Wednesday, January 19, 2011

C for cook

မိန်းကလေး ထမင်းချက်ရမယ်လို့ ဘယ်သူပြောသလဲ။ ချစ်လို့သာ ချက်ရ. တစ်စက်ကလေးမှ ချက်ခြင်တာ မဟုတ်။ ချက်တတ်တာလဲ မဟုတ်. စားတတ်ရင်ချက်တတ်ရမယ်ဆိုလို့သာ ချက်ရ. အရသာ ရှိမလားမေးရင်တော့ စားဖြစ်ရုံပေါ့လို့ဖြေ. မချက်ချင်ဘူးလို့လဲ မငြိုငြင်ရဲ့ မစားတော့ဘူးဆိုရင်အခက်. မချက်ချင်စိတ်ကို မြိုသိတ်. ကြိတ်မှိတ်ပြီးချက်. ချက်ပြီးရင်းချက်.

ပုဇွန်ဆီပြန်
ရန်ကုန်က သူ့အမေ ပေးလိုက်တဲ့ ပုဇွန်ဆိတ်ကလေးကို မမှီတဲ့. ကြိတ်မှိတ်ပြီးတောက်ခေါက်. ဘယ်လိုလုပ်တူနိုင်မှာလဲ. ဟိုက ဟိုပုဇွန်. ဒီက ဒီပုဇွန်. သူ့အမေ ပေးလိုက်တဲ့တစ်ခွက် စာ ပုဇွန်ဆိတ်ကလေးကို ယောင်လို့တောင် မနှိုက်. ချစ်သူကို စားပါစေဆိုပြီး နောက်ဆုံးကျန်တဲ့ တစ်ကောင်အတင်းလာ ပေးလို့သာကျေနပ်အောင်စားပေး မကြိုက်ပါဘူးမောင်. တို့မှာ စားစရာတွေ အများကြီးလို့တွင်တွင်ပြော. သူ့ကိုဘဲကျွေး. အဲဒါ အချစ်လား..



မုန်လာဥချဉ်ရည်ချက်တာ အဆာပလာများသွား လို့ဘာလုပ်ရမှန်းမသိဘဲ ငေါင်းစင်းစင်းဖြစ် ကျန်ခဲ့ ရတဲ့ ခရမ်းသီး………




မုန်လာဥချဉ်ရည်.
ခတ်ထားတဲ့ပန်းကန်ကို သွားရိုက်ရင် အဆူခံရမှာမို့လို့ ကျန်ဲ့ခဲ့တဲ့အိုးထဲက ကိုဘဲ ရိုက်ရ. မဆိုးဘူးလို့ဘဲမြင်လိုက်ပါတော့..



အမျိုးတွေ ကြော်ပေးတတ်တဲ့ပုဇွန်ဆိတ်ကလေးတွေ ပုဇွန်ငါးဆုပ် ဖြစ်မလားကြော်ကြည့်. ထောင်းးတာနည်းသွားလို့ထင်တယ်။ အဆုပ်အဆုပ်ကလေးတွေ မဖြစ်ဘဲ အဖတ်အဖတ်ကလေးတွေ သာဖြစ်သွား.



မရှိမဲ့ရှိမဲ့အမျိုးလာပေးတဲ့ ပထမတန်းစာ ရေဦးဝက်အူချောင်း. ဝက်အူချောင်းကြိုက်တယ်။ အခြောက်ကြိုက်တယ်။ ဟင်းအစိုတွေ သိတ်မစားတတ်ဘူး ထမင်းအဖြုနဲ့ ဘဲစားတာများတယ။်






ဝနေတယ်လေ. အပိန်ကျင့်ဦးမှ ဆိုပြီးထမင်းမစားဘူးစိတ်ကူးပြီး မီးဆိုတိုးမှာတာ လာဆာများဖြစ်သွားသလားမသိ. ကြည့်ပြီးမစားရဲတာနဲ့တစ်ဝက်ဘဲစား။ သွေးတို့းဆီးချို ကော်လက်စရော် ကျောက်ကပ် ဖြစ်စရာရောဂါတွေ ကအများကြီး.



အသီးလဲကြိုက်တယ်။ အို............အားလုံးကြိုက်ပါတယ်လေ






မှတ်ချက်

သူမသုံးရသေးဘူးထင်တာဘဲ ညှင်း ညှင်း

24 comments:

  1. ပုစွန်နဲ့ချဉ်ရည်ဟင်းလေးကစားကောင်းမယ့်ပုံလေးပါ:)

    စူးနွယ်

    ReplyDelete
  2. အစ်မ မချက်တတ်ဘူးသာပြောတာ ချက်ထားတာတွေက စားချင်စဖွယ်တွေချည်းပဲ။ ဒီက ၀ိတ်ချနေလို့ ဘာမြင်မြင် စားချင်နေတာကိုတော့ လူစုံမှပဲ ပြောတော့မယ်နော်း)

    ReplyDelete
  3. ၁) ဆီသိပ်မပြန်သော ပုဇွန်ဆီပြန်ကိုကြည့်၍ ကျန်းမာရေးနဲ့ အညီ ဆီလျှော့နေသည်ဟု ကောက်ချက်ချ။
    ၂) စိတ်မရှည်စွာ လှီးထားပုံရသော ခရမ်းသီးအတုံးများကို ကြည့်၍ အချိန်ကုန် သက်သာစေရန် အမြန်လှီးရခြင်း ဖြစ်မည်ဟု ကောက်ချက်ချ။
    ၃) အရည်မပါသော ချဉ်ရည်ဟင်းကို ကြည့်၍ အထားခံစေရန် ရေခမ်း ချက်ထားသလောဟု အတွေးဝင်။
    ၄) ပုဇွန်ငါးဆုပ်ကြော်ကို ကြည့်၍ ကြေမွသွားသော ပုဇွန်ဆိတ်များ အကြောင်း ခေါင်းစဉ်ဖြင့် မခင်ဦးမေ စာတပုဒ် ထွက်လာလေမလား စဉ်းစားမိ။

    ReplyDelete
  4. ချက်ပဲ ချက်နိုင်လွန်းတယ်ကွယ်... အဒေါ်တို့ မိန်းမတွေရယ်.. ယောက်ျားတွေကို နေရာတကာမှာ စေတနာပိုလွန်းလှတယ်..


    ကြည့်လေ ပုစွန်ဆီပြန် ၊ ချဉ်ရည်ဟင်း ၊ ပုဇွန် အဖတ်ထောင်းနဲ့ မံမံစားပြီးရင် ဆွဲဖို့ အသီးတောင်ပါသေး။ ဒီကြားထဲ စေတနာ ဗရပွနဲ့ဆိုတော့ ကိုဟိုဒင်း စားမြိန်မှာသေချာတယ်.. နောက်တစ်ခါ မခံချင်စိတ်နဲ့ ထပ်ချက်အောင် မူလချီတွန့်တာများလား။..

    ဟီးဟီး အန်တီကွန်း စတာနော် ... အမှားပါရင် ခွေးလွှတ်.

    ReplyDelete
  5. မမ
    ဘဲဥချဉ်ရည် ဟင်း ကျန်ခဲ့တယ်..။
    ပထမတန်းစားနာမည်ကျော်ဟင်းကြီး ချန်ခဲ့လို့
    မဖြစ်။


    (.....)
    စဉ်းစားရင်းတွေးရင်း မေးခွန်းလေးတွေပေါ်လာ..
    စဉ်းစားပြီး ကျမရဲ့မေးခွန်းလေးဖြေပါ~~
    (ထုံမာနေဝင်း)

    ReplyDelete
  6. ဟင်းချက်နည်း သင်တန်းဖွင့်ရင် လာတက်မလို့ အရင်ဦးဆုံး စာရင်းပေးထားပါရစေ..
    ဟိ..
    မမက ဒီလောက် မ၀ပါဘူး ဘာလို့ ရောဂါတွေ ဖြစ်မှာလဲ..
    အပိန်ကျင့်ရလောက်အောင်လဲ မ၀ဘူး ထင်တာပါဘဲ..
    လှရုံလေး ၀တာပါ ဟုတ်တယ် ဟုတ်..

    ReplyDelete
  7. သာမီး ဆလူးJanuary 19, 2011 at 6:04 AM

    ရွှေချောက သူပိန်တိုင်း သူများတွေကို သူ့လိုပိန်တယ်ချည်းထင်နေလားမသိ မာမီက များနဲ့တူတယ်လေ ဝ တယ် မသိဘူးလားလို့ ဟွင့်

    မာမီ့စာဖတ်ပြီး ပြုံးမိတယ် အော် ... မာမီရယ် ကိုမဆလ ကို သနားလိုက်ထျာာာ ခစ်ခစ်

    ချစ်တော့လဲ ချက်ပေါ့ကွယ် အဟက်ဟက်

    ReplyDelete
  8. First para u wrote i often say.
    2nd para last 2 lines,same to me.
    I received a box full of burmese food n snack from my sis yesterday.
    U know what i cook,pounded mayannthee(fresh,homemade by myself).
    It makes me really smelly bcos of 5pi......:P
    GD

    ReplyDelete
  9. ပိန်ချင်၇င် www.herbalife.com ကို ၀င်ကြည့် စိတ်ဝင်စားရင် အဆက်သွယ်လုပ်လို့ ရပါတယ်။
    ကျမလည်း herbalife ကို ၀ယ်သောက်တာ ၁၀ရက်အတွင်း ၂.၅kg ကျသွားတယ်။ လက်တွေ့ သောက်နေတော့ ပြောပြတာပါ။ ကျန်းမာရေးလည်း ကောင်းတယ်။ ဘာမှ side effect မဖြစ်ဘူး

    ReplyDelete
  10. မမကွန်းက ကဗျာ ၊ အချက်အပြုတ် ၊ စားမယ်ဝါးမယ်၊ shopping အစုံရတယ် စွယ်စုံရမင်းသမီးကြီးပေါ့

    ReplyDelete
  11. (မုန်လာဥချဉ်ရည်ချက်တာ အဆာပလာများသွား လို့ ဘာလုပ်ရမှန်း မသိဘဲ ငေါင်းစင်းစင်းဖြစ်ကျန်ခဲ့ ရတဲ့ ခရမ်းသီး…… ) မကွန်ရယ် ရေးလည်းရေးတက်တယ်နော်..ဒါကြောင့် တနေ့  တနေ့ မကွန်ဘလော့ကို မလာရရင် မနေနိုင်ဘူးကွယ် ... :)

    ReplyDelete
  12. အမ ဆိုနီ ကင်မရာကြီး ထုတ်မသုံးသေးဘူးလား။ ပုံတွေက မှုံဝါးဝါးနဲ့  ကွာလတီ မတက်လာသေးဘူး။ ဒါမှမဟုတ် ဒါတွေက ဆိုနီနဲ့  ရိုက်ထားတာလား။ ဒါဆိုရင်တော့ နောက် ကင်မရာဝယ်ရင် ဆိုနီ ၀ယ်တော့ဘူး ...

    ReplyDelete
  13.့ ဟင်းတခွက်များများချက်ပြီးတပတ်စားတယ်။ ဟင်းခွက်အများကြီး ချက်ချင်ဘူး မောတယ်
    အချစ်မရှိလို့ ဘဲဖြစ်မှာပါ

    ReplyDelete
  14. နှိပ်စက်ပါ့ မခင်ဦးမေရယ်....

    ဗြဲ လို့သာ အော်ငိုလိုက်ချင်တော့တယ်... ဗိုက်ကိုဆာသွားတာပဲ.း)

    Y.

    ReplyDelete
  15. အတင်းလာ ပေးလို့သာကျေနပ်အောင်စားပေး မကြိုက်ပါဘူးမောင်. တို့မှာ စားစရာတွေ အများကြီးလို့တွင်တွင်ပြော. သူ့ကိုဘဲကျွေး. အဲဒါ အချစ်လား..

    ဟီးဟီးဟီး အရုပ်

    အခြောက်ကြိုက်တယ်။

    ညှင်း ညှင်း

    အို............အားလုံးကြိုက်ပါတယ်လေ။ညှင်း ညှင်း...


    ဟီးဟီးဟီး အရုပ်



    သုံးစက်

    ညှင်း ညှင်း

    ReplyDelete
  16. ၀က်အူချောင်းတော့သိပ်ကြိုက်....

    ReplyDelete
  17. အမရေ...အော်ရီပလိုက်တယ်.... ပြီးရော.... (ခွင့်လွှတ်ပါ.... ဟမ်)

    ReplyDelete
  18. မောင်ဝေးJanuary 19, 2011 at 6:22 PM

    ဘာမှ မချက်တတ်လဲ ရပါတယ်ဗျာ၊ ပါးဖောင်းမို့လေး အနားမှာမြင်နေရရင်ပဲ ကျေနပ်ပါပြီ၊ ဆာရင် တခုခုဝယ်စားလိုက်ရုံပေါ့၊ ပါးဖောင်းမမို့တော့ချိန်ကျလဲ မနက်စော ပန်းခြံမှာ ဒုတ်ကောက်နဲ့လမ်းလျှောက်ထွက်ချိန် ခိုစာကြောင်စာထုပ်လေးဆွဲပြီး လိုက်လျှောက်မယ့်အဖော်လေးပေါ့နော၊ လောကကြီးမှာ အရာရာပြည့်စုံပြီးသားလို့ စိတ်ကူးရပါတယ်။ (KMSL ကိုယ်စား ဝင်ချော့ပြောလိုက်ပါသည်)။

    ReplyDelete
  19. ပုဇွန်ကြော်လေးက စားချင်စရာလေးပါ မမရယ်

    ချစ်သော
    Uထုံ

    ReplyDelete
  20. အချစ်ကြီးသော်ချက်ရအိတဲ့... အဟိ

    ဘာမှလဲ မဆိုင် :P

    ReplyDelete
  21. ဇွန့်အကြိုက် ဟင်းတွေချည်းပဲ မမ။
    ထမင်းစားပြီးရင် အချိုတည်းတဲ့အနေနဲ့ စားနေကျ အသီးတွေတောင် ပါလိုက်သေး။ :D

    ReplyDelete
  22. မငြိမ်းJanuary 20, 2011 at 8:35 AM

    moekhun အမည်နဲ့ အထက်မှာ herbalife ကြော်ငြာသွားတာ ဖတ်လိုက်ရလို့ ဖတ်မိတဲ့သူတွေ အညာခံရမှာစိုးလို့ ကြားဝင်ပြောပါရစေ။

    '''ပိန်ချင်၇င် www.herbalife.com ကို ၀င်ကြည့် စိတ်ဝင်စားရင် အဆက်သွယ်လုပ်လို့ ရပါတယ်။
    ကျမလည်း herbalife ကို ၀ယ်သောက်တာ ၁၀ရက်အတွင်း ၂.၅kg ကျသွားတယ်။ လက်တွေ့ သောက်နေတော့ ပြောပြတာပါ။ ကျန်းမာရေးလည်း ကောင်းတယ်။ ဘာမှ side effect မဖြစ်ဘူး'''


    အဲဒီလို ပိန်ဆေး၊ ဘာဆေး စသဖြင့် လူတွေဆီက ငွေကို တစ်ဖက်လှည့်နဲ့ ညှစ်ထုတ်တဲ့ အင်တာနက်ပေါ်က ဘော်ချက်လုပ်ငန်းတွေက အဆန်းမဟုတ်တော့ဘူး။ သူပြောတဲ့လင့်ကို တက်ဖတ်ကြည့်တော့ လူတွေ အလိမ်ခံရမှာ ပိုစိတ်ပူလာတယ်။ မြန်မာပြည်က လင်ဇီးရောင်းတဲ့ လူလိမ်တွေလိုပဲ။ သူ့ပိန်ဆေးကို ကိုယ်စားလှယ်တွေနဲ့ ကြားက ပွဲခ ကော်မရှင်တွေပေးပြီး လူလိမ်ကြီးက သူ့ကြားပွဲစား လူလိမ်လေးတွေကို ကော်မရှင်ပေးပြီး ဆက်လိမ်ခိုင်းတာ။
    မြန်မာပြည်က လင်ဇီး အတင်းလိုက်ရောင်းနေတဲ့ ရှိုင်းဟုတ်ကုမ္ပဏီတို့ ဂါနိုကုမ္ပဏီတို့ လုပ်နေတာလဲ ဒီနည်းတွေပဲ။

    ၁၀ ရက်အတွင်း ၂.၅ ကီလို ကျတယ်ဆိုတာ ဟုတ်လို့ကတော့ ကျွန်မတောင် ကျချင်သေးတယ်။ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူးဆိုတာ သူက ဘာသိနားလည်လို့၊ ဘာနဲ့ သက်သေပြနိုင်လို့ ဒီလို ရေးရဲတာလဲ။ သူကိုယ်တိုင် လက်တွေ့သောက်နေတယ်ဆိုတာလဲ ဒီကြားပွဲစားတွေ ပြောနေကျနည်းပဲ။

    ပိန်ချင်ရင် အဆီတက်မယ့် အစားအသောက်တွေရှောင် လေ့ကျင့်ခန်းလုပ်ရင် ပိန်ပါတယ်။ ဒေါ်လာတွေ နင့်နေအောင်ယူတဲ့ ဒီပိန်ဆေးတွေကို မယုံလိုက်နဲ့။ သိန်းပေါင်းများစွာ ကုန်ပြီးလို့ မပိန်တာတောင် ဆက်သောက်ဖို့ သူတို့ဆေးကို ဆက်ဝယ်ဖို့ အတင်း ဖိအားပေးလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးကြောင့် လူသေရင်လဲ ဘာမှ တရားစွဲလို့ မရဘူး။ သူ့ပွဲစားစကား သွားယုံမိတာကိုး။

    ReplyDelete
  23. Bravo, what phrase..., a magnificent idea

    ReplyDelete