Wednesday, November 2, 2011

သီတင်းကျွတ် (1)

ထိုနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသည်။























အိမ်တွင်ကူညီနေသောကလေးမလေးသည်ရွာမှဖြစ်သည်. ကိုယ်ပိုင်လယ်တွင်စပါးစိုက်သည်။ ယခုအချိန်စပါးရိတ် ရန်ကြားကာလတွင်ခေတ္တလာကူညီနေခြင်းဖြစ်သည်. ။




















ထမင်းမချက်တတ် .ယခုမှစချက်ခြင်းဖြစ်သည် .ချော့ရ၏.

















စေတနာတော့ကောင်းသည် သူသည်လည်းမိမိကဲ့သို့အိမ်တွင်းမှူဝါသနာမပါသူဖြစ်လေရာ
ခင်ဦးမေ မနက်စာကောင်းကောင်းမစားရသည်မှာ မထူးဆန်းချေ


သူတို့အကြောင်းနားထောင်သည်မှာပျော်စရာကောင်းလှသည်။ စပါးကိုကိုယ်တိုင်စိုက်ြီပီးထွက်ရှိသောစပါးကိုသိမ်းကာ လိုသောအခါတွင်မှ ဆန်ဖြစ်အောင်လုပ်ရွေ့စားကြသည်. ဟင်းသီးဟင်းရွက်မလို ရွာတစ်ဝိုက်ရှိသည်. ငါးပုဇွန်မလို ရွာချောင်းလယ်တွင်ရှိသည် ဝက်.ကြက်. ဆိတ်မွေးသည် တစ်ခါ တစနပ်ချက်လျင်ဆန်နစ်ပြည်ချက်ရသည် ။ . စလုံးမှတောက်တိုမယ်ရလေးများလက်ဆောင်ပေးရာမယူချေ. မလို ဟုပြောသည်။ တစ်ရက်တော့လိုက်လည်မည်မှန်းသော်လည်း မရောက်ခဲ့.

မချက်တတ်သော်လည်းကြိုးစားပန်းစားချက်ပေးသည်.။ ကြားထဲတွင်သူရောကိုယ်ရော လဲကြရာ ချာတိတ်မသည် ရွာပြန်ကာဆေးထိုးသည်. ။ဤအိမ်သည်ကားသောက်ဆေးသာပေးသောအိမ်ဖြစ်လေရာ ဘဝင်မကျချေ. သူပြန်ရာကိုယ်ခက်လေသည် တစ်ယေက်ကိုကမန်းကတန်းရှာကာ ဆွဲခန့်ရသည်.။ လဲနေသူရှေ့သို့လာရွေ့ သူလဲပြန်ဦးမည်ဟုပြောရာ လိုက်မပို့နိုင်သောခင်ဦးမေသည် တက္ကစီပေါ်သို့ လိုက်တင်ပေးကာ ကားခ နစ်ထောင်ပေးလိုက်ရသည်. ရွာပြန်ရာ လမ်းစရိတ်လည်းပေး၏. ဆွဲခန့်ကို အိမ်လိုက်ကာ ခေါ်ရသည်. အပြန်ဆေးခန်းဝင်ပြီးဆေးယူရသည်. အားကုန်သည်မှာပြောစရာမရှိ.။


















မြေနီကုန်းတစ်ဝိုက်သို့အတော်ရောက်၏. ဂမုန်းပွင့်ကိုသွားသည်. ပတ်ဝန်းကျင် ဆိုင် များလမ်းကြားများသို့ရောက်သည်. လဘက်ထမင်းသုတ်ကောင်းသည်.



















မောလျင် ဂမုန်းပွင့်သို့ဝင်ရွေ့ရှူသည်. rest room လည်းရှိသည်. ပိုက်မပေးရချေ. သို့အတွက်ကြောင့်လမ်းကြုံလျင်ဝင်သည်။

အနီးတဝိုက်တွင် ခေါင်းလျှော်သည်.ခေါင်းလျှော်သော ဆားဗစ်မှာအတော်ကောင်းလာသည် ခါတိုင်းခေါင်းသာလျှော်ပြီး နစ်ထောင်ယူသော်လည်း.ယခုမှာခေါင်းမလျော်ခင်မျက်နာနင့်ခေါင်းကိုပါနိပ်ပေးသည် ပြီေးသ်ာခေါင်းလျော်သည်. လျှော်ရင်း နင့်မျက်နာပေါင်းတင်သည်. so called လားတစ်ကယ်လားတော့မသိ. နစ်ထောင်ယူပြီးဤဆားဗစ်ရသည်ဆိုသည်ကိုမယုံနိင်. မှန်၏. ခေါင်းလျော်ရင်း မျက်နာဆေးကာ ခပ်ပျစ်ပျစ်အ၇ည်တစ်မျိုးမျက်နာပေါ်သို့လိမ်းပေး၏ ခြောက်သွားသည်. ခေါငးလျော်ရင်းလဲခေါင်ကိုနိပပေးသည် ပခုံသားများကို နိပ်ပေးသည် ဇက်ကြောကို ဒေါက်ဒေါက်နင့်ခေါက်သည်. စုစုပေါင်းမိနစ်လေးဆယ်ငါးမီနစ်မျှကြာသည် နာရီကြည့်ရွေ့ ဆားဗစ်ပေးခြင်းဖြစ်သည်. သို့အတွက်ကြောင့်အားတိုင်းခေါင်းသွားလျော်သည်. ။ဆက်ဆံရေးလည်းပြေပြစ်သည်. competitor များလာသောအကျိုးဖြစ်မည်.ထင်၏။

မိုးချုပ်သော် ဘုရားသွားမည် ရေကျော်သွားမည်မှန်းသည်..မသွားခင်ဂမုန်းပွင့်ဘေးရှိ ပလာဇာ (ဟုထင်သည်)အအေးသွားသောက်သည်.

























ဗွီဒီယိုမရိုက်ရဟုရေးထားရာ ဓါတ်ပုံရိုက်ခဲ့သည်. ကျွန်မရိုက်မိအပြစ်မရှိပါ.


13 comments:

  1. အရင်က ဒီမှာ ခေါင်းလျှော်ရင် နှိပ်ပေးတယ်.ဆိုင်တိုင်းလိုလို..
    အခုနောက်ပိုင်း များသောအားဖြင့်ဆိုင်တွေ
    အဲ့ဒီဆားဗစ် မရှိတော့ဘူး.။
    ဆိုင်ဟောင်း..အိမ်ဆိုင်လေးတွေပဲ ရှိတော့တယ်..
    (ထင်တယ်)
    သေချာတာကတော့ ကျနော်သွားတဲ့ ဆိုင်တွေ မနှိပ်ပေးတော့တာ သေချာတယ်..။

    လက်ဖက်ထမင်းသုတ်ကို အဆောင်နေတုန်းကပဲ စားဖူးတယ်..။
    ကြက်ဥကြော်တော့ စားချင်သား..။

    ပုံ..။
    Xထုံ

    ReplyDelete
  2. အဆင်မပြေသလိုလိုနဲ့..
    ပြေ သလိုလို ပြန်ဖြစ်တယ်..။
    မူနေတယ်လို့ မထင်စေချင်..။
    ( တကယ်လဲ မူလိုက်သေးတယ်...
    ရုပ်ကြမ်းကြီးနဲ့ပေါ့...ဟီးးးဟီးး)


    ပုံ..။
    Xထုံ

    ReplyDelete
  3. ထမင်းကြော်နဲ့ကြက်ဥကိုမြင်ပြီး ခနနေရင် Breakfast လုပ်စားအုံးမယ်း)
    နောက်တစ်ခါ ခေါင်းလျှော်ရင် တီတင့်ရဲ့ဆိုင်မှာ လာလျှော်နော်။ စိတ်တိုင်းကျစေရမယ်။ Facial နဲ့ Spa လည်းရှိတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဆိုင်နာမည်လေးပြောပြပါ
    ဒီတစ်ခါပြန်ရင်သွား ချင်လို့း)

    ReplyDelete
  5. မမကွန်ပုံ အရိပ်ထဲမှာ သေချာ မြင်လိုက်တယ်

ံ့ပုံ
    မောင် ငါးဝမ်းကွဲ

    ReplyDelete
  6. ဂမုန်းပွင့်ဆို မီးမီးတို့နဲ့ နီးနေပြီ တွေ့ချင်သားပဲ မမခဥမနဲ့ ဒါပေမယ့် ရုပ်ကိုမမြင်စေချင် လျှို့ဝှက်တတ်သူမို့...တွေ့ချင်တယ်မပြောရဲဘူးကွယ်...။

    ReplyDelete
  7. ကျန်းမာရေး ဂရုစိုက်ပေါ့ အမကြီး...
    ဒါမှ အခုလို ရင်ခုန်စရာကောင်းတဲ့ ပိုစ့်လေးတွေ ရေးနိုင်မှာ... Come one 2 3 4 5 6 :P

    ReplyDelete
  8. ဟန်ကြည်November 2, 2011 at 7:56 PM

    မရောက်တာ ကြာသွားတယ်...အရေးအသားပြောင်းသွားပါကလား...သိပ္ပံမောင်ဝနဲ့ ခပ်ဆင်ဆင်ဖြစ်လာတယ်...ဖတ်ရတာ ပိုပြီး အရသာတွေ့လာသလိုလို ခံစားရပါရဲ့...ခေါင်းလျှော်ဆိုင်မှာ မလျှော်ဖူးတော့လည်း အဲဒီဘက်တော့ သိပ်မကျွမ်းလှဘူး...ဒီဘက်ခေတ်မှာ ဆက်ဆံရေးကောင်းခြင်းကိုလည်း ၀န်ဆောင်မှုစာရင်းထဲထည့်ပြီး အသိအမှတ်ပြုလာကြတာတွေ တွေ့ရတော့ ၀မ်းသာမိပါရဲ့...လက်ဖက်ထမင်းပြန်မြင်ရတော့ ရန်ကုန်ကပုံကိုကြည့်ပြီး မန်းလေးကို လွမ်းပဗျား...

    ReplyDelete
  9. ဟင့် ဟင့် ရန်ကုန်ပြန်ချင်လာပီ.... :)

    ReplyDelete
  10. ရွာသို့ လိုက်ပြီး အဘယ်ကိတ်စကို ဒူးမည်ဟု စိတ်ကူးရှိ လို့  ပါနည်း။

    ReplyDelete
  11. နေပြည်တော်ပြီးသွားပြီလား အမေ ....
    အမှန်ဆို သီတင်းကျွတ်ပြီးမှ နေပြည်တော်သင့်သည် ... ဟိုတခါ သီတင်းကျွတ်သေးတယ် မဟုတ်လား ... ဖုန်းတကော ရတယ်လေ မမှတ်မိတော့ဘူးလား ....

    ပုံ .... သိပ္ပံမောင် မောင်ဝ နှင့် နဲနဲတူလာသော သိပ္ပံမယ်ဝ ၏ မောင်တော်စပ်ချင်နေသူ သိပ္ပံသီဟဇော်လင်းဦး

    ReplyDelete
  12. မှန်အိ....ဗီဒိုမရိုက်ရပဲပြောတာ ဒါ့ပုံမရိုက်ရမှမဟုတ်တာ...
    အပျစ်မရှိ၊အကြဲလည်းမရှိ၊လွတ်စေ..............

    ReplyDelete
  13. မေ့လို့.....သီတင်းကျွတ်(၁) ဆိုတော့ ၂တွေ၃တွေမျော့
    နေတယ်နော့.......

    ReplyDelete