Tuesday, October 25, 2011

ကျောက်တန်းရေလယ်ဘုရား (2).


















ခရီးစဉ်ပုံများကိုဆက်စီသော့် ပုံခြောက်ဆယ်ကျော်ရလေသည်. . ပုံခြောက်ဆယ်တင် လျင် ဘလော့ ကို နောက်လာမဖတ်တော့ ပါဟု အသံများ ကြားရမည်ကို ကြားယောင်သောကြောင့်ပုံများကို ကြိုးစားရွေ့ ဖြုတ်ရလေသည်.


















ကွကိုကြည့်ရွေ့ ပီတိဖြစ်နေသော်လည်းအများသူငှာ ကိုငဲ့ရသည်. ခရီးစဉ်ကို စိတ်ဝင်စားသောအစ်မကို ဒါတ်ပုံများပြမည်ဆိုသော်ငြင်းဆိုသည်ကို ကြားယောင်ရင်း.(နောက်မှကြည့်မည်ဟုတော့အားနာပါးနာဆိုရှာသေးသည်.).


















ကားရပ်ပြီးဆင်းသော်ငါးစာကျွေးရန်ဝယ်ရန်လူအများဝိုင်းလာသည်။ ။ ထိုသို့ဆိုလျှင်မဝယ်လိုချေ။ တောင်းပန်ရင်းလမ်းဆက်လျောက်ကာ လေညှင်း၏အရသာကိုခံစားလိုသော်လည်းငါးစာဝယ်ရန်လူအများ၏တောင်းဆိုခြင်းကို မခံစားနိုင်တော့သောကြောင့် လေညှင်း၏ အေးချမ်းမှူကိုမခံယူနိုင်တော့ဘဲ လက်မှတ်ဝယ်သည်. ဝယ်ပြီးဖိနပ်အပ်ရသေးသည်။ စေတနာရှိသလောက် ထည့်ဝင်ရန်ဖြစ်သည်။ အသွားအပြန် တစ်ရာလား နစ်ရာ လားမမှတ်မိပြန်. round trip ဝယ်ရသည်. လူမများသေးသောကြောင့်ခေတ္တစောင့်သော်လည်း ချက်ခြင်းပင် လူပြည့်ကာ သမ္ဗာန်စီးရသည်။ သမ္ဗာန်စီးလျင် ရေလှိုင်းကလေးများကိုသဘောကျသည်.



















beach ကိုသဘောကျသော်လည်း သဘော်င်္လိုက်လာသော kmsl သည် ရေကိုမုန်းလေသည်. သူသဘော်လိုက်စဉ်က သွားလေရာ ရေကိုမြင်ရလွန်းရွေ့ ပြင်ပသို့မြင်ရသောအပေါက်ကို ပိတ်ထားသည်ဆို သည်. သို့အတွက်ကြောင့်ခင်ဦးမေသည် beach ကိုမရောက်ဘူးချေ။ east coast သို့လည်း လိုက်မပို့ချေ.Cruise စီးချင်သည်ဆိုသောကြောင့်အဆူခံရဘူးသေးသည်။ ခင်ဦးမေအတွက်မူကားရေပြင်ကို သဘောကျသည် ခြေထောက်သို့ တိုးဝှေ့သော ရေကို ခံစားလိုသည်. သို့အတွက်ကြောင့် အဆင်ပြေသလို ရေပြင်ကိုသွားကြည့်ချင်းဖြစ်သည်. သို့သော်ငြားလည်းရေမကူးတတ်...

















သမ္ဗာန်ေ
ပ်ါသို့အတက်သည်စိတ်လှူပ်ရှားစရာကောင်းသည် ဝမ်းဘိုက်ပြင်တွင်ထိုင်ကြသည်. လူစည်ပါသည်။ ခဏလေးသာစီးရသည်.ရောက်၏. ယခင်က ဘုရားကိုတစ်ပါတ်လှည့်ဖူးရန်ပတ်ပေးသော်လည်းယခုမှာ တိုက်ရိုက်ဖြစ်သည်.



















ငါးစာကျွေးပါသည်. အေးချမ်းစွာထိုင်နေသောလူကြီးထံမှ .. ငါးရာကျပ်လားထင်သည် ငါးစာတစ်ခွက်ကို ..အဆုပ်လုံ့းကလေးများပါသည်. ခင်ဦးမေမှာ ကဗျာဆန်စွာ တစ်ဆုပ်ခြင်းချကာ ငါးလေးများဟပ်သည်ကိုကြည့်သည်. ခရီးသည်အများကျွေးကျသည်.ငါးလေးများမှာ ဟပ်မဆုံးနိုင်. မဝသေးဘူးလားဟုစဥင်္းစားသည်. .ခင်ဦးမေသူငယ်ချင်းမှာ တစ်ခွက်လုံးစာကို တစ်ချိန်တည်းပစ်လိုက်ရာ ခင်ဦးမေ၏ ကဗျာဆန်မှူများသည် ရေထဲသို့ ဘုတ်ကနဲ ဆင်းသွားရရှာလေသည်။

ဓါတ်ပုံဆရာလည်းရှိသည် ပျိုဖြူတို့ဂိုက်ပေးကြသလို ဒါတ်ပုံဆရာကလည်း သင်ကြားသည် ကြည့်ေ၇ွ့ပင်ကောင်းသေးတော့သည်. family များ ပစ်ကနစ်ထွက်ကြသည်. ပျော်စရာဖြစ်သည် ပန်းကန်များချကာ သူတစ်လုပ် ငါတစ်လုပ်စားကြသည်ကို ငေးမောကြည့်ရှူသည်. ဘုရားကို ဦးချသည်.။ ဟိုကြည့်ဒီကြည့်ကြည့်ကာပြန်သည်.။


















အပြန်တွင်ပုတီးများဝယ်သည်။ တစ်ထောင်တန်နစ်ရွက်ကုန်သည်။ လက်ဆောင်ပေးရန် စိတ်ကူး သည်.။ ကော်ဖီမစ်သောက်သည်. အုန်းစိမ်းရည်သောက်သည် .အုန်းသီးခြစ်ကလေးများထည့်သည်.


















ထမင်းကြော်ကိုမကျေနပ်သော်လည်း အုန်းစီမ်းရည်ကိုကျေနပ်လေသည်။ ထောင်တန်များထုတ်သည်. နစ်ရွက်ခန့်ဖြစ်သည်. ။





















































အပြန်သည် နေညိုချိန်ဖြစ်သည်.






































ထိုညက လစ္စလမ်းတွင်ရှိသော YKKO ကြေးအိုးဖြစ်သည်.။


















မေးခွန်း...........လွစ္စလမ်းဘယ်မှာနည်း။

23 comments:

  1. လာဖတ်သွားပါတယ်မမ

    qq

    ReplyDelete
  2. ဆိပ်ကမ်းသာ လမ်းမှာ ရှိပါတယ် ဖျာ့

    ReplyDelete
  3. မင်းညိုOctober 25, 2011 at 3:09 AM

    ဘုရားလည်းဖူး ... ကြေးအိုးလည်း စားသွားပါကြောင်း...

    ReplyDelete
  4. ဓါတ်ပုံတွေ အရမ်း ကြည်လင်ပြတ်သားလွန်းတယ် မကြိုက်ပါ။

    ReplyDelete
  5. အလွန်ကြည်နူးစရာ ကောင်းလှပေသည်။ နေစဉ်ဘ၀ကို ဤသို့ ဖြတ်သန်းရသော် ကောင်းလေစွ။

    ReplyDelete
  6. ပျော်စရာကြီး.. ငါးစာလည်း ကျွေးရတယ်... :D

    ReplyDelete
  7. သမ္မာန် စီးချင်တယ်..။
    ဒါပေမဲ့ ကြောက်တယ်..။
    ငါး အစာ မကျွေးချင်ဘူး..။
    အုန်းစိမ်းရေ သောက်ချင်တယ်..။

    ReplyDelete
  8. အုန်းစိမ်းရေ သောက်ချင်တယ်.

    ReplyDelete
  9. တို့သွားတုန်းကတော့ တံတားမရှိသေးဘူး မကွမ်ရယ်၊ ဖယ်ရီစီးရတယ်၊ ဖယ်ရီသင်္ဘောက ဝမ်းဗိုက်နှစ်ခုနဲ့ Twin hull ferry boat ပေါ့၊ ဇင်ယော်(၁)၊ ဇင်ယော်(၂) လို့ခေါ်သလားပဲ။ ရှူးဖိနပ်တရံကို ဘယ်ညာအညီခွာစီချထား၊ အဲ့အပေါ်မှာ ကန့်လန့်ဖြတ်ပြီး လူစီးနှစ်ထပ်ဆောင် Cabin ကို တင်ဆောက်ထားတဲ့ပုံစံပေါ့။ အစိုးရဖယ်ရီတွေပဲ၊ ဂျပန်နိုင်ငံကပေးထားတာလို့ ကြားဖူးတယ်။ အချိန်ဇယားနဲ့ထွက်တာဆိုတော့ လူကြပ်ချိန်လဲရှိ၊ လူချောင်ချိန်လဲရှိပေါ့။ သင်္ဘောပေါ်မှာ ဗန်းရွက်ဈေးသည်တွေနဲ့ပေါ့။ ဇင်ယော်တွေကိုကျွေးဖို့ စာကလေးခွေတွေလဲရောင်းတယ်။ တို့လည်း ဝယ်စားကြည့်တာပေါ့၊ မကြွပ်ပါဘူး၊ အရသာလည်းမရှိ ပေါ့ပျက်ပျက်နဲ့၊ ဇင်ယော်တွေအတွက်လုပ်ထားတာမို့နေမှာ၊ သူတို့ကတော့ အလကားစားရတာ ဘယ်ဂျီးများမလဲနော။ ဒါကို ဖဲ့ဖဲ့ပြီး သင်္ဘောအပေါ်ထပ်ကနေ ပစ်ချလိုက်ရင် ရေထဲမကျခင် ဇင်ယော်တွေက လေထဲမှာထိုးသုတ်သွားကြတာ ကြည့်လို့ကောင်းတယ်။ ဟိုဖက်ကမ်းရောက်ရင်လည်း ဈေးသည်တွေမျိုးစုံပဲ ငုံးကြော်ငုံးဥပြုပ်၊ ငှက်ပျောဖက်ထုပ် စသဖြင့်ပေါ့။ တို့ကတော့ သင်ပေါင်းပိုးဆိုတာကို စပ်စုချင်တာ၊ ကြော်ထားတဲ့အသေကောင်တွေကို စားဖို့မဟုတ်ပါဘူး။ အရှင်ကောင်ကို စပ်စုချင်တာ၊ ဈေးသည်ကောင်မလေးတွေဗန်းထဲမှာ သွားတိုက်ဆေးဗူးတောင့်အရွယ် အုန်းလက်အကိုင်းလိုဟာမျိုးကို တဖက်ပိတ်ကျည်တောက်တွေလို ထွင်းထားတာမျိုးနဲ့ အပေါက်ဖက်မှာ ကောက်ရိုးခြောက်တွေ ရေဆွတ်ပြီးဆို့ထားတယ်။ အထဲမှာနင်တို့အကောင်ရှိတာ ဘယ်လိုလုပ်သိလဲ မေးကြည့်တာပေါ့။ ကျစ်စာကိုလိုက်ကြည့်ရတယ်တဲ့။ အင်.. ကျစ်စာဆိုတာ အကောင်ရဲ့အီအီးကို ကြားကောင်းအောင်ပြောတာပဲ။ ခုစဉ်းစားကြည့်တော့မှ အဲ့ပိုးကောင်ရဲ့တအိမ်လုံး၊ အိပ်ခန်းအိမ်သာအပါ ဝယ်တော့မှ ကျစ်စာလို့ခေါ်တဲ့ သူ့အီအီးလဲပါတာပေါ့နော။ အဲ့ဖက်ကမ်းမှာ ကားရှားတယ်။ ဆိပ်ကမ်းကကားတွေ ထွက်သွားရင် အကြာကြီးစောင့်ရမှာ။ ဘာအရေးလဲ မြင်းလှည်းစီးရတာပေါ့။ တို့တောသားတွေ မြင်းလှည်းလဲမစီးတတ်ဘူး။ မြင်းလှည်းဆရာက နင်ဟိုမှာထိုင်၊ ဒီတယောက်အရှေ့ကိုနဲနဲတိုးထိုင်၊ အဲ့လို လှည်းကိုဗဲလဲန့်စ်လုပ်ပြီးမှ မောင်းထွက်တာ။ မြင်းရဲ့အမြီးနောက်မှာလည်း ဖျင်ကြမ်းအိတ်တလုံးချိတ်ထားတယ်။ အော်.. မြင်းမှာလည်း ကိုယ့်အနှီးထုပ်နဲ့ကိုယ်ပါလားပေါ့။ ဒါတောင် လက်မတည့်(xင်မတည့်)တဲ့မြင်းတွေလည်းရှိလို့ လမ်းမပေါ်မှာ ဟိုတပုံသည်တပုံနဲ့။ ရေလယ်ဘုရားရောက်တော့ ငါးစာကျွေးဖို့ဝယ်ရတယ်၊ လက်သီးလုံးအရွယ် ပေါက်ပေါက်ဆုပ်တွေကို ချည်ကြိုးနဲ့ ပုတီးကုံးလိုသီထားတာ။ တို့လည်း အဲ့ဒါကို ပေါက်ပေါက်ဆုပ်ပဲဆိုပြီး ကိုက်စားကြည့်တာပေါ့။ အထဲက ရွှံ့တုံးတွေထွက်လာရော၊ ဟင်.. နင်တို့ဟာကလဲဆိုပြီး ကွန်ပလိန်းလုပ်တော့၊ ပေါက်ပေါက်ဆုပ်ဆိုတာ အလေးချိန်မစီးဘူး၊ ငါးစာပစ်တဲ့ခါ လေထဲလွင့်ပါမသွားအောင် ရွှံ့တုံးတွေထဲ့ထားတာတဲ့။ ရွှီးတာနေမှာပါ။ ဒါနဲ့ သင်ပေါင်းပိုးကိုဖွင့်ကြည့်တာ၊ ကိုယ်ခန္ဓာက အရစ်လိုက်အဆစ်လိုက်နဲ့ ဝဖီးဖီးဖြူဝါရောင်နဲ့ ဖိုလှိုက်ဖိုလှိုက်နဲ့ (ရေလှိုင်း Sine Wave တခုဖြတ်သွားသလို) လှုပ်စိစိနဲ့နေတာ။ ဂျပန်ဂေါ်ဇီလာကားထဲက လိပ်ပြာဖြစ်သွားမယ့် ပိုးကောင်ခူကောင်ကြီးတွေအတိုင်းပဲ။ အဲတုန်းက ငယ်သေးတော့ ထန်းရည်မသောက်ခဲ့ရဘူး။ နောင်များမှ နိုင်ဂျန်ဂါးထွက်မလာခင်တော့ ထန်းရည်သောက်ခွင့်ရခဲ့ပါတယ်။ ဟာ.. စိတ်ကူးတည့်ရာပြောနေတာ၊ ကွန်မန့်က ဒစ်ရှင်နရီလောက်ကြီးဖြစ်ကုန်ရင် မကောင်းပါဘူးဗျာ။ နေရာမဆံ့တော့မှာစိုးတယ်။ ကျေးဇူးပါမကွမ်ရယ်။

    ReplyDelete
  10. အပေါ်က သင်ပေါင်းပိုး အကြောင်း ဖွဲ့ နွဲ့ ထားတာ မကွန်ရှုံးသွားပြီ
    စိန်ဘရားသားရဲ့ မြေး ကေသီစိန် ဆိုရင် သင်ပေါင်းပိုး ကို သူ့ လက် တုတ်တုတ်ကြီးနဲ့  ကိုင်ပြီး ပါးစောင်မို့ မို့ ၂ခု ကြားက ပါးစပ်အကျယ်ကြီးဟ ၀ါးစားတာ ပိုးကောင်ကလည်း ကိုက်ထားတဲ့ အပိုင်းက တွန့် ပြီး အိကျ အမယ်မင်း ကြည့်တဲ့သူ အသည်းယားလို့ 
    အခု ဘုရားငါးတွေ ဖမ်းစားတယ်လို့ ကြားတယ်။ ဟိုတခါ သွားတာ ငါးတွေတကောင် မှ မမြင်ခဲ့ရဘူး
    မကွန် ကံကောင်းတယ် ပြောရမယ်
    အုန်းရည်သောက်ချင်လိုက်တာ
    ၁၉လမ်း ကြေးအိုးသတိရ သွားတယ်
    ဆေးရုံကြီးအအေးခန်းစောင့် ကုလားက ပို့ တဲ့ အသည်းတွေနဲ့ ချက်တာ ခွဲစိတ်ဆရာဝန်ကြီးစားမိမှ လူ့ အသည်းနှလုံး ဖြစ်နေပြန် အဲဒီမှာ အအေးခန်းစောင့်ကုလား အသည်းလာပို့ တာနဲ့  ကြုံပြန် နောက်ဆုံးတော့ သတင်းစာ ထဲမှာ လူ့ အသည်းနဲ့ ချက်တဲ့ ကြေးအိုးဆိုပြီး ဆိုင် ချိတ်ပိတ် သွားတာ သတိရမိတယ်

    မကွန်စားတာတွေ သွားရည်ကျ ပြန်သွားသူ

    ဒူလဲ သိလား မကွန်

    ReplyDelete
  11. လွတ်စ်လမ်း ကို ဗိုလ်အောင်ကျော်လမ်း ဟုခေါ်သည်။ ယခုအမည်ပြောင်း လျှင် မသိပါ

    ReplyDelete
  12. ကျန်ုပ်သည် ရန်ကုန်တွင်မွေး၍ ရန်ကုန်တွင် ကြီးပြင်းခဲ့သော်လည်း ပန်ဆိုးတန်းလမ်း ဘယ်နေရာကိုခေါ်သည်ကို မသိ ... လွစ္စလမ်း ဆိုပါက နဲနဲ ပိုဝေးသွားသည် ....

    ReplyDelete
  13.း)
    ဟင်း မလေးကားပေါ်တွေ့ရင်လက်လိုက်ဆွဲမို့ဟာ သူကရန်ကုန်ပြန်ရောက်နေတော့ မဆွဲသေးဘူး စောင့်နေလိုက်ဦးမယ်း)

    ReplyDelete
  14. မမကွန်းကို ကြေးအိုးဆိုင်ရှင်က လိုက်ရှာနေတယ်၊ ကြေးအိုးဖိုးလာရှင်းပါတဲ့ ..

    ReplyDelete
  15. ဆိုင်ကယ် ကယ်ရီစီး ကတည်းက ရန်ကုန် ပြန်ရောက်နေတာ မလား။ ပိုစ့်တွေက ဒီရောက်မှ ပြန်တင်တာလား ?
    ရေလယ်ဘုရားကို တခါတိတိ ရောက်ဘူးတယ်။ အရင် တံတိုင်းတွေ မရှိသလိုပဲ။

    ReplyDelete
  16. မနက်ကမသက်ဝေဖုန်းဆက်တယ် မိုးငွေ့လားဟင်လို့အသံကြားတော့ ရန်ကုန်ပြန်ရောက်နေတဲ့ မကွန်များလားလို့ထင်ပြီး ရင်ခုန်မိသွားတယ် နောက်တော့မှ ဖုန်းနံပါတ်မှမပေးမိဘဲလေလို့...။

    ReplyDelete
  17. ရေလည်ကျောက်တန်း မရောက်တာ ကြာသွားပြီမို့ မခင်ဦးမေဆီကနေ လာဖူးပါတယ်
    ဘုရားသွားတဲ့ လမ်းတစ်လျှောက်က ကြည်နူးစရာရှုခင်းတွေပါ ကြည့်သွားပါတယ်။ အုန်စိမ်းရည်လေး သောက်ချင်လိုက်တာ
    ဘုရားက ငါးတွေ အများကြီးကိုလည်း သေချာ မြင်ချင်သေးတယ်

    ReplyDelete
  18. ပုံတွေ တအားကြီး ကောင်းလာတယ် မကွမ်း။

    မှတ်ချက်။ စာတွေ အကုန် သေသေ ချာချာ ဖတ်သွား ပါကြောင်း။

    ReplyDelete
  19. ချစ်ချစ်ကြီးနဲ့ ဟိုးတုန်းက အိမ်ကမသိအောင် သွားခဲ့ဘူးတယ်။ အဖြူအမည်းဓာတ်ပုံရိုက်ခဲ့တယ်။ သဗ္ဗာန်စီးတော့ သူ့လက်ကို ကျစ်ကျစ်ဆုတ်ထားမိတာ သတိပြန်ရတယ်။ အခုတော့ မရောက်ဖြစ်တော့ဘူး။ လွမ်းစရာတွေ ဖြစ်ကုန်ပြီ..။

    ReplyDelete
  20. ကြေးအိုးပုံကိုအကြိုက်ဆုံးပါဘဲအမရေ
    ykko ဆိုတော့ပိုကြိုက်ပါသည်..

    ReplyDelete
  21. စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့
    မခင်ဦးမေ ခရီးများများသွားနိုင်ပါစေ။

    ReplyDelete
  22. သန်လျင်ကူးတို့ သင်္ဘောတွေက သီတာ (၁) နဲ့ (၂)ဖြစ်ပါတယ်။ ၃ ထပ် သင်္ဘောတွေပါ။ ဂျပန်က စစ်လျော်ကြေး အဖြစ်ပေးထားတာတွေဖြစ်ပါတယ်။

    ReplyDelete
  23. ခရမ်း၊ ကျိုက်ခေါက်ဘုရား ရောက်ပေမဲ့ ရေလည်ဘုရား မရောက်ဖူးပါ...လွတ်စ်လမ်းက မြို့ ထဲမှာ ရှိတာ သေချာပါသည်..ကြေးအိုးက အင်းစိန်လမ်းမ စန္ဒီမယ်တော်ကုလားဘုရားကျောင်းနားမှာ ရှိတဲ့ ဇော်ကြေးအိုးဆီချက်ဆိုင် ဘိတ်စတိုင် ငါးပိထောင်းနဲ့  စားတာ တအားကောင်းတယ် မမကွန်..

    ReplyDelete