Saturday, November 13, 2010

garden

ဘော့တနီဂါးဒင်းမသွားနိုင်သူမို့ ရှိတဲ့ဂါးဒင်းမှာဘဲ ကြည်နူးကာသာနေရ.... မြေစိုက်ပင်တွေများပါဘိ. မိုးကလဲမရွာ. ခြောက်သွေ့သွေ့မှာပွင့်ကာသာနေ. ဘယ်လိုဘဲပွင့်ပွင့်.......ဘယ်လိုဘဲနေနေ.....































စပါယ်
















ရှောက်ရွက်
နုက နုသနဲ့ ခူးဆွတ်ဘို့စိတ်ကူးမိသား........လမ်းဘေးပင်မို့ စိတ်မသန့်တာမို့... ............မမြင်မိရင်တော့လဲ ခူးခဲ့သမျှ စားမိခဲ့ပေမပေါ့. ရှောက်ပင်ရယ်ချစ်ခဲ့မိလို့ စိုက်ဘို့တော့ ရည်ရွယ်လိုက်ဦးမယ။် နုခဲ့ရင်တော့ လည်းခူးဆွတ်မိမပေါ့. ခွင့်လွတ်ဘို့တော့ မတောင်းပန်ချင်.
































ချစ်မိတဲ့နှင်းဆီ



























သူတို့လေးတွေ.....










































ခဏခဏရိုက်ဖြစ်တဲ့ပန်း. ပွင့်ပွင့်နိုင်လွန်းတယ်။
























ငိုက်စိုက်ပွင့်တဲ့ပန်း............
မော့ကြည့်ပါဦးလားကွယ်..........


















များလွန်းလို့ဈေးပေါသွားတဲ့ပုဏရိတ်
























ဒီကောင်းကင်ကြီးဟာ.














မှတ်ချက်.
ငါဘာလို့သီချင်းတွေမရတာလဲ.

13 comments:

  1. "လမ်းဘေးပင်မို့ စိတ်မသန့်တာမို့"
    ဘယ်နေရာ ရောက်ရောက် ရှောက်က ရှောက်ပါပဲကွယ်။

    "ခွင့်လွတ်ဘို့တော့ မတောင်းပန်ချင်."
    ခွင့်မလွှတ်ဘူး။ သတ်ချင်သတ်

    "ခဏခဏရိုက်ဖြစ်တဲ့ပန်း. ပွင့်ပွင့်နိုင်လွန်းတယ်။"
    ပန်းဆိုတာ ပွင့်တာ ဓမ္မတာပါပဲကွယ်။ အဲငှယ်

    "မော့ကြည့်ပါဦးလားကွယ်.........."
    ဟင့်အင်း... ဟင့်အင်း... ရှက်လို့ပါဆိုမှ

    ReplyDelete
  2. မှတ်ချက်.
    ငါဘာလို့သီချင်းတွေမရတာလဲ.

    Because you probably are amusia.

    ReplyDelete
  3. နှင်းဆီပန်းကို ရိုက်ထားတာ ပန်းကလွဲရင် ကျန်တာ ကြည်တယ်။ ဒီလို ပညာမျိုးကိုတော့ တွေ့ရင် သင်ချင်မိသား :P

    ဘာလို့ သီချင်း မရတာလဲ ဆိုတော့ လိုက်မဆိုလို့ပေါ့။

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. စာလုံးပေါင်း မှားနေတယ် ထင်တယ်

    ခြစ်မိတဲ့ နှင်းဆီ မဟုတ်လား (ဆူးရှိနေလို့လေ)

    ReplyDelete
  6. လွင့်ပါးတဲ့စိတ်နဲ့ ၀ါးတိုးဝါးတား စိတ်လှိုင်းခတ်သံကို ခပ်ပါးပါး ဖတ်မိလိုက်တယ်။ အရည်မပျော်မှန်း သိပါရက်နဲ့ ထိုင်စောင့်နေမိသလို...လို။ မမြဲပါဘူးဆိုမှ တိမ်တွေကို ချစ်တတ်မိ ပြန်ရော။ ခံစားချက်တွေက မြစ်ကျိုးအင်းလို ကွေ့သည်တစ်လှည့်၊ ကောက်သည်တစ်လှည့်..နဲ့။ လတ်တလော မာယာကြားမှာ ညနေခင်းဟာ သိပ်လှနေခဲ့တယ်။ ခံစားချက် ချိုနေတဲ့အချိန်လေး စားသုံးလိုက်တာ သိပ်အဖိုးတန်တယ်။ ဘာမှမကျန်တော့တဲ့ ငါ့မာယာကို နင်ပဲပိုင်ပါတယ် လောကကြီးရယ်။ တစ်ခါတစ်လေ ဘယ်သူမှ မသိပေမယ့် ငါ့အတွေးနဲ့ငါပြန်ရှက်နေ တတ်သေးတယ်။ အလိုက်မပေးရတဲ့ ငါ့ခံစားချက် တွေကို တိမ်တွေလို၊ လေတွေလို လွင့်...မျော...စံစားရင်း စိတ်ကူးနဲ့ပဲ ခပ်မြင့်မြင့်မှာ ၀ဲဝဲလေးလွင့် ခွင့်ရချင်တယ်။ ငါပိုင်တာ ငါ့စိတ်ကူး သက်သက်ရယ်ပါ။ ဆိုချင်လို့ ရေရွတ်မိတဲ့ သီချင်းက ပါးစပ်ဖျားမှာ တစ်ဆို့လို့..အထစ်ထစ်၊အငေါ့ငေါ့တောင် အံမကျလာဘူး။ ကဗျာရေးဖို့ ဟန်ပြင်လိုက်တာ နိဒါန်းမရှိပဲ အဆုံးရောက်ရောက် သွားတယ်။ ခံစားချက်တွေကို အပုဒ်သာခွဲ နေခဲ့တာ။ ပုဒ်မ(။)ချဖို့ မေ့မေ့နေတတ်တယ်။ မတော်တဆ လိပ်ပြာတစ်ကောင် င့ါပုခုံးလာနားချိန်ဟာ ငါမဟုတ်တော့ပဲ လိပ်ပြာလေး ချစ်တဲ့သစ်ပင် အဖြစ်ဂုဏ်ယူမိတယ်။ ဒီလောက် ချစ်စရာ၊ လွမ်းမောဖွယ်ရာတွေ ပြည့်နေတဲ့ လောကကြီးထဲ တစ်ခါတစ်ခါ လူမသိ၊သူမသိ ၀မ်းနည်းနေတတ် တာကို ငါကိုယ်တိုင် မုန်းတယ်။ ပင်ဝါးရုံက လေယူတိမ်း တတ်တယ်တဲ့။ ငါ့စိတ်ကတော့ မထောင်ခင်ကတည်း ကညွှတ်ကွင်း မိနေသူပါ။ တစ်ခါတစ်ခါလည်း ခံစားချက်တွေကို အစိမ်းလိုက် မြိုချပစ်တယ်။ ကဗျာရေးဖို့ ကာရံတွေ မတွေးတတ် လည်းနေပါ။ သီချင်းဆိုဖို့ သံစဉ်တွေ ခြောက်သွေ့ နေလည်းနေပါ။ သိပ်ချစ်တတ်တဲ့ ငါ့အတွက်တော့ " အချစ် " ပဲလိုပါတယ်။

    ချစ်တတ်သူ

    ReplyDelete
  7. မမကွန်ရေ သီချင်းမရရင်လည်း မဆိုပါနဲ.လား တော်တော်ကြာမမကွန်ကြီး ကြား-ပြန် ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရနေမှာစိုးလို.ပါ ၊ စိတ်မဆိုးပါနဲ.၊ ခင်မင်မူနဲ. မန်.သွားတယ်လို.ပဲယူဆပြီး ရုံးပိတ်ရက်မှာ ပျော်ရွှင်မူအပေါင်းခညောင်းစေ ဖို. ဆုတောင်း ပေးလိုက်ပါတယ်

    ခင်တဲ့

    Z

    ReplyDelete
  8. ဒီကောင်းကင်ကြီးဟာ အခုဆိုရင် လွမ်းစရာ ~~ ဒီရှောက်ပင်စိမ်းတွေ ခြောက်သွေ့ကာ ညိုမွှဲနေ~~
    ဟမ် ရောကုန်ပြီ

    ReplyDelete
  9. ဟုတ်ပါ့ မကွမ်းရာ........... သီချင်းမဆိုပါနဲ့  တော်ကြာ..... :D

    ကကမဆလ နဲ့  အပြိုင်ကျဲနေ ရဦးမယ်...... ဟွင်းဟွင်းဟွင်း............

    (အမှောင်ထုထဲက အလင်းစက်များ)

    ReplyDelete
  10. ကကမဆလ.
    ပန်း. ပွင့်ပွင့်နိုင်လွန်းတယ်။

    ReplyDelete
  11. မမ ကဗျာတော်တော်ဆန်လာပြီ.... ကိုမဆလာကိုလွမ်းနေတယ် ထင်ပါ့....:P

    ReplyDelete
  12. ပန်းတစ်ပင်ချင်းကို ညွှန်းထားတဲ့စာသားတွေကလည်း နု.
    .
    .
    .
    .
    ဖတ်မိသူမှာ ခံစားလိုက်ရတာ တဟားဟား နဲ့ပါပဲ


    ပစ်ဖ်ပစ်ဖ်

    ReplyDelete
  13. ဝက်ဝံလေးNovember 14, 2010 at 4:34 AM

    Ohhh my lord Buddha, ချစ်တတ်သူ ရေးထားတာ မိုက်တယ်
    ကူးသွားပါရစေ ခွင့်တောင်းပါသည်

    ReplyDelete