Thursday, November 3, 2011

သီတင်းကျွတ် (2)





















မြေနီကုန်းမှနေရွေ့ ရွေတိဂုံသွားမည်စိတ်ကူးသော်လည်းမသွားဖြစ်ချေ။ ရွေတိဂုံဘုရားတွင်လူစည်ကား..ကားများရွေ့လမ်းတွင်ကားအတော်ပိတ်နေကြောင်းသတင်းရသည်။ ဘုရားဖူးချင်တာလား လူစည်ကားတာကိုဓါတ်ပုံရိုက်ချင်တာလား. ကိုယ့်ဘာသာမဆုံးဖြတ်နိုင်ရာ အမှန်မှာကာဒါတ်ပုံရိုက်လိုခြင်းဖြစ်သည်. အချိန်တွက်ကြည့်သော်ဘုရားသွားလျင် ရေကျော်သို့နောက်ကျမှ ရောက်မည်ဖြစ်နိုင်ကြောင်းတွက်ချက်ပြီးသကာလ အပျော်အပါးမက်သောခင်ဦးမေသည် ရေကျော်သို့သွားလေသည်.။

























ကားများစွာစည်ကားသည်။ ရေကျော်တွင်ပွဲမလုပ်သည်မှာကြာပီဟုဆိုသည်။ သိမ်ဖြူလမ်းနင့်Saint Mary's Cathedral ဒေါင့်နားမှ စရွေ့ဗိုလ်ချုပ်လမ်းပိတ်ကာစည်ကားလေသည်။ ကားရပ်ရန်နေရာရှာမရချေ. စိန်ပေါကိုသုံးပါတ်ပါတ်ရသည်။ နေရာအချို့ တွေ့သော်လည်းချင့်ချိန်နေစဉ် အရှေ့မှဖြတ်ခုတ်ကာ ဖြတ်ထိုးသောသူများ ကိုယခုတစ်ခေါက်ရန်ကုန်ပြန်စဉ် မကြာခဏတွေ့ရသည်. ခင်ဦးမေသည် အရှိန်လျော့ကာထိုးရန်ပြင်စဉ်သူ ရို့ကဖြတ်ဖြတ် ထိုးခြင်းဖြစ်သည်။ ခင်ဦးမေသဘောအရဆိုလျင် သူများထိုးမည်မြင်လျှင် တစ်ခြားနေရာရှာမည်ဖြစ်သည် သူရို့ကားသူရို့၏ လျင်မြန်ဖြတ်လတ်ခြင်း သွက်လက်ခြင်းကွက်ကျော်မြင်ခြင်း. အပလာကားကိုကျော်ခြင်း စသည်ဖြင့် ခင်ဦးမေ၏ ခန့်မှန်းချက်များဖြစ်သည်.























လည်သူစားစတန်းလောကကြီးတွင်ဤအရာသည်အသေးအဖွဲဖြစ်သော်လည်း အဖေ့ သမီး သည် နေရာမလုလိုချေ. နေရာမလုလိုသည်မှာကျောင်းသားဘဝထဲကဖြစ်သည်.နေရာလုရွေ့ကြည့်ရသော အရာကို တိုးဝှေ့ မကြည့်ချင် .နောက်ဆုတ်ရွေ့ သာနေလို သည်။ နောက်တွင်နေ လျင်ဘာဖြစ်သနည်း. နောက်တန်းကျသည်ပေါ့။ ရှေ့တိုးမှသာလျင် ရှေ့တန်းရောက်ပေမည်. အများသူငါကိုအားနာသနားတတ်သည်. ကိုယ့်ကြောင့် ပင်ပန်းနာကျင် မည်ကိုစိုးရိမ် သည်. နောက်ဆုတ်ပြန်သည်။ နောက်တန်းရောက်ြ့ပန်သည်။
























ကျော်တက်ကနေရာယူသွားသောကားကို ဟွန်းတီးဆဲရွေ့မရသောကြောင့် စတီရာရင်ကို လက်သီးဖြင့်ထု၏. ဒေါသအတော်ဖြစ်သည်။
























နောက်တစ်ပါတ်ပါတ်ပြန်သည်.နေရာကျပ်ကလေးတွေ့သည် ကားကို zif ဖြင့်ဝင်ကာ ခေါင်းထည့်ရမည်ဖြစ်သည်။ လက်ရည်ကျနေသောသူသည် မတတ်နိုင်ချေ. နောက်ဆုံးတစ်ပါတ် တွင်ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချက်ကာ ဗိုလ်အောင်ကျော်လမ်းေ တွင်ရပ်ခဲ့သည်။ ရပ်ခဲ့တော့ ဘာဖြစ်သတုံး. လမ်းအများကြီးလျောက်ရတာပေါ့။ (ရန်ကုန်သား လူလည်အချို့ မျက်စေ့လည်နေမည်ကိုမြင်ယောင်မိသည်.)။ Google earth ဖြင့်ကူညီပါသည်။

ရန်ကုန်မပြန်တာကြာလျှင်ရောက်စ တွင်နာမည်များမေ့သွားသည်။ ကုန်သည်လမ်းနင့် ဘိုကလေးဈေး လမ်းဒေါင့်ဆိုလျင်ဘယ်နားပါလိမ့်. လွစ်လမ်းဆိုလျင်ဘယ်နားလဲ။ ဘားလမ်းနင့်ကုန်သည်လည်းဒေါင့် ဆိုလျင်မျက်မှောင်ကုတ်၏. ပန်းဆိုးတနးသ်ည ဆူးလေမရောက်ခင်လားရောက်ပြီးမှလား စဥင်္်းစားသည်။ အမှန်မှာရှင်းရှင်းလေးဖြစ်သည်. ဗိုလ်ချုပ်လမ်း. အနော်ရထာလမ်း ကုန်သည်လမ်း ကမ်းနားလမ်း. တို့ကိုပြန်မေးသည်မှာ ဇီးသီးသည်မဗျိုင်းဖြစ်ရာ့ကျလွန်းသည်.။ သို့သော်ခင်ဦးမေသည်ခင်ဦးမေသာဖြစ်ပါသည်.။























ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျောက်သည်.ဈေးသည်ပေါင်းစုံကိုကြည့်ရွေဖြစ်သည်။ အဲ..မုန့်ပေါင်းစုံကိုကြည့်ရွေ့ဖြစ်သည်. မုန့်ပေါင်းစုံဆိုတာဘယ်လိုဘာမုန့်လဲမမေးပါနင့်. မနင်းဆီမသိပါ.
















































































20 comments:

  1. မုန့်ပေါင်းတောင် မသိဘူးလား မနှင်းဆီ ညံ့ထှာကွာ ဓို့ဠဲမသိဗူး ဗရ်သိမာဠဲ ဇီးသီသယ် မယ်ဗျိုင်းဂိုး မနှင်းဆီ သိပ်လယ်ဒယ် လယ်ယင်းလယ်ယင်း အလယ်လွန်ဘီး လန်းအဝေးဂျီးရှောက်ယဒယ်။ ပုံ မနှင်းဇီ

    ReplyDelete
  2. မခင်ဦးမေ
    စိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာပါစေ။

    ReplyDelete
  3. ရေမုန့်တွေ ဘဲဥမုန့်သိုင်းချုံတွေ မုန့်လင်မယားတွေ ပျားအုံမုန့်တွေ ဝေးခဲ့တာကြာပီ

    တော်ပီ မမကွန်နှိပ်စက်တာလက်လန်တယ်
    မစားရညှော်ခံး)

    ReplyDelete
  4. ဘုရားဈေးပွဲကိုလျှောက်တာ လူတိုးရလို့ စိတ်ညစ်စရာကောင်းပေမယ့် ကောက်ညှင်းငချိတ်တော့ အရမ်းကြိုက်တယ် မကွမ်ရေ။ မုန့်လင်မယားလည်း တီတင့်ကြိုက်မှကြိုက်း)။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကောက်ညှင်းကြည်တောက် စားချင်ဒယ်

    ReplyDelete
  6. ဒီက ဆီးသီးသည် မဗျိုင်း အဲလေ.. မသီတာလည်း ဒီပို့စ်ကို ကြိုက်တယ် မမKOM

    ReplyDelete
  7. ဟ ဟ... မနှင်းဆီကဒီရောက်လာပြန်ပလား...။

    ReplyDelete
  8. အပြာနုရောင် ပန်းကန်ပြားနဲ့က မုန့်သိုင်းခြုံ
    ဆိုတာ ဟိုတရုတ်လေးတီဇက်အေကို
    သိစေချင်လိုက်တာ..။


    ပုံ။
    Xထုံ

    ReplyDelete
  9. မမကွန် ပို့ စ်ကို ဖတ်ပြီး ဘလော့ကြီးပါ ကိုက်စားချင်တဲ့စိတ်တွေကို မြိုသိပ်ကာ တပ်ခေါက်ပြန်သွားပါသည်။

    ReplyDelete
  10. Missing my childhood Thadingyut at Yay Kyaw Street. :(

    ReplyDelete
  11. သီတင်းကျွတ်အကြောင်းလေးဖတ်ပြီးကျွန်မတို့အင်းလေးပွဲ
    နဲ့ တောင်ကြီးတန်ဆောင်တိုင်ကိုပဲလွမ်းနေမိပါတယ်
    တောင်ကြီးမှာဆို ကောက်ညှင်းကြည်တောက်တွေ
    တော်တော်များများတွေ့ရပါတယ်လူတိုင်းလဲစားကြတယ်
    ရေမုန့်တို့ထွေလီကာလီတို့ကတော့ပွဲတော်ရက်တွေကျမှ
    စားရတယ်..ကောက်ညှင်းကြည်တောက်ကတော့အမြဲ
    လိုလိုဝယ်လို့ရနေတယ်လေ...လွမ်းတယ်ခင်ဦးရေ..
    ချမ်းမြေ့စွာနဲ့စာတွေအများကြီးရေးနိုင်ပါစေလို့

    ReplyDelete
  12. ဟီးဟီးဟီး.. ဒီမှာလည်း မနှင်းဆီပါတယ်.. :D :P

    ReplyDelete
  13. Quote of the Post

    မနှင်းဆီ မသိပါ။ :D

    ReplyDelete
  14. You gave me big trouble.Iwant to eat all"mote" you posted:(.....
    GD

    ReplyDelete
  15. Yegyaw is always famous of various kinds of Myanmar foods, and felt satisfaction waling on broken platforms in Yangon because enclosed by home country peoples.
    Thank you !

    ReplyDelete
  16. ရေမုန့်စားချင်တယ် မနှင်းဆီ......

    ReplyDelete
  17. နှိပ်စက်လို့ ဝ ဘီလား မခင်နှင်းဆီရယ်

    ReplyDelete
  18. နောက်ဆုံးပုံကမုန့်ကရေမုန့်
    ရေမုန့်စားချင်တယ် ဝါးးးးးးးးးးးးးးးး

    ReplyDelete
  19. မုန့်တွေအကုန်ကြိုက်နေလို့ ဘာကို အစားချင်ဆုံးလို့ပြောရမှန်းတောင် မသိဘူး... အားလုံးစားချင်တယ်... မစားရလို့ ငိုတောင် ငိုချင်လာပြီ....

    ReplyDelete
  20. Khin Oo May blog is a good junction point.
    You can go everywhere from her blog.
    As you know the most bloggers are linked with her.

    BINO

    ReplyDelete