Friday, February 4, 2011
သူ/သူမ
ယခုလောလောဆယ်တော့သူမ ဝမ်းနည်းနေပါသည်။ စိတ်ငြိမ်ဆေးတစ်လုံး သောက်ထားသော်လည်း အိပ်မရပါ။ အလုံးနစ်ဆယ်တောလည်းသောက်ဘို့အစီအစဉ်မရှိပါ။
44 comments:
  1. ဂျီးတော်..တတိယအရွယ်၏နှလုံးသားဝေဒနာ တွေပြသနေပြီလား...
    အသက်ကြီးလာတဲ့ ယောင်္ကျားမှန်ရင် ဆိုဒ်သေးတာပဲ ဝတ်တယ်ဆိုတာ မှတ်ထားပါ..(အင်္ကျီကိုပြောတာ)
    ReplyDelete
  2. ဖြစ်တတ်တာလေးတွေပါ.... တခါတရံ အမျိုးသမီးကြီးတွေမှာ ဖြစ်တတ်တဲ့ Depression မျိုးပါ... သံသယဆိုတာမျိုးဟာ တကယ်ဖြစ်သွားဘို့ တွန်းအားတစ်ခု ဖြစ်သွားနိုင်သလို အခြေအနေတစ်ခုအထိ လဲပြောင်းလဲသွားတတ်ပါတယ်... ကျမသာ ဒီလိုအခြေအနေမျိုး ရင်ဆိုင်လာရရင် ပွင့်ပွင့်လင်းလင်း မျက်နှာချင်းဆိုင်ဆွေးနွေးမယ်လို့ ဆုံးဖြတ်ထားပါတယ်...
    ReplyDelete
  3. စိတ်ချမ်းသာသလိုနေပါလေ...။
    ပျော်သလိုနေပါ..။
    ပုံ။
    တီရှပ်ဆိုက်ဒ်ကြီးဝတ်သူ
    Xထုံ
    ReplyDelete
  4. ဂျီးတော်၇ယ်..
    လိုက်လေ...ပြေးလေဆိုတဲ့စကား၇ယ်
    နေ့တိုင်းကြက်သားစားနေတဲ့သူက
    တခါတလေချဉ်စပ်လက်သုတ်လေးစားတာဆိုတာ၇ယ်
    ပေါင်းပြီးကိုယ့်ဘာသာစိတ်ချမ်းသာအောင်သာ..
    နေပါလေ....
    အိမ်ပေါ်တက်မလာ၇င်ပြီးတာပဲ
    (ယောင်္ကျာံးတွေလဲကြောက်တတ်ပါ၏)
    ReplyDelete
  5. ဘလော့ နည်းနည်း လျှော့၊ သူ့ကို အချိန် များများ ပေး။
    ကိုယ် ကွန်ပျူတာကိုကြည့်ပြီး တပြုံးပြုံး နေတုန်းက သူ ဘယ်လိုများ နေခဲ့လဲ လို့ ဖြည့်တွေးပေး..။
    လောကကြီးမှာ ခဏတာ ပျော်ရွှင်မှုတွေထက် နှစ်ရှည်လများ လက်တွဲလာတဲ့ သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေနဲ့ ဘာကိုမှ လဲမှာ မဟုတ်ဘူး လို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် မွေး။
    ဒါဆို မမ စိတ်အေးချမ်းလိမ့်မယ်။
    ချစ်သော
    Xထုံ
    (တီရှပ်ဆိုက်ဇ်တော့ မပြောဘူးဗျာ၊ အသေသတ်ရင် သတ်..)
    ReplyDelete
  6. ဘယ်လို ပြောရမယ် မသိတော့ဘူး..
    အရွယ်လွန်မှ ဖြစ်သလား မသိပေမယ့် အတွေးလွန်ရင်လည်း ဖြစ်နိုင်တယ် ထင်တယ်နော်.. ဒါပေမယ့် အဲဒီလွန်သွားတဲ့ အတွေးကလည်း လက်တွေ့မှာ မှန် မှန်နေတတ်တော့ ခက်ပါရော. အမရယ်..
    ReplyDelete
  7. အဲဒါမျိုးတွေက အရွယ်လွန်တာ မလွန်တာနဲ့ မဆိုင်ဘူး ထင်ပါတယ်...ဒီလိုတွေးရင် ဒါမျိုးဖြစ်တတ်တာပါပဲ...သေချာတာကတော့ သံသယဆိုတာ မကောင်းပါဘူး...ရှိနေပြီဆိုရင်လဲ သေချာအတိအကျသိအောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်.. တကယ်သေချာပြီဆိုရင် ကိုယ့်စိတ်ကြိုက်လုပ်ချင်တာလုပ်...မသေချာမရေရာ ဟိုလိုလိုဒီလိုလိုနဲ့ သံသယအဆင့်မှာတင်ရှိနေတာက ကြောက်ဖို့ကောင်းတယ်.. ဟိုဘက်အတွက်လည်း မကောင်း..ကိုယ့်အတွက်လည်း မကောင်း....
    (mk)
    ReplyDelete
  8. အင်း....ယောင်္ကျားတွေများကောင်းကိုမကောင်းဘူး...၊
    (ဒါကြောင့် ကျွန်တော်တော့ ယူမယ့်ယူ မိန်းမပဲယူမယ်....:))
    ပုံ... ဆိုဒ်သေးကြိုက်သူ
    ReplyDelete
  9. Ma Ma,
    I am so sad after reading it and hoping this is not a true story otherwise how sorrowful would that be.
    If I were the wife, I would confront with him. I don't think I can handle that kind of affair. Let alone sharing my husband with other woman. Absolutely not.
    Mya Yee
    ReplyDelete
  10. မောင်ဝေးFebruary 4, 2011 at 12:47 PM
    တို့ပရိသတ်အများရဲ့ ပါးဖောင်းမို့လေးကို ဒီလိုမစိမ်းကားသင့်ပါဘူးကွယ်၊ နောင်နှစ်ပေါင်းများစွာအကြာမှာ မနက်စောပန်းခြံထဲ သူကဒုတ်ကောက်နဲ့၊ သူမ,ကခိုစာကြောင်စာအိတ်ကလေးတွေနဲ့ အတူတကွ တုန်ချိတုန်ချိ လှုပ်တုတ်လှုပ်တုတ်လျှောက်နေကြတဲ့ အဖော်ကောင်းတွေအဖြစ်နဲ့ တွေ့ချင်ပါသေးကြောင်း မျှော်လင့်လိုက်ပါတယ်။
    ReplyDelete
  11. မမရေ...ခံစားချက်ချင်းကတူနေတော့ ဘာပြောရမှန်းတောင်မသိတော့ဘူးရယ်...တိုက်ဆိုင်လိုက်တာများ..
    တူမှတူ...အဲ့ဒီအတိုင်းဘဲ..
    q
    ReplyDelete
  12. အလို.. အဲဒါ မမကွန်ရဲ့ အဖြစ်လား... sigh.....
    ReplyDelete
  13. Kom စာတွေ လာလာ ဖတ်နေ တဲ့ အပနား ပါ။ ပေါ့ပေါ့ ပါးပါး ပျော်စရာ ကောင်းလို့ မကြာမကြာ ရောက်ဖြစ်ပါသည်။ ဒီ ပိုစ် ကတော့ ရင်ဘတ် ကို လာမှန်ပါသည်။ True story ဘဲဖြစ်ဖြစ် လုပ်ကြံရေးတာ ဖြစ်ဖြစ် မောင်နှမလို စိတ်မကောင်း စွာခံစားရပါသည် .. ယောက်ကျား ဆိုတာက .. မိန်းမ အားကိုးတာ ခံချင်ကြပါသည်။ တကိုယ်လုံးတောင် ပုံခဲ့ အရှက်တွေ ကုန်ခဲ့ကြပြီးမှ မာန ဆိုတာ .. ရှိသင့်ကြသေးလားတော့ မပြောတတ်ပါဘူး။ မိန်းမသာ ကျွမ်းကျင် ရင် ရိုင်းရိုင်းပြောရရင် .. နဖားကြိုးသာထိုးတတ်ရင် ကျနော် တို့ ယောက်ကျားတွေဟာ အသကုန် ရုံးမဲ့ ....Xွား တွေပါဘဲ ... ဟီး အဆဲခံရဦးမလားမသိ ...
    ReplyDelete
  14. အင်း
    သံသယ ဆိုတာ အလိုလို မရှိလာနိုင်တဲ့ အရာပါ
    ကိုယ်ကတော့ အမှန်အတိုင်းရေးထားတာ လို့ဆိုရင်တော့ တကယ်ကို တခုခုတော့ ဖြစ်နေပြီ လို့ ထင်ပါတယ်
    မမကွမ်ကြီးကိုလဲ အားပေးပြီးတော့ အားပေးစကားတွေနဲ့ ကျေနပ်သာယာကာ ကိုယ့် ကိုယ်ကိုယ် မဝေဝါးစေလိုပါ
    ကိုယ့်ရဲ့သိစိတ် ကိုယုံပါ လို့ပဲ ပြောချင်ပါတယ်
    တခါတခါတော့လဲရီလေးရှင်းရှစ်တွေက ကြာလာရင် “ကစ်” လိုပါတယ်
    ငြီးငွေ့တတ်တဲ့သဘောပါ
    ပြီးတော့ မိန်းမတွေရဲ့လိုအပ်ချက်ကို ယောက်ျားတော်တော်များများက နားမလည်တတ်ကြပါဘူး
    နည်းဗျူဟာ တွေလိုပါတယ်
    ReplyDelete
  15. သည်လောက်လည်း မခံစားနေပါနဲ့။ သူကြင်မှကိုယ်ကြင်ပါ။ ခဏလောက်ဝေးနေကြည့်လိုက်ပါ။
    အဖြေကို သိလာပါလိမ့်မယ်။ သူက တခြားကိုစိတ်ပါ နေရင်တော့ သူမအနားမှာနေလည်း စိတ်ချမ်းသာမှာမဟုတ်၊ ဝေးနေတော့မှ သူမကိုလွမ်းလာရင်တော့ ဟိုတုန်းကလိုများ အချစ်ရေ ကိုယ့်ကို ချစ်သေးလား ဆိုပြီး အယ်ဆိုင်းဇီ သီချင်းလေး လိုပေါ့ ဟုတ်လား။
    ReplyDelete
  16.း) အဲ.သူ..ပုံစံပြောင်းရေးပြန်ပြီ။
    မမနောက်မှာ တို့တွေရှိပါတယ်။
    တစ်ခုခုဆို အသင့်..
    ထွက်ပြေးဖို့.. အဲလေ..ထွက်ရှင်းဖို့။
    mm
    ReplyDelete
  17. ဟူးးးးးးးးးးးးး ဒါ ၂ လုံးသား ကိတ်စ.... ၀င်ပါဘူး....
    ReplyDelete
  18. ဘေးလူအနေနဲ့ပြောကြည့်မယ်နော်၊ စိတ်မဆိုးပါနဲ့။ ဘယ်ယောင်္ကျားမဆို ကလေးလဲမရှိ၊ အစားကျတော့လဲအပြင်မှာပဲစားရ၊ အိမ်မှာကျတော့လဲ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ပဲ ကွန်ပျူတာ တစ်ယောက်တလုံးစီနဲ့ မျက်နှာအပ်ထားကြပြီး စကားတောင် မပြောဖြစ်ကြတဲ့ အခြေအနေမျိုးဆို ကြာတော့လဲ စိတ်ကုန်လာကြမယ်ထင်တယ်၊ မိန်းမကို ချစ်နေသေးလို့ သာ စိတ်မချမ်းသာစရာတွေကို ပေါ်တင်မလုပ်သေးပဲ အမြင်မခံသေးတာပါ။ အခြေအနေမဆိုးခင် ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ယုံပါတယ်။ သူ့ကိုချစ်နေ သေးရင် သူ့ကိုဂရုစိုက်ပါတယ်ဆိုတာ ပြသင့်တယ်ထင်ပါတယ်။ မျိုသိပ်မထားပဲ ပွင့်ပွင့်လင်းလင်းနဲ့ အေးအေးဆေးဆေးထုတ်မေးပြီး နှစ်ယောက်လုံး အသစ်ကပြန်စနိုင်အလား မေးသင့်ပါတယ်။ တစ်ယောက်ထဲစိတ်ဆင်းရဲနေရင် သူလဲမသိပဲ ကိုယ်ပဲပိုစိတ်ထိခိုက်ရတယ်။
    ReplyDelete
  19. အမ
    သူတို့ယောက်ကျားတွေကို ကိုယ့်ပေါ်မှာ တသက်လုံး စွဲမြဲဘို့ ကြိုးစားမနေပါနဲ့... မမဘယ်လောက်လှလှ... မမဘယ်လောက်တော်တော်... သားသမီးတွေ ဘယ်နှစ်ယောက်ရှိရှိ... မမဘယ်လောက် ငယ်ငယ်.... သူတို့ ဖောက်ချင်လာရင် ဘယ်ဆေးမှ မမှီပါဘူးမမရယ်....(ကျနော်ပြောတာ အမှန်တွေပဲ ဆိုတာ ဒီမှာ လာဖတ်သူတိုင်း သဘောတူမှာပါ)
    မမကိုယ့်ကိုယ်ကို ဘာအကြောင်းကြောင့်မှ guilty မဖြစ်ပါနဲ့... ကဲ့ရဲ့ခြင်တဲ့ သူတွေက ရှာကြံ ကဲ့ရဲ့မှာပါပဲ....
    မမပျော်သလိုသာနေပါ... မိန်းမတွေ ဘောင်မဖောက်နဲ့လို့ တာမြစ်တဲ့ ခောတ် ကုန်သွားပါပြီ....
    မမကို ညီမအရင်းလိုချစ်တဲ့..
    ညီမတယောက်
    ReplyDelete
  20. မမပျော်သလိုသာနေပါ... မိန်းမတွေ ဘောင်မဖောက်နဲ့လို့ တာမြစ်တဲ့ ခောတ် ကုန်သွားပါပြီ....
    မမကို ညီမအရင်းလိုချစ်တဲ့..
    ညီမတယောက်
    ဒီစကားကတော့ ပြောကိုမပြောသင့်ပါဘူး၊ မkom လဲ ကြိုက်မှာ မဟုတ်ပါဘူး ညီမရေ။ ညီမစိတ်ထဲမှာ ဒီအတွေးမျိုး ရှိနေရင်လဲ ဒုသနသော ကျူးလွန်မယ့်အစား နောက်လင်ယူသင့်တယ်လို့ ကျွန်မ အကြံပေးပါရစေ။
    ReplyDelete
  21. ယောကျာင်္းဆိုတာကြံဖန်အပြစ်၇ှာဖောက်ပြန်တဲ့အမျိုးဘယ်ယောကျာင်္းမှမကောင်းဘူး
    နောက်ဆုံးအချိန်ထိကိုယ့်ဘ၀အတွက်အဖော်ဟာကိုယ်ကိုတိုင်ဘဲ
    ကိုယ့်ကိုကိုယ်ချစ်တာအကောင်းဆုံးဘဲ
    ReplyDelete
  22. ခံစားနေရ လို့ ဒီလောက်ထိရှအောင် ရေးနိုင်တာလို့ ထင်မိပါတယ်။ အတူနေနေကြတဲ့သူတွေ တခုခု မူမမှန်ဘူးလို့ sense ရရင် တခုခု မူမမှန်တာ အသေအချာပါဘဲ။ လူတိုင်း ပျော်ရွှင်မှု နဲ့  ထိုက်တန်ပါတယ်။
    ReplyDelete
  23. အငိုလွယ်၊ အရှိုက်ခက်တဲ့ ကိစ္စတွေပါပဲ...၊
    ခေါင်းအေးအေးနဲ့သာ ဖြေရှင်းနိုင်ပါစေဗျာ....။
    ReplyDelete
  24. လံကြုတ်ကြီး။
    KOM ရဲ့ စနက်တံ ဖောက်မှု့ထဲမှာ အင်တာနက်ပေါ်က စာဖတ်သူတွေ ပေါက်ပေါက်ဖောက်လိုက်သလို တဖျောက်ဖျောက်နဲ့ ပွင့်ကုန်ပြီး စီးဝင်နစ်မျောနေကျတာ။
    ဒါ မင်းအကြံ အကုန်ပဲလား ခဥမ။ (((ဟမ်မ်မ်မ်မ်)))
    ခပ်ပြုံးပြုံးလေး ပြောသွားတဲ့
    သိနေသူ :D
    ReplyDelete
  25. အရေးအသားနဲ့ ပြောရရင်တော့ ဖတ်လို့ အကောင်းဆုံး ပို့စ်တွေထဲက တစ်ခုပါပဲ။ True Stroy မဟုတ်ပါစေလို့ပဲ သက်ပြင်းချ ဆုတောင်းမိပါတယ်။
    ReplyDelete
  26. မမဂွိစ် ပျော်ရွှင်အဆင်ပြေပါစေ။
    ReplyDelete
  27. အဲဒီလို အတွေ့အကြုံမျိုး မိသားစုထဲမှာ တွေ့ဖူးတယ်။
    ဒီလိုမျိုးတွေ ဖြစ်တတ်ကျပါတယ်။ ယောကျာင်္းတွေ တော်တော်များဟာ အသက်၄၀ကျော် လာရင် ဖောက်ပြန်တတ်တဲ့ သဘောရှိတယ်လို့ စိတ်ပိုင်းဆိုင်ရာမှာ ဖတ်ဖူးတယ်။
    ကိုယ် ကိုင်တွယ် ဆက်စံတတ်မှု့ အပေါ်မှာ ပြန်ပြောင်းလဲလာနိုင်ပါတယ်။
    စိတ်ကို တင်းမထားပဲ လွှတ်ထားနိုင်ရင် အကောင်းဆုံးပါ မမရေ။
    အဖြစ်မှန်မဟုတ်ပဲ base ယူရေးတာမျိုးဆို သိပ်ဖတ်ကောင်းတဲ့ ပိုစ့်ဖြစ်ပြီး လူတွေ စိတ်ဝင်စားတာ ကွန်မန့်တွေက သက်သေပဲ။ :))
    တကယ်အဖြစ်မှန်ဆိုရင် စိတ်ဖိစီးမှု့တွေက အမြန်ကင်းလွတ်ပါစေ။
    သီချင်းစာသားလေး သတိသွားရမိတယ်။
    ♥♫♫♥ "" ♫♫ ထာဝစဉ်တည်သော အချစ်များနဲ့သာ ♫♫ မောင့်ကိုပဲချစ်တယ် ♫♫ ကျွန်မကိုပဲ ချစ်ပါ ♫♫ တကယ်ဆိုရင် အချစ်ပဲလိုတယ် ♫♫ "" ♥♫♫♥ တဲ့။
    ချစ်ခင်လေးစားတဲ့
    နန္ဒာ xoxo
    ReplyDelete
  28. တကယ့်စတိုရီပဲဖြစ်ဖြစ် လံကြုတ်စတိုရီပဲဖြစ်ဖြစ် အမရယ် ... ဖတ်ရတာ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။
    မိန်းမတွေရဲ့ ခံစားချက်ကို နားလည်စွာ ကိုယ်ချင်းစာပါတယ်။
    ReplyDelete
  29. Come on sweety
    Just sing the song.......Don't worry....Be happy.....
    Whatever creation or modern or true story or........etc...leave it there.As long as he still beside u,just enjoy the moment.Drive away doubt n thinking.If u r feeling seriously,disscus with ur own sisters.
    Like own sis
    Gyidaw
    ReplyDelete
  30. Actually BZ week.But, for u i wrote it.Whatever it was, it hit my heart.
    Wishing u allllllll the best
    Gyidaw
    ReplyDelete
  31. ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ပဲ ဖတ်သွားပါတယ် အမရေ...။
    အဖြစ်မှန်၊ မမှန် ဆိုတာထက် တကယ့်လူဘဝကြီးကို အမြင်အတိုင်းပဲ ကြည်မြင်သုံးသပ်သွားပါတယ်။
    ReplyDelete
  32. တိန့်  ဖတ်ရတာဆိတ် မကောင်းဘူး အရီးရေ မှန်သွားကြည့်လိုက်အုံးမယ် ဘာဆိုက်လဲလို့ ဘာမှစင်စားမနေနဲ့  ပျော်အောင်နေနော်
    ReplyDelete
  33. ကျွန်မအတွေ့ အကြုံနဲ့ မန့်ပါရစေ မမကွန်ကို အဓိကပြောတာမဟုတ်ပါဘူး။။။
    အိုး.................အိမ်ကလူရဲ့ဖုန်းထဲမှာဆို သူ့ ကို လှမ်းပြီးခေါ်ထားတဲ့ နံပတ်တွေမှ အပြည့် ...
    ကျွန်မလား
    ကျွန်မ က ပညာတတ်(လို့ ) အားလုံးကသတ်မှတ်တဲ့သူနော် ရုပ်ရည် လုပ်ငန်းခွင်မှာရော ပတ်ဝန်းကျင်မှာပါ သန့်ရှင်းခေတ်မှီ ဆွဲဆောင်မှု့ဖြင့်ကြည့်ကောင်းသော လို့ အပြောခံရသူနော် ....
    အသိုင်းအ၀ိုင်း .....သာမန်ထက်သာတဲ့အသိုင်းအ၀ိုင်းကပါ... အိမ်မှာသန့် ရှင်းစွာစီမံခန့် ခွဲတတ်မှု့ ကလည်း လူတိုင်းအိမ်လာရင်ငေးရတဲ့သူပါ...
    တခါတလေ၀မ်းနည်းလွန်းလို့ ...အော်ငါ့နယ်..အဲ့လို မိန်းကလေးကမှ ကံကောင်းလိုက်တာလို့ ....
    တစ်ခုပဲ သူ့ ကိုပြောထားတယ် ...ရောဂါမသယ်လာနဲ့ ဘယ်လို မိန်းကလေးမျိုးမှ မယုံနဲ့ ကိုယ်တိုင်လည်းကွန်ဒွန်မရှိရင် လုံးဝ လက်မခံဘူး...
    အိမ်ပေါ်ကိုခေါ်မတင်လာနဲ့ ....ကျွန်မမရှိတဲံ့အချိန်.... သိနေတဲ့ အသိုင်းအ၀ိုင်းကိုလက်ေ၇ှာင်......
    ကားပေါ်ကိုလုံးဝမတင်ရ....
    အကုန်မှာထားတယ် မမရယ်.....
    သူတို့ လား ဒီအရွယ်ကြီးကြမှ မယူဘူးစိတ်ချ....လေးဖြူသူ့ မိန်းမကိုကွဲပီး ပရိသတ်ထဲက တစ်ကောက်ကောင်လိုက်နေတဲ့ မိန်းကလေးကိုယူတာကတစ်မျိုးလေ...
    ဒီအရွယ်ကြီးကြမှ ယူရဲရင် အဲ့လူတွေ ကိုယ့်ဒုက္ခကိုယ်ရှာတာ....
    မမ...ဘာဖြစ်ချင်တာလည်းစဉ်းစား....သူနဲ့ မပြတ်နိုင်ဘူးမို့ လား ညှိယူ ...အဲ့လို အညှိမျိုးတွေ တခါတလေပွင့်လင်းရင် ...ပိုညှိလို့ ကောင်းတယ်...
    ညီမ အတွေ့ အကြုံရ ကောင်မလေးတစ်ယောက်နဲ့ လက်ပူးလက်ကြပ်ကို မိတာနော်...
    အိမ်ပြန်လာတော့ ညီမဘာမှမပြောဘူးမပေါက်ကွဲဘူး ....
    ဒေါသတွေ အစား စိတ်ပျက်ခြင်းတွေ
    လည်းဖြစ်သွားရော...ဟယ်ကိုယ့်ကိုကို အတော်ခံနိုင်သွားတယ်.... သူလည်းအတော်ငြိမ်ကြသွားတယ်......ဒါတောင်ညီမက သူ့ ထက် ၉ နှစ်ငယ်တယ်နော်.......
    ကွဲနိုင်လားမေးတော့ သူက မကွဲပေးနိုင်ဘူးတဲ့...
    ဒါဆိုဘာလို့ ကဲလည်းဆိုတော့ အင်း.....လို့ ပဲ သက်ပြင်းရှည်ချတယ်။
    အဲ့တော့ တစ်ခုပဲ သူတို့ ဒီအရွယ်ကြမှ serious ဖြစ်ရင် အဲ့လူကြီးတွေ သူတို့ ပဲ ခံရမှာ..
    တစ်ခုတော့ ရှိတယ် သူတို့ အိတ်ထဲကနေတော့ အလုံးအရင်းမပါစေနဲ့  ။
    ဒီထက်ပိုမန့် ရင် တခြားသောပုရိသတွေသိကုန်လိမ့် မယ် မိန်းမတွေ ရဲ့စိတ်....
    ReplyDelete
  34. စာထဲမှာ ဖတ်လို့ကောင်းတဲ့ တချို့ဇာတ်လမ်းတွေဟာ အပြင်မှာ မလှဘူး
    ReplyDelete
  35. လူတိုင်းမှာ အရည်အချင်း (အားလုံး)ထူးခြားစွာရှိမနေပါဘူး။ဒါပေမယ့်
    သူမဟာ
    သာမန်ထက် ထူးခြားသော အရည်အချင်း(အချို့)ရှိတဲ့သူဆိုတာသိသာပါတယ်။ အဲဒီအချို့နဲ့တောင် သူမဟာ သူမနဲ့ သူ တို့ဇတ်လမ်းမှာတင် ပရိတ်သတ်အပြည့်ရထားပြီးပါပြီ။
    အဲဒီသူမဟာ သူမရဲ့ထူးခြားမှုနဲ့ သူမရဲ့ ဘ၀ကိုပျော်အောင်နေနိုင်ပြီး ဘ၀ရဲ့ တိုက်ပွဲတွေကိုလည်း သူမရဲ့ ထူးခြားတဲ့ ဥာဏ်ပညာနဲ့ ကျော်ဖြတ်နိုင်မယ်ဆိုတာ ယုံကြည်မိတယ်။
    ReplyDelete
  36. ဟင်းးးးးးးးးးးးးးးးးးးးးးးးး
    ReplyDelete
  37. ၆ ပတ် - ချစ်တယ်၊ ချစ်တယ်၊ ချစ်တယ်။
    ၆ လ - ချစ်တာပေါ့ကွာ။
    ၆ နှစ် - မင်းကို ငါ မချစ်ရင် အစကတည်းက အားအားယားယား ချစ်ခွင့်တောင်းမလားဟ။
    အလုပ်ပြန်လာချိန်
    ၆ ပတ် - အချစ်ရေ၊ ကိုယ်ပြန်လာပြီ။
    ၆ လ - ငါပြန်လာပြီကွ။
    ၆ နှစ် - မင်းအမေ ကနေ.ဘာဟင်းချက်တုန်း။
    လက်ဆောင်ပေးရာတွင်
    ၆ ပတ် - အချစ်ရေ၊ မင်းဒီလက်စွပ်လေး သဘောကျလိမ့်မယ်လို. မျှော်လင့်တယ်။
    ၆ လ - ပန်းချီးကား တချပ်ဝယ်လာတယ်၊ ဧည့်ခန်းမှာထားရင် အဆင်ပြေမယ်ထင်တယ်။
    ၆ နှစ် - ရော့ ပိုက်ဆံ။ နင့်ဖာသာ ကြိုက်တာသွားဝယ်။
    ဖုန်း မြည်လာလျှင်
    ၆ ပတ် - အချစ်ရေ၊ ဖုန်းလာနေတယ်။
    ၆ လ - ရော့၊ နင့်ဖုန်း။
    ၆ နှစ် - နင့်ဖုန်းမြည်နေတယ်၊ မြန်မြန်လာကိုင်။
    ချက်ပြုတ်စဉ်
    ၆ ပတ် - မင်းဒီလောက် ဟင်းချက်ကောင်းလိမ့်လို. မထင်ခဲ့ဘူးကွာ။
    ၆ လ - ကနေ.ညစာ ငါတို.ဘာစားကြမှာလဲ။
    ၆ နှစ် - လာပြန်ပြီ။ဒီဟင်း။
    အ၀တ်အစားသစ်
    ၆ ပတ် - မင်း ဒီအကျီလေး ၀တ်လိုက်တော့ နတ်သမီးလေးလား အောက်မေ့၇တယ်ကွာ။
    ၆ လ - အကျီအသစ် ၀ယ်ပြန်ပလား။
    ၆ နှစ် - အဲ့ ဒါ ဘယ်လောက်တောင် ပေးလိုက်ရတုန်း။ ကုန်ပါပြီ။
    ခရီးသွားရန်စီစဉ်
    ၆ ပတ် - ငပလီကို ၁ပတ်လောက် အပန်းဖြေခရီးသွားရအောင်လေ၊ တခြားဘယ်နေရာ
    သွားရင်ကောင်းမလဲ။အကြံပေးပါဦး။
    ၆ လ - ငပလီကို မသွားချင်ဘူး ဟုတ်လား၊ ။ ဂျီးများမနေနဲ.။
    ၆ နှစ် - ဘာ!! ခရီးသွားဦး မယ်။ အိမ်မှာနေရတာ ဘာပြုနေလို. အားတိုင်း
    ထွက်ချင်နေရတာလဲ။
    တီဗွီကြည့်စဉ်
    ၆ ပတ် - ကနေ.ည ဘာကားကြည့်ချင်လဲ အချစ်။
    ၆ လ - ငါဒီကား ကြိုက်တယ်။တခြား Channel မပြောင်းနဲ.။
    ၆ နှစ် - ငါကနေ.ည ESPN လိုင်းကြည့်မှာ၊ မကြည့် ချင် ရင်စောစောသွား အိပ်။
    ReplyDelete
  38. အမ...
    တကယ်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။
    ဒါမဲ့ အချိန်ရှိပါသေးတယ်..။ သူ..ကိုယ့်ကိုချစ်နေတုန်းပဲဆိုရင် .. ကိုယ့်ဖက်မှာ အများကြီး အားသာပါသေးတယ်။
    အမ..ဖတ်ဖူးသမျှရယ်..လူကြီးတွေပြောသမျှပြောပြရရင်..
    ကိုကိုယောင်္ကျားများဟာ.. လှတာအလွန် လိုချင်ပါတယ်။ ရပါတယ်ဆိုတာ ညာပြောတာ.. ဘယ်ယောင်္ကျားမဆို သူတို့ချစ်သူ သူတို့မိန်းမလှနေတာကိုပဲ ကြိုက်တာ။ ဒီတော့ အမက လှလှလေးနေပေါ့..။ အမရယ်.. ၀တာကို ကြည့်ကောင်းအောင်လှလှလေးဝတ်လို့ရတာပဲလေ..။အမက လုပ်တတ်ပါတယ်။
    နောက်တချက်က အမရေ.. ယောင်္ကျားတွေကို အစားအသောက် အပြုအစုနဲ့ ထိန်းရတယ်တဲ့..
    နောက်တချက်ကလဲ စကားအပြောအဆို တီတီတာတာ ခပ်ချွဲချွဲလေးပြောရတယ်တဲ့..အဟီး..ကြားဖူးတာပြာတာနော်(အမှန်ကအမြဲဖိုက်နေတာ)
    အမ အဲလို နဲနဲ ပြောင်းကြည့်ပါလား..ကိုယ်မချက်နိုင်ရင်တောင်မှ ဖွယ်ဖွယ်ရာရာ စီမံပေးပီး.. အတူတူစားပါလား..
    အရင်တုန်းက ပျော်စရာအချိန်တွေကို စကားစပီး ဘယ်လိုပျော်စရာကောင်းခဲ့တယ်ဆိုတာကို စကားပြောကြပါလား။ ပီးတော့.. အရင်က သွားခဲ့တဲ့နေရာကို ရိုမန်တစ်ဆန်ဆန် ပြန်သွားလိုက်ပါလား..
    ဖတ်ဖူးတဲ့ စာအုပ်တွေထဲက အကြံပေးတာပါ။
    ပီးတော့အမရေ.. တချိန်လုံးကွန်ပျူတာနေတာ.. အမချစ်ချစ်နဲ့ဆက်ဆံရေးထိခိုက်တာပေါ့..လို့။
    အမရေ.. အဲလိုနည်းဗျူဟာတွေ သုံးကာမှ မရဘူးဆိုလည်း ..
    ဟေ့ကောင် လမ်းခွဲမယ်ဆိုပီး ခပ်ရင့်ရင့်သာပြောလိုက်ပါ။ ဟီးးး
    မြတ်နိုး
    ReplyDelete
  39. ဒီပို့စ်က လက်ရှောင်ရမဲ့ ပို့စ်ပဲ။ ကြား ၃ ကြားလေ။
    ကိုယ်နဲ့ ကျတော့လည်း ဘုန်းကြီး နဲ့ ဘီး ၊ မယ်သီလရှင် နဲ့ ရှန်ပူ ဆိုသလို ဖြစ်နေတယ်။
    တစ်ခု ပြောချင်တာကတော့ ပတ်ဝန်းကျင် အခြေအနေအရ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ မဖြစ်သင့်ဘူးပေါ့လေ။
    ReplyDelete
  40. Well, Don Know true or not, but sound like all comments are very seriously.
    Its much depend on how you handle and no rush and harsh way. Each and every has their own story and experience, may or may not be same.
    One thing to remember is what ever happen there is always reason behind. No one is prefect, so we must understand each other and what's role we are playing in our life.
    Be cools and steady.
    ReplyDelete
  41. အမ ကောင်းမွန်ဝင်းပြောတာ အပြည့် အဝ ထောက်ခံပါတယ်...း))
    ReplyDelete
  42. According to our Burmese culture, the way of thinking on married woman is a little bias or discriminated. We choose the road to be walked together.But WHY? Why should we need to control them? No one can control the others' feeling. We should love each other and should respect the role and the feeling of each other. We all are human being. Every one should have equal right. Accepting the truth and moving on is the only way we can do.
    ReplyDelete
  43. အင်း..... ရာထူးမျာတိုးမလို့ နိမိတ်ပေးတာလား.....
    bbq
    ReplyDelete