Thursday, October 27, 2011

နေပြည်တော်သို့ (2)

မသွားခင်နေ့များ.ကနေသာလေသည်။




































































နံနက်ခင်းနေသာရွေ့နေ့လည်မိုးရွာတတ်သောအချိန်ဖြစ်သည်။



































































စင်စင်ကြိုက်သောဖိနပ်ကလေးဖြစ်သည် အလွမ်းပြေကြည့်ပါစင်စင်။ နောက်ကြုံလျှင်ဝယ်ပေးပါမည်။ စင်စင်လစ်ခိုက်ထပ်ဝယ်ထားခြင်းဖြစ်သည် စီးရွေ့ကောင်းလေသည်. ပေါပါးချော်မလဲချေ။ ခရီးသွားရန် သင့်တော်လေသည်.။


















နစ်သက်သောဓါတ်မီးဖြစ်သည်.ဘာလုပ်ဘို့နည်း ဖြေရန်မလို. understood. ဖြစ်သည်။ သို့သော်မီးမပျက်လှချေ. ရံဖန်ရံခါ ကားထဲတွင် အမှောင်ထဲပစ္စည်းရှာရန်အသုံးဝင်သည် .။ မလို...လိုလို.. သယ်မည်သာဖြစ်သည်။
ခင်ဦးမေ၏ အဒေါ်သည် အင်္ဂလန်သွားစဉ်က ဆပ်ပြာသယ်သွားဘူးသည်.။ မျိုးရိုးရှိသည်။




















မသွားခင်က.လမ်းသွားရင်းသောက်သော ရွေရင်အေးဖြစ်ပါသည် တစ်ထောင်ကျပ်အောက်ဖြစ်သည်. ပြန်အမ်းငွေပြန်ရသည်။






















မသွားခင်က စားသော လမ်းဘေး တို့ဟူးသုတ်လေးဖြစ်ပါသည် အများသူငှာ အလွမ်းပြေစေရန်တင်ဆက်လိုက်ရပေ၏။




















ပြီးသော် အလွမ်းတွေ ကို ပန်းတွေနင့်ဖြေလိုက်ရ၏။


















အတန်တန် သတိထားသော်လည်း ဖြစ်တတ်သည်ကိုသိသော်လည်းမဆင်ခြင်နိုင်ပါ. တစ်ရက်ထည်း သုံးခါအန်ပြီး ခြောက်ခါ ဝမ်းသွားသော် အခြေအနေ သိတ်မဟန်ချေ. အားလဲမရှိ လဲ၏.ဆေးသောက်ကြမ်းသော ခင်ဦးမေ၏ဆေးများ ဖြစ်သည်. ဆေးခန်းမှ ပြန်လာသော် အိမ်ပြန်ရန် အားမရှိရုံမက ချွေးစေးများပြန်လာသောကြောင့် ခေတ္တထိုင်ကာ စတားကိုလာတစ်ပုလင်း မော့ရလေသည်.။

























မှတ်ချက်

ခေါင်းစဉ်ပြင်လိုက်တယ် ရမား.။

16 comments:

  1. ဟင်းဟင်း ၀င်ဖတ်ကြည့် တာပါမရည်ရွယ်ဘဲနံပတ်တစ်ဖြစ်သွားတော့ သိစေရန်ခြေရာထားခဲ့ သည်

    ReplyDelete
  2. ခေါင်းစဉ်မပြင်ပါနှင့်... ဒီအတိုင်းပဲ ကောင်းတယ်...အမ ရင်တခုန်ခုန်နဲ့ စောင့်ဖတ်ရတာ... တို့ဟူးသုတ်ထက် လက္ဘရည်ကိုပိုစိတ်ဝင်စားတာ... အဲလိုလက္ဘရည်မသောက်ရတာ ကြာပြီ... အင်း တို့ဟူးသုတ်နဲ့ ပန်းသွားတာလား မသိဘူး... ဆက်မျှော်နေမည်... :P

    ReplyDelete
  3. ဖိနပ်လေး သဘောကျလိုက်တာ။ သူ့ကို ဝယ်ပေးချင်လိုက်တာ။
    မခဥမ၏ မောင်ဖြစ်တော် မူသော ကိုဇော်သည် မလေးရှားသို့ လာရာတွင် ဆန်ငါးပြည် ထည့်လာခဲ့ဖူးသည်။ ( ငတ်သေမှာ ကြောက်သောကြောင့် ဖြစ်သည်။ ) ထို့ကြောင့် မျိုးရိုး ရှိသည်။
    မှတ်ချက်။ ။ တို့ဟူးသုတ် ကြိုက်သည်။

    ReplyDelete
  4. လူဆိုးး )

    စားချင်တယ် စားချင်တယ်း)

    ReplyDelete
  5. အမရေ ဖိနပ်က ဘာတံဆိတ်လည်း မြင်ရဝူး။ သိရင် ရှာကြည့်မလို့ ပဲ။
    မျက်စိမုန်နေဘီလား မသိဘူး။

    လက်ဖက်ရည်သောက်ခြင်တယ်။

    အလွမ်းတွေကို ပန်တွေထဲမှာ ဆိုကတည်းက ထင်သားပဲလေ။
    မုန့် ဟင်းခါးနှင့် တိုဟူးသုတ်တွေ့ သွားသော အခါ ဗိုက်ထဲမှာ ရန်ဖြစ်သောကြောင့် အမမှာ မသက်သာ ဖြစ်သွားသည် ထင်ပါသည်။

    အင်း မသက်မသာဖြင့် ဖတ်သွားပါသည်။

    ReplyDelete
  6. ဒီလိုဆိုရင် ခရီးသွားဘို့ ခက်ပြီပေါ့နော်။ ကျန်းမာရေး ဂရုစိုက်ပါကွယ်။ တို့ဟူးသုတ်လို လက်သုတ်စုံတွေက ဝမ်းနူးစာတွေမို့ အခန့်မသင့်ရင် ဝမ်းလျှောတတ်တယ်။ အခုက အထက်လှန်အောက်လျှောဆိုတော့ ပိုဆိုးပြီပေါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အယ် ၁ နှင့် ၂ ပေါင်းပြီ မုန့် ဟင်းခါးနဲ့  တို့ ဟူးသုတ်ကို ပေါင်းရေးလိုက်တာကိုး။ ဟီးဟီ

    ReplyDelete
  8. အခုထိ နေပဲတွေ့ရသေးတယ်..။
    ပြည်တော် မမြင်ရသေး.။
    ရွှေရင်အေးပဲ ကြိုက်၏။
    လက်ဖက်ရည် မသောက်တတ်..။
    ခေါင်းစဉ်ကြိုက်သလို ပေးတော်မူပါ..။

    X ထုံ

    ReplyDelete
  9. မင်းညိုOctober 27, 2011 at 11:55 AM

    တို့ ဟူးသုပ်လဲကြိုက်ပါ၏...လ္ဘက်ရည်လဲကြိုက်ပါ၏...သို့ သော်...အော်အော့ဒွေ ကို ပန်းတွေနဲ့ မဖြေချင်သောကြောင့် မစားလိုတော့ပါ...

    ReplyDelete
  10. ဒါ့ပုံတွေ စောင်းစောင်းလေးရိုက်တာ ဘယ်ဂလောက်လှ
    တယ်ဆိုတာ နှစ်ယောက်သောသူကို သိစေချင်ပါသည်...။
    တိမ်တွေလှသည်...၊ကျေးကျေးပါ အစ်မကွန်.......

    ReplyDelete
  11. မြို့တော်ခန်းမဓာတ်ပုံတွေက Panoramic photography ပညာသားတွေနဲ့များ လက်စွမ်းပြထားသလား ထင်ရတယ်။ ခရီးသည်ကြီးမကွမ်ရဲ့ တိုင်းခန်းလှည့်ခရီးစဉ်ကြီးကို ပဲကြီးတလှေလောက် စိတ်ရှည်ရှည်နဲ့ထိုင်ချက်ပြီး စောင့်မျှော်နေပါတယ်ခင်ည။

    ReplyDelete
  12. မုန်းစရာကြီး.... ဖိနပ် သများဖို့မပါပဲ လာပြနေသေးဒယ်........


    နေပြည်တော်က နန်းစိန်ကိတ်မုန့်လွမ်းဒယ်...

    ReplyDelete
  13. နေပြည်တော်မှာလား
    နေပူတော့မှာပဲ

    ReplyDelete
  14. အမက တိမ်တွေနဲ့ပတ်သက်ရင် ခံစားချက်ရှိပုံ ရတယ်နော်။ တိမ်ပုံတွေ ခဏခဏ ရိုက်တာ သတိထားမိတယ်။ ကျွန်တော်လဲ ငယ်တုန်းက ညနေစောင်းနေဝင်ချိန် တိမ်တောက်တာကြည့် ပီးမျက်ရည်ကျလို့ အဖေဆူတာ ခံခဲ့ရဖူးတယ်။

    ReplyDelete
  15. အောင်မရေး ...တို့ဟူးသုတ်လေး စားချင်စဖွယ်လို့ ပြောမလို့ရှိသေး။ ပန်းသလားမေပျိုနဲ့တွေ့နေလို့ စားချင်တော့ဝူး။း)

    ReplyDelete
  16. မင်းလမ်းက မုန့် တီသုပ်စားကာ ဟိုင်းကြီးမှ မေ သယ်လာသော ပြည်ကြီးငါးကို တဖြဲနဖြဲ တီးသောကြောင့် ဗိုက်ထဲက ရစ်နာကာ ၆ ခေါက်လောက် အိမ်သာကို ကန်ထရိုက် ဆွဲလိုက်သောကြောင့် လူက မျော့မျော့သာ ကျန်သည်။ ကိုယ်ချင်းလည်း စာပါသည်၊ ရင်ချင်းလည်း စာပါသည်။

    ReplyDelete