Sunday, January 16, 2011

Faster




ဒီဗလကြီးကို မြင်လိုက်မှ တော့ ရုံထဲရောက်သွားတာ မဆန်းပါဘူး။ ဒါပေမဲ့ဗလကြီးက သိတ်ကြီးလွန်းတယ်ကွယ်။ မကြိုက်ချင်လှဘူး ဒါပေမဲ့ပစ္စည်းရှားတော့လဲ ရတာဘဲ ယူလိုက်ရတာဘဲ။ ခမမ တို့စုံတွဲကို မနှောက်ယှက်ပါဘူး ခဝဝ ဘဲ ထိုင်ပါတယ်။ လှည့်လဲမကြည့်ပါဘူး ကိုယ်ကိုယ်တိုင်က လဲ အာရုံမရောက်လှဘူး ဗလကြီးဆီ ဘဲအာရုံက ရှိနေတာ။


အင်္ဂလိပ်စာ စကားကလဲ တဖြည်းဖြည်းညံ့လာလိုက်တာ ဒီကားမှာ ပြောတာတွေ သိတ်နားမလည်ဘူး လက်ဟန်ခြေဟန် နဲ့ဘဲ နားလည်ယူနေရတယ။် ဟိုတစ်လောက ဘော့ဆီကိုမက်ဆေ့ပို့တာ မှာ ဆောရီး နင်ဘာရေးထားတာလဲငါနားမလည်ဘူး လို့ ဘော့စ်က မက်ဆေ့ပြန်တယ်။ အတော်စိတ်ဓါတ်ကျသွားတယ်။

ဒါပေမဲ့ ရပါတယ် အင်တာနက် ဘာလုပ်ဘို့လဲ Google လိုက်ရင် နားလည်လိုက်မပေါ့။

An ex-con sets out to avenge his brother's death after they were double-crossed during a heist years ago. During his campaign, however, he's tracked by a veteran cop and an egocentric hit man.
(http://www.imdb.com/title/tt1433108/)

ဒါလဲ နားမလည်သေးပြန်ဘူး
Ex- con
Avenge
Double-corssed
Heist years
Veteran
Egocentric

ပိုဆိုးသွားပီ. ရှိစေတော့. ကိုယ့်ဘာသာဘဲ ဘာသာပြန်လိုက်တော့မယ်

အဲသာ သူ့အစ်ကိုထင်တာဘဲ အသတ်ခံရတာမှာ သူက သတ်တဲ့သူတွေ ကို မှတ်ထားပြီးပြန်ပြီးလက်စားချေတာဘဲ လိုရင်းက အဲဒါဘဲ။ တစ်ချိုကကို သတ်မိသလို တစ်ချို့ကို လည်းသနားလို့သော်လည်းကောင်းအကြောင်းအမျိုးမျိုးနဲ့ မသတ်ရက်ပြန်ဘူး သတ်ချင်ပြန်တော့လဲ ရက်ရက်စက်စက်.

တစ်ယောကိကကို ရုံးခန်းထဲဝင်သတ်တယ်။ တစ်ယောက်ကို သတ်တာမှာ မသေလို့ ဆြိုီပီး စိတ်ဆိုးမာန်ဆိုးနဲ့ဆေးရုံထဲဝင်ပြီးပြန်သတ်တယ်။ (ဒါတော့မဖြစ်နိုင်ဘူး) ဆေးရုံထဲဝင်ပြီး ဆရာဝန်တွေ ခွဲစိတ်နေတဲ့ ခွဲစိတ်ခန်းထဲကို တိုက်ရိုက်ကြီးဝင်သွားပြီး ခွဲစိတ်ကုတင်ပေါ်က လူကို သတ်တာတော့ အင်း

Menopause မို့လို့ နဂိုကတည်းက သွေးလေ ခြောက်ခြားနေရတဲ့အထဲမှာ သူလုပ်ပုံနဲ့ တစ်ချို့ အခန်းတွေ ဆို မျက်စိလေးမှေးထားလိုက်ရတယ် မြင်မိရင် ခြောက်ခြားနေမှာမို့လို့.

ကားလမ်းပေါ်မှာ မောင်းတဲ့ကားလမ်းတွေ ကိုတော့သဘောကျတယ်။ အထီးကျန်ဆန်တယ်။ လမ်းအရှည်ကြီး .ဘယ်သူမှ မရှိတဲ့ကားလမ်းပေါ် ကားတစီးထည်း.

နောက်ဆုံးကတော့သိတ်မရှင်းဘူး သူ့ကို cop က သေနတ်နဲ့ပစ်သတ်လို့သေသွားပြီထင်တာ တယ်လွယ်ပါလားလို့ထင်ရာကနေ မမျှော်လင့်ဘဲ ပြန်ပေါ်လာတော့ cop အံသြသလို အံသြသွားတာဘဲ သူက ဒါ metal plate ဆိုပြီး အဲဒါကြောင့်မသေသလိုနဲ့ ဟင်း…. မရှင်းတာတွေ အများကြီးဘဲ ခြုံငုံပြီးတော့သာ နားလည်ယူလိုက်ရတော့တယ်။ အဲသည်နေရာမှာတော့ IELTS 8 ရထားရင်ကောင်းမှာဘဲလို့တော့တွေးမိတယ်။ အဲဒါသာဆိုရင်တော့နားလည်မှာဘဲလို့..

28 comments:

  1. N0 2
    N0 2
    No 2
    (^_^)
    :)))GD

    ReplyDelete
  2. အခုမှ ပဲရှင်းရှင်း လင်းလင်း သဘောပေါက်တော့တယ်.

    ReplyDelete
  3. သာမီး ဆလူးJanuary 16, 2011 at 3:17 AM

    IELTS 8 ဆိုတာ ဘူ့ကိုစောင်းပြောလဲ မာမီ ဟင်းးး ဟင်းးး သိနေတယ်နော် ဟဟဟဟ
    ကဲ ဦးစတိရေ အဲဒီကားကြည့်ပြီး မာမီ့ကို ဘာသာပြန်ပေးလိုက်ပါဦး ဟားဟားးးးးးးးးးး

    ReplyDelete
  4. ကားလမ်းပေါ်မှာမောင်းတဲ့ ကားလမ်းတွေ....
    အင်းးးးအစ်မကွန်က သိပ်ပြီး မော်ဒန်ဆန်သကွယ်....:)

    ReplyDelete
  5. ဟိုနေ့က ကြည့်တုန်းက သိပ်မရှင်းဘူး..
    အခုလို မမကွန် ရှင်းပြလိုက်မှ ပိုရှုပ်သွားတော့တယ်။
    ကျေးဇူးပဲ. . .အခုမှ ခေါင်းထဲ ရှင်းသွားတော့တယ်။

    Ps.ဟိတ်တာကတော့ အခုထိ ဟိတ်တုန်းပဲ။

    ReplyDelete
  6. ကြည့်ဦးမှ

    ReplyDelete
  7. အန်တီကွန်မသိတဲ့ စာလုံးတွေလဲ မသိဘူး...Menopause ဆိုတာလည်း မသိဘူး..ရှင်းပြပါ...

    ReplyDelete
  8. အမရဲ့ ဘလော့ပို့စ်တိုင်းမှာ ရိုးသားမှုတွေ တွေ့ရတယ်...

    ReplyDelete
  9. IELTS 8 ကို ရယ်ချင်တယ်

    ReplyDelete
  10. အဲဒီစာလုံးတွေက IELTS 9 လောက်ရမှ နားလည်မှာ .. ခွိခွိ

    ReplyDelete
  11. အဲ့ IELTS 8 နဲ့ပတ်သတ်ပြီး ရန်တွေဖြစ်ပြီးပြီ ဟိဟိ

    ReplyDelete
  12. မောင်ဝေးJanuary 16, 2011 at 10:44 AM

    မမကွမ်ရဲ့ဘလော့ဂ်လေးလား၊ သတ်ပုံတွေက အမြဲပဲမှား၊ ဓာတ်ပုံတွေက အမှုံအမွှား၊ တွေးပုံတွေက အဆန်းအပြား၊ ရေးပုံတွေက အထူးလန်းသား၊ စီဘောက်ထဲမှာ ဝင်ပွားချင်ပွား၊ ဘလော့ဂ်တကာ သွားချင်သေးလား၊ ဆိုက်ဘားပေါ်မှာ လင့်ခ်တင်ပေးထား၊ မမဂွိမှာ သွေးဆုံးနီးပါး။ (အင်.. နောက်ဆုံးတခုက ဘာမှလဲမဆိုင်ဘဲနဲ့) ((သူက အဲဒါချည်းပဲ ထဲ့ထဲ့ရေးနေတာကိုးဗျ။))

    ReplyDelete
  13. အင်း...... ကြည့်စရာနောက်တစ်ကားတိုးပြန်ပေါ့ .. ကိုယ့်ဖာသာ မရ ရအောင် ရှာပြီးဒေါင်းကြည့်မယ်.. ရုံမသွားတော့ဘူး.. ဟွန်း

    ReplyDelete
  14. လာလည်ဖတ်ရှုသွားပါတယ် မမရေ။ လင့်ခ်လေးယူသွားပြီနော်။ မမလည်း ပြန်လာလည်ဖို့ ဖိတ်ပါတယ်ရှင်။

    ReplyDelete
  15. အဲ့ဒီ ရုပ်ရှင် မကြည့်ရသေးဘူး မမရေ... မီးယပ်သွေး ဆုံးခါနီးပြီလား မမက... ငယ်ငယ်လေး ထင်နေတာ။ ဂရုစိုက်နော် မမ။ ဒီအချိန်က စိတ်လည်းတိုတတ်တယ်တဲ့။

    ReplyDelete
  16. မမက ဗလကြီးတွေ ကြိုက်တတ်တာကိုး.... :P.... အနော်က အဲတာကြီးတွေ ကြည့်ရင် ဖားကင်ကြီးတွေ မြင်ယောင်လာတယ်...

    ReplyDelete
  17. I always found you posting about menopause.
    How can you keep saying your menopause in front public. One is enough.
    Shame on you.

    ReplyDelete
  18. သွေးဆုံးတာပြောတာ၇ှက်စရာမကောင်းပါဘူး
    ဘာမှမဟုတ်တာဟာကိုပြသာနာလုပ်ပြီးပြောနေတဲ့ 
    အရာရာကိုမကောင်းမြင်စိတ်နဲ့ ကြည့်တာက
    ပို၇ှက်စရာကောင်းတယ်

    ReplyDelete
  19. I totally agree with Zuhra.That Anonymous has negative mind.If u r a woman,u may have to face that deligate stage.Some have difficult time n try to find out how to handle the situation.Nothing to shame.Just express n share.I'm myself struggling for that:(
    GD

    ReplyDelete
  20. She'd been mentioned about her menopause 3years ago. And fun u think this is strange??? If u guys are her long time follower, then u will know wht I'm trying to say here. I even doubt if it is for real. If this was suffered for a year or two, then it's acceptable. Now, it's more than that already.
    Hey guy, think before u speak.

    ReplyDelete
  21. အင်း ကြည့်ဦးမှပါလေ......


    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  22. IELTS 8 အင်... အဲဒီ result သာရလို့ကတော့ ရှိသမျှ အင်္ဂလိပ်ကား အကုန်ထိုင်ကြည့်ပစ်မယ် ဟွန်း ဘာရမလဲ။ :))))

    ReplyDelete
  23. I've suffered over 4 yrs till now.It's not the same for every women even in the same family.Read more medical artical n try to understand.Ok...

    ReplyDelete
  24. သူ့ ဘာသူသွေးဆုံးလို့ ၇ှက်စရာကောင်းတဲ့ အကြောင်းတွေရေးလို့ အရှက်ရနေရင်လာမဖတ်နဲ့ ပေါ့
    ကိုယ်မကြိုက်ရင်မဖတ်ဘဲနေလို့ ၇တာကို သုံးနှစ်လောက်ဖတ်လာနေပြီး ရှက်နေသေးတာကအံသြစရာဘဲ
    လွယ်တာကိုခက်အောင်လုပ်နေသေးတယ်
    မိန်းမတွေသွေးဆုံးကိုင်တာတသက်လုံးဆိုတာမကြားဖူးဘူးလား

    ReplyDelete
  25. Then going out to public and discuss about it and say I'v suffered from menopause for so many years. And see how people react with you.

    Be careful that This blog have various reader even monk come and read. OK.!!!!

    ReplyDelete
  26. ဘာဖြစ်လဲ လူတောထဲနေရင်ဒါတွေဆန်းသလား
    မိးယပ်သွေးဆုံးကိုင်နေတဲ့ မိန်းမတယောက်ကို
    ကြံစည်ချင်တဲ့ ယောကျာ်းတွေသိပ်ပေါနေရင်လည်း
    ကြံစည်ကြပေါ့ 
    မပူပါနဲ့ ဘယ်သူမှလည်းအဲလိုမဟုတ်ပါဘူး
    ဘာမဆိုအကဲဆတ်နေတဲ့ လူတွေသာ
    စိတ်ထဲအမှနိ၇ှိတာကိုဖုံးကွယ်နေတာမို့ သူတို့တွေသာကြောက်စရာကောင်းတယ်
    ကြည့်လေသူများသာမနိသာဖတ်သွားတဲ့ စာကို
    အသေအချာခေါင်းထဲထည့်စဉ်းစားနေပြီ
    ဘယ်လောက်ဆိုတာတောင်မှတ်ထားသေးတယ်မဟုတ်လား

    ReplyDelete