးက ညိုမြလုပ်ပြီးမီးခြစ်တောင်းတယ်။ နင့်မီးခြစ်က သိတ်ကောင်းတာဘဲနော်. ဘယ်ကရတာလဲဘာလဲ ညာလဲ . သတ်မဲ့သူကလည်းမသတ်သေးဘဲ.. အဲဒါ ငါအမျိုးက ငါ့ကိုပေးသွားတာ အမှတ်တရပေါ့ ။ ဆိုတော့ကောင်မလေးက စွဲလန်း တဲ့အကြည့်ကြါ်ီဲနဲ သတ်မဲ့သူကို့ကြည့်ပြီး. မင်းကို ငါလဲ အမှတ်တရပေးချင်တယ်ဆိုပြီး ကစ် kiss တော့မလိုလုပ်ရင်း အဲဒီလူကို ကစ်ပြီးတော့ မက်မီရဲ့ သေတ္တာထဲပြေးဝင်. သူ့လက်ထဲက မီးခြစ်ကို ကတ္တာရာရည်ထဲပစ်ထည့်ခဲ့တာ မီးလုံးကြီးဖြစ်ပြီးအဲဒီက လူတွေ ဒုက္ခရောက်ကျန်ခဲ့ပြီး နောက်ဆုံးကောင်မလေး လွတ်သွားတယ်။ သက်စွန့်ဆန်ဖျားဘဲ. . ကြည့်လို့တော့ကောင်းတယ်။ special effect တွေ ကောင်းတယ်။

ကောင်မေးလနဲ့အတူ mummy လဲပါသွားတယ် . ကောင်မလေးမျက်နာ အက်ရှင်တွေ ရယ်ရတယ်။ ခပ်တည်တည်ဘဲ အတည်ကြီးလုပ်နေတာ. ။ အဲဒါကို သူ့အိမ်ကိုရအောင်သယ်သွားတယ်။ အိမ်မှာညီမတတစ်ယောက်ကိုမာဖြစ်နေတာ ရှိတယ်။ အဲဒီကိုမာ ညီမကို အသက်ပြန်ဝင်အောင်သူက ကြိုးစားနေတာ ကောင်မလေးကို သဘောကျနေတဲ့သိတ်ပံပညာရှင်တစ်ယောက် ကောင်လေးက လညှ်းရှိသေးတယ်။ သူ့ဆရာ လဲရှိသေးတယ်။ ဇတ်ကောင်ကတော့ သိတ်အများကြီးမဟုတ်ပါဘူး.

ငှက်ကြီးကလဲ မြို့ထဲမှာ ဟိုသွားဒီသွားနဲ့သတင်းစာတွေ ထဲလဲပါကုန်ပြီး ငှက်ကြီးကို လိုက်ပစ်မဲ့ငှက်ဖမ်းသမားကလည်းရောက်နေပြီး သတင်းသမားတွေ ကလဲငှက်ကြီးကို ဘယ်လိုဖမ်းမှာလဲ မေးကုန်ကြပြီ။ ဟိုလိုဖမ်းမယ် ဒီလိုဖမ်းမယ်ဆိုပြီးတော့လဲသူ့မှ ရှင်းရတယ်။ သိုးအယောင်ဆောင် သိုးခေါင်း လေးဆောင်းြီပီး သု့မှာ ငှက်ဖမ်းထွက်ဘို့ကြိုးစား. ရဲတွေ ကလညှ်းုငှက်နောက်လိုက်ကုန်ပြီး။ သိတ်ပံပညာရှင်ကြီးလဲ မောပြီ။ ကောင်မလေးလဲမောပြီ. နောက်ဆုံး မနည်း လစ်လာပြီးဒဏ်ရာ ရတာတဲ့ပညာရှင်ကြီးကို အိမ်ခေါ်လာပြီး သူ့ညီမ ကိုကုခိုင်းတယ်။ ကုရင်းတန်းလန်း အိမ်ထဲက အရာဝတ္ထူတွေ လေထဲလွင့်ကုန်ကြတယ်။အဲဒီအချိန်မှာ ငှက်ကြီးဘာဖြစ်သွားမှန်းမသိ. ..ပညာရှင်ကြီး လဲ.. လဲသွားတယှ်ုငှက်လဲလဲသွာတယ်။် မထကြတော့ဘူး။

ကောင်မလေးလဲခြေပစ်လက်ပစ်ဖြစ်သွားတယ် ။ သူ့မျှော်လင့်ချက်တွေ ရေစုန်မျောပြီပေါ့. ။ အဲဓီအချိန်မှာ mummy ကလှူပ်လာတယ် ။ အသက်ဝင်လာတယ်။ ကောင်မလေးကိုကြည့်တယ် ။ သူ့ကိုထည့်ထားတဲ့ မှန်ဘီရိုထဲကနေ ထွက်လာတယ် ။ မှန်ဘီရိုကိုပြန် ပိတ်တယ်။ သေချာ. ကောင်မလေးက ကြည့်ဘဲကြည့်နေတယ်။ ဘာမှ မပြောဘူး သူစိတ်ဓါတ်ကျနေဘီ။ mummy က အရိုးခေါက်ဂါတ် နဲ့လမ်းလျောက်တယ။် အခြောက်တွေ လျောက်သလိုဘဲ လိန်ဖယ်ပြီးလျောက်တယ်။ ရယ်ရလို့ကိုယ်တောင်လိုက်လျှောက်ချင်တယ်။ ကော်ဖီလဲသွားသောက်တယ် ။ ။ကောင်မလေးကို စပ်စုတယ် နင့်ညီမကဘာဖြစ်တဲာ ဆြိုီ့းပီး ကောင်မလေးက ရှင်းပြတယ်။ မျက်ရည်တွေ ဝဲပြီးသူတို့ညီအစ်မ သိတ်ချစ်ကြတယ်။ သူငယ်ချင်းလဲဖြစ်တယ် တင်းနစ်လိုမျိုး ရိုက်ကြရင် အပြန်အလှန်အပြင်းထန် ရိုက်ကြရင်းဘောံလုံးက ညီမကို နဖူးကိုထ.ိ. အဲဒီက နေ ဟိုဟာဒီဟာတွေဖြစ်ပြီး သူ့ညီမ အဲသလို ကိုမာ ဖြစ်သွားတယ်။ အဲဒီအတွက်. သူအားကြီးစိတ်ထိခိုက်. အ့ပြစ်ရှိသလိုခာံးရတယ်။ မမ်မီကိုလည်းမေးသေးတယ် နင်ဆရာဝန်လား ဆိုပြီး ဟိုကလဲ မဟုတ်ဘူး တဲ့အင်ဂျင်နီယာဆိုလား သိတ်ပံပညာရှင်ဆိုလား.

ကောင်မလေးစိတ်ဓါတ်ကျသွားတယ် မမ်မီက အားပေးတယ် ငါတို့တစ်နေရာသွားကြမယ် မျော်လင့်ချက်ရှိတယ်ဆိုပြီး သူ့ညီမကို wheel chair ပေါ်တင်ပြီး သွားကြတယ်။ မမ်မီက လမ်းပြတယ်။ သော့တွေ ကိုလည်းသူ့အစွမ်းဲ့ဖွင့်တတ်တယ။် လမ်းခရီးကို ပိတ်ပင်မဲ့သူတွေ ကိုလည်းနေရင်းထိုင်ရင်းမေ့လဲအောင်လဲလုပ်တတ်တယ်။

နောက်ဆုံးတစ်နေရာရောက်သွားတယ။်။အဲဒီမှာ မင်္မမီ ပုံးတွေ ရှိတယ။် မမ်မီက လိုက်ဖွင့်ပေးတယ်။ ကောင်မလေးက လိုက်မေးတယ် မမ်မီတွေ ကို excuse me ..pardon me.. are you a doctor ဆိုပြီး မမ်မီတစ်ချို့က ခေါင်းခါပြတယ် တစ်ျချို့က လက်ကလေးခါပြကြတယ်။ သိတ်ရယ်ရတာဘဲ မထင်ရဘူး မျက်နာတည်ကြီးတွေ နဲ့ နောက်ဆုံးမမ်မီတွေ က ဘုရင်ကြီးဆီရောက်လာကြတယ် ဘုရင်ကြီးနိုးလာဘို့အတွက်. ဝိုင်းပြီဆုတောင်း ဂါရဝပြုကြတယ်။ မမ်မီ ဘုရင်ကြီး နိုးထလာတယ် အညောင်းတွေ ဘာတွေ ဆန့်လိုက်သေးတယ်။ သူလဲ အထဲမှာ ပိတ်မိနေတာအတော်ကြီ့ပီကိုး..

ကောင်မလေးကိုကျေးဇူးတင်တယ်ပေါ့ ကူညီချင်ပါတယ်ပေါ့. ဟို ကောင်မလေးသူငယ်ချင်း မမ်မီကလည်းထောက်ခံတယ်။ ကူညီသင့်ပါတယ်တပေါ့ ကောင်မေးလကလည်းအသနားခံတယ။် အဲဒါနဲ့ မမ်မီ ဆရာဝန်ပေါ်လာတယ်။ သူ့ညီမက ဆေးကုဘို့ကုတင်ပေါ်ကို ဝိုင်းတင်ပေးကြတယ်။ ဆေးတွေ စပ်တယ်။ လက်ထောက်မမ်မီတွေကလည်းဆပ်ကော့လက်ကော့နဲ့ဆေးတွေ ပြေးယူပေးတယ။် ကောင်မလေးရဲ့ဒဏ်ရာထဲကို ဆေးသိတ်လိုက်တယ် ပတ်တီးကတော့မမ်မီတစ်ယာက်က သူ့ကိုပတ်ထားတဲ့ အပတ်တွေ ကိုဟိုလှည့်ဒီလှည့်လုပ်ပြီး ဖြေလိုကတာ ဆေးပတ်တီးဖြစ်သွားတယ်။


နောက်ဆုံးဘုရင်ကြီးကနေ လှဲအိပ်မေ့နေတဲ့ သူ့ညီမကို နှုတ်ခမ်းချင်းထိ နှိုးထ မယ်ဆိုတော့ ကောင်မလေးက မကျေနပ်ဘူး အဲဒါ mandatory လားလို့မေးတယ်။ သူငယ်ချင်းမမ်မီက ဖြောင့်ဖျရတယ။် ဒီလိုပါဘဲ ဘာဖြစ်တယ်ဆိုလား အဲဒါနဲ့ကောင်မလေးက မကျေမခြမ်းနဲ့ ငြိမ်နေလိုက်တယ်။ နောက်ဆုံးသူ့ညီမလေး နိုးလာတယ်။ကောင်မလေးအရမ်းဝမ်းသာသွားတယ် မမ်မီအုပ်စုလဲ ဟိုလျောက်ဒီလျောက်လုပ်ရင်း ဆပ်ကော့လပ်ကောနဲ့ဘယ်မှန်းမသိထွက်သွားကြတယ်။

ဇတ်သိမ်းခန်း.မှာ ကောင်မလေးအိမ်ကို သူ့ကိုကြိုက်နေတဲ့ပညာရှင်ကပန်းစည်ါ်ကြီးကိုင်ပြီးလာလည်တယ်။ ညီမကပြောတယ် အစ်မမရှိဘူး couples of weeks မရှိဘူးဆိုလို့ ကောင်လေးစိတ်ဓါတ်ကျသွားတယ် ညီမက ညိုမြအကြည့်နဲ့အဲဒါဆိုရင်လည်းပန်းတွေ နှမျောစရာကွယ်။ တစ်စုံတစ်ယောက်ကိုပေးလိုက်ပါလားလိို့ မယ်ဘ အိုက်တင်နဲ့ပြောတော့ အတီးအတ. သုံးစက်လဲ ဘာလုပ်ရမလဲဖြစ်သွားတယ်။ အစ်မမရှိဘူးဆိုတော့ပြန်တော့မလို့လုပ်နေရာကနေ လမ်းကြောင်းပေးလိုက်တော့ နည်းနည်းပါးပါး သဘောပေါက်သွားတယ်

.အဲဒါနဲ့ကောင်မလးညီမကိုပန်းစည်းကြီးပေးလိုက်တယ် . ညီမကလည်းအတည်ပေါက်ကြီးနဲ့ဟယ် ငါ့ အတွက်လား သိတ်ကျေးဇူးတင်တာဘဲဟယ် ပန်းတွေက ချစ်စရာကောင်းလိုက်တာ ဆိုပြီး ခပ်တည်တည်နဲ့သူို့ကိုဘဲလာပေးသလိုနဲ့ယူထားလိုက်တယ်။ကော်ဖီလေးသောက်ပါဦးဆိုတော့ အတီးအတ သုံးစက်လဲယောင်ပြီး အစ်မကိုကြိုက်ထားတာမေ့ပြီး ညီမ ဆီပါသွားရော......

ကောင်မလေး ကိုပြန်ပြတယ်. ခရီးသွားမလို့လတ်မှတ်ဖြတ်နေတယ။် လက်မှတ်စစ်တွေကိုဖြတ်တယ။်ကောင်မလေးကအိုက်တင်တွေ က သိတ်ရယ် ရတယ။် အတည် ပေါက်ကြါ်ီတွေ နဲ့ရယ်နေရတာ.. အဲဒီမှာ သူ့ရန်သူ တော်တွေကလည်းဘယ်ကနေရောက်လာမှန်းမသိ. သူ့ကိုစောင့်ကြည့်နေကြတယ်။ ဇတ်လမ်းက နောက်တစ်ကားဆက်ချင်နေသးလားမသိဘူး.

နောက်ဆုံးကောင်မလေး တက်သွားတာဘာလဲဆိုတာပြတယ်။ သဘောင်္ကြီးဖြစ်နေတယ်။ သဘောင်္်င်္ကြီးနဲ့ ခရီးသွားမှာကို...............နောက်ဆုံးသဘောင်္ကြီး နာမည်ကို ပြတယ်။ TITANIC တဲ့………စိတ်မကာင်းသလို ကောင်မလေးအတွက်စိတ်ပူသွားတယ်။ ရေနစ်တဲ့အထဲပါသွားမှာ စိုးလို့. နောက်ဆုံးစိတ်ဖြေလိုက်ရတယ်။ သူက စူပါမန်းဘဲလေ. ရေနစ်မယ်မထင်ပါဘူးလို့ ကောင်မလေးအတွက် ဆုတောင်းပေးရင်းရုံထဲကနေ ထွက်ခဲ့တယ်။

21 comments:

  1. ကောင်းလိုက်တဲ့ ရုပ်ရှင်ဝေဖန်ချက်။ စိန်ခင်မောင်ရီတို့ အရှုံးပေးရမယ်။ ရှည်လွန်းလို့ သေချာမဖတ်ဖူး ရမ်းသရူးပဲ ဖတ်လိုက်တာ ဟတ်ဟတ်
    စစချင်းက ခမမတို့အတွဲ ဆိုတာလေးပဲနဲနဲ စိတ်ဝင်စားဖို့ကောင်းတယ်။ မကေအိုအမ်တောင် ရင်ခုန်တယ်ဆိုတော့ လေ ...... :P

    ReplyDelete
  2. ဒါနဲ့ ပေါင်ကိုင်ပီးတော့ ဘာဆက်ဖြစ်လဲ ... မကြည့်ပေမဲ့ မြင်နေရတယ်မှတ်လား ... ခွိစ်ခွိစ်

    ReplyDelete
  3. အတော်ပဲ.. ဒီနေ့ ရုပ်ရှင်ကြည့်စရာ ရပြီ.. ဒါပေမယ့် ရုပ်ရှင်အညွှန်းထဲကလောက် မကောင်းရင် ဒွတ်ခ.. :)

    ReplyDelete
  4. ကောင်မလေးဆိုတော့စူပါဝူးမန်း ဖြစ်ရမှာပေါ့ စူပါမန်းမဟုတ်ဘူးလေ

    tt

    ReplyDelete
  5. ဝက်ဝံလေးNovember 5, 2010 at 5:42 AM

    ဟိုက်....
    ဒီတခါ ငါ့မာမီ စာရှည်ရှည်ရေးနေပါ့လား
    မာမီ မောသွားပလား အအေးသောက် ဟဟဟ
    တာ့တာ

    ReplyDelete
  6. how about THE BOY IN THE STRIPED PYJAMAS ? Try if u haven't

    :)

    ReplyDelete
  7. အစ်အကွန်ရဲ့ ရုပ်ရှင်ဝေဖန်ရေး က တယ်ကောင်း..။
    ကျွန်တော်တောင်ကြည့်ချင်လာပြီ..။ညနေသွားကြည့်ဦးမှ။
    အမကွန်ရေးတဲ့အတိုင်းဆို ဒီကားက ရုပ်ရှင်တွေကို သရော်
    ထားတဲ့ ဟာသကားဆန်ဆန်ထင်ရဲ့...။

    ReplyDelete
  8. အောင်မာ... မထိခလုတ် ထိခလုတ်က လုပ်လိုက်သေးတယ်။
    ဘာလဲ မယ်ဘ အိုက်တင်....
    အဲ့ကားက ဘယ်တုန်းက တင်လိုက်တာလဲ???
    ကိုယ်တောင် မသိလိုက်ပါလား...။
    ကောင်မလေးက Rose ဖြစ်ဖို့ သေချာတယ်။

    ReplyDelete
  9. ခမမ အခုရှင်းပါ။ ဝါးလုံးရှည်ရမ်းလိုက်တာ ဘယ်တစ်ယောက်ထိသွားတာလဲဆိုတာ ရှင်းပြလိုက်စမ်းဘာ။ ပိုသေးရင် တို့လူပျိုကြီးကိုလဲ မျှပါဦး။

    ReplyDelete
  10. (အားနာလို့ လှည့်ကို မကြည့်တော့ဘူး libido နည်းတာလဲပါတာပေါ့လေ။) တဲ့ ............. အဟိ...

    ဇတ်ကကို အစပိုင်းကြည့်ဖူးတယ်... ငှက်ကပျံလိုက် သိပ္ပံ ပညာရှင်ကို ပြလိုက်မို့ လို့  ပျင်းလို့  ဆက်မကြည့်တာ..

    မကွမ်း ရေးမှ စိတ်ဝင်စားလာတယ်........ ပြန်ကြည့်မယ်...

    (အမှောင်ထုထဲက အလင်းစက်များ)

    ReplyDelete
  11. Lovely Ma Ma Kom and her lovely writing style & wrong spelling :)

    SYN

    ReplyDelete
  12. မမ ခုတစ်လောရေးတဲ့ပိုစ့်ထဲမှာ ဒီပိုစ့်က အရှည်ဆုံးထင်ပါတယ်..
    တော်တော် လက်ညောင်းသွားမှာဘဲနော်။
    ရုပ်ရှင်တော့ ကြည့်ဖို့မလိုတော့ဘူး မမက ဇာတ်လမ်းပြောပြလိုက်တော့ ပိုက်ဆံကုန်သက်သာသွားပြီလေ

    ReplyDelete
  13. ဟားဟား ဒီပိုစ့်ကို ကောင်မလေးကို ပြလိုက်တော့ ရယ်လိုက်တာ.. ကောင်မလေးကလည်း အမကို သဘောကျနေတာလေ... (ဟမ်)

    ပုံ
    နည်းနည်းလေးမှ မလျှော့သူ :-D
    ခမမ

    (@UMyoAung .. မပိုတော့ဘူး ၊ ဒို့မလည်း တယောက်ထဲ ရှိထှာ ) :-P

    ReplyDelete
  14. မယုံတဝက်၊ ယုံတဝက် ယုံရခက်ကြီးပါ....
    တူ ...ခမမ
    (တစ်ယောက်ထဲရှိတယ်ဆိုတာကို မယုံတာ မဟုတ်ဘူး...
    ရှိတယ်ဆိုတာကို မယုံတာ... ၊ စိတ်ကြီးဝင်သွားမှာစိုးလို့ ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်ဒယ်... )

    ReplyDelete
  15. ရုပ်ရှင်ထက် ခမမတို့ အတွဲကို ပိုစိတ်ဝင်စားသွားပြီး) မထင်ရဘူးနော် ... ဒီကောင်လေးး)



    အစ်မဒီတစ်ခါရေးတာ အရှည်ကြီးပဲ။ စိတ်ရှည်လက်ရှည်ကို ရေးထားတာ။ mummy ကား တစ်ခါ ရုံကြီးမှာ ကြည့်ဖူးတယ်။ သိပ်မကြိုက်ဘူးဗျ။

    ReplyDelete
  16. ဒါဆို တိုက်တန်းနစ်က အဲဒီကားရဲ့ အဆက်လား။

    ReplyDelete
  17. အတီး အတ သုံးစက်က အမရော ညီမပါကြိုက်ပုံရတယ်...။သုံးစက် အနစ်နာခံလိုက်ပုံရတယ်။ သနားစရာ...။

    ReplyDelete
  18. ဘယ်လောက်ရှည်ရှည် အကုန်သေချာဖတ်တယ်။

    တချို့စာလုံးတွေဆိုရင် အရမ်းထိမိတယ်။
    3D ရုပ်ရှင်ကိုကြည့်နေရသလိုပဲ။
    ကိုယ့် ခန္ဒာကိုယ်ပါ လှုပ်လှုပ်ရှားရှားဖြစ်ရတယ်။

    ဥပမာ
    “နောက်ဆုံးတန်း လူသွားလမ်းဘေးက ခုံ နဲနဲလေးတော့စောင်းတယ် ”
    ကိုယ်ပါစောင်းထိုင်လိုက်တယ်။

    “ကိုယ်တောင် နဲနဲရင် ခုန်သလိုဖြစ်သွားလို့ ရုံ့ကိုဘဲ မဲပြီး စိုက်ကြည့်လိုက်ရတယ်”
    ကိုယ်ပါ ဘလော့ဂ်ကိုပဲ မဲပြီး စိုက်ကြည့်လိုက်တယ်။

    “အရိုးခေါက်ဂါတ် နဲ့လမ်းလျောက်တယ။် အခြောက်တွေ လျောက်သလိုဘဲ လိန်ဖယ်ပြီးလျောက်တယ်။ ”
    ကိုယ်အနေနဲ့ ဒီပို့စ်ကို ကော်မန့်ရှည်ရှည်ရေးဘို့ ဆုံးဖြတ်လိုက်တယ်။
    ဒါကြောင့် ကိုယ်လည်း ပို့စ်ကိုခဏထားပြီးကော်ဖီတစ်ခွက်ထဖျော်လိုက်တယ်။ အဲဒီအတိုင်းလျှောက်တယ်။

    “မယ်ဘ အိုက်တင်နဲ့ပြောတော့ အတီးအတ. သုံးစက်လဲ ဘာလုပ်ရမလဲဖြစ်သွားတယ်။ ”
    “ညီမက ညိုမြအကြည့်နဲ့”
    အဲဒီအချိန်မှာတိုက်တိုက်ဆိုင်ဆိုင်၊
    ကိုယ့်ယောက်ျားက (မအိပ်သေးဘူးလား မိုးချုပ်လှပြီ )လို့ ရွှေဘအိုက်တင်နဲ့ လာပြောတယ်။ ကိုယ်က (ကိုယ်ရယ် ဒီတစ်ပါတ်လုံး ကျွန်မ ဘလော့ဂ် မဂင်းရသေးလို့ပါ)လို့ ညိုမြအကြည့် နဲ့ ပြန်ဖြေလိုက်တယ်။

    မကွန်၊ ရုပ်ရှင်အကြောင်းရေးတာ ကောင်းတယ်။

    ခင်မင်စွာဖြင့်

    ReplyDelete
  19. အဟိ... နောက်ထပ်လက်ရာကောင်းလေး တပုဒ်... မိုက်တယ် မမ...

    ReplyDelete