Tuesday, February 8, 2011

part 5/ 2011 yangon

ရန်ကုန်စီးရီးကလည်း တင်သာတင်ရတာ အားတောင်သိတ်မရှိတော့ဘူး.။ အားမပြတ်ခင် အမြန်တင်မှ ဖြစ်မယ်။ အားပြတ်သွားရင် တင်ဖြစ်တော့မှာမ ဟုတ်ဘူး။ ထမင်းစားတာ ကိုဘဲ ရိုက်ပြလိုက်. မုန့်ဟင်းခါးကိုဘဲ ရိုက်ပြလိုက်နဲ့ အားနာလှပါပြီ။




ချဉ်ပေါင်တုံးခါမှ မောင်ဖုံန်းပြန်ခဲ့တော့မယ်ဆိုတဲ့အတိုင်းဘဲ အဲဒါလေးတွေ ကြိုက်တယ်လို့ ပြောမိတာ နဲ့ အဲသည်ငါးကြော်နဲ့ ချဉ်ပေါင် ချဉ်ရည်န့ ငါးခြောက်ဖုတ်နဲ့ ချဉ်ဖတ်နဲ့. ပုဇွန်ချဉ်နဲ့. ကြက်သားကြော်နဲ့ အဲသာဘဲ ကျွေးနေတာ နေ့တိုင်းလိုဘဲ။ ပြောင်းကျွေးပါ လို့ဆို့ရင်လဲ ကျွေးတဲ့သူတွေ အလုပ်ပိုမှာ စိုးတာနဲ့ ကျွေးသမျဘဲစားနေရတာ. နောက်ဆိုရင် ကြိုက်ပါတယ်လို့မပြောရဲအောင်ဖြစ်ပီ။ ချက်ထားတာလေးတွေ ထုတ်လိုက်ထည့်လိုက်နဲ့ကျွေးနေသလားမသိ.။



















မုန့်ဟင်းခါးမှာဘူးသီးကြော်တွေ ကသိတ်မကောင်းဘူး. သိတ်မကြိုက်တာလဲ ပါတယ် မုန့်ဟင်းခါးအရသာ ကိုဖုံးသလိုဖြစ်တယ် အဲဒါနဲ့ဖယ်စားတယ်။ မုန့်ဖတ်ကေးလတွေက လည်းနဲနဲလေးတွေ တစ်ပွဲငါးရာ.



ကော်ဖီကတော့ တီးမစ်တွေ ဖျော်ဖျော်တိုက်တယ်။ ဆိုင်ကဟာဘဲ သောက်ချင်ပေမဲ့ကလေးတွေ သွားဝယ်ခိုင်းရမှာအားနာလို့အ ထုတ်ဘဲသောက်. လမ်းရောက်မှ ကြုံသလိုထပ်သောက်တယ်။


အဲဒီရက်ပိုင်းက အကယ်ဒမီပေးပွဲရှိတယ။်








11 comments:

  1. သြော် ဘယ်သူမှ မမန့်သေးဘဲကိုး ...
    ရန်ကုန်က လမ်းဘေး လက်ဘက်ရည်ဆိုင်လေးတွေကို လွမ်းတယ်။ ညစ်တီးညစ်ပတ်ပေမဲ့ တသက်လုံးက ဒါမျိုးတွေနဲ့ အသားကျနေတာ မဟုတ်လား။ သူများနိုင်ငံမှာ သန့်သန့်ရှင်းရှင်း စားရတော့ တမျိုးကြီးတောင် ဖြစ်နေမိတာ။

    ReplyDelete
  2. မမေဓါဝီပြီးမှ ကျနော့်အလှည့်ကိုးး
    သရက်သီးစိမ်းနဲ့ ငပိရည်ကျို(ထင်တာပဲ)
    တွေ့တော့ ဂလုမိသေးတယ်..။
    အကယ်ဒမီပေးပွဲအမှီ သွားတာကိုးး..မမက



    ပုံ..။
    Xထုံ

    ReplyDelete
  3. ပုံ

    Yထုံ

    ReplyDelete
  4. အဲဒီလို ကြုံဖူးတယ် ဂယ်ပဲ ဂယ်ပဲ။
    နောက်တော့ တကယ်ကို မပြောရဲတော့တာ။
    စားချင်တဲ့ နေ့မှပဲ ဘာစားချင်တယ် လို့ ပြောရတော့တယ်။
    မုန့်ဟင်းခါး အကြော်မပါ မစားတတ်ဘူး။

    Zထုံ
    ( အဟဲ အပေါ်က ဓါတ်ကူးသွားတာ )

    ReplyDelete
  5. မမရေ အဲလိုမြန်မာဟင်း၊အိမ်ဟင်းလေးတွေစားချင်နေတာ၊မမ
    ပုံလေးတွေကြည့်ပြီးသွားရည်ကျသွားပါတယ်။

    ReplyDelete
  6. ၅ ၆ ကင်လေး စားချင်လိုက်ထှာနော်......

    ReplyDelete
  7. ဆိုဒ်တခုထဲမှာ မုန့် ဟင်းခါးတပွဲ ၃၈၀၀ ဆိုလို့  အခု ၅၀၀ ဆိုတော့ ...

    ဘာစားစား ဘာဝယ်ဝယ် နဲနဲ လေးတွေချည့်ဘဲလက်ဘက်ရည်သောက်တာ တခွက်ကတငုံစာ ဘဲ မ၀တာနဲ့  ဆိုင်၃ဆိုင် လောက် ပြောင်းသောက် ခဲ့ရတယ်း-)

    ReplyDelete
  8. လူပုံတင်ပါဗျို့...
    ပရိတ်သတ်ကြီးကိုအားနာပါတော့
    ဘလော်ဂါ စီးလေဗာတီး..ကွီ

    bbq

    ReplyDelete
  9. အဲ....အကယ်ဒမီပေးပွဲသွားတက်တာလား....အစ်မကွန်....၊

    ReplyDelete
  10. Already finished x y z hton n i start back from a.U r lucky to join the smell n taste of home,among kin n kid often.Will u ask ur sis" how does she keep her lovely figure n face like that" for me pls?Then reply me as a post.


    A Hton(Gyidaw)

    ReplyDelete
  11. ထမင်းစားတာ ကိုဘဲ ရိုက်ပြလိုက်. မုန့်ဟင်းခါးကိုဘဲ ရိုက်ပြလိုက်နဲ့ ...:)

    ReplyDelete