Tuesday, December 13, 2011
မြွေဘုရား
မြွေဘုရားဟုဆိုလျင် confuse ဖြစ်ရသည်။ ပလိပ်က မြွေဘုရား လား စစ်ကိုင်းက မြွေဘုရားလားမေးလျှင်တော့ ပထဝီမကြေသော သူမသည်မဖြေနိုင်ပါ။ ကံတလူအနားတွင်ရှိသည်ဟုသာဖြေတတ်ပါသည်. ငါးမီနစ် drive အတွင်းဖြစ်ပါသည်.။ သာသနအလံလေးများလည်းမပေးလိုက်ပါ. သနပ်ခါးခြံ ရှိမှန်းမသိသည့်အတွက် ဆိုင်ကယ်ဆရာကို မပူဆာဖြစ်ပါ။
ထိုရက်ပိုင်း က မိုးအကုန် ဖြစ်သောလည်းမိုးဖွဲကလေးများရှိသေးသည့်အတွက် ပျော့နေသာမြေကြီးကိုနင်းရသောသူမသည်ပျော်ပါသည် ဇွိ ဇွိ နင့်အားရအောင်နင်းကာ လှပနေသောသဲပြင်ကိုဖျက်စီးပြီး ကျေနပ်ပါသည်။ ကိုယ့်ခြေရာများကို ကိုယ်ပြန်ကြည့်ကာ ပီတိဖြစ်သည်။ ဖိနပ်မှာကြီးသောကြောင့်ခြေရာကိုကြည့်ရွေ့ ငါးပေလေးလက်မဟုခန့်မှန်းနိုင်ပါသည်။
နင်းရသည်မှာပျော်စရာကောင်းလှသည်. beach မသွားနိုင်သေးသောသူဖြစ်သောကြောင့်ရှိသော သဲပြင်တွင်သာ ဆော့ရသောသူမသည် ပျော်ရွင်ပါသည်။
မြွေကြီးများထိုနေရာတွင် ရှိသည်။ မြွေဘုရားသမိုင်းမှာ ခပ်ဆင်ဆင်ဖြစ်သည် မြွေကြီးများဘုရားလာဖူးသည် ကျန်တာကတော့ကိုယ့်ဘာသာကိုယ်တွေးရန်ဖြစ်သည် လူများနင့်စကားပြောခဲသောခင်ဦးမေသည် သမိုင်းကို မေးမကြည့်ခဲ့။
အသည်းငယ်တတ်သောသူသည်မြွေကြီးများကိုခပ်လှမ်းလှမ်းမှနေရွေ့သာကြည့်ရွေ့ လက်ကိုဆန့်တန့်းကာ ဒါတ့်ပုံရိုက်သည်. ရဲရဲမကြည်ဲံ့ဝံ့။ အသည်းငယ်သည်မှာခက်လှသည်။ မိန်းကလေးဆိုလျင်အသည်းငယ်ပါသလား နလုံးရောဂါမျိုးရိုးရှိသောကြောင့်ပင်နလုံးအားနည်းသလား. ယခင်က အန်မတန်ရဲဝံ့သောသူမသည်ယခုအခါ နလုံးအားနည်းပါသည်. နလုံးအားနည်းကို အင်္ဂလိပ်လိုဘာသာ မည်သို့ပြန်ရမည်နည်း.။ ရန်ကုန်ပြန်စဉ်က အမျိုးတစ်ယောက် ဆီမှ သွေးဆေးတောင်း လာသေးသည်။ သောက်ရန်မေ့နေပြန်သည် သောက်ရဦးမည်. နလုံးငြိမ်ဆေး တို့ဘာတို့ညာတို့သောက်ရန်စိတ်ကူးထားသည်။
ဘာသာပြန်ခေါ်စဉ်ကာလကခြေလက်များကိုက်ခဲ့ပါသလားဟုသော သူမ၏မေးခွန်းကို မကိုက်ခဲဘူးခင်ဗျ. ညောင်းတာဘဲရှိတယ်ဆိုသောအခါ သူမသည် မျက်လုံး ကလေးကလည်ကလည်ဖြစ်ကာ ညောင်းသည် ဆိုသောစကားကို အဂ်လိပ်လို ဘာသာပြန်ရန်ကြိုးစားသော်ငြားလည်းမအောင်မြင်ပါ။
အသည်းထဲအေးကနဲဖြစ်သွားတယ်တို့ လှိုက်ကနဲဖြစ်သွားတယ်တို့ဆိုသည်မှာအားကြီးဘာသာပြန်ရခက်သော စကားများဖြစ်သည်.။
မြွေကြီးများမှာ သုံးကောင်ဖြစ်သည်. ယခင်ကလေးကောင်ဆိုလားဘာဆိုလား.. သူမကြည့်ရတာကြောက်သောကြောင့်ကြီးမားသောမြွေကြီးများသေးသွားစေရန် size ကိုချုံ့လိုက်သည်.
အုန်းသီးကိုထွင်းထားသောမျောက်ကလေးဖြစ်သည်. အသည်းယားသော်လည်းမျက်စိမှေးကာကြည့်သည်.ခ က်သည် သိတ်ခက်သည်။
ဘာဘဲဖြစ်ဖြစ်သူမပျော်ပါသည်။
18 comments:
  1. မရောက်ဖူးဘူး.။
    မြွေတွေကို စိတ်မဝင်စားဘူး.။
    မမအတွက်တော့ ဘုရားဖူးလိုက်ရတာ အမြတ်ပေါ့..။
    မိုးရေစိုနေတဲ့သဲမြေကို နင်းဖို့လဲ စိတ်မဝင်စားဘူး။
    မျောက်ပုံ အုန်းခွံကိုလဲ စိတ်မဝင်စားပါဘူး။
    ပုံ။
    အမှန်တကယ်
    ၅ပေ၄လက်မရှိသော Xထုံ
    ReplyDelete
  2. ဖိနပ်ကြီးတာစီးရင် ဘလပ်ဘလပ်နဲ့ ရွှံ့စဉ်တယ်။ သေးတာဝတ်ရင် ဖနောင့်ရွှံ့ပေတယ်
    ပုံ/တောသူတစ်ဦး
    ReplyDelete
  3. ဒီမျောက်အုန်းသီးက ပုံစံတစ်မျိုးလေး...
    ReplyDelete
  4. ဘလော့ဂါပီသပါပေတယ် မခင်ဦးမေရေ.. ဟိုရောက် ဒီရောက်နဲ့ စုံလို့ပါပဲ။ မခင်ဦးမေတစ်ယောက် ခြေထောက်မှာ ဗွေပါတယ်ထင်ပါ့။ အိုဗားမားတောင် မခင်ဦးမေလောက် ခရီးသွားနိုင်မယ်မထင်ဘူး...
    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ
    ReplyDelete
  5. ကိုအောင်(ပျူနိုင်ငံ)December 13, 2011 at 4:26 AM
    ဟိုးအရင်ကလို မြွေတွေကို ပခုံးပေါ် တင်ပြီး ဓါတ်ပုံရိုက်လို့ မရတော့ဘူးနော် ...
    ReplyDelete
  6. မမရေ ကိုယ်တိုင်ရောက်သွားသလိုပါပဲ..ကျေးဇူးပါလို့.. .ကြောက်စရာကြိးနော် ..မြွေကအကြိးကြီးပဲ...:):)
    ReplyDelete
  7. မမကွန်ရေ ဒါက ပလိပ်က ဟုတ်ဘူးပဲ..
    ဟိုမြွေဘုရားက ဘုရားပေါ်တက်နေတာဗျ..
    ဒီဘုရားတော့မရောက်ဖူးဘူး...။
    တော်ပါပေတယ်...အဲဒီမျောက်ကလေးတွေ
    ReplyDelete
  8. မြွေကိုတော့ ကြောက်လို့  ကျော်ကြည့်တယ်..မျောက်အုန်းသီးလေးက ချစ်စရာလေး...
    ReplyDelete
  9. အထက်အညာတစ်လွှား စုံနေတာပဲ ။
    မိုးညှင်း ၊ ဗောဓိတစ်ထောင်ဘက်ရော ရောက်ခဲ့သေးလား အစ်မကွန် :)))
    ReplyDelete
  10. မမကွန်သည်ခြေတော်တော်ရှည်ခဲ့ပုံရသည်။။
    မြွေတော့ဂျောက်သည် တော်တော်ဂျောက်သည် ။
    ချစ်သောဒိုးကန်
    ReplyDelete
  11. အဲဒီ့ဘုရားကို ငယ်ငယ်တုန်းက တခေါက်ရောက်ဖူးပါတယ်။
    ဒီမြွေမျိုးတွေက စိတ်ညှို့တတ်တယ်ပြောတယ်။ ခြေရာတွေ လူကြုံရှိရင်ဖျက်ခိုင်းလိုက်ပါအုံး။ ခြေရာကြည့်ပြီး စိတ်ညှို့ထားရင် လမ်းလျှောက်နေပေမဲ့ ရှေ့မရွေ့ဘူးပြောသံကြားဖူးတယ်။း)
    N/A
    ReplyDelete
  12. ဟိုး.....၁၀နှစ်ကျော်လောက်ကရောက်တုန်းကတော့ ဘုရား
    တောင် ကောင်းကောင်းမပြီးသေးဘူးဗျ....၊မြွေထားတဲ့ တိုက်သေးသေးလေးတစ်လုံးလားရှိသေး....။ဘိခ်ျ ဘာလို့
    မသွားနိုင်ရသတုန်း....၊ကိုမဆလာနဲ့ အိစ်ကို့စ် သွားပါတော့
    လား....အစ်မရဲ့....။ ကဲပါလေ.......ပျော်ရင်ပြီးတာပါပဲ...:)
    ReplyDelete
  13. ခရီးအများကြီးသွားပြီး အများကြီးရေးပါဦး အရီး...sorry..ကာရံလိုက်သွားလို့ပါ
    ReplyDelete
  14. မြွေများကို ချစ်ပါသည် ။အနီးကပ်ဆွဲမရိုက်ခဲ့သော ကြောင့် အားမရဘာ။
    ငါးပေလေး လက်မကို ရှည်သည်ဟုမပြောပါနှင့် ပုပါသည်။
    ReplyDelete
  15. ကံတလူ မြွေဘုရားကို ရောက်ခဲ့ပါပြီ ... ကျေးဇူးတင်ပါသည် ...
    ငြိမ်းစိုးဦး
    www.nyeinsoeoo.com
    ReplyDelete
  16. သူမ ပျော်လျှင် စာဖတ်ပိတ်သတ်တစ်ဦးဖြစ်သော ကျနော်လဲ ပျော်ပါသည်။
    (ခရီးတွေသွားနိုင်တာ အားကျတယ်ဗျာ။)
    လီယို
    ReplyDelete
  17. အုန်းသီးနဲ့ လုပ်ထားတဲ့ မျောက်လေးက တမျိုးလေး.. ပုံမှန်လုပ်နေကျပုံမဟုတ်ဘူး.. ချစ်ချာရေး.. :D
    ReplyDelete
  18. ငယ်ငယ်တုန်းကလေ ဇွန်မွေးတဲ့အချိန် မြွေဝင်တာရယ်၊ မြွေနဲ့အကျိုးပေးတောကြောင့် မြွေဆိုရင် မကြောက်ဘဲ အလိုလို စိတ်ဝင်စားခဲ့တာ။ ခုမြွေဘုရားလဲ စိတ်ဝင်စားတယ်၊ သွားကြည့်ချင်တယ်။ မမကို အားကျတယ်။
    ReplyDelete