Sunday, April 24, 2011

yangon 2011.4



သင်္ကြန်ကို တစ်နေရာကိုရွေးဖြစ်တယ်။ ရေပက်တာ က နဲနဲပါ. ပွဲကြည့်တာက များများ။ စင်ပေါါ်က ဆိုောတ့အားလုံးကို စီးမြင်ရတယ်။ ရေလဲပက်ရတယ်။ စင်ပေါ်က ကတာကိုလည်းပွဲကြည့်လို့ရတယ်။ ကလို့လဲရတယ်။ ကတာက သိတ်မကတတ်ပါဘူး ဒါပေမဲ့ ဟိုလှုပ်ဒီလှုပ်ပေါ့။

စင်တွေမှာ DJ တွေ ရှိတယ်။ DJ ဘာဖွင့်မလဲဆိုတာ ကို နားထောင်နေကြတယ် DJ ကောင်းတဲ့ စင်မှာလူပိုများတယ် သူက ပရိသတ်ကို entertainment ပေးနိုင်တယ်။ ဝင်ပြီး involve ဖြစ်လာနိုင်အောင် လုပ်နိုင်တယ်။ သူဖွင့်တဲ့သီချင်းတွေပေါ်မှာ မူတည်ပြီး ကကြတာဘဲ ဘယ်လိုမှ မကတတ်ရင်တော့လဲ ရပ်ပြီး ဟိုကြည့်ဒီကြည့်ကြည့်နေလိုက်ကြတတော့တာဘဲ ရေပက်တဲ့ သူက နည်းပြီး ကတဲ့သူက များနေတာဘဲ. stage ပေါ်မှာ အနှေးကတဲ့သူကလဲက အမြန်ကတဲ့သူကလဲက. လှူပ်ချင်တဲ့သူကလဲလှူပ်.ခုန်ပေါ့က်တဲ့သူကလဲခုန်ပေါက် ပျော်ဘို့ကောင်းတယ် သူဘဘယ်သူလဲ သိစရာမလိုဘူး ကိုယ်ဘယ်သူလဲ သိစရာမလိုဘူး.အဲကင်မရာကိုတော့ နဲနဲကြောက်ကြတယ် စင်ရှေ့လာရိုက်ရင် ဟာ ဓါတ်ပုံ ရိုက်တယ်ဆိုပြီး ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ရှောင်ကြတယ်။

စင်ပေါ်လဲတက်တက်ကကြလို့ တစ်ချို့နေရာတွေမှာ ရေပိုက်တွေ ကျိုးမှာ စိုးလို့လာလာဆွဲချရတယ်။ ရေပိုက်တွေက စင်ပေါ်မှာလဲ ရေပန်းလိုမျိုးဖြန်ေးပး ထားသေးတာကို. ခပ်ဝဝတစ်ယောက်က အားရပါးရတက်ကလို့ဝိုင်းပြီးမေတာပို့ကြတယ် ကျိုးရင်အခက်.ဆိုပြီး. ကိုယ့်မှာလဲ အနောက်ကိုလှည့်ကြည့်လှည့်ကြည့် သူကျိုးကြရင် ကိုယ်ကအပေါ်ပိမှာစိုးလို့ ဝေးတော့ဝေးပါတယ်။ ကြားကလူတွေ ပိုအီမယ်။

အစ်မ ဘယ်သူပါလဲ မေးကြတယ် သူငယ်ချင်းပါတယ်တို့ အမျိုးပါတယ်တို့ လို့ဖြေပြီးအနောက်ကို လက်ညှိုးထိုးပြလိုက်တယ် မနစ်ကတော့ နဲနဲရိုးသေးတယ် တစ်ယောက်ထဲ လာတယ်လို့ဖြေတယ်။ ဒီနစ်ကတော့နဲနဲပိုလည်သွားပြီ။ ကောင်လေး နစ်ယောက် ကောင်မလေးသုံးယောက်လာတဲ့ အုပ်စုနဲ့တွေ့တယ် ကောင်လေးတစ်ယောက် က ထိန်းထားနိင်တယ် ချာတိတ်မလေးကို အငယ်မ အငယ်မနဲ့ခေါ်ပြီး မောင်နစ်မ သူငယ်ချင်းလို ဆက်ဆံတယ်။ ကိုယ့်ပစ္စည်း ကိုယ်စောင့်ရှောက်ကြတာပေါ့ ကောင်မလေးတွေက အရှေ့ကရေပက် သူတို့က အနောက်မှ နေပြီး ကရင်းနဲ့ စောင့်ေ၇ှာက်ကြတယ် ဘယ်သူ့ဘယ်သူမှလဲ မထိခိုက်ကြပါဘူး။ မောင်လိုနစ်မလိုပါဘဲ. မတော်တဆထိမိရင်လဲ သည်းခံကြတယ်။ အဲ အဲဒီကောင်လေးကတော့ရေတွေများလာရင် သူ့ဆီမှာ sun block လိုဟာမျိုးထုတ်ပြီးကောင်မလေးတွေ ပါးကိုသုတ်ပေးတယ် ကိုယ့်ပါးကိုလည်းလာသုတ်တယ် သည်းခံတာပေါ့ ဒီကလည်းအသုတ်ခံချင်နေတဲ့ဟာ. ကရင်းနဲ့ ခုန် ခုန်ကကြတော့ အငယ်မ ပုခုံးကို ဆွဲလှုပ်လိုက် အငယ်မ ကက.ဆိုပြီးလှုပ်. ကိုယ့်ပုခုန်းကိုလဲ ဆွဲလှူပ်. ကက. ဆြွဲီပီး ကိုယ်လဲ အလှုပ်ခံတာဘဲ ပျော်စရာကြီး.

အဲ ကရင်းနဲ့ အဲဒီကောင်လေးက ကိုယ့်ခါးကိုလာဖက်တယ်။ အဲ. အဲသာတေ့များသွားပြီ. ဟဲ့ဟဲ့ နင်ငါ့ခါးကို မဖက်နဲ့ အနောက်မှ အမျိုးတွေ ရှိတယ်ဆိုတော့ တစ်ကယ်လားတဲ့ တစ်ကယ် ဆိုတော့ အင်းအင်းဆိုပြီး ထပ်မဖက်တော့ဘူး အငယ်မ တို့ဘဲပြန်လှည့်သွားတော့တယ် မောင့်ကိုပြန်ပြောောတ့ ဂုဏ်ယူစရာပေါ့ကွာ. ခါးအဖက်ခံရတယ်ဆိုတာ သုံးလို့ရသေးလို့ပေါ့လို့အားပေးတယ်။ မင်းဘိုက်ပူကြီးပြလိုက်သေးလား မေးတော့ ဟင့်အင်း စင်ရှေ့က နရံနဲ့ဖိပြီးဖွက်ထားတယ်လို့ပြောလိုက်တယ်။



မောင်က ပွဲလျှောက်ကြည့်တယ် .သူက ကိုယ့်ကိုသူနဲ့ လိုက်စေချင်ပေမဲ့ငြင်းလိုက်တယ် ကိုယ်က ပွဲကြည့်တာ များနေပြီ ဝင် ခုန်ချင်တာ.အဲဒါနဲ့စင်ဘေးလိုက်ပို့ပြီး လစ်သွားတယ်။ ဟော်တယ်ပြန်အိပ်နေတာပေါ့ မယုံလဲနေ. မပြန်ခင် ရပ်ကြည့်နေလို့ စင်နောက်သွားပြီးပုန်းပြီး ခုန်ပေါက်ရတယ်။ သူရပ်နေကျနေရာလှမ်းကြည့်ပြီးမရှိတော့ ဘူးဆိုမှစင်ရှေ့ ထွက်ပြီး တစ်ခါ ပြန်ခုန်.။ စိတ်လွတ်ကိုယ်လွတ်သီချင်းတွေအော်ဆို. တစ်ခါတစ်လေ ခြေစုံခုန်သေးတယ် ပျော်တယ်။ ဒုံး ဒုံး ဆိုပြီး။ ခြေစုန် မြေကြီးအလွတ် ခုန်ကြည့်ပြီးသီချင်းအော်ဆိုကြည့်ပါလား ။ ခံစားချက်မိုက်တယ်။

တစ်ချို့သီချင်းတွေ က ကိုယ်အ့နေနဲ့ အခုမှကြားဘူးတာ အသက်၃၉ လဲပါတယ် ဘိုက်ပူတာလဲ ပါတယ် ဂျုံးဂုံးကြနေပြီ. ဂျုးံဂျုံး ကျနေပြီ ဆိုတဲ့သီချင်းလဲ အတော်အအော်ဆိုကြတယ်။ ဆိုရုံတင်မက ခြေနစ်ဘေက်ကို စုံ အပေါ်ကို ခုန်ပြီး ခုန်ကြတာ. ဂျုးံဂျုံး ကျနေပြီ x2 ဆိုပြီးအော်ဆိုကြတာတော့ မနေတတ် မထိုင်တတ်တောင်ဖြစ်မိတယ်။ ငါ့များစောင်းပြောသလိုဘဲဆိုပြီး.

ဗီဗီဟိန်းရဲ့ အလှုအိမ်သို့ကြွကြပါဗျို့ အင်္ဂလိပ်သီချင်းလား. အဲဒီ ဗားရှင်းသီချင်းလဲ ခေတ်စားတယ်။ မျိုးကြီးသီချင်းတွေ လဲခေတ်စားတယ် သီချင်းတွေ ကတော့မျိုးစုံးဘဲ အတော်လဲရကြတယ်. လိုက်လိုက်ဆိုကြတယ်။ အားရပါးရဘဲ အဲဒီအခါဆို DJ က သီချင်းသံကိုတိုးလိုက်ပြီးပရိသတ်အသံကိုများအောင်လုပ်ပေးတယ်။ ကိုယ်ကတော့ မရပါဘူး ဝါးချရတာဘဲ။ တွေ့တဲ့လူနဲ့မိတ်ဖွဲ့လိုက်တာဘဲ။

ဒါတ်ပုံရိုက်ခဲ့သေးတယ် တစ်ကယ်လှတာ. ခလေးတွေ နဲ့ ပြန်ဖိုက်လို့ရသေးတယ်။ အန်တီ အန်တီနဲ့ လာခေါ်ကြတာ စိတ်မထိန်းနိုင်ရင် တင်လိုက်မိတော့မယ်။ မလျော့သေးဘူးလား မေးတဲ့သူတွေ ကို ဒါတ့်ပုံနဲ့ တစ်ကွ သက်သေပြခဲ့တယ်။ယုံသွားတယ်။ ထူးတေဇာထဲကလိုကဘူး ။ ခုန်ခုန်ပြီးကတာ။ လှုပ်လှုပ်ပြီးကတာ. ပျော်လိုက်တာ. သီချင်းတွေလဲ မရလဲ ဝါးချလိုက်တာဘဲ သူများတွေ ဆိုသလို လိုက်ဆိုတယ်။

လူငယ်တွေ အမဲရောင် တွေ အဝတ်များတယ်။ နေရာတစ်ကာအနက် ရောင်တွေချည်းဘဲ။ အဲဒီစင်တွေမှာ တစ်ကယ်ကကြတာ. အနောက်တိုင်းအက ကိုသေချာကကြတယ်။ ကြိုးစားပန်းစားကကြတယ် ဘယ်သူ့ဘယ်သူမှ မကြည့်ဘဲနဲ့ ကိုယ့်ဖီလင်နဲ့ကိုယ်ကကြတယ်။ တစ်ယောက်ထဲလဲကနေတာဘဲ။ နစ်ယောက်တွဲလဲ ကတာဘဲ။ စင်ပေါ်ပိုက်ဆံပေးတက်တာ ရေပက်လို့လား ကဘို့လား တောင်ပြန်စဉ်းစားရတယ်။

စင်အောက်မှာလဲ အသေကကြတာဘဲ. လမ်းတွေ ပိတ်ကုန်လို့မနည်းရှင်းယူရတယ။် လုံခြုံရေးတွေ က လာလာ ဆွဲပြီးကားပေါ်ပြန်တင်ပေးရတာတို့လးမ်ရှင်းယူရတာတို့ လမ်းပေါ်ပြန်တင်ပေးရတာတို့ ဝီစီသံတွေ ဆိုတာ ဒလပ်စပ်ဘဲ စင်အောက်လူက ပိုတန်တယ် ပိုကဆံပေးစရာမလိုဘူး စင်ပေါင်းစုံလှည့်ကနေလို့ရတယ်။




You are still a whisper on my lips
A feeling at my fingertips
That's pulling at my skin

You leave me when I'm at my worst
Feeling as if I've been cursed
Bitter cold within

Days go by and still I think of you
Days when I couldn't live my life without you
Days go by and still I think of you
Days when I couldn't live my life without you
Without you
Without you

You are still a whisper on my lips
A feeling at my fingertips
That's pulling at my skin

You leave me when I'm at my worst
Feeling as if I've been cursed
Bitter cold within

Days go by and still I think of you
Days when I couldn't live my life without you
Without you
Without you

Days go by and still I think of you
Days when I couldn't live my life without you
Days go by and still I think of you
Days when I couldn't live my life without you

ရေတွေများလို့ ကင်မရာမထုတ်နိုင်တော့ဘူး တစ်လုံးကအဲဒီရက်ပိုင်းက ပျက်သွားပြီဆိုတော့တစ်လုံးဘဲကျန်တော့ သိတ်မထုတ်ရဲတောကဘူးဖြစ်တယ်။ ပျက်ရင် communication ပြတ်သွားမှာ စိုးလို့ ဒါပေမဲ့များသောအားဖြင့်တော့ပျက်သလားမသိဘူး။ တစ်ချို့တော့လဲ မယူခဲ့တဲ့သူ. ဒါပေမဲ့ယူခဲ့တဲ့သူများပါတယ်။ ရေလုံးများရင် သိတ်မထုတ်ဘူးပေါ့. ဒါပေမဲ့ လဲမကြားရပါဘူး စင်ပေါ်မှာ ဒီလောက်ဆူညံနေတာ နစ်ရက်လောက်နားအူပြီးကျန်ခဲ့တ။် နားတောင်လေးသွားပလားအောက်မေ့တယ် ဟင် ဟင် နဲ့ ပြန်ပြန်မေးနေရတာနစ်ရက်လောက်ကြတာယ တီဗွီထဲမှာ နားဆရာဝန်က သိတ်မကလော်ပါနဲ့ လို့ပညာပေးတယ်ဆိုတာ ကလော်ပြီးမှ သိတယ။်။



မောင်က သင်္ကြန်ရက်အတွင်းပြန်သွားတယ်။ လေယဉ်ကွင်းလိုက်ပို့ပြီး အမြန်ဝင်သွားပါစေ ဆုတောင်နေတာ သိရင်သတ်မှာဘဲ။ ရည်းစားဟောင်းနဲ့လား တွေ့ပါတယ် ။ one of the က စိန်နားကပ်တစ်ဘက် တပ်ပြီး စိန်လက်ကောက် ဝတ်နေတယ်။ စိတ်တော့ မှန်တယ်ထင်တာဘဲ။

19 comments:

  1. one of the က စိန်နားကပ်တစ်ဘက် တပ်ပြီး စိန်လက်ကောက် ဝတ်နေတယ်။ စိတ်တော့ မှန်တယ်ထင်တာဘဲ။
    :P:P:P:P:P
    ကောင်းသောနေ့လေးဖြစ်ပါစေမမ။

    ReplyDelete
  2. မမတို့တော့ မိုက်တယ်ကွာ ၊ခြေစုံပစ်ခုန်တော့ ဗိုက်ကျတာပေါ့လေ။
    ချမ်းမြေ့ရင်

    ReplyDelete
  3. အားကျတယ်ဖွားကွန်ရယ်..ဘ၀ကပျော်စရာကြီး အဲလိုအေးအေးချမ်းချမ်းလေးနေချင်လိုက်တာနော်

    ဆုမြတ်

    ReplyDelete
  4. ပြောဖို့ကျန်ခဲ့လို့ ကားကြီးကလည်းကောင်းလိုက်တာနော်...ဟီး မိုက်တယ်

    ReplyDelete
  5. U mean king alaungsithu:D
    GD

    ReplyDelete
  6. ဖတ်နေရင်းကိုယ်တိုင် ၀င်ကရသလို ခံစားရတယ်။ပျော်စရာ။

    ReplyDelete
  7. ပျော်စရာကြီးမရယ်.... ကိုယ်ပါဝင်ကချင်စိတ်ပေါက်သွားတယ်...

    ReplyDelete
  8. ကိုယ်ပါတခါတည်း သင်္ကြန်ကျသလိုခံစားလိုက်ရတယ် ... ပျော်စရာကြီး

    mie nge

    ReplyDelete
  9. မ... အဲလိုဝင်ပျော်လို့ ရသေးတာ မ စိတ်လေးတွေ နုပျိုလတ်ဆတ်နေဆဲမို့ ပေါ့... ခေတ်လဲမှီလို့ ပေါ့... ကျွန်မဆို အဖွားကြီးအတော်ဖြစ်သွားပြီ မ ရယ်... တူးပို့ တူးပို့ သင်္ကြန်ကိုပဲ လွမ်းနေမိတာကိုး....

    ReplyDelete
  10. မမချစ် ရဲ့ပိုစ်မှာ ဒီလိုမန့်ခဲ့တယ်

    ကွန် ကို ကွမ် လို့ပေါင်းပြီး ဒီလိုရေးကြည်မယ် .....

    အမှားများသော စကားလုံးများကြားထဲ
    မလှမပ ဝိုးတိုးဝါးတား ဓါတ်ပုံများကြားထဲ
    ရောက်တတ်ရာရာ စိတ်ကူးများကြားထဲ
    လျှို့ဝှက်တတ်သော အကောင့်များကြားထဲ...

    ဒီတပုဒ်တော့ ဘတ်လို့ကောင်းတယ် တိုးတက်လာတယ်ပြောဂမ်ယ ရောက်တတ်ရာရာတွေထက် ခံစားချက်တွေပါတယ် တကယ်ပျော်ခဲ့ပုံပဲ
    တီကတော့ သင်္ကြန် ကို အစကတည်းက မကြိုက်တာ
    သူများတွေပျော်တော့ ပျော်ပါတယ်
    တော်ကြာ မှိုင်နေရင် ရည်းစားပျောက်တယ် ထင်နေမယ် ခုန် ခုန် ခုန်....

    ReplyDelete
  11. ဟန်ကြည်April 25, 2011 at 1:20 AM

    ဟား တော်တော်ပျော်ခဲ့တဲ့ပုံပဲ မင်္ဂလာနှစ်ကူးပါဗျား

    ReplyDelete
  12. ကဲ အန်တီလို့  ခေါ်လိုက်ပြီ တင်ပေတော့...

    ဘိုင်သဝေး.. ရှောင်ပါဘူး မမဆယ်လီကွမ်းရေ... အဲ အန်တီ ဆယ်လီကွမ်းရေ...

    ခေါ်ပြီနော်... အန်တီ... အန်တီ .... အန်တီ.. ဆက်မခေါ်စေချင် ပုံတင်ပါ.. မတင်ချင် မေးလ်နဲ့  ပို့  ဒါဗြဲ.

    ReplyDelete
  13. စင်နဲ့ ဗိုက်နဲ့ ကပ်ထားရတယ်။ ခါးကို လာဖက်တာခံရတယ်။ ခြေစုံပေါက်ခုန်တယ်။ သီချင်းတွေ ဝါးချတယ်။ ရည်စားဟောင်းနဲ့ ပြန်တွေ့တယ်။

    ထိုကဲ့သို့ သင်္ကြန်မှာ ဖြစ်သွားသော လူကို မခဥမ လို့ ခေါ်ပါတယ်။ မိုက်ဟ . . .

    ReplyDelete
  14. စော(အဝါရောင်မြေ)April 25, 2011 at 1:02 PM

    အင်း ရန်ကုန် သင်္ကြန်ပေါ့

    ReplyDelete
  15. Dj Pavilion ရှေ့ ရောက်သွားသလိုပဲ ။ အမိုးပွင့်ကားလေးလည်း လှတယ်။

    ReplyDelete
  16. တင်ပလိုက်အစ်မကွန်...ဒါမျိုးဘယ်တော့မှ အပြောမခံနဲ့...:)

    ReplyDelete
  17. အခုမှ လာဖတ်ဖြစ်တယ်..။
    ဗျိုးဟစ်သံကို အင်္ဂလိပ်သီချင်းလို့ပြောနေတာ
    အမှန်က ဂျပန်+အင်္ဂလိပ်သီချင်းပါ..။
    ကိုကေ ဆီမှာလား..တီဇက်အေဆီမှာလားမသိတင်တုန်းက
    ပြောဖူးပါတယ်..။
    နားသောတဆင်နိုင်ဖို့ လင့် လာပေးပါတယ်။
    ဟိ

    http://www.youtube.com/watch?v=q0HLMXCX9F0

    Teriyaki Boys- Tokio Drift

    Xထုံ

    ReplyDelete
  18. အင်း ရန်ကုန် သင်္ကြန်ပေါ့

    ReplyDelete