Tuesday, November 8, 2011

ပြင်ဦးလွင် (3)



























ပိတ်ချင်းမြှောင်ဖြစ်သည်.လမ်းတွင်ကိုကာကိုလာတစ်ဘူးမော့သွား၏။ ကြော်ငြာရိုက်ရမလိုဖြစ်သည်.အားကုန်တိုင်းကိုကာကိုလာသောက်သည်။ လစ်ပို မသောက်ဖြစ်သေး. . ဆိုင်ကယ်သည် အတော်ခရီးတွင်သည်။ အက်ဆီဒန့်ကိုကြောက်သောကြောင့် တစ်သက်လုံးမစီးခဲ့ ယခုသော် စီးသည်. ကံဘဲဟု စဉ်းစားသည်။ လည်ချင်ပတ်ချင်စိတ်ကပိုများသည်။ ရန်ကုန်မြီု့ထဲက မထွက်ဘဲနေခဲ့သည်မှာ decades ဘယ်နစ်ခုရှိပြီလဲမသိတော့.။ ဘယ်မှ မရောက်. ခင်မင်သောမိတ်ဆွေ တစ်ဦး အက်စီးဒန့်ဖြင့်ခြေထောက်ဒဏ်ရာရပြီးကတည်းက ဆိုက်ကိုဖြစ်သွားသည်။




























လမ်းခရီးတွင်ရှုခင်းများစွာတွေ့သော်လည်း ဆိုင်ကယ်ပေါ်မှ ပြုတ်ကျမည်စိုးသောကြောင့်မရိုက်ရဲ။ တစ်နေရာတွင်တော့ ဆိုင်ကယ်သမားကရပ်ပေးသည် ထိုနေရာအတော်လှသည်။ ကျန်သောလှသောနေရာ များတွေ့သော်လည်းကွကိုသာကြည်နူးလိုက်ရသည်.တိမ်တွေ လည်းအတော်လှသည်.မရိုက်နိုင်ချေ။



























စောသေးသောကြောင့်လူရှင်းကားရှင်းသည် ခင်ဦးမေတို့ကားသုတ်ချေတင်ကြလေသည်. ခင်ဦးမေသည် ရက်များများမနေနိုင်. ရသောအချိန်အတွင်း နေရာမျာများသွားရမည်.သွားချင်သည်လား ဒါတ်ပုံရိုက်ကာ လူပေါ်လူဇော်လုပ်ချင်သည်လားမေးလျှင် နာမည်ကြီးချင်သည်ကပိုပါသည်။




























တစ်ရက်က ဘူဂစ်တွင် လမ်းသလားရာ ကိုယ့်ထက်ဆိုးသူတစ်ဦးနင့်တွေ့သည် ဘူဂစ်တွင် အချို့သောမုန်ု့ကလးများမှာထူးဆန်းချစ်ဖွယ်ရှိသည်. ထိုသူသည် ထိုမုန့်ကို မစားခင် ဘက်ဘယ်က က မုန့်ကိုကိုင် လက်မြှောက်ရွေ့ (ထိုင်စရာလည်းမရှိ လူသွားလူလာလည်းမပြတ် ရှုတ်ရှက်ခတ်နေသောအခြေတွင်) ညာလက်က ကောင်းမွန်သော အကောင်းစား ကင်မရာကြီုးထုတ်ရွေ့ သေချာရိုက်လေရာခင်ဦးမေသည် ထိုသူကိုသနားမိလေသည် အော်ဒုတ်ခ ဒုတ်ခ ငါတို့တွေ လည်း ဖဘ ..ဘလော့နိပ်စက်တာ စားကောင်းချင်းမစားရ ပတ်ဝန်းကျင်ကိုလည်းမရှက်နိုင်. မျှဝေချင်သောဆန်ဒများ သည် ပြင်းပြလွန်းချေသည်။

























ခင်ဦးမေသည်လည်းမထူးချေ. အသက်နင့်ရင်းရွေ့လည်းဓါတ့်ပုံရိုက်ဘူးလေသည်။ အရှက်လည်းဘေး ထားရွေ့ရိုက်ဘူးသည်. ။ ကြာသော သတင်းသမားလား ကွကိုထင်မိလေ၏ သတင်းအတွက်ဆိုလျင် ဘာညာမကြည့်ဘဲ နာမည်ကြီးပြီးရောလုပ်ချင်စိတ်များတစ်ခါတစ်ရံပေါ်မိရာ ကွုကို ပြန်ထိန်းရသည်။ ငါသည် professional မဟုတ် အပျော်တမ်းဖြစ်သည်ဟု ကွကိုနားချရသည်။





























တော်တော်လေးတော့မောင်းရသည်။ အချို့နေရာတွှုင်ကုန်းတက်ကုန်းဆင်းကလေးများရှိသည်.။ ရောက်ပြီ ဟု ဆိုင်ကယ်ဆရာက ဆိုသည် စားသောက်ဆိုင်တန်းကလေးတစ်ခုတွင်ရပ်သည် မိတ်ဆွေ ဆိုင်ပါ ။ နားပါ ။ လုံချည်လဲနိင်ပါသည်ဟု ဆို၏။ မဗျိုင်းကို သိတ်ကြည့်ရပုံမရချေ.။ ဘိုက်တော့သိတ်မဆာသေးရာ. မစားလဲ ရပါတယ်. ဆိုရာ လုံချည်ဝင်လဲသည်။




























ရေတွေ့လျင်သဘောကျသည်.ရေစီးသည်ကိုချစ်သည်။ ရေသံကိုကြားရသည်မှာ သာယာသည်။



























ကြည့်လို့ကိုမဝနိုင်. မဝနေလို့မပြီး အချိန်ကိုကြည့်ရမည်. ။



























ဆိုင်ကယ်ဆရာက လိုက်ပို့စေချင်သလားနေခဲ့ရမလားဟုမေးသည်.အချို့သောသူများက လိုက်ပေးစေလို၏ အချို့သောသူများကမလိုက်စေလို. အမည်သို့ဆန်ဒရှိသနည်းဟုမေးရာ. လိုက်ခဲ့စေချင်ပါသည်ဟုဖြေ၏. တစ်ယောက်ထဲကားပျင်းစရာကောင်းလှသည်.။ တစ်ခွန်းနစ်ခွန်းပြောချင်ပြော မပြောချင်လဲ လူမြင်ရလျင်အားရှိသည်။ ကိုယ်ကလဲလမ်းသိသည်မဟုတ် ဘယ်ကွေ့ရမှာလား ညာချိုးရမှာလား လမ်းပျောက်နေလျင် အချိန်ကုန်မည်. လမ်းမှားစရာတော့မရှိ.သူများတွေ သွားသလိုသွား သူများတွေ ပြန်သလိုပြန်သော်ရ၏ ဟုအညွန်းဆိုသော်လည်း အဖော်ခင်သောခင်ဦးမေအတွက်ကား လိုက်ခဲ့ပေးလျင်ကျေးဇူးတင်ပါသည်။




























ကြိုးတံတားခေါ်မလားသစ်သားတံတားလား ဖြတ်လျင်တော့လှူပ်သည် ခလေးများပျော်ကြ၏. ခင်ဦးမေကားမပျော်နိုင်. ဘာပျော်စရာရှိလို့ဒုံး]ဟုစဉ်းစားသည်. သစ်သာလှူပ် လှူပှုတ်တယ်ပေါ့ ဟုသတ်မှတ်သည်။ အင်း.....အသက် အသက်ပင်ဖြစ်သည်။



























၁၆ နစ်များက သစ်ရွ့်လူပ်သည်ကို ပင်ရယ်မောသည်ဆိုသည်မှာမှန်ပေသည်.ခင်ဦးမေတို့ငယ်စဥင်္က ကျိုက်ထီးရိုးသွားရာ ကားစထွက်သည်မှ ရောက်သည်အထိ ခင်ဦးမေသူငယ်ချင်းသည စကားအဆက်မပြတ်ပြောရာ အဆင်းတွင် လူကြီးတစ်ေ ယာက် သည်မကျေမချမ်းနင့် ပြောပြောနိုင်လွန်းတယ် ဟု မှတ်ချက်ပြုခဲ့ဘူး၏.

























ယခုသော် ခင်ဦးမေသည် လူကြီးဖြစ်ချေပီ. ရထားပေါ်တွင် နားကြပ်နင့်ခလေးများ ..အုပ်စုဖွဲ့ကလေးများတွေ့လျင်ဝေးဝေးေ ပြးကာ မျက်စိမှိတ်အိပ်လေသည်။ အိုင်ဖုံးလဲမလို အိုင်ပက်လဲမလို မျက်စေ့ပျက်၏ ဟု စဉ်းစားသည်. မြင်လဲမမြင်ချေ. တယ်လီဖုံးမက်ဆေ့တောင် မျက်မှန်တတ်ဖတ်ရမှ မြင်ရာ.ဘဝသည် မချောင်ချေ။





























တံတားဖြတ်ခလည်းပေးရသည်။ ဆိုင်ကယ်ဆရာ အတွက်ပါပေးရ သည်ယခင်က မယူသော်လည်း ယခုယူသည်ဆို၏. ပေးပါသည်.။ မညည်းညူပါ များလည်းမများပါ ငါးဆယ်ကျပ်လားထင်သည်. မေ့သွားပီ။

























မှတ်ချက်
ပေရှည်မည်.

19 comments:

  1. ပေရှည်မည်ဆိုပေမဲ့ တိုတိုလေးဖတ်လိုက်ရသလိုဘဲ။
    (ဖတ်ကောင်းတယ်လို့ ဝိုက်ပြောတာထင်တယ်နော်။း))
    အအရ

    ReplyDelete
  2. ပိတ်ချင်းမြှောင်မရောက်သေးဘူး..တံတားပဲ ရှိနေသေးတယ်..။
    ဟင်းးး


    ပုံ။
    Xထုံ

    ReplyDelete
  3. အချိန်တိုအတွင်း အများကြီးသွားနိုင်တာ ချီးကျူးပါ၏။ ဆိုင်ကယ် ကယ်ရီနှင့် စွန့်လဲ စွန့်စားတတ်ပါပေသည်။ နောင်တွင် ခဥမေ၏စွန့်စားခန်းများဟု စာအုပ်ထုတ်ပါလေ။

း)

    ReplyDelete
  4. မှတ်ချက်
    ပေရှည်မည်

    Good foot note.

    BINO

    ReplyDelete
  5. ပေရှည်ချင်သလောက်ရှည်ပါ စောင့်ဖတ်ပါမည်..
    စိတ်ချမ်းဖို့လိုပါသည်...

    ပုံ/
    ခင်ဦးမေ ပရိတ်သတ် တဦး

    ReplyDelete
  6. ပေတစ်ရာကျော်မြင့်တဲ့ ရေတံခွန်နဲ့များတွေ့ရမလားလို့ ဆင်းရင် ဆင်းရင်း ပေရှည်မည်ဆိုတဲ့ စာလေးသုံးလုံးပဲတွေ့လိုက်တယ်...။

    ReplyDelete
  7. ပြင်ဦးလွင် ၂နဲ့၃ ပေါင်းဖတ်သွားတယ် KOM ရေ။ မကြာမီနောက်ထပ်သွားလည်ဘို့ တွန်းအားလေးတစ်ခု ရလိုက်သလိုပါပဲကွယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. စာလုံးပေါင်တွေကအရမ်းကိုအမှားတွေရေးထားတာမသင်.တော်ပါဖူးရှင်
    စာရေးသူတစ်ယောက်အနေနဲ.ပြုပြင်သင်.တယ်လို.ထင်ပါတယ်
    အခုဟာက မြန်းဂလိတွေဖတ်နေရသလိုလိုပါပဲ
    မေတ္တာများစွာဖြင်.
    စာဖတ်ပရိသတ်တစ်ဦး

    ReplyDelete
  9. စိတ်မရှိပါနဲ့ ဒီလောက်ရေးတာတောင်မနက် ၄ နာရီမှ အိပ်ရပါတယ်။ စာလုံးပေါင်းပါလိုက်ပြင်နေမယ်ဆိုရင် အိပ်ရတော့မှာမဟုတ်ပါဘူးခံစားချက်နဲ့ရေးတဲ့အချိန်မှာစာလုံးပေါင်းကိုသတိမပြုမိပါ. ရင်ထဲကခံစားချက်နဲ့ဘဲရေးပါတယ်။ စာလုံးပေါင်းကိုသတိထားနေရင်ခံစားချက်တွေ လျော့သွားပါတယ်။ ပြင်ပါပြင်ရမယ်ဆိုရင်တော့ ခက်ပါတယ်။ သတိတော့ထားပြီးရေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. "ပြင်ဦးလွင်သွားတောလား" ကို ဖတ်သွားပါတယ် အစ်မ KOM. ခရီးသွားပို့စ်တွေ နှစ်သက်သမို့ ပေရှည်လေကောင်းလေပါ။

    ReplyDelete
  11. ရထားပေါ်တွင် နားကြပ်နင့်ခလေးများ ..အုပ်စုဖွဲ့ကလေးများတွေ့လျင်ဝေးဝေးေ ပြးကာ မျက်စိမှိတ်အိပ်လေသည်။

    တူတယ် မမ.. ကျောင်းသားတွေ တပြုံလုံး ရထားပေါ် တက်လာလို့ကတော့ စိတ်တွေတိုပီး မကျေမချမ်းဖြစ်နေရော :P

    ချစ်တဲ့
    ပွင့်

    p.s. အပေါ်က Xထုံ စိတ်မရှည်လိုက်ပုံများ သူသာပါရင် တံတားပေါ်က ကန်ချခံရမယ်ထင်တယ်

    ReplyDelete
  12. ပိတ်ချင်းမြှောင်က ပိုသာယာလာသလိုပဲနော်....အစ်မ...၊
    ကျွန်တော်မရောက်တာအတော်ကြာသွားလို့လားမသိ...၊
    အဲ့သွားတဲ့လမ်းမှာ မုန်လာဥအကြီးကြီးတွေဝယ်လာခဲ့ဖူး
    တာသတိရမိတယ်...၊

    ReplyDelete
  13. စိတ်မရှည်တာ သိရက်နဲ့..မယ်ပွင့်နော်..
    အတို့အထောင် သိပ်လုပ်တယ်..





့ပုံ
    Xထုံ။

    ReplyDelete
  14. ဘယ်လောက်ဘဲပေရှည်ရှည်
    လာရောက်ဖတ်မည်ဖြစ်ပါသည်

    ReplyDelete
  15. အရင်တစ်ခေါက် ညီမရွှေစင် စစ တို့နဲ့ပြင်ဦးလွင်တက်တာ အချိန်နောက်ကျသွားလို့ ပိတ်ချင်းမြှောင်ကို မရောက်ခဲ့ပေမယ့် KOM လိုက်ပို့ပေးလို့ ရောက်ဘူးသွားပြီ ကျေးဇူးပါနော်။
    နောက်တစ်ခေါက်တော့ ရောက်အောင်ကြိုးစားအုံးမယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  16. ဟန်ကြည်November 9, 2011 at 12:58 PM

    မခင်ဦးမေ အရေးအသားကို ဖတ်ရင်းဖတ်ရင်း သဘောကျကျလာတယ်...တိုတိုနဲ့လိုရင်းကို ရေးနိုင်တာပဲ...တစ်ခါတစ်ခါကျတော့လဲ စိတ်ခံစားချက်ကို အမီလိုက်ပြီးရေးရတာမို့ သတ်ပုံလည်း ကျတာပေါက်တာတွေရှိမယ်မှန်း ကိုယ်ချင်းစာပါတယ်...အသက်တွေ ကြီးလိုက်လာပေမယ့် သွားသွားလာလာ လုပ်နိုင်လွန်းတဲ့ ဓာတ်ပုံရိုက်နိုင်လွန်းတဲ့ ဂျီးတော်ကိုတော့ အားကျပါသဗျား...
    တစ်ခါတစ်ခါကျတော့လည်း တင်သမျှပို့စ်တွေကို အမီလိုက်ပြီး မဖတ်နိုင်တော့ ပေါင်းပြီး ဖတ်ယူရတယ်...ပြင်ဦးလွင်ပို့စ်ကိုတော့ ပေရှည်လည်း စိတ်ရှည်လက်ရှည်နဲ့ကို စောင့်ဖတ်လိုက်ဦးမယ်...

    ReplyDelete
  17. ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် ကိုမောင် ကျေးဇူး
    ဒီကောင်မပို့စ်ကို ဖတ်ပြီး ကတည်းကဒေါသထွက်နေရတာ ဒီနေ့ အထိပဲ
    သူနဲ့ သူ့ အပေါင်းအပါ တစ်စုက
    ဒီရိုဟင်ဂျာကိစ္စ ကို ကန့်ကွက်နေတဲ့ သူတွေကပဲ ဦးနှောက်အသိဥာဏ်မရှိပဲ ဘာမဟုတ်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ် ထလုပ်နေကြသလိုမျိုး သဘောနဲ့ ရေးထားတာပါ..
    သူ့ကို သူပဲ ဆရာမကြီးလိုလို သူရေးလိုက်ရင်ပဲ လူတွေက ငြိမ်ပြီး လက်ခံသဘောတူလိုက်ရတော့ မလိုလို .. .. .. ..
    အသားလွတ်ထဟောင်တဲ့ ခွေးမတစ်ကောင်လိုပါပဲ
    စင်္ကာပူမှာသာရှိရင် အဲဒီကောင်မဆီရောက်အောင်သွားပြီး ပြောပစ်လိုက်ချင်တယ်..

    ReplyDelete
  18. ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ် ကိုမောင် ကျေးဇူး
    ဒီကောင်မပို့စ်ကို ဖတ်ပြီး ကတည်းကဒေါသထွက်နေရတာ ဒီနေ့ အထိပဲ
    သူနဲ့ သူ့ အပေါင်းအပါ တစ်စုက
    ဒီရိုဟင်ဂျာကိစ္စ ကို ကန့်ကွက်နေတဲ့ သူတွေကပဲ ဦးနှောက်အသိဥာဏ်မရှိပဲ ဘာမဟုတ်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ် ထလုပ်နေကြသလိုမျိုး သဘောနဲ့ ရေးထားတာပါ..
    သူ့ကို သူပဲ ဆရာမကြီးလိုလို သူရေးလိုက်ရင်ပဲ လူတွေက ငြိမ်ပြီး လက်ခံသဘောတူလိုက်ရတော့ မလိုလို .. .. .. ..
    အသားလွတ်ထဟောင်တဲ့ ခွေးမတစ်ကောင်လိုပါပဲ
    စင်္ကာပူမှာသာရှိရင် အဲဒီကောင်မဆီရောက်အောင်သွားပြီး ပြောပစ်လိုက်ချင်တယ်..

    ReplyDelete
  19. I am amazed that the writer confessed she does not know anything about those people and still dares to continue writing nonsense. Staying overseas for a few years, some ordinary Burmese start to think that they are wise enough to advise other Burmese fellows, which is quite hilarious! This matter is not only Burmese but also a global problem. Let me warn you, this is a serious matter which an average person like you cannot handle. If you are not interested in our national concerns, just hold your tongue. Even undergrad Burmese students can discuss this better than you do. This is your failed stunt to gain popularity. Shame on you, lady, get a life!

    Credit to SinghaRorose

    ReplyDelete