Saturday, October 22, 2011

ဝက်သားဒုတ်ထိုး.

ပြည်လမ်းမပေါ်ရှိဆိုင်တစ်ဆိုင်ဖြစ်ပါသည်. လှပအေးချမ်းသောနေရာ လည်းဖြစ်ပါသည်. ဈေးအသင့်အတင့် လားဈေးကြီးလားမသိပါ. ရှင်းသည်ကို သာသိပါသည်။ ထိုညက ဘောလုံးပွဲလည်းရှိပါသည် အမြဲတမ်းရှိမရှိလဲမသိပါ. ပရိုဂျက်တာကြီးဖြင့် ထိုးပြီး ဘောလုံးပွဲု့ကိုပြပါသည်။ လူအများေ ဘာလုံးပွဲကြည့်ကြ၏. ခင်ဦးမေမှာ ထိုအနားတွင်ထိုင်မိလေ ရာအတော်အနေခက်လေသည် အားလုံးက ကိုယ့် ဘက်လှည့် ကာ ဘောလုံးပွဲကြည့်ကြသောကြောင့်ဖြစ်၏. အော်တို ရေးပေးရသော်ကောင်းလေစွဟု တမ်းတမိသည်။




ခင်ဦးမေသည် ဝက်သားထုတ်ထိုးငယ်စဥင်္က ကြိုက်သော်လည်းး ယခု မကြို့က်တော့ချေ. ကျွေးသူက ကောင်းသည် ထင်၏. အများနစ်သက်ကြသည်ဆို၏. ထို့ကြောင့် ထည့်မှာသည် ခင်ဦးမေ မစားချင်ပါ။ အနည်းငယ် သာစား၏။




ကျွေးချင်သူကသာ ကြက်သွန်ဖြူကလေးကိုက်ခါ ကိုက်ခါစား၏။ ငရုတ်သီးလည်းစား၏။ ခင်ဦးမေမှာ ကားရေသောက် ၏. အအေးမသောက်ချေ. ဝမှာစိုးသည် ဆီးချိုဖြစ်မှာစိုးသည်။





ကျွေးသူက သူ့ပန်းကန်ကို ဓါတ်ပုံထဲပါမှာစိုးသောကြောင့် ဖယ်ပေး၏. ခင်ဦးမေက ပြန်ရွေ့သည် အကြောင်းကိုမေးသော် လူရှိန်စေချင်သော စိတ်ကြောင့်ဟုဖြေ၏. လိုက်ကျွေးသူရှိသည်မှာ ဝမ်းသာစရာမကောင်းပေလော။




ခင်ဦးမေ ဓါတ်ပုံထုတ်ရိုက်သည်ကို မတားမြစ်ချေ.အသက်ကြီးပေပြီ. ကြိုက်တာလုပ်နိုင်သည်ဆို၏. ခင်ဦးမေသည်လည်းဇဝေဇဝါဖြစ်ရချေသည်။ အရေလည်းမရ. အဖတ်လည်းမရ. အနံအရသ်ာလည်းမရှီ. နာမည်ကြီးချင်သည်သာ သိလေရာ.မြင်သမျှကို ရေးလိုရွေ့ ကြွားလို၏။



ညသည်သိတ်မနက်သေးသော်လည်း ထိုအချိန်က အနည်းငယ် လူပြတ်လေသည်. သာယာပေသည် ဟုခံစားရသည်။




ဟိုဘက်ဒီဘက်လှမ်းမျှော်ကြည့်ပြီးကာမှ အိမ်ပြန်၏.။ ဆီချက်ပါ.ပါဆယ်ဆွဲခဲ့သေး၏။



15 comments:

  1. ဆီချက်ကို ဘာလို့ ပါဆယ် ဆွဲရတာလဲ

    ReplyDelete
  2. ကိုယ်စိတ်နဲ့ကိုယ်လုပ်တာ..ဘယ်သူမှဂရုမစိုက်နဲ့လေ..
    Go Ahead

    ReplyDelete
  3. ဘာမှ မစားဘူး.။
    မမတို့ မဝမှာစိုးလို့..။


    ပုံ..။
    လွမ်းနေသူ
    X ထုံ
    (လူကြားကောင်းအောင် လွမ်းပြနေသူ)

    ReplyDelete
  4. ကြိုက်သာတာလုပ် ကောင်းတယ်။ အချိုရှောင်တာကောင်းတယ်။ အားလုံး မမကွန် သဘောပဲ။
    (အမြဲအားပေးနေတဲ့ ပရိသတ်)

    ReplyDelete
  5. ကားရေသောက် ၏.
    ဆိုတော့ ကားထဲမှာထားတဲ့ရေဗူးကရေ သောက်တာမှတ်လို့ ... အအေးမသောက်ချေ. ဝမှာစိုးသည် ဆီးချိုဖြစ်မှာစိုးသည်။
    ဆိုမှ
    အော်...ရေပဲ သောက်တာလို့ သဘောပေါက်သွားတယ်။
    မမKOMက ရန်ကုန်ရောက်နေတာကိုးး
    ဒီက စိတ်ကောက်၊ စိတ်နာပြီး ရှောင်နေတယ်မှတ်လို့ ဘလော့ဂ်မှာလာချော့ဖို့ လူစုတော့မလို့...း)

    ReplyDelete
  6. မသီတာ ထင်တဲ့အတိုင်းထင်နေဒါ..


    pifpif

    ReplyDelete
  7. ဟင်.. ညမှောင်မှောင် ဓာတ်ပုံထဲကလမ်းခွဆုံမှာ ဟိုဘက်ဒီဘက်မျှော်လို့ ဆီချက်ပါဆယ်ဆွဲလို့တဲ့၊ ကြည့်ရတာ Little Red Riding Hood တယောက်ထဲ ဆီချက်ခေါက်ဆွဲထုပ်လက်ထဲဆွဲပြီး လမ်းပေါ်ဟိုငေးဒီငေးလုပ်နေတာကို Big bad wolfကြီးက အမှတ်မထင် တွေ့လိုက်ရသလိုပဲ အာာာာားးးးဝူးးး.... ဘိုက်ဆာလာပြီဗျာ။

    ReplyDelete
  8. စားချင်ထှာ


    pifpif

    ReplyDelete
  9. ဒီအပေါ်ကတယောက် စားစေဝါးစေ ပါမစ်ကြီးရထားတုန်းက မိုက်ခရိုဝေ့တလုံးဝယ်ပါ ရေခဲသေတ္တာထဲကရှိသမျှကို အဲ့စက်ထဲထည့်နွှေးပြီးစားပါ အကြံပေးခဲ့တာကိုဖြင့် လိုက်မလုပ်ဘူး၊ ခုတော့ တနေ့တနေ့ အနှီးထုပ်နဲ့ နို့ဗူးနဲ့ ပတ်ခြာလည်နေရတာနဲ့ စားဖို့သောက်ဖို့မှ အချိန်ရပါ့မလားလို့ သတိတရတွေးရင်းနဲ့ သနားနေမိတော့တယ် ဟီးဟီး။

    ReplyDelete
  10. ကျွန်တော်ကတော့ ၀က်သားဒုတ်ထိုး အဲသလောက်ဆို မစားဘူး.. မ၀မှာစိုးလို့..
    ရန်ကုန်ပြန်နေသကိုး..
    N/A

    ReplyDelete
  11. ဟင် အစ်မ ရန်ကုန်ရောက်သွားတာလား။ စောစောစီးစီး ၀က်သားတုတ်ထိုးဆိုတော့ စားချင်ထှာ။ ၏ ကတော့ မှန်သွားပြီ။ များ ပြောရကျိုးလေး နပ်လိုက်တာ။ ကျေးဇူးအစ်မ။း)

    ReplyDelete
  12. armifa<; ဆိုတာ ကမောင်ဝေးကိုး..

    ReplyDelete
  13. ရန်ကုန်ပြန်သွားတာကိုး၊
    တနေ့တနေ့ မကေအိုအမ်ရဲ့ ပိုစ့်တွေ မဖတ်ရလို့ တမျိုးလိုနေတာ၊

    ReplyDelete
  14. Same as "smiling flower" ...missing u!

    ReplyDelete
  15. အို ချစ်လှစွာသောအမေ
    သားတော် ဒီဝက်သားထုတ်ထိုးကို ဘာလို့ မတွေ့မိလိုက်ပါလိမ့် ....
    သားတော် မြန်မာပြည်ပြန်တော့မှာမို့ အချိုရည်တွေ အများကြီး သောက်၏ ... အခုဆို ဆီးချိုမက တကိုယ်လုံးချို ဖြစ်နေလောက်ပြီ .... ကွိစိကွိစိ

    ReplyDelete