Friday, November 11, 2011

ပြင်ဦးလွင် (5)


























မည်သို့မည်ပုံစီမံလိုက်သည်မသိ. ပွဲကောက်ရေတံခွန်သို့ရောက်သွားလေသည်. ဘာကြောင့် ပွဲကောက်ဟုခေါ်သနည်း. သူများဖေဘွတ်တွင်မြင်ဘူးသော်လည်းအစအဆုံးမကြည့်ချေ. ။ ကိုယ့်ဘလော့ တွင်တော့ရှိသမျှဓါတ်ပုံအကုန်ထည့်ချင်လေသည်။





























ရှိသမျှပုံထည့်ချင်ရုံမက ကိုယ့်ပုံပါကိုယ်ထည့်ချင်သေးသည်. ။ ပြောပြန်ရင်လည်းအောင်မင်းလွန်ရာကျမည်. ကိုယ့်ဘာသာတော့ကိုယ်လှသည်ချည်းသာထင်သည်။ ဆယ်ပုံရိုက်လျှင်တော့တစ်ပုံကျန်ပါသည်. ယခုဆိုင်ကယ် ဆရာသည် နေပြည်တော်မှ ဆိုင်ကယ်ဆရာထပ်ပို သည်။ နေပြည်တော် ဆိုင်ကယ်ဆရာက ရိုက်ပေးရမလားမေးရာတစ်ခါငြင်းပယ်လိုက်ရာ. ထပ်မမေးတော့ချေ. ခင်ဦးမေသည်လည်းရှက်သောေ ကြာင့်ဓါတ်ပုံမရှိုက်ခဲ့ရချေ။ ယခုဆိုင်ကယ်ဆရာကတော့ရိုက်ပေးရမလားမေးရာ ခင်ဦးမေကလည်းရိုက် ချင်သည်မို့ကင်မရာပေးလိုက်သည်။ mr bean ထဲကသို့ယူမပြေးသော်ငြား သူ့အရပ်အရှည်ကြီးဖြင့်အပေါ်စီးမှ စီးရိုက်ရာ နဂိုပုသောခင်ဦးမေသည်. ပိုပုသွားလေသည်. အရပ်ကလေး ရှည်လျင်မော်ဒယ်ဖြစ်မည့်သူု့ကို လုပ်ရက်လေသည်။




























လူစည်ပါသည်. လူစည်သည်မှာနေရာတိုင်းတွင်ဖြစ်သည် မေမြို့သည် နာမည်ကြိးမြို့ဖြစ်သကဲ့သို့ attraction များလည်းများလေရာစည်ကားလေသည်။ လူမများသောနေရာကိမနည်းရှောင်ရိုက်ရသည်။



























ခင်ဦးမေဘာသာသွားလျှင်တော့မည်သို့မည်ပုံလျောက်ရမည်မသိ. မနေနိုင်သောဆိုင်ကယ်ဆရာမှာ လိုက်ပို့ရပြန်သည် သူ၏ ညွန်ကြားချက်ဖြင့် လျောက်ရာ လွယ်ကူစွာချောမောရောက်၏။


























ဟိုကွေ့ဒီတက်. ဘယ်ချိုး ညာချိုး ဖြင့်ရေတံခွန်နစ်ခုသို့ရောက်သည် လူအများ.။ရေကူးကြသည်. ဘောကွင်းများစွပ်သူကစွပ်. ရေကူးသူကကူး ပျော်ရွင်သူများ၏.



























ခင်ဦးမေသည်လည်းရေမကူးရသော်ငြားခြေထောက်ကို ရေထဲသို့ချချင်သောကြောင့်ရေစပ်သို့အားကြိုးမာန်တက်ဆင်း၏။ လလွယ်တော့မလွယ်ချေ. ရေကလေးနင့်ခြေထောက်တော့ထိလိုက်ရသည်။






































































































































































































































































































အပြန်ကျမှ map တွေ့သည်ဘယ်ဘက်ရေတံခွန် ညာဘက်ရေတံခွန်ဆိုသည်။


























တစ်နေရာတွင် ..ယဉ်ရပ်ရန်ဟုတွေ့ရာ ရပ်စရာမရှိသောခင်ဦးမေသည် လူဝင်ရပ်ခဲ့လေသည်။

13 comments:

  1. တစ်နေရာတွင် ..ယဉ်ရပ်ရန်ဟုတွေ့ရာ ရပ်စရာမရှိသောခင်ဦးမေသည် လူဝင်ရပ်ခဲ့လေသည်။ :D
    Bravo,Ma Ma KOM.
    Keep on ur writing,plz.

    ReplyDelete
  2. တို့သွားတုံးက ကလေးတွေနဲ့ဆိုတော့ ကြည့်ရုံပဲကြည့်ခဲ့ရတ
    ယ်။


    ဒီပို့တွေဖတ်ပြီး တစ်ယောက်ထဲ ခရီးသွားချင်တယ်။

    ReplyDelete
  3. ဒီ စနေမတိုင်ခင် ပြင်ဦးလွင်ကပြီးမှာလား အရီး။ ရန်ကုန်ရောက်ရင်တော့ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူး ထင်တယ်။ (kma)

    ReplyDelete
  4. သူရေးသလိုပဲ မမအဲ့တာရေးတာဖတ်ပြီး ရယ်နေတယ်..။

    Anonymous Anonymous said...

    တစ်နေရာတွင် ..ယဉ်ရပ်ရန်ဟုတွေ့ရာ ရပ်စရာမရှိသောခင်ဦးမေသည် လူဝင်ရပ်ခဲ့လေသည်။ :D
    Bravo,Ma Ma KOM.
    Keep on ur writing,plz.


    မအိပ်နိုင်သေးပါ..။

    ပုံ။
    Xထုံ

    ReplyDelete
  5. မြန်မြန်လုပ်ပေးလိုက်ပါ စနေနေ့ပြန်တော့မှာတဲ့
    ဓါတ်ပုံမရိုက်ခင် အောက်ကတခုခုအရင်ခံထားသင့်တာ

    ReplyDelete
  6. ပွဲကောက်ပြီးရင် ဘယ်လဲ မမကွန်

    ပစ်ပစ်

    ReplyDelete
  7. woo, pyin oo lwin is very far, we are came back from cameron highland,but gtalk is still at waterfall. funny yeah:-)
    keep join yr funny trip.

    ReplyDelete
  8. အပေါ်က လူတွေ ပြောတဲ့ အတိုင်းပါပဲ။

    ReplyDelete
  9. ပစ်ပစ်ကလဲ မမကွန်ကို နောက်ကျရင် ဟိုတစ်ပိုစ့်မှာလို ထွေလာ တင်ခိုင်း... နောက်ဘယ်သွားမလဲ သိရအောင်...
    ကားမရပ်ဘဲ လူဝင်ရပ်တာ တော်သေးတာပေါ့... ကညနဆီ သွားမအပ်လိုက်တာ.. စိတ်ဝင်စားစရာတော့ ကောင်းလာပြီး ပွဲကောက်ပြီးရင် ဘယ်လဲဆိုတာ... ဟိုကန်တော်ကြီး ဥယျာဉ်သွားမယ်ထင်တယ်။

    ReplyDelete
  10. တစ်နေရာတွင် ..ယဉ်ရပ်ရန်ဟုတွေ့ရာ ရပ်စရာမရှိသောခင်ဦးမေသည် လူဝင်ရပ်ခဲ့လေသည်။
    Oh my god!

    BINO

    ReplyDelete
  11. "တစ်နေရာတွင် ..ယဉ်ရပ်ရန်ဟုတွေ့ရာ ရပ်စရာမရှိသောခင်ဦးမေသည် လူဝင်ရပ်ခဲ့လေသည်။"
    မမကွန် စိတ်ကြီးတယ်ဆိုတာ ယုံပါပြီ ခင်ည.. :)

    ReplyDelete
  12. ပွေးကောက်ဟု အဘယ့်ကြောင့်ခေါ်ဆိုသနည်း ဖြေဆိုပါ။ ၂.၅ မှတ်။ ပီအိတ်ခ်ျဒီ တန်းပေးမည်။ ဘာစာတန်းမှ ကူးချ အဲ တင်စရာ မလို။ ဟီး။

    လည်လည်တွေ မနာလိုဖြစ်နေဘီနော်။

    ReplyDelete
  13. စနေ..မပြီးသေးဘူး.ဟူး...........

    ReplyDelete