Monday, March 21, 2011

Acer

(ပုံ၁) ဘလော့ပိုင်ရှင် ပစဝမေ့တတ်သောကြောင့်စာရွက်ဖြင့်မှတ်ထားသည်။




၁.။ laptop အသစ်တစ်လုံးဝယ်တယ်။ ၁၄ လက်မ ဖြစ်ပါတယ်။ 500 GB လို့ဆိုပါတယ်။ အခုလောလောဆယ်တော့တင်စရာမရှိလို့ လက်ဂျေ့်သေတ္တာပေါါ်တင်ထားပြီးသုံးပါတယ် ခါးညောင်းလိုက်တာ ။ ၁၄ လက်မ စကရင်ကို သေးတယ်လို့ခံစားရတယ်။ ရှည်လမျောဖြစ်နေတယ်။

၂။. Desktop တစ်လုံးလဲရှိပါတယ်။ ဝယ်ထားတာ လေးနစ်လောက်ရှိရော့မယ် သုံးနစ်လောက်မှာ အော်တိုမက်တစ်ပျက်တတ်တဲ့အမျိုးမဟုတ်ပါဘူး။ Desktop သုံးနေကျဆိုတော့ ပိုပြီးအားရတယ်

၃။laptop အဟောင်းလေးတစ်လုံး လဲရှိသေးတယ် ဟောင်းပေမဲ့လဲ ကောင်းနေဆဲဘဲ ဒါပေမဲ့ သိတ်နေးတယ်။ အင်တာနက်ဝင်ရင်သည်းမခံနိုင်အောင်နေးတယ်။ အဲဒါနဲ့ ဒီအတိုင်းဘဲ ခေါက်သိမ်းထားရတယ်။ စာစီစာရိုက်ဘို့ဘဲဆိုရင်တော့အိုကေမယ်။

(ပုံ၂) Acer အသစ် လက်ပတော့.



မှတ်ချက်
ဘလော့ရှိတာ သိတ်ကောင်းတာဘဲ .ကြွားချင်တာ သက်သေနဲ့တစ်ကွကြွားလို့ရတယ်။ tag စရာလဲမလိုဘူး. ဖဘမှာကြွားရင် သူငယ်ချင်း ၈၀၀ ကျော်ရှိတော့ ၇ွတ်ကနဲကိုယ့်စတေတပ် သူ့စတေတပ်တွေ ကဖိချလိုက်တော့ ရွီကနဲဆိုအောက်ကိုချက်ချင်းရောက်သွားရော ကိုယ့်ဘာသာ တောင်ကိုပြန် မရှာတတ်တော့ဘူး။ ဒီမှာတော့ကိုယ်ဗိုလ်ဘဲ။ ကိုယ့်status ကိုဘယ်သူမှ တွန်းချလို့မရဘူး။ link မှာလဲအော်တိုငုတ်တုတ် တက်သွားတော့ Tab ပြီး။သားလဲဖြစ်ရော. ဖဘမှာ tag ကြတာကျေးဇူးပါ။ ဒါပေမဲ့နာမည်ကြီးတွေဆိုတော့ကွန်မကတွေ ဒလစပ်. ဒရစပ်ဝင်လာလို့ ပြေးပြီး remove လုပ်လိုက်တယ်။ ခွေးလွတ်ကြပါခင်ဗျာ.

21 comments:

  1. ကျနော့်မှာလဲ ဘလော့ရှိပါတယ်..။
    (လမ်းကြုံရင် ဝင်လည်နိုင်ပါတယ်)
    ဖဘလား....
    ခပ်ပါးပါး ပါပဲ..။
    အခု ဒီကော်မန့်ကို ဒလစပ် ရိုက်ပြီးမန့်ပါတယ်။

    ReplyDelete
  2. password တွေ့ လို့ ကြည့်မိပါတယ်..

    လက်တော့ပ် သုံးလုံးမှ အဟောင်းလေး လက်ဆောင်ပေးလျှင် လက်ခံပါမည်။

    ReplyDelete
  3. အဟောင်းတွေ ၀ယ်ဒယ်ယ်ယ်ယ်...........

    ReplyDelete
  4. သာမီး ဆလူးMarch 21, 2011 at 2:34 AM

    i dun like Acer
    I like Dell
    Next time, I'll buy alienware so that now i m ပိုက်ဆံစုနေတယ် alienware မဝယ်နိုင်သေးရင်တောင် Dell နောက်ဆုံးထွက်တဲ့ဟာ ဝယ်မို့ စဉ်းစားထားတယ်

    လက်ပတုတ် အဟောင်းက နှေးနေရင် ဝင်းဒိုး ပြန်တင်ပါ့လား မာမီ

    ReplyDelete
  5. ဒါများ ဖဘက လာတဲ့ နိုတီဖီကေးရှန်း မေလ်းတွေကို သက်သက် ဖီလ်တာ ခွဲထားလိုက်ပေါ့ ခက်တာမှတ်လို့

    ရွေးဝယ်ခွင့်ရှိမယ်ဆို အေဆာ ထက် အိပ်ရှ်ပီ နဲ့ ဒဲလ် ကို ပိုသဘောကျမှာဘဲ ။

    ဘလော့ရှိတိုင်း မကောင်းပါ.. နာမည်ကြီးလွန်းသူရဲ့ ဘလော့ဖြစ်မှ ကိုယ်ပြောချင်တာ သောင်းတိုက်ကကြား နိုင်ပါလိမ့်မယ် ။

    ဘလော့လောကမှာ ဝင်မတိုးနိုင်လို့ ဖဘလောက်မှာပဲ နဲနဲပါးပါး ဟစ်နေရပါတယ် ...

    ဒါဗြဲ...
    ခမမ

    ReplyDelete
  6. ဟန်ကြည်March 21, 2011 at 3:47 AM

    လက်ပ်တော့ပ်က Dell တို့ Hp တို့ ပိုကောင်းမယ်ထင်တယ် Acer က နည်းနည်းပျော့သလားလို့ ၁၄လက်မကတော့ မသေးတော့ပါဘူးလေ netbook ဆိုရင် ၁၀.၁ပဲ ရှိတာ

    ReplyDelete
  7. မမရေ...လာဖတ်သွားတယ်နော်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  8. ဈေးထဲမှာက လူစည်လွန်းလို့ စိတ်ရှုတ်လို့ မရောက်ဖြစ်ဘူး..ဂျီးတော်ရေ..
    ဂျီးတော်လိုပဲ ကိုယ့်အိမ်မှာကို ကြော်နေနေ..လှော်နေနေ နေရတာကောင်းတယ်..
    ဈေးထဲမှာက တယောက်က သီချင်းဆိုပြနေတုန်း ဒိုင်းကနဲ..ဘယ်က ဘုရားကြွလာမှန်းမသိ..ဘုရားကြည်ညိုနေတုန်း ..ထန်းရေအိုးက ထွက်လာ..သောက်ရရင်ကောင်းမလားစဉ်းစားတုန်း..ပန်းစည်းကြီးကရောက်လာ..ဪ..ပန်းတွေပါ့လားလို့ ကြည့်နေတုန်း..ခေါင်မိုးပေါ်မျာ သင်္ဘောကြီးနဲ့ တိုက်ကြီးက ပေါ်လာ..ကျနော်ဖြင့် တကယ် စိတ်ရှုတ်လို့ မသွားတော့ဘူး..ဒါတောင် လွတ်လပ်ရေးနေ့ ကလေးပြိုင်ပွဲတွေ မကျင်းပတာကြာပြီ..

    ReplyDelete
  9. လက်ပတော့လေးရဲ့ ဈေး နဲ့ Spec လေး ထပ်ပြီး ဖြည့်စွက်ပေးပါဦး။ လိုလို့ပါ။ သိတယ် မဟုတ်လား ဘာလို့ လိုတယ် ဆိုတာ။

    ReplyDelete
  10. ACER! :) ဒီတခါ မမကွန်မှန်သွားဘီ။ ဟိုတုန်းကသာ Dell တို့ HP တို့ နာမည်ရှိတာ ။ ခုနောက်ပိုင်းမစွန်တော့ဘူး။ Laptop အကြောင်းကောင်းကောင်းမသိတဲ့ သူတွေကတော့ အထင်ကြီးတုန်းနေမယ်။ Battery cell ကလဲ ဟိုကောင်တွေထက် ပိုကောင်းတယ်။ အဲဒါ Processor i5 လား i7 လား

    ReplyDelete
  11. I want that toy n looked for here.Just found rainbow ball n not with fish inside.The price is........5 swiss franc :(This is Geneva.What a lucky u enjoy shopping there.Don't throw it away cos of new laptop.Take care!
    Gyidaw

    ReplyDelete
  12. မောင်ဝေးMarch 21, 2011 at 7:53 AM

    ဘလော့ဂ်လောက လှိုင်ထိပ်ခေါင်တင်အစ်မကြီးမှာ လက်နက်ကြီးတွေစုဆောင်းနေတယ်ပေါ့။ မိုးပေါ်ထောင်ခြောက်တာမပါဘူး အရပ်ရှစ်မျက်နှာ လှည့်ရမ်းပစ်မယ်..ပစ်မယ်..ပစ်မယ်..(ပဲ့တင်သံ) လို့ ခြိမ်းခြောက်သံများ ကြားလိုက်ရသလိုပဲ။ မြန်မာစာစပယ်လင်ချက်ခ်ဆော့ဝယ်လ်တွေလဲနော် ပေါ်ပဲမပေါ်လာနိုင်ကြသေးဘူး၊ အားကြီးအားကြီး ဒုက္ခရောက်လယ်။ အများကြီးအများကြီး ဒုက္ခဆက်ရောက်ဖို့ မြင်သေးလယ်ဝေ့။

    ReplyDelete
  13. ခွေးလည်းမလွှတ်ဘူး။ကြောင်လည်း မလွှတ်ဘူး။
    နောက်တစ်ခါဆို ပန်းသီးလေးစမ်းကြည့်ပါလား..:)

    ReplyDelete
  14. Looks like the medical personnel handwriting! Now thinking of petitioning the old laptop from Ma Ma KOM.

    ReplyDelete
  15. ဟွန့်  ဒို့ ဂတော့ အေဆာမှ အေဆာဘဲ... လာပြောနဲ့  ။

    ReplyDelete
  16. လက်တော့လေးတွေက ဟောင်းပေမယ့် ကောင်းပါသေးတယ်။ ကိုယ့်ရှိလို့ကြွားတာပဲ ကြွားသာကြွား၊ စာမေးပွဲပြီးလို့ လိုက်လည်ပြီး စာလေးတွေဖတ်နေတာ(ကိုယ့်စာလေးလည်း လာဖတ်မလားလို့ပေါ့လေ) လက်တော့လေးတွေ တွေ့တော့ ပန်းဆိုးတန်းက အဟောင်းဆိုင်လေးကို သွားမြင်ယောင်မိတယ်။ (ပျော်ရွှင်စေဘို့ပါ) အေးချမ်းပါစေ။

    ReplyDelete
  17. အဟောင်းလေးဝဲ မယ်ဆို ဒီဘက် ဝဲလိုက်နော်
    ဟီဟီ.....ဒီမှာ လက်ပတော့ ဘိုင့် ဘိုင့် ပြသွားလို့...

    ReplyDelete
  18. ဟင့်အင်း ... များတို့ကတော့ HP မှ HP ပဲ။ သုံးတာကို ပြောတာပါ။
    ခု သုံးနေတဲ့ HP ကတော့ heat တက်တယ်ဗျာ။ ပူနေတာပဲ တစ်ချိန်လုံး။ USB fan လေး ၀ယ်တပ်တော့လဲ ပါဝါကမနိုင်ဘူး။

    အမကွန်း မသွားခင် တစ်ခါလောက် ချိန်းတွေ့ရအောင်လေ။ နောင်တွေ့ချင်တောင် တွေ့ဖို့ မလွယ်တော့ဘူး။ စလုံးမှာရှိတုံးလေး။

    ReplyDelete
  19. လင့်ခ်တွေကလဲ ဖြုတ်ထား လူကလဲ မအားမှို့ မရောက်တာကြာပါပြီ။ ခုအားတုံးလေး ပို့စ်အကြွေးတွေ အကုန်ဖတ်သွားပါကြောင်း အစ်မကွန်း သိစေရန် ...
    ဒူဝေေ၀ ...း)

    ReplyDelete
  20. You don't need 500GB laptop coz you pic are low quality and low size. :P

    ReplyDelete
  21. ၁၄ လက်မ မသေးလှပါဘူးဗျာ။း)
    အေဆာက နောက်ပိုင်းမော်ဒယ်တွေ နည်းနည်းပိုကောင်းလာပါပြီ။ ဂွတ်တယ်။ ဂွတ်တယ်။

    ReplyDelete