Thursday, December 1, 2011

စစ်ကိုင်း (2)


























ဆိုင်ကယ်ကယ်ရီနဲ့၈ျပန်မလေးရဲ၈ယက်က တော်တော်ကို ရိုက်တာမှာ effect ဖြစ်တယ်။ မြင်တာကတော့သမာအာဇီဝပါဘဲ။ ဒါပေမဲ့ ဆိုင်ကယ်ကယ်ရီစီးမယ်ဆို ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ် ပြောကြတယ် ပြောကြပေမဲ့ သွက်တာကတော့အမှန်ဘဲ။



























ခင်ဦးမေကို ကားပေါ်မှသိတဲ့စစ်ကိုင်းသူက အသိဆိုင်ကယ်နဲ့ အပ်ပေးလိုက်တယ်။ ချာတိတ်လေးတစ်ယောက်ဘဲ နစ်ဆယ်ဝန်းကျင်လောက်ရှိမယ်။ ကွမ်းစားကြတယ် ဆိုင်ကယ်ကယ်ရီတွေ ကွမ်းသိတ်စားတယ် ခရီးသည်နဲ့က လည်းအလိုက်အထိုက် သူတို့မှာ စကားပြောရတာ ကြိုက်သူရှီတယ် မကြိုက်သူရှီတယ် ခဥမ က စကားသိတ်ပြောတာမဟုတ်ဘူး လက်ဘဲပြောတာ.



























လိုရာသွားဘို့ညှိနှိုင်းတော့ငါးထောင်ကျပ်ဘဲ ........ဟာ မန်းလေးက ဆရာတောင်ခုနစ်ထောင်ကျပ်တောင်းတယ် လမ်းစရိတ်နစ်ထောင်နှုတ်ရင် ငါးထောင်ဖြစ်နေပြီ မန်းလေးက ဆရာဈေးဖြစ်နေပြီဆိုတော့အဆစ်ဟိုပို့ဒီပို့ပေးပါမယ်လို့ ဆိုတာနဲ့ အဆင်ပြေသွားကြတယ်။


























သွားရင်းလာရင်းနဲ့ ဆွဲလိုက်တဲ့ သတို့သမီးလေးပါ. လမ်းကို ဖြတ်အကူး လက်သရမ်းတဲ့ ဓါတ်ပုံဆရာနဲ့ တွေ့သွားရှာတယ် ချစ်ဖွယ်ကောင်းသော သတို့သမီးလေးပါဘဲ. ပျော်ရွင်နေမပေါ့ အိမ်ထောင်ပြုရင် သတို့သမီးနဲ့သတို့သားဘယ်သူပိုပျော်တယ်ထင်သလဲ. သတို့သမီးပိုပျော်တယ်ထင်တာဘဲ။ အမျိုးမျိုးပေါ့လေ. တစ်ယောက်တစ်မျိုးစီပေါ့.. .













































































လတ်တလောကကို ရန်ကုန်မှ ဆွေနီးမျိုးစပ်မင်္ဂလာဆောင်တာ ဟိုတယ်သုံးခု ထင်တယ်။ ရေကူးကန်ထဲမှာ လှေကလေးလဲပါသေးတယ် အဲသည်လှေကလေးနဲ့သတိုးသမီးက လာ ဟိုဘက်ကနေ သတိုးသားကစောင့် ဘေးက့ပိရိသတ်က လက်ခုတ်တီးသြာဘပေးတယ်ဆိုတယ်။ one of the ပွဲမှာပေါ့.။ ဒါကတော့ကြုံတုံး ကြော်ငြာဝင်တာပါ. မင်္ဂဆာဆောင်စရီိတ် သိန်းတစ်ရာကျော်ကုန်တယ်ဆိုတယ်။ လည်သွားပြန်ပီ.
















































ဟုတ်တယ် ဆွမ်းဦးပုညရှင်သွားနေတယ်။ မရောက်သေးဘူး. သိတ်ကြာတယ်။ ဒီနှုန်းနဲ့သွားနေရင်တော့မိုးလင်းမယ်။.

17 comments:

  1. December (1) ဆိုလို့ ဒီဇင်ဘာတောင် မရောက်သေးဘူး ပိုစ့် (၁) ဖြစ်နေပါလားလို့ တွေးနေတာ ထိုင်းမှာက နိုဝင်ဘာပဲ ရှိနေသေးတာကိုး (11:47 pm) :P
    (လီယို)

    ReplyDelete
  2. ဟိုရောက် ဒီရောက်ပါပဲ..
    စစ်ကိုင်းက သူတို့ သမီးလေးကို ကောင်းအောင် ရိုက်ခဲ့တာ မှုတ်ဖူး..။
    ဆိုင်ကယ်ဆရာကို ခနရပ်ခိုင်းပြီးး....




    ပုံ..
    Xထုံ

    ReplyDelete
  3. ဘယ်လိုနှုံးနဲ့ဘဲသွားသွားပါ..
    စစ်ကိုင်းရောက်ရင်ပြီးတာပါဘဲ
    မမကွန်ရယ်..

    ReplyDelete
  4. ကိုအောင်(ပျူနိုင်ငံ)December 1, 2011 at 2:53 AM

    ဆွမ်းဦးပုညရှင်မှာ ဆွမ်းဦး မဦး စောင့်ပြီး ဓါတ်ပုံရိုက်ခဲ့ပါလား .. မရှိခဏဘုရားရော ဆုတွေ မတောင်းခဲ့ဘူးလား ...း)

    ReplyDelete
  5. အောင်မြတ်လေး....... ဟက်ပီးဒီဇင်ဘာမှာ အိပ်မပျော်လို့  ဟိုဖွ သည်ဖွ ဖွလိုက်မိပါတယ်။ တခွိခွိ ရယ်နေရတဲ့ ပိုစ့် တစ်ခု ထွက်လာသဗျ။ ဒီပိုစ့် ကို ငါဘာ့ကြောင့် မသိလိုက်လဲ ကွကို တွေးရင်း ကွကို အပြစ်တင်နေမိတော့တယ်။ ဟဟဟ

    http://khinoomay77.blogspot.com/2011/11/back-up.html

    ReplyDelete
  6. ခရစ္စတလ်December 1, 2011 at 7:48 AM

    စောင့်နေပါတယ် ဆွမ်းဦးတင်မယ့် ဒကာမလေးရိုက်လာမယ့် ဒပုံတွေကို :)

    ReplyDelete
  7. ဟိုရေးရင် ဒီရောက်မှ ဘလော့ဂ်ဂါ ပီသပါသည်..ဆွမ်းဦးပုညရှင်ပုံတွေကို စောင့်နေပါသည်...

    ReplyDelete
  8. လက်သရမ်းသောဓာတ်ပုံဆရာသည် ခြေထောက်တွင်လဲဗွေပါ၏း)

    ReplyDelete
  9. သတိုးသမီးလေး လမ်းလျှောက်တာ မှုန်ဝါးဝါးပေမယ့် ယဉ်စစ ရှိလှဒယ် ။
    နောက်ပို့ စ် ဆို ဆွမ်းဦးပုညရှင် ရောက်တော့မယ် ထင်တယ် :D

    ReplyDelete
  10. “ခဥမ က စကားသိပ်ပြောတာမဟုတ်ဘူး လက်ပဲပြောတာ” ဆိုတဲ့ဟာက ဘယ်လိုမျိုးကြီးလဲငှင်? ဆွံ့အနားမကြားသူတွေ ပြောသိုမျိုးပြောတတ်တာလား? ဒါမှမဟုတ် သွားလေရာ ကီးဘုတ်ကြီးတခုထမ်းထမ်းပြီးသွားတတ်လို့လား?

    ReplyDelete
  11. ဟန်ကြည်December 1, 2011 at 3:42 PM

    သတို့သမီးကတော့ ပျော်ပေမပေါ့ သတို့သားပဲ ခေါင်းကြီးမှာ...ဘာစရိတ် ညာစရိတ်တွေကလည်း ဈေးကြီးပါဘိသနဲ့ စောစောစီးစီး မင်္ဂလာဆောင်ထားမိတာတောင် ကျေးဇူးတင်ရမယ် ဒီခေတ်လိုသာဆို ကျကျနနတောင် အိုနိုင်မယ်မထင်ဘူး...

    ReplyDelete
  12. your camera is something wrong....

    ReplyDelete
  13. သတို့သမီးလေးပုံကိုသိပ်သဘောကျသွားတယ်၊မခို့တရို့
    နဲ့ ရှက်နေသလိုလိုပုံလေး....၊မျက်နှာမသဲကွဲအောင်ဝါး
    သွားတာအမျိုးကောင်းသွားတယ်...၊ထင်ရှားနေရင်အားနာ
    စရာ...၊အပေါ်ကအိမ်လေးက မင်္ဂလာပွဲကျင်းပမယ့် အိမ်
    ထင်ရဲ့...၊ပြင်ဆင်ထားတာလေးလည်းချစ်စရာကောင်း
    တယ်...၊သိန်းရာကျော်ကုန်တဲ့ မင်္ဂလာပွဲထက်တောင်
    ရိုမန့်သေးတယ်ထင်တာပဲ....၊ဆွမ်းဦးပုညရှင်ကို ဖြည်း
    ဖြည်းပဲသွားနော်....:)))

    ReplyDelete
  14. မင်္ဂလာပါ...

    သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

    Myanmar Online Music: http://www.myanmaronlinemusic.com/

    ကျေးဇူးပါ...

    ReplyDelete
  15. မမကွန်ကို ပြောထားရအုံးမယ်၊ နောက်တခါ သွားနေလာနေတုန်းရိုက်ရင် camera mode ကို sports မှာထားပီးရိုက်ပါလို့

    ReplyDelete
  16. ဟိုးနှစ်တုန်း စစ်ကိုင်းရောက်တော့ စစ်ကိုင်းမှာ မကွန်ပုံထဲက အရောင်အတိုင်းပဲ မှုန်မှိုင်းမှိုင်းကလေး...။

    ReplyDelete
  17. ဟိုးနှစ်တုန်း စစ်ကိုင်းရောက်တော့ စစ်ကိုင်းမှာ မကွန်ပုံထဲက အရောင်အတိုင်းပဲ မှုန်မှိုင်းမှိုင်းကလေး...။

    ReplyDelete