Saturday, March 26, 2011

again




နိုင်ငံကျော်တွေအားလုံးကိုသနားတယ်. မင်းတို့ဘယ်
သူမှ ငါ့လောက်အိပ်ရေးမဝခဲ့ဘူး... .....တဲ့ ………….. C box မှာ စီဗွီရေးသွားတယ်။ မှန်လိုက်တာ.။ တို့အိပ်ရေးမဝဘူး။။ ညတိုင်းဘဲ မဝဘူး. မြင်သမျှ ကိုလိုက်ဖတ်. မနေ့ညကတော့ goggle reader ဘာဖြစ်လဲမသိလို့ မဖတ်လိုက်ရဘူး။ ဒီနေ့လှိမ့်ဖတ်.။





ဆင်းပါတော့ဗျို့ လို့ပြောလဲ စင်ပေါ်က မဆင်းဘဲ ဆိုနေတာကငါ.။ ဘာပြောပြော……..ပြောတုံးခဏ စိတ်ထိခိုက်. မရေးတော့ဘူးစဉ်းစားလဲ ရေးနေတာက ငါ။ အားလုံးအတွက် အချိန်တွေ အများကြီးပေးဆပ်ခဲ့ပါတယ်ဆိုရင်ပိုလွန်းရာကျမယ်. မလိုတာကတော့အမှန်.............အများကြီးပေးဆပ်ခဲ့ပါတယ်။ ကိုယ်စိတ်ချမ်းသာမှု အတွက်လဲပါတယ်။ မလိုချင်ရင်လွတ်ပစ်လိုက်ပါ။။။။။။။။။ နာမည်ြ ကီး ချင်လို့ စဉ်ဆက်မပျက် ရေးနေတာလဲ ပါတယ်။ attention လိုချင်တဲ့သဘော။ သုတ. ရသတော့သည်းခံပါ. မရေးတတ်ပါ။



ဂျပန်.ငလျှင်မြန်မာပြည်ငလျင် စိတ်မကောင်းမဖြစ်ဘဲ နေပါ့မလားဖြစ်ပါတယ်။ ဖြစ်ပါတယ်။ မပြောပြဖြစ်တာပါ။ ဓါတ်ပုံတွေ ကြည့်ရပါတယ်။ အဲဒီရက်က kmsl ပင်လယ်ထဲမှာ။ စိတ်ပူတယ်။ အရမ်းပူပါတယ်။ ငလျှင်လှူပ်တာတွေ ဓါတ်ပုံတွေ ဗွီဒီယိုတွေ ဘာမှ မကြည့်ဘူး.။ စိတ်ဆင်းရဲလို့. ယောက်ကျာ်းတစ်ယောက်ထဲရှိတာ ပူရပါတယ်။ မိဘလဲမရှိ. သားသမီးလဲမရှိ.။




ငလျင်အတွက်ကြိုတင်ပြင်ဆင်ဘို့နဲ့ ငလျင်လှုပ်ရင်ခိုအောင်းဘို့ကတော့ဝါသနာပါရင် ရေးထားတာဖတ်နိုင်ပါတယ်။ ကိုယ်ကတော့ရှပ်ဖတ်တယ်။ သေချင်ရင်သေမှာဘဲလေ လို့ပြောလို့တော့မဖြစ်ဘူး. လျှင်ရင်တော့လဲမသေဘူးဘဲ. ကိုယ်တို့ အမျိုးကနှေးသလောက်. Kmsl တို့အမျိုးက သွက်တယ်။ ရန်ကုန်က လူမပြောနဲ့ဘိုကလေးဘက်က လူတောင်သွက်တယ်။ နာဂစ်ဖြစ်တော့သူများတွေ ရေထဲမျောတဲ့သူမျော ဒုတ်ခရောက်တဲ့အချိန် သူတို့အမျိုးက ကောက်ရို့းပုံ ပေါ်တက်နေလိုက်တာ လွတ်သွားတယ်ဆိုတယ်။ ကိုယ်ကတော့လေယဉ်ပေါ်မှာတောင် လေယဉ်မယ်ကလေးက ဟိုလိုဆိုရင် ဒီလိုလုပ်ပါဆိုတာတောင်မကြည့်ဘူး နားလည်းမထောင်ဘူး သိလို့လားဆိုတော့ လဲမဟုတ်ဘူး. ။ မလိုအပ်သေးရင် မလုပ်ဘူးဆိုတဲ့ သဘော ဖြစ်တော့မှသာ ဘာလုပ်ရမှန်းမသိဘဲ ဒုတ်ကရောက်မှာ.

မိုးငွေ့ ရေးတာ ဖတ်ရတော့လဲစိတ်မကောင်းဖြစ်.တာလေက သူ့ဇာတိမြို့ တဲ့.။ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ မယ်ဘလဲ ယောက်ယက်ခတ်နေပြီ။



ဘလော့တွေ ဖတ်ရင်းနဲ့မြင်လိုက်ရတာ မဆုမွန်က လဲဘလော့ပိတ်ထားတယ်။ ဖားကြီးနဲ့ ဘောလ့ှာုဂါ မောင်မိုးဘလော့တော့ removed တောင်လုပ်ထားတယ်လို့ google က သတင်းပေးတယ်။ှ SMNTL ကလဲ တိတ်တဆိတ်နှူတ်ဆက်နေတယ်။ ဟင်း. သက်ပြင်းကိုချ. ကိုယ်တို့ ဘလော့လောကကြီးကလဲ ရှူပ်ထွေးလွန်းလှပါတယ် လာမပြောပါနဲ့လို့ ပြောတဲ့သူကပြော. ပြောစေချင်လို့ သတင်းပေးတဲ့သူကပေး. . အချစ်တွေ ပြိုင်နေသူကပြိုင်. အချစ်မခံရလို့ ဝမ်းနည်းသူကနည်း. တိတ်တဆိတ် ကျိတ်စိတ်နာသူကနာ..ဖြတ်သူကဖြတ်.




ဖဘမှာလဲ ပင်ဂိုးကို ချစ်စရာလေးတွေ့လိုက်တယ် သူလဲဘလော့မရေးတော့ဘူး ညီလင်းဆက်လဲ မရေးဘူး.ကြာပြီ. နားခိုရာလဲမရေးဘူး နဗဏလဲ မရေးဘူး. ကိုကေလဲမရေးဘူး။ မရေးတဲ့သူတွေများနေတယ်။ ကိုကိုဒီဘီ. ဂျုလိုင်. မိုးချိုသင်း. Pif pif etc.




မမကွန် လိုမှုန်အောင်ရိုက်ကြည့်တာမမှီသေးဘူး ဆိုတဲ့တစ်ယောက်...မှီဘို့မလွယ်ဘူး secret က ရိုက်မဲ့အရာဝတ်ထုကို လျှပ်တစ်ပျက်ဘဲကြည့်ရမယ်။ မကြည့်ဘဲ ဖျတ်ကနဲ့ရိုက်လိုက်ပြီး စက္ကန့်ပိုင်းအတွင်းမှာ လက်ကိုရမ်းလိုက်ရမယ်။



steve: မမကွန် လိုမှုန်အောင်ရိုက်ကြည့်တာ မမှီသေးဘူး ငါ အများကြီး ကြိုးစားရ အုံးမှာပဲ


မှတ်ချက်
ဒီပိုစ်. ပါစင်နယ်များသွားတယ် ဖျက်လိုက်ရင်ကောင်းမယ်ထင်တယ်။

22 comments:

  1. တစ် ။

    မဖျက်ပါနဲ့မမ ၊ မမ ဆီကိုနေ့တိုင်း တစ်နေ့ ၂ ခေါက်လောက်တော့ရောက်တယ် ။ နံနက်ပိုင်း တစ်ခါ ဘာတင်မလဲကြည့်တယ် ။ အသစ်ရှိရင် ဖတ်တယ်။
    မရှိရင် ကျောင်းသွား ၊ အလုပ်သွား ပြန်လာရင် တစ်ခေါက်ပြန်လာ ပြီးတော့ လင့်ခ်တွေလည်ပြီး ဖတ်တာပေါ့ ။ အားမငယ်နဲ့နော် မမ ၊ အမာခံ တိတ်တိတ်ဖတ်တဲ့ ပရိတ်သတ်တွေရှိတယ် ။

    ReplyDelete
  2. No, pls don't delete it. Love your presentation, love your style and love you too, ma ma. :*
    Always yours, Mie Mie xxx

    ReplyDelete
  3. ဟုတ်ပ ဒေါ်ခင်ဦးမေရ..
    စိတ်မကောင်းစရာတွေကတော့ အဂိမ်းပြီး အဂိမ်းပဲ..
    သတ္တ၀ါတွေ ငြိမ်းချမ်းကြပါစေဆိုပြီး မစို့မပို့ မေတ္တာပို့မိတာကည်း အဂိမ်းပြီးအဂိမ်း


    ပါဆင်နယ် နည်းတာများတာက ပဓါန မကျပါဘူး။ထားချင်တယ် မထားချင်ဘူးက ပဓါနကျတယ်...

    “ဆင်းပါတော့ဗျို့ လို့ပြောလဲ စင်ပေါ်က မဆင်းဘဲ ဆိုနေတာကငါ”..ကိုယ်ဆင်းချင်ဆင်းသွား..သူများဆင်းခိုင်းလို့ကတော့ အဂိမ်းပြီးအဂိမ်း...အဂိမ်း............နေကောင်းပါစေ ဒေါ်ခင်ဦးမေရေ

    ReplyDelete
  4. မခင်ဦးမေရေ ကျွန်မပဲ ဘယ်ဘလော့ဂ်ကိုမှ သိပ်မရောက်ဖြစ်တာ၊ မခင်ဦးမေဘလော့ဂ်ကို နေ့တိုင်းလာအားပေးတဲ့ တယောက်တော့ အိမ်မှာ ရှိတယ်။ ကျွန်မကတော့ ပန်းပန်လျှက်ပဲ။

    ReplyDelete
  5. သာမီး ဆလူးMarch 26, 2011 at 6:36 AM

    မာမီ ရေးသာရေး သာမီး လာဖတ်တယ် သိလား ပြီးရင် ရယ်တယ် သိလား ကြိတ်ရယ်တယ် ဝါးလုံးကွဲအောင် ရယ်တယ် ဟိဟိ

    ဘာတဲ့ ကောက်ရိုးပုံပေါ် ထိုင်နေလို့ လွတ်သွားတယ် ဟုတ်လား ရယ်လိုက်ရသေးတယ် ခွီးးခွီးးးးး

    စတိလား ပြောမနေပါနဲ့ သူက သူများကို မှိုချိုးမျှစ်ချိုးဆို သိပ်ပြောတတ်တယ် ဆရာဝန်သာ ဆိုတယ် သူ့အပြောအဆိုတွေက ....
    တော်ပါဘီလေ သူများအကြောင်းမပြောတာ ကောင်းပါတယ် ကိုယ်ပဲ ဒီလိုမဖြစ်အောင် နေရမှာပေါ့

    မာမီ တိတ်ကဲ ဂရုစိုက် ဘိုင် ဘိုင် .....
    အမွေလဲ တောင်းမနေတော့ပါဘူးလေ မရမှန်းသိလို့ အာပေါက်တယ် အဲလေ.. လက်ညောင်းတယ် ဟွင့်

    ReplyDelete
  6. မှုန်အောင်ရိုက်နည်းသိပီ ။ မမကွန်မူပိုင် bokeh နည်းပညာပေါ့။ ဒါမျိုးရိုက်တတ်တာလွယ်မှတ်လို့ ။
    ကိုကိုဒီဘီအေတောင် bokeh kit တွေဘာတွေနဲ့ လုပ်စမ်းကြည့်နေရတာ ဟွန်း။
    နာဂစ်မှာ ကောက်ရိုးပုံပေါ်တက်တာလွတ်တယ်ဆိုတာတော့ ဟုတ်သေးဘူးထင်ရဲ့ ခွိ။

    ReplyDelete
  7. တူမောင်ကျောက်March 26, 2011 at 11:05 AM

    ဂျီးတော်...
    မျက်စေ့မှုန်လို့ ဓါတ်ပုံမှုန်တာပါ..
    လက်တုန်တာကတော့ အသက်က စကားပြောလာပြီလေ..

    ReplyDelete
  8. အမရေ ကျမနေ.တိုင်း အမဘလော.လာပါတယ် ရေးတဲ.စတိုင်ကြိုက်လို.ပါ... အမြဲရေးဖို.ကြိုးစားပါအမ.. ကွန်မန်.တော. မပေးဖြစ်ပါဘူး တခါတလေမှပဲပေးတာပါ

    ReplyDelete
  9. နေ့တိုင်း တနေ့ ၂ ခေါက်လောက်တော့ အနည်းဆုံးရောက် ဖြစ်တယ်။ အားပေးလျှက်ပါ။

    ReplyDelete
  10. အမြဲရောက်ပါတယ် အစ်မကွန် ... ခုလည်းရောက်မဆိုက် လွတ်သွားတာလေးတွေ ဖတ်နေပါတယ်ရှင် :)

    ReplyDelete
  11. မူပိုင်နည်းပဲ ဘူသူက လိုက်မှီမှာတုန်းဗျ.. :P

    ReplyDelete
  12. မှတ်ချက်
    ဒီပိုစ်. ပါစင်နယ်များသွားတယ် ဖျက်လိုက်ရင်ကောင်းမယ်ထင်တယ်။


    ဘယ်မှာပါလို့လဲ..။
    သူများပါဆင်နယ်လ်ကြီးကို...
    ကိုယ်ပိုင်မှ မဟုတ်တာ..။


    စကားမစပ်အပေါ်ဆုံးပုံကို ကြိုက်တယ်။


    ပုံ/
    Xထုံ

    ReplyDelete
  13. မမရေ...အားငယ်နဲ့နော် ညီမလေးလဲအမြဲရောက်ပါတယ်မမ။ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  14. Thwe oui tone moh par. Naut top lae ayin atine kom :p
    Dar Myo post Ka dar par nae so Ta yar. Ta kyein ma Ka top Bu. Pyee kya lote chin dar sat lote tar pae ma hote lar.
    Nar ma lae yin dictionary mar shar phat naw!

    ReplyDelete
  15. မိုးယံ (လူသားအားလုံးအတွက်)March 26, 2011 at 5:49 PM

    စီဗွီရေးသွားတယ်။ မှန်လိုက်တာ.။ တို့အိပ်ရေးမဝဘူး။။ ညတိုင်းဘဲ မဝဘူး. မြင်သမျှ ကိုလိုက်ဖတ်.


    ကိုယ်တွေလဲ နာမဲဂျီး ကမ်းပါးကျော်ဖြစ်အောင် တစ်ညလုံးစာလိုက်ဖတ်ရဦးမယ်. အန်တီကွမ်း ရယ်

    ReplyDelete
  16. အစ်မက အပြင်မှာလည်း ချစ်ဖို့ကောင်းမယ့် သဘောရှိတယ်။

    ReplyDelete
  17. ဘာလို့ကိုယ်အားငယ်ရမယ့်အကြောင်းတွေတွေးနေတာလဲ
    ''ခရာ'' လည်းအမြဲရောက်တယ်...ကွန့်တာမပေးဖြစ်တာ...တင်သမျှအားလုံးဖတ်ဖြစ်တယ်....

    ReplyDelete
  18. စော(အဝါရောင်မြေ)March 26, 2011 at 7:41 PM

    အမ ဘာမှ အားငယ်ချင်ယောင် မဆောင်နဲ့ ။
    အဲလေ ဒါက အမ စတိုင်မို့ လား?

    ReplyDelete
  19. ကဲ..အစ်မကွန်...အားတွေပေးကုန်ကြပြီ....။မဖျက်နဲ့တော့
    နော်...၊အားလည်းမငယ်နဲ့တော့...:)))။ကျွန်တော်လည်း
    အစ်မရဲ့အမာခံပါပဲ....။ရေးသာရေး..။ပါစင်ပဲနယ်နယ်...၊
    ပါမစင်တာတွေပဲနယ်နယ်..။မှုန်ချင်မှုန်၊တုန်ချင်တုန်....၊
    အားပေးလျှက်.......:P

    ReplyDelete
  20. ငလျင်နဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကြားက ကျွန်မက လည်း
    လာပါတယ် မကွန်ရယ်။
    ခင်မင်လေးစားလျှက်

    ReplyDelete
  21. khin ,i'm alway coming every single day. i like yr writing style. simple and honest.

    ReplyDelete
  22. ဟန်ကြည်March 27, 2011 at 1:26 AM

    အင်း...ပါစင်နယ်တွေများလို့ လာမဖတ်တော့ဘူးလို့ စိတ်ကူးတာ...မညာပါဘူးဗျာ...တကယ်ပါ...ဒါပေမယ့်လည်း တစ်နေ့တစ်ခါတော့ လာဖြစ်ပြန်ရော...ဒေါ်ခင်ဦးမေက အဲဒီလို ဟန်မဆောင်ဘာမဆောင် ပြောလေ့ရှိတာကိုပဲ သဘောကျတာ...ဘာတဲ့နံမည်ကြီးချင်လို့တဲ့...လာကိုဖတ်ဦးမယ်ဗျာ...ပါရမီဖြည့်တယ်ပဲ သဘောထား...

    ReplyDelete