Saturday, February 25, 2012

ပဲခူး ( 6)





















ပဲခူးမြွေဘုရား ဖြစ်သည်။ .. ယုံကြည်မှူကို ....အများ ၏ယုံကြည်မှုကို သုံးသပ်ရန်အကြောင်းမရှိပါ။
























ထိုအနားတွင် ဆိုင်ကယ်ဆရာလိုက်ပို့သောဘုရားများမှာ မှတ်ညဏ်မကောင်းသော ခင်ဦးမေသည် လိုက်ပို့သောဘုရားအမည်များကို မမှတ်မိတော့ချေ. .။ ထိုအချိန်ကတော့ တစ်တွတ်တွတ်ရွတ်ကာအလွတ်ကျက်ခဲ့သေးသည်. ရွေသာလျောင်း မြသာလျောင်း စိန်သာလျောင်းစသဖြင့်...






















ခဥမ၏ဘဝတွင် စာနစ်မျိုးကျက်ဘူးသည် အလွတ်ကျက်ရသောစာနင့် အလွတ်မကျက်ရသောစာဖြစ်သည် totally different ဖြစ်သည်။ ထိုနစ်ခုပြီးသောအခါ ဘာကိုမှ မကျက်တော့ချေ.။ စာဆိုလျှင်လှည့်မကြည့်။ စာကလွဲလျင်အားလုံးလုပ်သည်မှာ ယခုမှ မဟုတ်.. ဘယ်လိုများ အသက်ဆက်နေသနည်း ဆိုလျင်လည်း ရူးချင်ယောင်ဆောင်နေလေသည်။





















ခဥမသည် အပလာဖြစ်သော်လည်း အပလာမဟုတ်သူများသည်ခဥမစကားကိုနားထောင်ကြလေသည်။ ခဥမက organize လုပ်ရွေ့ ဟိုဟိုသည်သည် အကြံပေးသည်ကိုလိုက်နာကြသည် လိုက်မနာရွေ့လည်းမရချေ. ခဥမလက်ထဲက သူတို့ထွက်လာကြလေသည်မဟုတ်လား.။

































































လုပ်ဖော်ကိုင်ဖက်များသည်လည်း ယောကျာ်းလေးဟုသာ အောက်မေ့ကြလေသည်ထင်၏.
ဒေါင်းတည်မောင်းတည်များကို လုပ်လျင် လှည့်ကြည့်ရုံသာနေလေသည်။ တစ်ချိန်ကျလျင်တော့လွမ်းစရာလေးများဖြစ်မည်ထင်သည်. ခဥမသည် ယခုအခါ ဓါတ်ပုံများစွာရိုက်ထားလေသည်. တစ်ချိန်တွင် ငါဒါတွေ လုပ်ခဲ့ပါလားဟု အတိတ်ကို တူးဖော်လွမ်းဆွတ်နိုင်ရန်ဖြစ်သည်။

ပြောမည့်သာ ပြောသည် ခဥမသည် ကိုယ့်ကိုယ်ကို လှည့်စားကာစိတ်ချမ်းသာအောင်နေသောနေရာတွင်နစ်ယောက်မရှိချေ. စိတ်ဆင်းရဲစရာများကိုခေါင်းထဲမထည့်. စိတ်ညစ်ရမည်ဆိုလျင်ထွက်ပြေးသည်။ မေ့ချင်ယောင်ဆောင်သည် ပြန်တူးဖော်မည်ဆိုသည်မှာလေဖြစ်သည်.ကန့်လန့်ကာချရွေ့မေ့ပလိုက်မည်ဖြစ်သည်. တစ်သက်လုံးက မကြုံဘူးသယောာင်နင့်အားလုံးကို မေ့ပလိုက်မည့်သူဖြစ်သည် သတိရနေလျင်စိတ်ဆင်းရဲနေမည်သာအဖတ်တင်လေရာမေ့ပလိုက်သည်က အကောင်းဆုံးဖြစ်သည်။





















ဆုတောင်းပြည့်မည်ဆိုလျင်တော့လည်းတိတ်တစ်ခိုးဆုတောင်းကလေးတစ်ခုရှိပါသည် စာမေးပွဲတစ်ခုကို အောင်ချင်သည်ဖြစ်သည်. မည်မျှ တတ်စေကာမူ ticket ကလေးတစ်ခုမရှိလျှင် မျက်နာငယ်ရလေသည်။









































ဘဝဆုတောင်းကောင်းသူမို့ တစ်ချိန်တွင်ပြည့်မည်ဟုထင်မိပါသည်။

12 comments:

  1. အဲဒီလိုစိတ်ညစ်စရာတွေကို မေ့တတ်တာကောင်းတယ်.။
    မမကွန်.. ။ ပဲခူးမှာဓါတ်ကျနေပုံရတယ်.။ ကောင်းအိ.။

    ReplyDelete
  2. မမ ဆုတောင်းပြည့်ပါစေ..
    ပွင့်

    ReplyDelete
  3. ခဥမလက်ထဲက သူတို့ထွက်လာကြလေသည် ဆိုတော့ ဆုတောင်းပေးပ့တယ် အိမ်း ပြည့်စေကွယ် ဆုတောင်းတွေ

    ReplyDelete
  4. သူ့လက်ထဲက ထွက်ကြသည်ဆိုတော့ သူက လက်သည်ဆရာမကြီးများလားးး)း)

    မောင်ဘကြိုင်

    ReplyDelete
  5. ကိုယ့်ကိုကိုယ်လှည့်စားပြီး စိတ်ချမ်းသာအောင်နေတာ၂ယောက်မရှိတဲ့.....
    မှန်တယ်အမရယ်... သမီးလဲအဲလိုပဲနေတယ်...စိတ်တွေညစ်ချင်ဘူးးးးး....

    ReplyDelete
  6. ကောင်း၏... စိတ်ချမ်းသာ၏...

    ReplyDelete
  7. ဒီလိုစိတ်အေးချမ်းအောင်သူများတွေမနဲကြိုးစားကျင့်နေရတာနော်။ အားကျပါဘိ။
    အအရ

    ReplyDelete
  8. တကယ့်မြွေလား ဖလားဖလား ကလူကလူ
    လန့်ထှာ မမရယ်
    လှလည်း မလှဘူး လွမ်းလည်း မလွမ်းဘူး တွားးးးးး

    ReplyDelete
  9. မြွေစိတ်ပေါက်နေပီ
    တွားးးးးးးးး
    ခေါ်ဘူး

    ReplyDelete
  10. ဟံသာဝတီသူFebruary 26, 2012 at 9:23 AM

    ပဲခူးက မြွေမယ်တော်ကြီးအကြောင်းက စိတ်ဝင်စားစရာပဲ မမကွမ်။ သိချင်ရင် တိုးတိုးလေး ပြောပြမယ် :P

    ReplyDelete
  11. မမ KOM ပဲခူးရောက် တုံး က ဟင်္သာ ကုန်း ဘုရား ဖူး ခဲ့ လား၊ ဟင်္သာကုန်း ဘုရား မှာ ဟင်္သာအဖို က အောက် မှာ နား ပြီး ဟင်္သာ အမ က ဟင်္သာ အဖို အပေါ်မှာ နားနေတာတွေ့ခဲ့ လား။ အဲဒါ ကြည့် ပြီး ၊ ပဲခုးသားတွေ မိန်းမ ကြောက် ရ တယ် လို့ အထင် လွဲ နေ ကြ တာ။ အမှန်တော့ ပဲခူးသားတွေ မိန်းမ နိုင် တာ ပြ ထားတာ။ ဟင်္သာ ဖို က အတောင် ပံ ညောင်း လို့ ဟင်္သာမ ကို တက် နင်း ခိုင်း နေ တာ။ အမှန်တော့ ပဲခူးသားတွေ က မိန်းမ နိုင် ကြတယ် ဗျာ။။

    ReplyDelete
  12. ၁၀ပေ ကျော်တဲ့ စပါးကြီးမြွေ ကို အစာကျွေးတာ အဆင်မပြေပါဘူး ပါးစပ် ကို လက်နဲ့ ကိုင်ဟပြီး ကျွေးလည်း စားချင်မှစားတာပါ မလွယ်ပါဘူး ဘယ်လိုအစာစားလည်းမသိပေမဲ့ ကြုံဖူးတဲ့ တစ်ပတ်ကျော်ကျော်မှာ အစာလုံးလုံးမစား အစာ ကျွေးမရတာပါ...

    ReplyDelete