Sunday, December 18, 2011

ဟိုရောက်ဒီရောက် ဗြောက်သောက် 2






















အမျိုးတစ်ယောက်အိမ်တွင်ရောက်စဉ်ရိပ်ကနဲမြင်ရွေ့ဖမ်းဆွဲထားလိုက်ခြင်းဖြစ်သည်။






























ဘာရယ်ညာရယ်မသိ..euphoria ဘာလဲမေးလျှင်တော့အခက်.schizophrenia နင့်နီးစပ်သည်ဟုဖြေလျှင် မဗျိုင်းဖြစ်ပြန်ပီ ဖြစ်သည်။ ဒါတောင် တစ်နစ်သုံးခေါက်ပြန်သူဖြစ်၏။ ခက်သည်က စိတ်ဝင်စားမှုများလျော့ကျသွားခြင်းဖြစ်သည် ဘာကိုမျှ စိတ်မဝင်စားတော့. nothing is interesting and nothing is exciting ဖြစ်သည်. ဘောစ်က non panic ဟု မှတ်ချက်ချ၏။
































ကျွနိုပ်တို့မြို့ကြီးသည်လည်းစည်ကားပါပေ၏။ မည်သည့်နေရာလည်းဟု recall ခေါ်ရာမရချေ.။ ရေးတေးတေးဖြစ်သည်။






















သေချာသည်ကတော့မောင်အေးရောက်သွားခြင်းဖြစ်သည် ထပ်တရာနံပြား ကိုမှာသည်မှာခင်ဦးမေအပြစ်မဟုတ် .ပဲနံပြားမှာရာ ပဲပြုတ်ကုန်နေသဖြင့် မလိုင်နင့်စားရသည်. ဘိုက်ပြည့်နေသော်လည်းစား၏. စမူဆာဝယ်သည်။ မောင်အေးစမူဆာသည် နာမည်ကြိးသည် မောင်အေးသည် ထိုနေရာတွင်ဖွင့်သည်မှာ နစ်ပေါင်းမနည်းတော့ချေ. မျိုးဆက်သစ်များပင်ဆိုင်ထိုင်နေကြပီဖြစ်သည်။






















ထိုမှသော်ရွေဘုန်းပွင့်ဘုရားနားရောက်၏.ဝင်မည်လုပ်ပြီးမှ မဝင်ဖြစ်လိုက်...



















တရုတ်တန်းဘက်ရောက်သွားပြန်ပီ.
ညဘက်သည်သွားစရာရှားသည် ညဆယ်နာရီကျော်လျင်ဘယ်သွားရမှန်းမသိတော့ အိမ်ကလည်းမပြနချင်သေး. အမျိုးများကလည်း အိပ်သည်မှာစောလှသည်.။
























စောစောအိပ်ရွေ့စောစောထကြသည်. ယောင်လည်ယောင်လည်နင့် အင်တာနက်ဆိုင်လည်းမရောက်.. သံယောဇဉ်ဖြတ်ထားသည် မဖြတ်လို့လည်းမရချေ. သူဖြတ်တော့လည်းကိုယ်ပြတ်ရသည်ပေါ့.. :(

























ဟင်းမချက်ချင်ဘဲချက်ရသောအခါ ကြက်သွန်နီထောင်းရင်းမျက်ရည်ကျ၏. မွန်သည်ကိုး........... ထောင်းရင်းနင့် ဖြတ်သွားသူကိုသတိရ၏. သတိရသောအခါ ငိုမိသည်.။ မင်းသားလုပ်ချင်သောအမျိုးသည် မှန်ကြည့်ကာမျက်ရည်ကျသကဲ့သို့ဘလော့ဂါသည်လည်း ကြက်သွန်ထောင်း ငရုတ်သီးထောင်းရင်းနင့် မင်းကို သတိရလိှု့ငါငိုတယ် ...........ဟုတွေးကာ ငိုသည်။ ငိုရင်း စာစီလိုက်သေးသည် အော်ဒုတ်ခ ဒုတ်ခ............


















သူမတွင်ချစ်သူများစွာရှိပါသည်။ မွေးနေ့တွင် ဆုတောင်းပေးကြသောသူများကိုချစ်ခင်စွာကျေးဇူးတင်ပါသည်။ လူတိုင်းက တော့မချစ်နိုင်ဟုတော့စိတ်လျော့ကာ မမျော်လင့်ပါ။ ဤမျှလောက်ချစ်စရာကောင်းသောသူမကို မချစ်သောသူကို ခပ်မဲ့မဲ့သာပြုံးပြမိပါမည်။
























တရုတ်တန်း၏ညသည် မအိပ်သေးပါ. လက်ဘက်ရည်ဆိုင် မုန့်ဆိုင် များဖြင့်စည်ကားသည်. ထောပတ်သီးကိုသိတ်မသောက်ခဲ့ရ အစိမ်းများနေသောကြောင့င်္မဖျော်နိုင်ချေ.

ထိုဆိုင်ကလေးသည် မိုးချုပ်၏. အေးချမ်းစွာပင်နေ၏. မိုးချုပ်သည်မှာ သူနင့်မဆိုင်သလိုပင်. ကားများစွာလည်းလာသည် သူမကဲ့သို့မအိပ်နိုင်သောသူများဖြစ်မည်.



















လက်ပတော့ကို လမ်းဘေးတွင်ချသုံးနေသည်မှာ ငေးမောကြည့်ရသည် . ခေါင်းမဖော်တန်းသုံးလေသည် ခဥမနင့်နင်လားငါလားဖြစ်သည်. ဘာဖြစ်လို့ဒုံးဟု ထုံးစံအတိုင်းစပ်စုရာ လိုင်းကောင်းတုံးအားလုံးဒေါင်းထားကာပြီးလျှင်စုဖတ်သည်ဆိုသည်.

ခဥမဘလော့များပါမလားဟုမျှော်ကာ မျှော်ကာ ကြည့်သော်လည်းမပေါ်လာချေ. သတင်းများကိုဦါ်စားပေးဖတ်သည်ကိုတွေ့ရသည်. စိတ်လျော့ကာ နွားနို့ကိုမော့သောက်လိုက်လေသည်. ဂွက်. (good မဟုတ် guet. ဂွက်)



















23 comments:

  1. ခဥမဘလော့များပါမလားဟုမျှော်ကာ မျှော်ကာ ကြည့်သော်လည်းမပေါ်လာချေ. ^_^

    ReplyDelete
  2. မမကွန်ကမျက်ရည်ကလည်းလွယ်တယ်လား..
    ကြက်သွန်ခွာတာကိုလွှဲချလိုက်တယ်
    ဧကန္တ...

    ReplyDelete
  3. လမ်းဘေးမှာကွန်ပြူတာသုံးနေတာကို
    တောင်းသုံးလိုက်တာ မှုတ်ဖူး.။
    ကျနော်လဲ ပြန်ရင် စောအိပ်ဖြစ်တာများတယ်..။
    ရွှေဘုန်းပွင့်ဘုရားအကြောင်း (ဦး)သာဓုရေးတဲ့
    စာအုပ်တအုပ်မှာ ဖတ်ဖူးတယ်..။
    လူမျိုးခြားနဲ့ ဘုရားလူကြီးတူမနဲ့ မဖြစ်စေလိုကြောင်း
    ရေးထားတဲ့အပိုဒ်မှာ..။
    ဟမ်......မဆိုင်တာတွေ ဝင်ပြောမိနေတယ်။

    ပုံ..။
    Xထုံ

    ReplyDelete
  4. တီတင့်လည်း KOM လိုပဲ လိုင်းကောင်းတုန်း ဒေါင်းစရာ
    မှန်သမျှ အားလုံးလိုက်ဒေါင်းလေ့ရှိတယ်း)
    ပြီးမှစုဖတ်တယ်။
    အထူးသဖြင့် ခရီးတစ်ခုသွားတော့မယ်ဆိုရင်
    ညီမရွှေစင်ရဲ့ ဘာသာပြန်တွေကို ဒေါင်းသွားလေ့ရှိတယ်။
    KOM သောက်တဲ့ နွားနို့သောက်ချင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. KOM ဒေါင်းတာမဟုတ်ဘူး..တီတင့်။

    လမ်းဘေးကလူဒေါင်းတာကို KOMကသွားမေးပြီး ပြန်ဖောက်သည်ချနေတာပါ..။

    ပုံ..
    မနေနိုင် မထိုင်နိုင်ထုံ

    ReplyDelete
  6. ကြက်သွန်ထောင်းလို့ ကျကျ...
    သတိရလို့ ကျကျ...
    သူဖြတ်သွားလို့ ကျကျ...
    သူစိမ်းတွေ ဖြစ်သွားလို့ ကျကျ...
    မျက်ရည်ဆိုတာ သိမ်းထားဖို့မှ မဟုတ်ပဲလေ...။


    ပုံ..။
    Xထုံ

    ReplyDelete
  7. ကြက်သွန်လှီးရင်.ညက်ရည်မကျရအောင်
    ညက်မှန်တပ်ကာ.လှီးပါလေ..အမတော်း)))
    ဖတ်ရင်..ဖတ်ရင်း.ပြုံးသွားရပါကြောင်း

    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  8. အမကလဲ kom ဘလော.ကို ညွှန်းလိုက်တာမဟုတ်ဘူး အဲဒါဖတ်ကြည်. ကောင်းတယ်ဆိုပဲ ဆိုပြီး
    ကွကို ညွှန်းတတ်သူတဦး

    ReplyDelete
  9. ပုံဆွဲတာလဲ လက်ရာတယ်ကောင်းပါပဲ..
    N/A

    ReplyDelete
  10. ပုံဆွဲတာလဲ လက်ရာတယ်ကောင်းပါပဲ..
    N/A

    ReplyDelete
  11. သူမ၏ မဲ့ပြုံးနှင့် ချစ်ရည်ရွှန်းသော မျက်လုံးများသည် စွဲမက်ဖွယ်ကောင်းလေသည်။

    ReplyDelete
  12. ဟုတ်တာပေါ့နော်... ဒီလောက် ချစ်စ၇ာကောင်းတဲ့ မမကို မချစ်ကြသူများကို....:):)

    ReplyDelete
  13. ၀ါးလားလား ရန်ကုန်လာပီး ဆမူစာ ၀ါးသွားတယ်ပေါ့ ညနေဖက်မှာမှ ရောင်းတဲ့ မောင်အေး အသားကင်ကော မစားသွားဖူးလားဗျး))))))x- မမခင်ဦးမေမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမ

    ReplyDelete
  14. ကန်ဒီလည်း ကြက်သွန်ထောင်းရင် ငိုတယ်
    စမူဆာ စားချင်တယ် :D

    ReplyDelete
  15. မမရေ
    တိုရှည်လဲကြုံရင်စားပါ
    ပုံလဲရိုက်ခဲ့ပါ
    ပဲနှစ်လေး ငရုတ်သီးနီကြော်လေးနဲ့လေ

    ReplyDelete
  16. ကိုအောင်(ပျူနိုင်ငံ)December 18, 2011 at 11:02 PM

    စားနိုင်သူတွေမို့ စားကြပါ စားကြပါ .. သွားနိုင်ခွင့်ရှိသူတွေမို့ သွားကြတယ် သွားကြတယ် ...

    ReplyDelete
  17. ဘလော့ဂါသည်လည်း ကြက်သွန်ထောင်း ငရုတ်သီးထောင်းရင်းနင့် မင်းကို သတိရလိှု့ငါငိုတယ် ...........ဟုတွေးကာ ငိုသည်။ ငိုရင်း စာစီလိုက်သေးသည် အော်ဒုတ်ခ ဒုတ်ခ............

    ReplyDelete
  18. မောင်အေးက အသားကင်ဆိုတာ စားချင်ထှာ
    မဲ့ပြုံးမပြုံးပါနဲ့ ငါးသလဲထိုးပြုံး ပြုံးပါ

    ပုံတွေ မမြင်ရဘူး

    ReplyDelete
  19. သန်လျင်သားDecember 19, 2011 at 7:44 PM

    ရန်ကုန်မြို့ရဲ့ ညအလှမှတ်တမ်းကို စင်ကာပူဆန်ဆန် လာကြည့်တွားပါတယ်..အမရေ..ဟီးဟီး

    ReplyDelete
  20. အစ်မကွန်က ဘာများ အားငယ်စရာရှိလို့လဲနော်
    မွေးနေ့ဆုတောင်းပေးကြသူတွေမှ အများကြီးပါ။
    ဘယ်ဘလော်ဂါမှ အစ်မခင်ဦးမေလောက် မွေးနေ့ဆုတောင်းမရကြပါဘူး
    ဒါ လူချစ်လူခင် ဘယ်လောက်များတယ်
    နာမည်ဘယ်လောက်ကြီးတယ်ဆိုတာ သက်သေပြနေတာဘဲလေ။ဟုတ်ဘူးလား
    ဒါများ မချစ်တဲ့သူတွေဘာညာ ပြောနေသေးဒယ်.

    ReplyDelete
  21. ဘလော့ဂါ ပီသပါပေတယ်..ကြက်သွန်လှီးလို့  မျက်ရည်ထွက်တာတောင် စာစီလိုက်သေးတယ်..း) မမကွှန်ပို့ စ်တွေဖတ်နေရလို့ သာ ရန်ကုန်နဲ့  မျက်ခြေမပြတ် ဖြစ်နေတာ..နို့ မို့  ဒွတ်ခ..

    ReplyDelete
  22. ဖြတ်သွားသူကို သတိရတယ်ဆိုလို့ပါ.. မက်ဆေ့ကြီးပဲ ပို့မနေနဲ့လေ အမရ။ သူက မက်ဆေ့ ဆို မဖတ်ဘူးနေမှာ whatsapp လေး line လေးတွေကနေ ရုပ်ပြောင်လေးတွေ ပို့ကြည့်ပါလား။။ ပြန်မလားလို့ ။

    ReplyDelete
  23. ဖြတ်သွားပါတယ်ဆိုမှ...... .

    ReplyDelete