Sunday, June 26, 2011

စကောကြံ

ရိုးသားတဲ့နေ့ကလေးတစ်ခုပါဘဲ. Alarm နဲ့အိပ်ရာကထတယ်။ ထပြီး. ငါဘာလုပ်ဘို့ရှိသလဲစဉ်းစားတယ်။ ဘဏ်သွားရမယ်။ ချက်လက်မှတ် deposit လုပ်ရမယ် ချက်လက်မှတ် deposit မလုပ်ဘူးတာ နစ်ချီနေပြီ. ဘယ်နစ်နစ်မှန်းတောင်မသိတော့ဘူး။

ရေချိုးတယ်။ မိတ်ကပ်လိမ်းတယ်။ ရှိရှဲဒိုး ဖောင်ဒေးရှင်းခံတယ်။ ယူလေး အပေါ်ကထပ်လိမ်းတယ်။ ဂါဗင်ချီမိတ်ကပ်ထပ်လိမ်းတယ်။ မေဘလိုင်း. ဖောင်ဒေရှင်းပေါင်ဒါပက်ဖ်နဲ့ မျက်နာအနှံလိုက်ပွတ်တယ်။ ကလင်းနစ် ကရင်ပတ်ဖ် ထပ်လိမ်းတယ်။ မညာပါဘူးတယ်။ တစ်ကယ။်

အဲလစ်ဇဘက်အာဒမ်ကျန်သွားတယ် ရှိပါစေတော့. အားလုံးခပ်ပါးပါးကြီးပါဘဲ မလန့်ပါနဲ့ ကိုယ့်ဘာသာကိုယ်ကြည့်တာ တော့လှတယ်ထင်တာဘဲ။ ရယ်ဘလွန် အိုင်းရှဲဒိုးသပ်တယ်။ ဂါဗင်ချီပါးနီ သုတ်တယ်။ မျက်လုံးကို ဒီဇင်ဘာခဲတံနဲ့ အယောင်တင်တယ်။ မျက်ရစ်လိုက်ဆွဲတယ်။ ဘာတံဆပ်မှန်းမသိတဲ့ မျက်ခုံးမွေးချစ်တံနဲ့ ချစ်တယ်။ မေဘလင်း လိုင်နာနဲ့ အနားသပ်တယ်။ မလန့်ပါနဲ့ လှပါသေးတယ်။

ဆွဲကြိုးပါးပါးဆွဲတယ်။ စလုံးနစ်ကျပ်ပေးရတယ်။ ရှပ်အကျီပွပွအကျီ ဝတ်တယ်။ လက်ကောင်ငွေရောင်တစ်ကွင်း လိုက်ရှာစွပ်တယ်။ လက်ကောက်တွေ များနေလို့ဘာစွပ်ရမလဲစဉ်းစားသေးတယ် အိ့ဒိယ လက်ကောက်အများကြိးလဲရှိတယ်။

ချက်လက်မှတ်ရှာတယ်။ ဘောပန်ထည့်တယ်။ လိပ်စာရှာတယ် ဘယ်လိပ်စာက ကိုယ်နဲ့နီးမလဲရှာတယ်။ ရေဘူးထည့်တယ်။ အနွေးထည်ထည့်တယ်။ မုန့်ထည့်တယ်။ အထီးကျန်တာများ ဆိုင်မှာတောင်ဝင်မစားချင်ဘူး ဘိုက်ဆာတဲ့အချိန် လမ်းဘေးတစ်နေရာမှာထိုင်. ရေသောက် မုန့်စား ရေသောက် လူတွေ ကိုငေးကြည့်ရင်းနဲ့ စားလိုကတာဘဲ။ ထီးထည့်တယ်။ နဲနဲနတော့လေးသွားပီ။

ပိုက်အိတ်ထဲကို အဲလစ်စဘတ်အာဒပ် မိတ်ကပ်ကရင်ပဖတ်ထည့်တယ်။ နှူတ်ခမ်းနီထည့်တယ် ဘီးထည့်တယ်။ မလိုတာတွေ ဖြုတ်တယ။.် သွားလို့ရပီ.

ဘတစ်ကားစောင့်တယ် အကြာကြီးစောင့်ရတယ်။ ကိုယ့်ကိုယ်ကို လှတယ်ထင်နေတယ်။ တစ်စုံတစ်ယောက်နဲ့ တွေ့ချင်နေတယ် ကိုယ့်ကိုယ်ကိုလဲ ကွန်ဖီဒင့်ရှိနေတယ် သူငါ့ကိုမြင်ရင် ရုပ်မဆိုးပါဘူးလို့ထင်စေရမယ်လို့ထင်နေတယ် ထင်နေပြန်တာပေါ့လေ။

တစ်စုံတစ်ယောက်ကို ဖုံးဆက်ပြီး တွေ့ချင်တယ်လို့ပြောချင်တယ်။ တွေ့ချင်နေတယ် စကားတွေပြောချင်နေတယ်။ တစ်ကယ်ကြီးကိုအားနေတယ်။ အားမှာပေါ့ လုပ်စရာရှိတာကို မလုပ်တော့ဘဲ ဘာဘဲဖြစ်ဖြစ် မန်းဒေးမှ ဘဲကြည့်ကျြက်ေ၇ှာင်ထွက်ပြေးတော့မယ် ဒီနေ့တော့မသွားတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တာကိုး.............

တွေ့ချင်တယ.်အားကြီးတွေ့ချင်တယ်။ တစ်နေရာမှာထိုင်ချင်တယ် စကားတွေ ပြောချင်တယ်။ especially ရေတွေ ကိုကြည့်ပြီးထိုင်လို့ရတဲ့နေရာမျိုးမှာ ထိုင်ချင်တယ်။ မဖြစ်နိုင်တာတွေ မတမ်းတပါနဲ့ လမင်းကို မျှော်ကြည့်ပြီး ငိုနေလို့ လမင်းကြီးက ဆင်းလာမှ မဟုတ်ဘဲ. ။

ဘဏိက်ုအရင်သွားတယ်။ ချက်လက်မှတ်လေးကိုပြတယ်။ လွယ်လွယ်လေးပါ. အနောက်မှာ အကောင့်နံပတ်ရေး ဖုံးနံပါတ်ရေးလိုက်ပြီးရင် ပုံးကလေးထဲထည်ဲ့ခဲ့ပါတဲ့။ ပြောသလိုလုပ်ဘို့ အကောင့်နံပါတ်ကိုရှာ ရေး. ငါးခါလောက်စစ်. လက်ရေးကလည်း လှပါဘိနဲ့ မဖတ်တတ်မှာစိုးလို့ကြိုးစားပမ်းစားရေး. ပုံးထဲကိုထည့် လိုကတယ်။ မယောင်မလည်ဲနဲ့ ဘေးနားမှာ ငါးမိနစ်လောက် စောင့်နေသေး တယ် မတော် ချက်လက်မှတ်ကလေးက မဝင်ဘဲလေတိုက်လို့လွင့်သွားရင် ပြန်ကောက်ပြီးပြန် ထည့်ရမယ်လေ. ငါးမိနစန်လောက်စောင့်ကြည့်ပြီး အားလံုးးသေချာပြီ စာရွက် ကလေးပြန်မထွက်လာတော့ဘူးဆိုမှ. အနားကနေခွာရဲတယ်။

တွေ့ချင်တာကတော့မင်းသားနဲ့ဘဲ မင်းသား ကလက်မခံဘူးဆိုတော့လဲ လူကြမ်း မင်းသားဆီဘဲဖုံးဆက်ရတော့တယ်။ ကံများ မကောင်းချင် တော့ လူကြမ်းကလဲ ကားရိုက်ရက်ပြည့်နေတယ်။ ဒီတ်မအားဘူး. စိတ်တောင်ညစ်တယ်။ ညစ်လို့ အကြံတစ်မျိုးတောင်ရတယ် . ဘဝကြီး သိတ်ပျင်းစရာ ကောင်း တယ်။ ကမ်းစပ်မှာ လိုက်ထိုင်ပေးရင်မဆိုးပါဘူး။

28 comments:

  1. မိုးယံJune 26, 2011 at 3:40 AM

    အန်တီးကွမ်းလို လူတွေများပါစေ......

    အလှကုန် ထုတ်လုပ်ရန် ရည်သန်နေသူတစ်ဦး

    ReplyDelete
  2. I love your post and you!

    ReplyDelete
  3. အစ်မသုံးတဲ့ အလှကုန်ပစ္စည်းတွေထဲက လက်ဆောင်နည်းနည်းလောက်ရရင် ကောင်းမယ်း)
    အားလုံးကြိုက်တယ်

    ReplyDelete
  4. အစ်မကွန်က အထီးကျန်စရာလား...၊ဒီလောက်ချစ်ခင်သူ
    တွေဝိုင်းနေတာကို....။ရေစပ်မှာထိုင်ချင်ရင် ကရန်ဂျီဘက်
    ကိုလာခဲ့လေ....မလေးဘက်ကိုလှမ်းမျှော်ကြည့်ပြီး ဂျကား
    တွေ ပေါကြမယ်....:D

    ReplyDelete
  5. ချက်လက်မှတ်ကို ချက်ဘောက်စ်ထဲ ထည့်ခါနီးတိုင်း အဲလိုဖြစ်တယ် :))

    ReplyDelete
  6. စိတ်ရှည်သားပဲနော်။ 'မုန်းတယ်' ပို့စ်ဖတ်ခဲ့တုန်းက စိတ်တိုလွယ်သလားလို့ (စတာနော်)
    ချက်လက်မှတ်ကို အကြိမ်ကြိမ် ပြန်စစ်တာတော့ ကောင်းတဲ့စရိုက်လေး တစ်ခုပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ဆွဲကြိုး ၂ကျပ်တန်တောင်ဝယ်တယ်နော်
    ကျနော်လည်း တခါတလေ ကမ်းစပ်မှာ ထိုင်ချင်တယ် ဒါပေမယ့် တယောက်တည်း နားကြပ်လေးတပ်ပြီး ထိုင်ချင်တာ...မမကွန် အခြေအနေကောင်းသွားပြီထင်တယ် ၀မ်းသာလိုက်တာ...

    ချစ်တဲ့...အမှတ်တရနေ့စွဲများ

    ReplyDelete
  8. များတို့ကတော့ ချက်လက်မှတ်ရရင် ဘောက်စ်ထဲ ထည့်ဘူး။ ဘဏ်ထဲအထိဝင်ပြီး ပေးတာ ... တကယ် ... ပျောက်သွား ဘယ်နှယ့်လုပ်မလဲး))


    မိတ်ကပ်တွေ စုံနေတာပဲ တို့ အစ်မကြီးမှာ ... အားကျချက်။ များလိမ်းတဲ့ မိတ်ကပ်က ၃မျိုးထဲ ... အဟင့် ... ရဘူး ... ထပ်ဝယ်မယ် ....
    ကြာစူးဆွိ

    ReplyDelete
  9. ဖတ်ခဲ့ဘူးတဲ့ ဟာသ တွေထက်ကို
    ပိုလို့ ရယ်ရ ပါတယ် ကြီးတော်
    ဒီထက်မက အလှ ပြင်နိုင်ပါစေ........

    ReplyDelete
  10. လှပါဘူးးးးးးးးးး
    မာမီ က သာမီးလိုပဲ ဝတုတ်ကြီးမားးးးးး
    ဟွင်းးးးးး မသိရင် ခက်မယ် .......

    သာမီးနဲ့ မာမီကဆိုက်တူ ဂိုက်တူလေ .....
    မဟုတ်လို့လား ကဲ ပြော .....

    မာမီ့ကို မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
    မချစ်ဘူး မချစ်ဘူး မချစ်ဘူး မချစ်ဘူး မချစ်ဘူး
    သိလား လို့
    ဟွင်းးးးးးးးးး

    မာမီ့ကို မုန်းသူ
    သာမီး ဆလူးးးးးးးးးးး

    ReplyDelete
  11. အဟတ်
    ကမ်းစပ်မှာ လိုက်ထိုင်ပေးရင် မုန့်ဝယ်ကျွေးမလား မမ
    Uထုံ

    ReplyDelete
  12. မKOM ကတော့ တကယ့်မော်ဒန်ဘဲ အားကျတယ်.. စာကိုလည်း စိတ်ဝင်စားအောင်ရေးတတ်တာ အရမ်းသဘောကျတယ်.

    ReplyDelete
  13. ကိုထွဋ်June 26, 2011 at 7:54 PM

    မိတ်ကပ်လာရောင်းဦးမှ...

    ရက်ဗလွန်တွေရမယ်..
    ကာနီဗိုတွေ ပေါတယ်..
    ဘာတွေ ညာတွေရမယ်... :P

    ReplyDelete
  14. အော်...
    လက်ကောက်တွေပေါများနေလိုက်တာ.။
    အိန္ဒိယလက်ကောက်တွေ ဆိုတော့..။ တကယ့်ပစ္စည်းကောင်းတွေပဲ...။
    ကောင်းပါ့...ကောင်းပါ့..။


    Xထုံ

    ReplyDelete
  15. မခင်ဦးမေ..
    အရမ်းလှတယ်..ကိုယ်ေ၇ာစိတ်ပါ
    ကျန်းမာချမ်းသာပါစေ......။

    ReplyDelete
  16. Ma KOM နဲ့ လင်းဒီပ နဲ့စိတ်ပူတတ်တာလာတူနေပါလား။

    အမှန်က ကောက်ရလည်းပြင်ရေးလို့မရဘူးဗျ။ ဖျက်ရာပြင်ရာပါရင် အော်တိုမစ်တစ်ရီဂျတ်ဖြစ်ပါတယ်။ ဒီလောက်လည်း စိတ်မပူပါနဲ့။ ကောက်ရတဲ့သူက အိမ်ယူသွားတယ်ဆိုရင်တောင် နောက်ထပ် cheque တစ်ခုထပ်တောင်းပြီး အရင်ပေးထားတဲ့ cheque ကို reject လုပ်လိုက်လို့ရပါတယ်။

    Regards,
    Zephyr

    ReplyDelete
  17. လှပါတယ် ဆိုကာမှ..။



    (လှတယ်လို့ ပဲ လုံးးးးးးဝ ယုံကြည်နေသူ တစ်ဦး)

    ReplyDelete
  18. ဟိုတခါ ကိုစမ်းချောင်း ပြောတာ ချိုသင်းနဲ့ မမ ဘာတူနေမှန်းမသိ တူတယ် ဆိုလို့..။ အခုလိုဖတ်ရတာ မတူဘူးလိုပဲ၊ ဒီက ဘာမိတ်ကပ်မှ လိမ်းဘူးဗျ။ ဒါကြောင့် ရုပ်ဆိုးတာ နေမှာ..
    မမကတော့ မှုံနေအောင် ချောတာနေမယ်နော်။
    (သူ ဒီလိုကြားချင်မှန်းသိလို့ ပြောပါသည်)

    ReplyDelete
  19. မိန်ခလေးဆို အဖော်လိုက်လို့  မရဘူးလား
    ခွီ ခွီး

    ReplyDelete
  20. တွေ့လိုက်သလားလို့.. ရေစပ်နားမှာ.. ရဲတွေက ခုန်ချမယ်အထင်နဲ့ဝိုင်းဖမ်းကြသေးတယ်။ (ဟမ်)

    ReplyDelete
  21. မိတ်ကပ်တွေ အများကြီးလိမ်းတာ
    အလိမ်းခံအောင် အသားအရည် ကောင်းလို့ ဖြစ်မယ်၊

    လှအောင်နေတာ အားကျလိုက်တာ၊

    ကမ်းစပ်သွားရတာ ကြိုက်တယ်၊

    ReplyDelete
  22. ဒါဆို အဲဒီနေ့ ဇာတ်သိမ်းက ဘယ်လိုတုန်း ကွန်းရယ်။

    ReplyDelete
  23. အိမ်ပြန်ရောက်သွားတာပေါ့ .ဟင်း။

    ReplyDelete
  24. မမရဲ့ ပို့စ်လေးတွေ ဖတ်တိုင်း ချစ်စနိုးနဲ့ ပြုံးမိရဆဲ...:):)
    ကောင်းသောနေ့လေး ဖြစ်ပါစေမမ..

    ReplyDelete
  25. မမ အဲလို ပြင်ထားတာလေးတွေ အရမ်းတွေ့ရတယ်။ မိတ်ကပ်ကို စိတ်ရှည်လက်ရှည်ပြင်တတ်တာပဲ။ သေချာစစ်ဆေးတာလဲတွေ့တယ်။ စိုးရိမ်တတ်တာလေးတွေလည်း တွေ့တယ်။ ပို့စ်လေးက ပွင့်လင်းမှုလေးတွေနဲ့ နှစ်သက်စရာလေးနော်။

    ခင်မင်လေးစားလျက်

    ReplyDelete
  26. တော်သေးတာပေါ့။

    ReplyDelete