နာမည်ကြီးခြင်းသည်မကောင်းပါ. ရေးချင်တာ ရေးခွင့်မရသလိုဖြစ်သည်. သူမသည် သူမရေးချင်တာ ရေးဘို့အတွက် ဘလော့ဖွင့်ထားခြင်းဖြစ်ပါသည်။ နာမည်ကြီးသောအခါ (သူမအထင်) သူမရေးလျင် လာဖတ်သူများကို စိတ်ကျေနပ်မှုမရမှာ စိုးရသောခံစားချက်ကို သူမ မကြိုက်ပါ.ရေးချင်တာ ရေးချင်ပါသည်.အ မြင်ကပ်လျှင် ဖြတ်ကနဲပိတ်လိုက်နိုင်ပါသည်.။ ဆဲသွားလျှင်လည်းခံပါမည်။ အကျိုးမရှိတာတွေ လည်းရေးနိုင်ပါသည်. ရေးချင်တာ ရေးပါမည်။ အကျိုးရှိတာတွေ လုပ်ရပေါင်းများသောကြောင့်အကျိုးမရှိသောအ ရာများကို သူမ လုပ်ချင်ပါသည်။
(ဘလော့ဖတ်တာ များသွားသောကြောင့်ရေထသောက်သည်.).
ကိုကိုဒီဘီဘလော့ကို ဘလော့တွင်သွားဖတ်သောအခါဤသိုမြင့်ရသည်။ converter နင့် ပြောင်း ဖတ် လျှင် တော့ ဇော်ဂျီတွင်မြင်ရသကဲ့သို့မြင်ရပါသည်။

ရီဒါနင့်ဖတ်သောအခါဤ သို့မြင်ရသည်။ ကွန်ဗက်တာ နင့်ပြောင်းဖတ်ရပြန်ပါသည်. သူက ပြောသည်မှာတော့ သူ့ဆီမှာတော့ယူနီကုတ်မရှိလည်း ရီဒါနင့်မြင်ရသည်ဆိုသည်. သူမဆီမှာ တော့ မမြင်ရပါ။

ပုံမှန်ဘလော့များကိုတော့ချောမောစွာဖတ်လို့ရပါသည်.

သူမကိုတော့ယူနီကုတ်မပြောင်းခိုင်းပါနင့်ဦး သက်ဝေကဲ့သို့ပင် ယခုဘလော့ကို မြန်မာလိုရျိုက်ရန် သူမသည် နစ်ပါတ်မျှ အချိန်ယူခဲ့ရသည်။ သူမ၏ ညဏ်ရည်ညဏ်သွေးနင့် ယူနီကုတ်သည်အဝေးကြီးရှိပါသေးသည်. ဘလော့သက် နစ်ရှည်ခဲ့ သော်လည်း မြန်မာစာလုံးပေါင်းကိုမှန်အောင်ရိုက်ရန် မကြိုးစားသေးသော သူမ၏လက်သည် ဘက်ဂီယာ မရှိပါ .ရှေ့သို့သာ ရိုက်ပါသည်.။ မှားမှန်းသိသော်လည်းသူမသည်မပြင်ချင်ပါ။ ဘလော့ ကလေးသည် သူမ၏ထွက်ပေါက်ဖြစ်ပါသည်။ ပျော်ရွင်စွာ အနွရာယ်ကင်းစွာ သူမသည် ပျော်ရွင်ချင်ပါသည်။

ကမ္ဘာကြီးသည် ထူးဆန်းစွာ လည်ပတ်နေပေသည်သူမအတွက်တော့အရာရာသည် ထူးဆန်းရွေ့ ပျော်ရွင်ဖွယ်ရာကောင်းနေပေသည်. ကုသိုလ်ကံကောင်းလေစွ. ဥရောပ အမေရိကတွေငနင်းတွေ ကျနေသည်ဆို၏. ရန်ကုန်တွင် အေးသည် ဆိုသည်. ရှမ်းပြည်ဖက်တွင် ၅ c ဟု ကြားမိသည်. ဟုတ်မဟုတ်သူမ မသိပါ.

စလုံးတွင်တော့ယနေ့နေ့လည် နေပူရွေ့ ညနေက သည်းကြီးမည်းကြီး မိုးရွာသည်။ ရွာနေသောမိုးတွင် ထီးတစ်ဘက် အိတ်တစ်ဖက် နင့် broad band ဖုံးကြီးတစ်လုံး ကိုင်ကာယူကျု ကြည့်ပြီး နားထောင်သောသူသည် သူမဖြစ်ပါသည်. ဖုန်းတစ်လုံးကိုလည်း လက်ကကိုင်ထားသေးသည် မည်သူမည်ဝါ များခေါ်လေလိမ့် မလားမျှော်လင့်ချက်ဖြင့်..

မမလိုပဲ.. ယူနီကုဒ်နဲ့ ဘလော့တွေ ဖတ်မရသေးဘူး.. font မသွင်းရသေးလို့.. အခုတော့ လွယ်လွယ်ကူကူ ဇော်ဂျီနဲ့ပဲ ရေးဖြစ်နေတုန်းပဲ..
ReplyDeleteအားလုံးကို ရှုပ်နေတာပဲ။ ယူနီကုတ်နဲ့မှ ရေးရမယ် ဆိုရင်တော့ ဘလော့ရေးတာ နားချင် နားမယ်ဗျာ။ ရှုပ်တယ် စိတ်ညစ်ရတဲ့ အထဲ။
ReplyDeleteအဲဒီ ယူနီကုတ် ဆိုပြီးအော်ကြီးဟစ်ကျယ်ပြောနေတာနဲ့ကို ယူနီကုတ်ကိုအမြင်ကပ်လို့ ယူနီကုတ်နဲ့ရေးရင် မဖတ်တော့ဘူးဆုံးဖြတ်ထားတယ် ဂျီးတော်ရေ့
ReplyDeleteဦးနီ ......ကုတ်.......ရင်လည်း
ReplyDeleteဖြေးဖြေးကုတ်ပါနော်..........
မမေ
ReplyDeleteဦးနီနဲ့ ဇော်ဂျီဆိုရင်..
ဇော်ဂျီလဲ အနီရောင်ဘဲ ..
ဇော်ဂျီဘဲသုံးမယ်..။
ကျနော်တို့ က ၀ိဇ္ဇာမျိုးးးးးး)
ဘလော့ဂ်ဖတ်ရတာ ပျော်သည်၊ စိတ်၏ အပြောင်းအလဲကို အလျင်အမြန်ပေးနိုင်သောကြောင့် ဖြစ်သည်။
ReplyDeleteစိတ်၏ ပျော်ရွှင်ရာ အဖြစ် ရေးသော သည်ဘလော့ဂ်အား စိတ်ပျော်ရွှင်လို၍ ဖတ်ပါသည်။
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteမမခင်ဦးမေရေ... ယူနီကုဒ် အကြောင်း လာဖတ်ပါတယ်။ ကိုအန်ဒီဆီမှာရော၊ မမသက်ဝေ ဆီမှာပါ ဖတ်ပြီးသားမို့ ဆုံးဖြတ်ပြီးသားလည်း ဖြစ်နေပါပြီ။ ကိုယ်က ဘလော့ဂ်ကို သိပ်မကျွမ်းကျင်တော့ အဲ့လို ဖော့ပြောင်းလိုက်ရင် အခက်အခဲတွေ တွေ့မှာ စိုးရိမ်တာရော၊ ဇော်ဂျီ သုံးလာတာ နှစ်ပေါင်း ကြာနေပြီ ဖြစ်တာကြောင့် အခု လောလောဆယ်တော့ ဇော်ဂျီနဲ့ပဲ ရေးဖြစ်လိမ့်မယ်။
ReplyDeleteမင်္ဂလာပါ မကြီးဂွိစ် ။
ReplyDeleteပျော်ရွှင်ကျန်းမာပါစေ
မေကျောက် ပြောတာ ထောက်ခံတယ် ညက စမ်းကြည့်လိုက်မိတာ ဘလော့ ၃ ခုလောက် ဖတ်မရ ပြန်လည်းလုပ်မတတ်တော့ ခုတော့ ဇော်ဂျီကိုပဲ ဆက်ချစ်တော့မယ်း)
ReplyDeleteဖုန်းနံပါတ်ပေးပါ..မကြာမကြာဆက်ပါ့မယ် XD
ReplyDeleteအရီး .. Fire Fox နဲ့ဖတ်ရင်တော့ အဆင်ပြေတယ်ဗျ(ဖောင့်မရှိလဲ ဖတ်ရတယ်) ၊ IE နဲ့ဆိုရင်တော့ မရသေးဘူး။ ရီဒါထဲက ဖတ်မရတာ ဟုတ်တယ်။ ညက သေသေချာချာ မစစ်လိုက်ပဲ ရေးလိုက်လို့ အပြောကြီးသွားတယ်။ ဟဲဟဲ။
ReplyDeleteသူမသည် သူမ၏ ‘သူမ’ ပို့စ်တွင်တင်ထားခဲ့သော ဓာတ်ပုံများကို သူမသဘောထားနှင့် သူမဖာသာ ပြန်ဖြုတ်ပစ်ခဲ့သည်။ ထွေပြားလှသော သူမ၏စိတ်ထားနှင့် သူမ၏လုပ်ရပ်များကို သူမကိုယ်တိုင်မှတပါး တခြားသူများ သိနားလည်ရခက်လိမ့်မည်တည်း။ ဪ... မ KOM တဖြစ်လဲ သူမ.. သူမ.. သူမ..။ (ပုံ/ သူထီး)
ReplyDeleteဦးနီ ကိုပြောထားလိုက်အန်တီ နာ့လက်မှာ ဘက်ဂီယာ မရှိသေးဘူးလို့ ။သူမ ပုံကို ပုံဖော်ကြည့်နေရတာကိုက မောဒယ်. နံမည်ကြီးဘလော့ဂ် တစ်ယောက်နှင့် ဖုန်းပြောချင်သောလည်း ဖုန်းနံပါမရှိ. သူများတွေဆီတောင်းရင် ရနိုင်သော်လည်းမတောင်းချင်တော့.. အဲလိုဆိုတော့ စာဖတ်လာဖတ်ပါတော့မည်..
ReplyDeleteယူနီကုတ်က alpha unicode ကိုပြောတာလား.. သူက မှတ်ရတာ နည်းနည်းအဆင်မပြေဖြစ်မယ်ထင်တယ်.. ဇော်ဂျီက ဟောင်းနေလဲ ကောင်းနေဆဲပါ..
သူမစိတ်ချမ်းသာသလိုသာရေးစေလို..
ReplyDeleteအကျွန်တို့လည်း
စိတ်ချမ်းသာသလိုရေးမည်ဖတ်မည်..
မခင်ဦးမေ ရေ ကိုယ့် အကိုကြီးကျောက် ပြောတဲ့ အတိုင်းဘဲ
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
ငါ့မာမီကလဲ ကဗျာဆန်တာပဲလား များတို့ကလိုက်မမီတာပဲလားတော့မသိဘူး ဥနီ ဆိုလို့ ဘာများလဲပေါ့ ဂါကျက်ဥ carrot ကိုများပြောသလားပေါ့ နောက် ဘယ်ဟုတ်လိမ့်မလဲ
ReplyDeleteမပြောင်းပါနဲ့.. မပြောင်းပါနဲ့.. အမ ဦးနီကုဒ်ပြောင်းလိုက်ရင် သတ်ပုံတွေ မှန်သွားလိမ့်မယ်။ (ယူနီကုဒ်ကီးဘုတ်က သတ်ပုံ အလိုအလျောက် ပြင်ပေးတာကိုး။) အဲဒီအခါ မခင်ဦးမေ ဘလော့ဂ် ဖတ်နေပါလား ဆိုတဲ့ ခံစားချက်မျိုး ပျောက်သွားနိုင်တယ်။ ဒီတော့ မပြောင်းပါနဲ့။ :-)
ReplyDeleteစိတ်မဆိုးနဲ့နော်။ ချစ်လို့နောက်သူ ပြည်သူတစ်ဦး။
fire fox also can't read unicode. that is troublesome.
ReplyDeleteသူမကိုတော့ယူနီကုတ်မပြောင်းခိုင်းပါနင့်ဦး သက်ဝေကဲ့သို့ပင် ယခုဘလော့ကို မြန်မာလိုရျိုက်ရန် သူမသည် နစ်ပါတ်မျှ အချိန်ယူခဲ့ရသည်။
ReplyDeleteယူနီကုတ်နဲ့ ရိုက်ရင် လက်ကွက် အသစ်ပြန်ကျင့်ရမယ်လို့ ဘယ်သူ ပြောသလဲ။ မယုံရင် မပေါက်စ် ကို မေးကြည့်ပါ။ သူမအောင်မြင်စွာ စမ်းသပ်ပြီးပါပြီ။ :D
နောက်ထပ် "ပျူနီ"လာအုံးမယ် ဆိုလား။
ReplyDeletehttp://pyustate.com/2011/01/blog-post_13.html