Saturday, August 6, 2011

ကျောခိုင်းဝေးကွာ



ဘလော့ကိုယခင်က လောက် မချစ်ခင် တော့...... ....ရေးမြဲ ရေးလျက် ရှိသော် လည်းစိမ်းကားလာသည်. လူတွေနင့် ပိုမို ဝေး ကွာလာ၏။

သက်ရှိလူသားများနိင့်စကားမပြောဖြစ် အလှမ်းကွာသောကြောင့်ဘလော့လုပ်ရာ ဘလော့ တွင် ပျော်၇ွင်ခဲ့ရပြီးးသကာလ. ဝေးကွာလာပြန်၏. လက် တစ်ကမ်းအကွာ တွင် ဝေးကွာခြင်းမှာ ဝမ်းနည်းစရာပါပေ။ များသောအားဖြင့်ဂျီတွင် ၈ျီပုန်းကြီးဖြစ်ရာ မီးစိမ်း.. နီနေသောသူများကိုတွေ့မြင်ရသော်လည်း ကိုယ်နင့်မဆိုင်သလိုခံစားရ၏။ စိတ်အေး လက်အေး မီးငြိမ်းထားကြသူများကို ကား ပြောဖွယ်ရာမရှိ..

ချစ်ခင်ကြသူများရှိခဲ့ သော်ငြားလည်းအဝေးဆုံးသို့ရောက်နေကြပြီဖြစ်သည်. မာမီ.. မာမီဟု ချစ်သူသည်. ငှင်းကောင်း မီးနီနေသည်ကို ထိုင်ကြည့်နေရန်သာဖြစ်သည်. မိမိနင့်မည်သို့မျှ မပက်သက်……block မလုပ်သေးသည်ကိုပင်ကျေးဇူးတင်နေရ၏။ အမ်းမားဟုခေါ်ခဲ့သူသည် မြင်တွေ့လျင်ပင် လှည့်ကြည့်မည်မဟုတ်.. မမကွမ်ကို ၂၀၀၄ ကတည်းက ခင်ခဲ့သူသည်လည်း မှတ်ချက်ပေးရန်မဝံ့........burgislih ရိုက်ကာဝင်လာခဲ့သူသည်လည်း ဝေးကွာနေလေသည်. အဖွားဟု ခေါ်ကာအာဘွားများစွာ ပေးခဲ့သူသည် ကားခြေရာဖျောက်ရေနောက်ရွေ့သွားလေသည်. နောက်ဆုံးအချီကား အထိနာဆုံးဖြစ်၏. ။။။။။။ များစွာရှိ သေးသော်လည်း ...ဤတွင် တခန်းရပ်ခြေ၏. နစ်ခါမျှ မကကွဲသောအသည်းသည် မနာဘဲ ရှိပါ့မလား……...

ဘလော့များ ကိုလည်း ဖတ်အားကျ၏. အစအဆုံး ထွက်သမျှ တစ်ပုဒ်မကျန်အောင်ဖတ်ခဲ့ရာမှ ခေါင်း စဉ်သာ ဖတ်သောအဆင့်သို့ရောက်၏. အချို့ကိုကျော်၏. အချို့ကိုဖတ်၏။ ဖဘကား လက်ရည်ကျချေ၏. ထောင်ချီသော စတေတပ်များကို မဖတ်နိုင်ရာက စ၏. ကျေးဇူးတင်ရ၏.. ဖတ်ရင်း ဖြင့် exhausted ဖြစ်ရာ မဖတ်နိုငတော့.. မိမိဖတ်လိုရာ face book web page များသို့ကကိုယ်တိုင်ကိုယ်ကျသွားရွေ့စနည်းနာရ၏. ပိုမိုပင်ပန်း၏။ အချို့စတေတပ်များကို မြင်ပြင်းကပ်၏. အခိျု့မှာ အိုကေ၏. မိမိသည်လည်းရေးချင်ရာရေးရာ သူများရေးသည်ကို အမြင်ကပ်သည်ကားမသင့်တော်ချေ.. အချို့မှာ တစ်ကယ်ချစ်ကြသည်လားအ လိုက်သင့်လားေ ရစုန်ကျသည်လား. မြင်ရသည်ကားပျော်ပျော်ပါးပါးဖြစ်သော်ငြား ဖတ်သူ မိမိသည်မပျော်သည်မျာ မိမိမှားနေသည်သာ ဖြစ်၏။

၈ျီကို ဖွင့်ထားသော်လည်း မည်သူနင်မျ့မချက်ဖြစ်. မိမိကိုအားနာရွေ့/မလိုအပ်ရွေ့ မချက်ကျသလို မိမိက လည်းသူများကို အားနာရွေ့ သွားမချက်ခြေ. စိမ်းကား သောအခြေအနေဖြစ်၏. မိမိ ပြောချင်သူကို အားမနာတမ်း အချိန်မရွေးတံခါးခေါက်ရွေ့ ပြောခွင့်ရရန် ဆန်နဖြစ်သည်. ဘုရားသခင်ထံဆုတောင်းပါ၏။ ကျေးဇူးပြုရွေ့ပေးသနားပါ အရှင်……….

24 comments:

  1. ကိုယ်ကတော့အမြဲလာဖတ်နေမှာ။
    အိုင်အိုရာ

    ReplyDelete
  2. ဟုတ်တယ်၊
    တခါတလေမှာ ဂျီတောက်လ်မှာ ရှိပြီး တစ်ချက်တောင် နုတ်မဆက်ကြတာကို စိတ်နာချင်သလိုလို၊ ဂျီတောက်လ်ဟာ လိုအပ်လို့လားတောင် တွေးမိတယ်၊ ကိုယ်ကိုယ်တိုင်ကျတော့လည်း မနုတ်ဆက်ဖြစ်ပါဘူး၊

    ဖဘလည်း ဒီလိုပါပဲ၊ အားလုံးကို မဖတ်နိုင်ပါ၊ အနည်းငယ်သာ လိုက်ခ် လုပ်မိတယ်၊ ကိုယ်တင်ထားတဲ့ စတေ့တပ်စ် မှာလည်း လိုက်ခ်လာလုပ်တဲ့သူတွေ ကွန်မန့်လာရေးတာတွေကို ပြန်ဖတ်မိရုံပဲ၊ မျှော်လင့်ချက်တွေ ပါနေတာကို ကိုယ်တိုင်တွေ့မိတယ်၊

    တခါတခါတော့လည်း ဂျီတောက်လ်၊ ဖဘ နဲ့ ဝေးရာမှာ နေကြည့်တယ်၊ အချိန်တန်တော့လည်း မီးစိမ်းမီးနီတွေကို ကြည့်နေရပြန်တာပါပဲ၊ ဒါကိုက ကိုယ်ရောက်နေတဲ့ ခေတ်ပဲ ထင်ပါရဲ့၊

    (ကိုယ့်ကိုယ်ကို ပြန်ပြောမိတာလေးတွေကို ချရေးလိုက်တယ်နော်၊ အိုက်စ်ကျု)

    မည်သူမျှ မရေးသော အကြောင်းအရာမျိုးတွေမို့
    လာရောက်ဖတ်ချင်နေမိသည်မှာ
    ကိုယ့်အမှားတော့ မဟုတ်တန်ချေ၊

    ယခုများမှာတောင် မနက်စောစောစီးစီး
    အိပ်ရာထကာစ တွေ့၍ လာဖတ်ပါသည်။

    ReplyDelete
  3. ဂျီတော့ကို မသုံးတာ အကောင်းဆုံးဘဲ

    ReplyDelete
  4. ၁-ဂျီတော့ ဝင်ထားလျှင်ဂျီပုန်းမလုပ်ပါ အစီမ်းသို့  အလုပ်များနေလျှင် အနီ ပဲ ထားပါသည်။
    ၂-ဂျီပုန်းများ အချိန်မရွေးလာခေါ်နိုင်ပါသည်။
    ကွန်ရှေ့ ရှိနေလျှင် ပြန်ပြောပါသည်။
    ၃-ဖုန်းဆက်လို လျှင်ဆက်လို့ ရပါသည်။ မကိုင်သော မချစ်တော့သော သူများကို မဆက်ပါနှင့် ။

    ပုံ/ ပုံမှန်အတိုင်းဗစ်

    ReplyDelete
  5. မမ အခု အရမ်းပင်ပန်းနေလို့ဖြစ်မှာပါ။ နားနားပြီးရေးပါ မမရေ။

    ခင်တဲ့

    ReplyDelete
  6. ရိုးသွားလို့  ဖြစ်ပါလိမ့်မယ်။ :)

    ReplyDelete
  7. စိတ်ဓါတ် မကျလိုက်ပါနဲ့အမရယ်။
    အားမှ ရေး ဖတ်ပေါ့။
    တခါးခေါက်စရာမလို ပါဘူး.........
    ခင်တတ်..မင်တတ်..ဖော်ရွေတတ်၏
    bbq

    ReplyDelete
  8. ရောက်ပါတယ်။ ကျမလည်းတခါတလေဒီလိုပဲဖြစ်မိပါတယ်။

    ReplyDelete
  9. မမကွန်ရဲ့ ပိုစ့်ကိုဖတ်လိုက်ပြီး ကွန်မန့်ရေးဖို့စဉ်းစားလိုက်တော့ ရေးစရာတော်တော်များတာနဲ့ ကျနော် ....

    ReplyDelete
  10. အမှနတ်တကယ် ငြိမ်းခတမ်းခြင်း ကို ရ နေ တာပါ..မမကွန်.. ဘယ်ဘဂလောက် စိတ်ချမ်းသာစရာ ကောင်းလည်းး)

    ReplyDelete
  11. အရီးအတွက်ဆို ကျွန်တော့်ဖုံးဟာ အမြဲပါဝါဖွင့်ထားပါတယ် အရီးရယ် .. (အလဲ့)

    ReplyDelete
  12. လူတိုင်းတော့ အချိန်ပြည့် အချိန်တိုင်း ဒါတွေကို မလုပ်နိုင်ဘူးပေါ့ မမရယ်။ အဲဒါကမှ ပုံမှန်ပါ။ အဲဒီအတွက်နဲ့တော့ စိတ်မကျပါနဲ့။ အမြဲ ပြောနေ chat နေမှ ချစ်တယ် ခင်တယ် လို့ မမှတ်ယူစေချင်ဘူး။ မုန်းမုန်းမေ့မေ့ထဲ ချိုသင်း မပါဘူး။ နော်.. :)

    ReplyDelete
  13. သံယောဇဉ် ဖြတ်တတ်ရင် တကယ်တော့ ငြိမ်းချမ်းတယ်လေ မမ.. ခုဆို blog လဲ သိပ်မလုပ်.. ဖဘလဲ မရှိတော့ .. အေးချမ်းတယ်

    ချစ်တဲ့
    Uထုံ

    ReplyDelete
  14. စိမ်းရက်လေအား.... ဂျီတော့ခ်မှာတော့ နီရက်လေအားပေါ့ မ ရေ နော်... အလုပ်stress တွေများလို့  ဖြစ်မှာပါ မ ရေ... ရင်ထဲမှာ ရှိနေပြီးသားကို ဘယ်လို ထုတ်ပစ်လို့ ရမှာလဲ... အားမငယ်နဲ့ နော်... ဒီက အမြဲချစ်နေမှာပါ...

    ReplyDelete
  15. ဂျီတော့ ဘာတော့ ညာတော့ ဘယ်ချက်တင်မှကိုမသုံးပါရှင်။ ချက်မလုပ်တတ်လို့ပါ။ အပြင်မှာလည်း ကိုယ်ကစပြီးစကားပြောရမှာကြောက်သလို သူများကပြောလာရင်လည်း အလိုက်သင့် အဆင်ပြေပြေ သိပ်ပြီး ပြန်မပြောတတ်ပါဘူး။ ဖုန်းဆက်တတ်တဲ့အကျင့်လဲမရှိပါဘူး။ ဖုန်းကဒ်တခါထည့်ထားရင် တလလောက်ခံပါတယ်။း))
    အဲဒါအေးချမ်းပါတယ် မခင်ဦးမေရှင်။

    ReplyDelete
  16. ခရစ္စတလ်August 7, 2011 at 1:18 AM

    မမကွမ် ပျော်သွားအောင် စိတ်တွေ ပြန်တက်ကြွအောင် မမကွမ်အကြိုက် ဒတ်ပုံလေးတွေ ပို့အုံးမှ :)

    ReplyDelete
  17. မန့်ရခက်လို့ မမန့်ပေမယ့် အမြဲဖတ်တာ သိတယ်မဟုတ်လား တီKOM.. ခုတော့ အတင်းမရမက ကျော်ခွ မန့်ခဲ့ပြီ

    ReplyDelete
  18. အော် ...........ဖြစ်မှဖြစ်ရလေ၊ဒေါ်ခင်ဦးမေရယ်..
    လောကကြီးမှာ ဖေ.စ်ဘွတ်တွေ၊ ဂျီတော.ခ် တွေဆိုတာ ဘာမှကိုအရေးမပါပါဘူး။

    ReplyDelete
  19. စူစိုက်မလုပ်ခင် ဖုန်းလေးတွေ အရင်ပို့လိုက်ပါအုံး

    ReplyDelete
  20. အန်တီတို့ကျောင်းမှာသင်ဖူးတယ်။ YIELD POINT ကိုရောက်ပြီးရင် ဆက်တက်စရာနေရာမရှိတာမို့ ပြန်ကျသွာလေ့ရှိတယ်တဲ့။
    စိတ်သောကရောက်တဲ့ ကာလလည်းအမြင့်ဆုံးကနေ မကြာခင်ပြီးဆုံးသွားမှာပါကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  21. အနေဝေးပေမဲ့အရင်လိုချစ်ဆဲပါ
    KLNG

    ReplyDelete
  22. ဘလော့မှာ မပျော်တော့တာခြင်း တူနေပြီ..း)

    ReplyDelete
  23. Take care Ma Ma KOM, I hope you are as happy as a clam at high tide!!!
    Mon Petit Avatar

    ReplyDelete
  24. တကယ်ကျောခိုင်းတော့မှာလားလို့ဟုတ်လည်းဟုတ်ပဲနဲ့အ၇င်အတိုင်းခင်ဦးမေ
    သင်္ကြန်အမြောက်တွေအရမ်းအသံကျယ်တာပဲနော်ဂယ်ပဲခက်တယ်

    ReplyDelete