Friday, March 4, 2011

read the book

2


အခုတစ်လော အသံသိတ်မထွက်ဖြစ်ဘူး တိတ်တိတ်ကလေးဘဲ နေတယ်ထင်တာဘဲ။
လျောက်ကြည့်တယ်။ လျောက်ဖတ်တယ်။ ပန်ဒိုရာရဲ့သနပ်ခါးတွေ တွေ့တယ်။ rose ရဲ့စားစရာတွေ တွေ့တယ်။ ကိုဇော်ရဲ့ကွန်မက်တွေ တွေ့တယ်။ မိုးငွေ့ ရဲ့ချောင်းသာဓါတ်ပုံတွေ ကျိုက်ထီးရိုးသွားတဲ့ပုံတွေ သွားကြည့်တယ်။ steve က မိုးငွေ့နဲ့သူငယ်ချင်းဖြစ်နေပါရော့လာုးလို့စဉ်းစားတယ် ဖဘထဲမှာ သူ. သူငယ်ချင်းမဖြစ်တဲ့သူရှိပါ့မလားလို့စဉ်းစားတယ်။

steve စားတာတွေ ကြည့်တယ်။ စားနိုင်လိုကတာနော်လို့စဉ်းစားတယ။် ဒီမှာ တော့ မနက်စာ ကော်ဖီတစ်ခွက် တစ်ခါတစ်လေ ပေါက်စီတစ်လုံးဘဲစားရ. .သူ့လို မနက်စာကို decent ခုနစ်မျိုးလေးစားပြီး ဘယ်သူလေးနဲ့ဖုံးပြောတုံးကလိုသာ စားရရင် လောကနိတ်ဗန်ဘဲ ပေါ့. နေ့လည်စာလည်းစားတယ်။ စားလဲစား ပြောလဲပြောနိုင်တယ်။ တို့ဆို စားရင်စားဘဲ စားတယ် မပြောနိုင်ဘူး . သိတ်ခက်တယ်။ အလုပ်တစ်ခုကိုတစ်ချိန်စီလုပ်တတ်တဲ့အကျင့်ကြောင့်ဘယ်တော့မှ အိပ်ရေးမဝဘူး။

steve တို့ဆီ ဖုံးမဆက်တာကြာပီလို့စဉ်းစားတယ။် အင်းမ ဆက်တာ ကြာပြီလို့ပြောရင်တော့ မဆက်တာ ကြာလှတဲ့သူတွေ ကိုစဉ်းစားတယ။် ဆက်ရင်ကော ကိုင်လို့လား ဆိုရင် ကိုင်သလား မကိုင်သလားဆိုတာ ဆက်တဲ့သူသိလိမ့်မယ်။ ကောလဟာလတွေ ကို ယုံလို့မဖြစ်ဘူး။ အလှကြိုက်တဲ့ steve ရဲ့ ပန်းဂေါ်ဖီ အစိမ်းတွေ ဘာလို့ကြွေနေတာလဲ စဉ်းစားတယ် steve ရဲ့. Hers and mine ကို ကြည့်ပြီး ကိုဘနဲ့ သူနဲ့မှာ ဘယ်သူက အိုင်ဒီယာအရင်လဲစဉ်းစားတယ်။

ရေခဲရေ ကိုကြည့်ပြီးမတွေ့တာကြာပရောလားစဉ်းစားတယ်။ အဖြုရောင်နတ်သမီးလေး ကို ကြည့်ပြီးအတော် အရပ်ရှည်လှပတာဘဲလို့စဉ်းစားတယ်။ စဉ်းစားတာတွေ ကတော့ အများ ကြီးဘဲ။

စီပုံးမှာ တစ်နေ့လုံးစကားတွေ ပြောကြပြီး ညကျရင် ဘာလို့ မပြောကြတော့ တာလဲစဉ်းစားတယ်။ Pandora is now friends with this one and 25 other people ဆိုတော့ နာမည်ကြီးလိုက်တာနော်လို့စဉ်းစားတယ် နိုင်းနိုင်းစနေက 32 ယောက်တဲ့။ ငါ့ကျ ဘယ်သူမှ မအက်ကြပါလားဆိုရင်လဲ ညာပြောတယ် ဖြစ်မယ်။ ဒီနေ့ နစ်ယောက်တိတိလာ အက်ပါတယ်။ တို့်ကတော့အခု ကောင်မလေးတွေ လှရင် အက်တယ် ဟိုတစ်ရက်ကတောင်ဟိုကောင်မလေးကို add လိုက်သေးတယ်။ မေဆွိ အကျီဟိုက်တယ်နော်ဆိုတဲ့သူကို ဘာဖြစ်လဲ ငါလဲ ဟိုက်ချင်နေ တာဘဲလို့ အကြောင်း ပြန်လိုက်တယ်။

Tag တာတွေကို ဖတ်ဖြစ်တဲ့ အခါဖတ်တယ်။ မဖတ်ဖြစ်တဲ့အခါ မဖတ်ဘူး ။ စိတ်ပေါ်မူတည်တယ်။ ဖတ်ပြီးရင်လဲ ကွန်မက်ရေးချင်မှ ရေးတယ်။ မရေးချင်မရေးဘူး အခုတစ်လော မရေးတာ များတယ်။ ဆိုင်းလန့်ရီဒါဖြစ်နေတယ်။ ကိုကိုဒီဘီကို အားကြ အဲလေ. လူပျိုကြီးကို အားကျလို့တော့မဟုတ်ဘူး ဖွင့်တော့ဖွင့်ထားတာဘဲ. သတိရတဲ့သူတွေ ကိုသွားရှာပြီးကြည့်တယ။် စားစရာတွေများတဲ့ဖဘကို ကြည့်ပြီး အင်း. လို့စဉ်းစားတယ်။

ဝက်ကလေးဟာ ဖတ်ဘို့စိတ်မကူးပါဘူး အိတ်မြင်လိုက်လို့ ဖတ်တာ. ပြုတ်စားဘို့ဘဲ အိုင်ဒီယာ ရသွားတယ်။ တို့မရပါဘူး သူများတွေ ရတာ.။ တို့တွေ ငယ်ငယ်ကလည်းအဲသလိုဘဲ သိတ်တောင်မငယ်ပါဘူး နောက်ဆုံးနစ်ရောက်နေပြီ. ဖိနပ်ကို ကြိုးအရှည်ကြီး ခြေထောက်မှာ ပတ်ပတ်ပြီး စီးရတာ. ဆင်မလား.. အဲ. Similarly ဘဲ။

ရန်ကန်ုမှာအင်တာနက်ဆိုင်သွားရင် ဖဘထဲကြည့်ခဲ့ ရတဲ့ဘေးက လူနဲ့ရန်ဖြစ်တဲ့ ဗီဒီယိုကိုသတိရတယ်ခဏခဏဘဲ အကျယ်ကြီးစကားပြောနေတာတို့

ရီတာရဲ့ ဒါတော့အရည်ပျော်ချင်မိတယ်ဆိုတဲ့ နိုကီရာ လေးကြည့်ပြီး ဒီကလေးမ ပိုက်ဆံသိတ်သုံးတယ်လို့စဉ်းစားတယ်။ ပျော်ပျော်နိုင်လွန်းတယ် သူ့မှာ ခဏခဏ. ပြီးရင် နောင်တရရတာနဲ့ ငါးပြားကို ခွာရတာနဲ့.

1

ငါလဲ ဘာတွေရေးနေတာလဲစဉ်းစားတယ် ပါစင်နယ်တွေ သိတ်များနေပြီလို့စဉ်းစားတယ်။ လာဖတ်တဲ့သူတွေ အားနာစရာလို့စဉ်းစားတယ။် အဲလေ လာဖတ်တာမဟုတ်ပါဘူး လင့်လာကြည့်တာပါလေ လို့ မစဉ်းစားချင်ပါဘူး. တို့လင့်က အစုတ်ကြီးဘဲဟာ။ တစ်နေ့ကို တစ်ထောင်အောက် ရီဒါ ရှိတာဟာ ကိုယ်ကိုတိုင်ကလစ်တာများတာလား တစ်ယောက်ထဲက နစ်ခါ နိပ်တာလား သုံးခါနိပ်တာလား. တစ်ထောင်လို့မပြောါပနဲ့. ခင်ပြီးသာ လူတစ်ယောက်က ငါးခါများနိပ်လိုက်မိရင်ပိတ်သိတ်အင်အားက နစ်ရာတောင် မပြည့်ချင်။ ဒီပရိတ်သိတ်အတွက် ဒီလောက်အချိန်ကုန်ခံရသလားမေးရင်. ပိတ်သိတ်အတွက်အချိန်ကုန်ခံတာမဟုတ်ပါဘူး ကိုယ်စိတ်ချမ်းသာဘို့လုပ်ချင်ရာလုပ်တာပါ။ လာဖတ်ပေးတာတော့အရမ်းကြီးကိုကျေးဇူးတင်တာပေါ့ ။ ဖတ်စေချင်လို့ အင်တာနက်ထဲထည့်တာဘဲ ဒါပေမဲ့လဲ ဒေါ့ကွန်းတော့မလုပ်ချင်ပါဘူး. ဒီလောက်ဆိုတော်ပါပြီ.

သူရသာဝါမသေသေးဘူဆိုလို့သတင်းစာထဲ ဝမ်းနည်းကြောင်း. ထည့်လိုက်မိတဲ့သူညစ်နေတာလဲမြင်ခဲ့တယ။် တိတ်တိတ်လေးပြန်လာခဲ့တယ်။ ရယ်ရအောင်ရဲ့ ရယ်စရာတွေလဲဖတ်ခဲ့တယ်။ ဒီနေ့တော့ ဖဘ ဒီလောက်ဘဲတော်သင့်ပြီထင်ရဲ့။ ပိတ်ခါနီးလေးမှာ စဉ်းစားလိုက်တာတေ့ နာမည်ကြီးဘလော့ဂါ တစ်ချို့က သေးသေးဖွဲဖွဲ လေးတွေ ကို ဘလော့မှာမတင်ဘဲဖဘမှာဘဲ တင်တာ သတိပြုမိတယ်။ ကွာလီတီထိန်းတာဘဲလား .ထင်တာ ဘဲ

မွန်ရဲ့ အထူးပြုလုပ်ချက်. အံ့မခန်း.ရယ်။ မယ်ဘ ဖဘ ကျေတာရယ်။ ဗစ်ရဲ့ ဆမူစာရယ်.ဒီစာအရတော့ဘယ်သူကမှတော့ဘလော့ (block ) သွားမယ်တော့မထင်ဘူး ဘလော့သွားရင်လဲခံရမှာပါဘဲလေ။ တွေးတွေးပြီးကြောက်နေသူပါ.


မှတ်ချက်.
ရီဒါနဲ့ဘလော့ဖတ်ရဦးမယ။် ဟင်း..

25 comments:

  1. 1 comments:

    Anonymous said...

    mua mua

    i m the first,
    i recommend "The mechanic" movie
    March 4, 2011 12:16 AM

    ReplyDelete
  2. မိုးယံMarch 4, 2011 at 12:33 AM

    စာတွေ အများကြီးရေးထားသကိုး....

    ReplyDelete
  3. မခင်ဦးမေ..ရေးတဲ့စာတွေကို
    လာရောက်ပြီးဖတ်သွားပါတယ်။
    စိတ်သွားတိုင်းကိုယ်ပါလို့......
    လိုရာဆန္ဒတွေပြည့်စုံပါစေ....။

    ReplyDelete
  4. ဖတ်လာသမျှထဲ
    အမ စာတွေထဲမှာ
    ဒီတစ်ခါပဲ ဓာတ်ပုံနဲနဲ နဲ့
    စာများများ ရေးသွားတာ
    တွေ့ဖူးသလိုပဲ .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  5. I like this post very much.

    ReplyDelete
  6. http://khinoomay77.blogspot.com/2011/02/mechanic.html


    Anonymous said...

    mua mua

    i m the first,
    i recommend "The mechanic" movie
    March 4, 2011 12:16 AM

    ReplyDelete
  7. သာမီး ဆလူးMarch 4, 2011 at 1:44 AM

    များ အိတ်နဲ့ဖိနပ်လာကြည့်သွားတယ်ဆိုလို့ကျေးဇူးတင်ပါတယ် မာမီ ဝယ်သလောက်တော့ များ မဝယ်နိုင်ပါရှင် တကယ်ပါ ဒါတောင် ကိုကိုပေးတဲ့မုန့်ဖိုးနဲ့မို့ပါ ကိုယ့်ဟာကိုယ် ဆိုရင် အစားချည်း ဝယ်စားတာ များတယ် ဟီးးးး

    တာ့တာ မာမီ ကျေးဇူး

    ReplyDelete
  8. “သူရသာဝါမသေသေးဘူဆိုလို့သတင်းစာထဲ ထည့်လိုက်မိတဲ့သူညစ်နေတာလဲမြင်ခဲ့တယ။်” တဲ့ နားမလည်ဘူး... နားလည်အောင်လဲ မကြိုးစားချင်ဘူး.. ဘဖလဲ သိပ်သုံးတာမဟုတ်ဘူး.. ဖွင့်ထားမှတော်ကာကျမယ်ထင်လို့  သာ ဖွင့်ထားရတာ..

    အချို့တွေကိုလဲ စီဘောက်စ်မှာတော့ သိပါရဲ့ .... တစ်ခါတစ်လေ ပြောနေတာတွေ လိုက်မမှီလို့  နောက်ကို ၀င်မပြောဖို့ ဆုံးဖြတ်လိုက်တယ်...

    ခဏခဏတွေ့တာတော့ ပေါက်၊ စီဗွီ၊ ကကမ၊ ကွမ်းဆိုတာ တစ်ခါတစ်ရံပေါ့။ နောက် ရီတာ၊ စတီ့ ပြီးတော့ ထို့ နောက် ထို့ နောက် ထို့ နောက်တွေ ...

    အရင်ရက်တွေက အိပ်မရတာနဲ့  စီဘောက်စ်မှာ ဘူးသီး ခရမ်းသီးတွေနဲ့  စကားပြောသေး.. (စာရိုက်တာပါ)...

    နောက်တော့လဲ အော် ကိုယ်နဲ့ မဆိုင်ပါဘူးလို့  လက်လျော့လိုက်တယ်...

    တော်ကြာ အတင်းဝင်ရောတယ်လဲ အပြောမခံချင်ဘူးကိုး... အဲ့ဒါထက် ကိုယ်က စိတ်နဲနဲညစ်လို့  ၀င်တာဆိုတော့ ကိုယ့်ဖာသာ မလုံလှဘူး... သူများရဲ့ လက်ကွက်နဲ့  အချိန်တွေကို ကိုယ်ညစ်တာနဲ့  ရောညှပ်ပြီး အမြည်းမလုပ်ချင်ဘူး....

    အဓိကတော့ ကိုယ့်အညစ် သူများကို မကူးစေချင်ဘူးပေါ့...

    ကွမ်းဆိုတာတော့ တွေ့ တတ်ပါတယ်... သေနတ်နဲ့ တောင် အပစ်ခံလိုက်ရသေး... သူကတော့ ခင်စရာကောင်းမယ်ထင်ရတာပဲ... သဘောကောင်းမယ်လို့ လဲ မြင်မိသေး...

    တစ်ခါတစ်လေတော့ အရုပ်လေးတွေ့ ဆော့ကောင်းလို့  ဘယ်သူမှမရှိချိန်ဝင်ဝင်ဆော့တတ်သေးတယ်...

    ဟိုတစ်လောက စီဘောက်စ် အကြီးဝင်မရပြန်တော့ ကိုယ်တောင်ပြောလိုက်သေး... ဟုတ်ပါ့ စီဘောက်စ်အကြီးမရဘူး ဘာညာပေါ့.... ကိုယ့်ကိုယ်ကိုလဲ ငါတယ် လူရာဝင်ပါ့လားပေါ့ တွေးလိုက်သေး....

    အမှန်တော့ စီဘောက်စ်က သူ့ ဖာသာ အနိစ္စသဘောကိုဆောင်တာပါလားလို့  နောက်မှတွေးမိတယ်... အဲ့တော့ ကိုယ်ကလဲ ပြောချင်ရာပြောတာပေါ့.... ခုတော့ ကိုယ်ဘာပြောလဲမေ့ပါပြီ။

    တခါတခါလက်ရေးတွေမှားတာကိုလဲ တွေးမိတတ်သေး ... ဒါသူ့ စတိုင်ပေါ့လို့ ... ကိုယ်ကရော.. မှားတာပေါ့...

    ဘာပဲဖြစ်ဖြစ် အေးချမ်းတယ်လို့ ထင်ရသား၊ အေးတခါပူတလှည့်လဲရှိချင်ရှိမှာပေါ့...

    ဘာ့ကြောင့်လျောက်ရေးလဲမေးရင်... မသိဘူး လို့ ဖြေမယ်... တစ်ခုသေချာတာ... ကိုယ်လဲစိတ်ချမ်းသာလို့ပဲ..

    (ဟူးမောထှာ)

    ReplyDelete
  9. မမကွန်း စာတွေ အများကြီး ရေးထား ပါလား။ လာဖတ် သွားတယ်။ နောက်လည်း အဲ့လို များများ ရေးနော်။ အဲ... ဘီးကုတ်လေးတွေ ၊ လက်ကောက်လေးတွေ လှလိုက်တာ။ ဘီးကုတ် အနက်ရောင်လေး လိုချင်တယ်း)

    ReplyDelete
  10. မောင်ဝေးMarch 4, 2011 at 4:21 AM

    တို့မှာ ငယ်တုန်းက အစ်မတယောက်ရှိတယ်၊ သူလဲ မကွမ်လိုပဲ ခေါင်းစည်းတွေ ပလပ်စတစ်ကလစ်တွေ ရာဘာကွင်းတွေ လက်ကောက်တွေ ရောင်စုံမျိုးစုံကို ဘီစကွတ်သံဗူးသေတ္တာအဝိုင်း သုံးလေးခုလောက်နဲ့ သူ့မှန်တင်ခုံမှာ သိမ်းထားတယ်။ သွားကိုင်ခွင့်မရှိဘူး။ သားရေကွင်းတကွင်းလောက်တောင် သွားတောင်းလို့မရတတ်ဘူး။ ကျိုးသွားတဲ့ခေါင်းစည်းလဲ ထဲ့သိမ်းထားတာပဲ၊ ဘာဖြစ်လို့အဲ့အကျိုးကိုသိမ်းထားလဲ? မေးရင်၊ အရောင်ကိုကြိုက်လို့တဲ့၊ ပန်းနုရောင်နဲ့ ပုလဲကြည်ရောင်စပ်တာတွေ သိပ်ကြိုက်တယ်တဲ့။ တို့တခါတလေ စိတ်တိုလာရင် “သာလိကာမ” လို့ သူ့ကိုခေါ်တယ်။ ပထမတော့ သူနားမလည်ဘူး။ ဘာဖြစ်လို့အဲလိုခေါ်လဲဟင်? တဲ့။ ချက်ဆို နားခွက်မီးတောက်တဲ့ တို့အဖွားက သူ့ကို ရှင်းပြလိုက်လို့၊ နောက် အဲလိုခေါ်ရင် ကျွဲဂျိုနဲ့လုပ်ထားတဲ့ ဘီးကြဲကြီး (မကွမ်ရဲ့ဘီးကြဲကြီးလိုဟာ) နဲ့ ခေါင်းလိုက်ခေါက်တယ်။ မနည်းလွတ်အောင်ပြေးရတယ်။ မလွတ်ရင် ဒေါက်ကနဲ ခေါင်းမှာအာလူးတဖုရတာပဲ။ ခုတော့ သူလဲ လင်နဲ့သားနဲ့သမီးနဲ့ တနယ်တဝေးမှာ မတွေ့ရတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ အဲ့လို တိုလီမုတ်စပစ္စည်းတွေကို ကြိုက်တတ်တဲ့ အမျိုးသမီးတွေကို ခင်တတ်ပါတယ်။ စိတ်တိုအောင်လာလုပ်ရင်တော့...(ကိုယ့်ခေါင်းမှာ အာလူးအဖုရှိသေးလား လက်နဲ့စမ်းကြည့်လိုက်တယ်)။

    ReplyDelete
  11. မမရေ စာလာဖတ်သွားတယ်နော်။စိတ်ညစ်နေတာလားမမ။
    ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

    ReplyDelete
  12. သိတော့ပါဘူး..မမရယ်။
    စိတ်တွေက သိပ်ငြိမ်တာတော့ မဟုတ်တော့..။



    Xထုံ


    မှတ်ချက် ၊ ။ ဟိုအလင်းစက်များက သူများနာမည်ထည့်
    ပြောနေတယ်..။ သူများက တခါတလေလေးမှ ဝင်တာကို...

    ခစ်ခစ်။

    ReplyDelete
  13. မြော့နေသူတဦးMarch 4, 2011 at 8:50 AM

    ဘလောဂ့်စရေးထဲက ခင်ဦးမေဆိုတဲ့ မမကို အားပေးလာရတာ တို့များကို ဖုန်းဆက်ဖို့၊ မက်စ်ဆေ့ပို့ဖို့ နေနေသာသာ ပိုစ့်မှာတောင် နာမည်ထည့်ရေးဖို့ အဖက်လုပ် မခံရပါဘူး။ အားငယ်ညှိုးငယ်စွာ မျက်နှာငယ်နဲ့ ပြောပါသည်။

    ဘယ်လိုပဲဖြစ်ဖြစ် အားပေးမှု့မလျော့ပဲ ဆက်အားပေးလျှက်ပါ။ ငါ့နှယ် မြန်မာဘလောဂ့်လောကရဲ့ ထိပ်သခင် ဆာလဗျစ်တီမမ အဖက်မလုပ်လို့ အားငယ်လိုက်ထှာ

    မြော့နေသူတဦး

    ReplyDelete
  14. 3 Mar 11, 10:59 PM
    RITA: နောင်တတော့ မရပါဘူး တခါမှ။ ငါးပြားပဲ ခွာတာ။

    ReplyDelete
  15. ဟင် . . .ဟမ် . . .အမ် . . . .
    အနော့် ကော်မန့် ( သို့ ) ကွန်မန့် ( သို့ ) ခေါမန့် ( သို့ ) ခမန့် က ဘာဖြစ်နေလို့လဲဟင်။
    အနော့်မှာ ကျတော့ ကိုယ့်ဘလော့မှာ ရေးချင်တိုင်း ရေးခွင့် မရလို့ ဖဘမှာပဲ စိတ်ထဲ လက်ရှိ ရှိနေတဲ့ အတိုင်း ရေးခွင့်ရတာပါ။ ဘာပြုလို့လဲ ဟင် ။

    ReplyDelete
  16. ဒို့နာမည်လဲမပါဘူးနော်.. ဟွင့်
    စိတ်ကောက်လိုက်ရမလားငှင် =D

    ReplyDelete
  17. မမဇွန့်ဆီ မလာတော့ဘူးလို့တောင် ထင်နေတယ်။း(

    ReplyDelete
  18. CV: နေ့ခင်းဖက်တွေမှာ တနေကုန်စကားတွေပြောနေပြီး ညဖက်ဘာလို့မပြောတာလဲ (ဗျစ်ဖြေပါ)

    နေနေ: b cause she working in day time

    Vista: ညကျတော့ စောစောအိပ်ရတယ်

    ...: ညကျတော့ ရုံးမှာမဟုတ်လို့လေ

    RITA: ဟုတ်တယ် ခုဆို ပို့စ်တောင် ရုံးမှာပဲ ရေးတော့တယ်။

    CV: ခရမ်းသီး ဘာလို့ နေ့ဖက်ပဲစကားပြောပြီး ညဖက်စကားမပြောရတာလဲ ဖြေပါ (စလုံးနေ့ဖက်)

    ခရမ်းသီး: အလုပ် ပြုတ်မှာစိုးလို့

    CV: အော် အခုက အလုပ်ချိန်မဟုတ်ဘူးပေါ့ အိမ်မှာပေါ့ (ကျေးဇူးတင်ပါတယ်ရှန်)

    (မမကေအိုအမ် ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှန်)

    ReplyDelete
  19. မမကွန်းဘလော့ကို မှန်မှန်ရာက်ပြီး စာဖတ်ပါသည် ၊ မမကွန်းတစ်ယောက်တော့ မှတ်ချက် ၊ ထပ်ဆင့် မှတ်ချက်နဲ. အလုပ်ကိုရှုပ်နေတာပဲ

    မမကွန်းရဲ့ " အလုပ်တစ်ခုကိုတစ်ချိန်စီ လုပ်တတ်တယ် " ဆိုတာကို အလွန်ပင် ယုံကြည်မိပါသည် ၊ အိပ်ရေးဝအောင် အိပ်ပါ ၊ ကိုမဆလာကြီးကိုပြောထားပါ ၊ အိပ်နေတုန်း မနှောက်ယှက်ပါနဲ.လို. ...

    ခင်တဲ့

    Z

    ReplyDelete
  20. Oh please write more, your blog is the most interesting, over 1,000 readers daily, please post more, now we are waiting and waiting

    ReplyDelete
  21. သာမီးနာမည်လဲ မပါဘူး...
    မမကို စိတ်ကောက်တယ်... =D

    (ပျော်ထှာ... စိတ်မကောက်ရတာ ကြာပြီ...)

    ReplyDelete
  22. ဟိုက်...နာမည်ကြီးချင်တော့လဲ မမကွန်ပို့စ်မှာ ကိုယ့်နာမည်ပါတွားပီ...။

    ReplyDelete
  23. ဖုန်း .. ဆက်လိုက်ရမလား။ ဖုန်းဆက်လိုက်ရမလား ... ။

    ReplyDelete
  24. များနာမည်လဲ မပါပါဘူးတော် ... ဟွန့် ...

    စိတ်ကောက်ခြေဆောင့် ပြန်တွားသည် ...

    ReplyDelete