Thursday, February 9, 2012

လွမ်းလို့ရေးတဲ့စာ

ပျော်နေတယ်။ အလုပ်တစ်ရက်တိတိမသွားရတာဘဲ . အခုတစ်လော အလုပ်များတယ်။ ဘလော့သိတ်မဖတ်ဖြစ်ဘူး ကောင်းတယ်။ အချိန်ကုန်သက်သာတယ်။ ရေးတော့ရေးဖြစ်တယ။် ကောင်းတယ် စကားတွေ ပြောဖြစ်တာတာပေါ့။ မရူးတော့ဘူး။

သူငယ်ချင်းတစ်ယောက်ကိုသတိရတယ်။
အွန်လိုင်းမှာ အတင်းဝင်လာတဲ့သူငယ်ချင်းပေါ့၊ ဝင်လွန်းအေားကြီးလို့ထွက်ထွက်ပြေးရတယ်။ တော်တော်ကြာပီ။ ချစ်ခင်ဆဲဘဲ. မဆိုးဘူးဘဲပြောရမလား ။ ဆိုးတယ်ဘဲပြောရမလား. မဆိုးဘူးဆိုတာက ချစ်ခင်လက်စမပျက်တာ ဘဲ.။ ဆိုးတာကတော့ဆိုးတာတဘဲ။

မနက်ဆို ဘုရားစာဖွင့်တတ်တယ်။ ညဆို အရက်သောက်တတ်တယ်. မိန်းမမယူဘူး ယူရင်တစ်ယောက်ဘဲရမယ်လေ.။ ညဆို ကလပ်သွားသတဲ့ ။ ဘယ်က ပိုက်ဆံနဲ့သွားနေလဲမသိ. ကိုယ်လိုလူ သေငျေးတောင်မသွားနိင်တာ သူက သွားနိုင်တယ်။ နင်လုပ်စားနေသလား ဆိုတော့ အဖြေမပေးဘူး။

ကောင်မလေးတွေ ကိုချောမှ ကြိုက်တယ်။ ငယ်ငယ်လေးတွေ ကိုလှည့်စားတတ်တ်သေးတယ်။ ပြီးမှသနားလို့ပြန်ဖြတ်ပေးတယ်။ ခလေးမလေးတွေ သနားစရာ.။ ဒါမေ့ပဲ့ ကြာရှည်ခံစားနေတာထက်ကြာရင်ဖြတ်ပေးလိုက်တာ သူလေးတွေ အတွက်ပိုကောင်းတာပေါ့။

ခင်တယ် အတော်လေးခင်တယ်။ သောက်မြင်ကပ်ရက်နဲ့ကကိုခင်ရတာ ။ ခင်စရာလေဲမရှိဘူး ။ သူဘဲ အနားရောက်လာတာကို ..မမကို ချစ်တယ်ဆိုတဲ့သူတွေ က အ နားက ဘဲဖြတ်လျောက်နေကြတာ. ဆွဲလို့ အနေအထားကိုမရောက်လာကြဘူး။ ရောက်လာတဲ့သူကိုဆွဲရတာဘဲ။ မိန်းကလေးတွေ ရဲ့ဘဝက အဲဒါ သနားစရာစရာကောင်းတယ် ။ ချစ်ခင်တစ်ကယ်ချစ်ခင်သူကတစ်ယောက် သူက မဆက်သွယ်လာရင် ဘာမှ လုပ်လို့မရဘူး။ ကိုယ့်ဘက်က မြောင်းဖောက်ပေးပေမဲ့သူက မဆင်းချင်တော့လဲ ဘာတတ်နိုင်မလဲ စီးတာလဲ့မြောင်းကလေးတစ်ခုမှာ ဘဲခြေသွားဆေးရတာပေါ့.။

စိတ်မဆိုးတတ်ဘူး။ သူများတွေ ကိုတော့မသိဘူး မမ ကိုတော့အခုထက်ထိစိတ်မဆိုးသေးဘူး ဆိုးသွာလဲ အေးသွားတာဘဲ။ ခဏ စိတ်မကောင်းဖြစ်ပြီးရင် မေ့သွားမှာပေါ့.။ ကောင်းတဲ့ကောင်မှ မဟုတ်ဘဲ။

ဖုံးဆက်ရင်ကိုင်တယ်။ အဲသာလေးတွေ ချစ်ရတယ် အိပ်နေလဲကိုင်တယ်။ နိုးနေလဲကိုင်တယ်။ ရောက်တဲ့အရပ်က ကိုင်တယ်။ တစ်ချို့က ဆွဲချင်ပါတယ် မောင်ရယ် ဆိုရင်တောင်ကျင့်စဉ်လိုတယ် ဆိုပြီးထွက်ပြေးမှတော့ဘယ်နဲ့လုပ်မလဲ။

မမပျောက်နေလဲ လိုက်ရှာတတ်တယ်။ အားမနာတတ်ဘူး။ ရည်းစားကိုတော့ကြောက်ရတယ်။ ခြိမ်းခြောက်တတ်လွန်းလို့ ကြောက်ပါတယ်ဆို. အသံနဲ့သိတ်ခြောက်တတ်တယ်။ မြေ့ပာပါနဲ့ဆို သိတ်ပြောချင်တယ်။ အဲသကာကိုကြောက်လို့ ..........စိတ်ညစ်ရတယ်။ အားလုံးကောင်းပါတယ်. လိမ်ပြောတတ်တာ လေးတစ်ခုဘဲရှီတယ်ဆိုသလိုဘဲ ။. တို့ကလေ မထိန်းလိုက်နိုင်ဘူး ဆိုပြီး ပြောလိုက်တာဘဲ ဆိုးတယ်။ အဲသည်တော့သူမေးသမျှကို အမှန်မဖြေဘဲေ လျာက်လျောက်ပြောရတော့တာပါ။

ခေါ်မဲ့သူမရှိဘူးလား လို့လဲစော်ကားမော်ကားမေးတတ်သေးတယ်။ အို... ပစ္စည်းတွေမှ အပုံလို့ပြန်ဖြေကာ မှတန်ရာကျတယ်။

လေကလဲမြင့်တာ နစ်ယောက်မရှိဘူး. ။ မနေ့က ဖုံးဆက်ကြည့်တယ် ။ ဘယ်ရောက်နေလဲဆိုတော့ မန်းဒလေးတဲ့ ဘာလုပ်နေလဲဆိုတော့သောက်နေတယ်တဲ့။ ............လာသောက်ပါဦးတဲ့ .ကျေးဇူး. မမ..မသောက်တတ်ဘူး.။ ကြုံရင်တော့လဲသောက်ကြည့်သေးတာပေါ့..

အဆင်ပြေပါစေ. သူငယ်ချင်း..

15 comments:

  1. ချစ်ချင်ပါသော်လည်း အသက် ၃၀ ကျော်ကောင်ကြီးများ စိတ်မ၀င်းစားဆိုလို့ ကြိတ်ခြစ်နေရသူ ...မောင်အုန်းခြစ်

    ReplyDelete
  2. Mg Ohn chit, hehee:))

    ReplyDelete
  3. မြောင်းထဲမှာ ဘဲက ဘာလို့ခြေသွားဆေးတာလဲဟင်? ဘဲတွေမှာ ခြေချောင်းလေးတွေကြား အရေပြားနဲ့ဆက်နေတဲ့ပုံ စိတ်ကူးထဲပေါ်လာတယ်.. ဟာ.. မဟုတ်သေးပါဘူး၊ တော်တော်ဦးဏှေက်စားတယ်၊ ပြန်ပြီး သုံးလေးခေါက်လောက်ပြန်ဖတ်ကြည့် အုံးမှထင်တယ်၊ ဒုက္ခပါပဲ။

    ReplyDelete
  4. ဟိဟိ ဟိုဘဲမဂျီးလား ဟိုတစ်ယောက်လားးးးး)))))

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  5. သြော်....သြော်...
    လွမ်းချင်တော့လဲ ..ဒီလိုပဲ ကြံ ဖန် ပြီး လွမ်းနေတာပါလား..။
    ကျနော့်ကို စောင်းရေးနေတာမို့လား.။
    သိပါတယ်လေ...။
    ဟားဟား


    ပုံ။
    Xထုံ

    ReplyDelete
  6. ကိုယ်နဲ့ မဆိုင်ဘူးလို့ တွေးလိုက်တယ်။
    ဟင်..ကိုယ်နဲ့ ဘယ်ဟာများဆိုင်လို့ လည်းလို့ ထပ်တွေးမိတယ်။

    အအရ

    ReplyDelete
  7. ရောက်ခဲ့ တယ် ခုမှရောက်လာတာ။ သတိရတယ်။ ဘာပဲပြောပြော သတိရတာကသတိရတာပဲ နေမကောင်းဘူး။ စိတ်လဲမကောင်းဘူး။ရင်ကြပ်နေတယ်။ ဘယ်လိုလဲမသိဘူး။ ဒါပဲ ပုံ ဖုန်းဆက်လာခဲ့ သောနူးညံ့တဲ့ ကောင်လေး

    ReplyDelete
  8. စိတ်ဝင်စားမိသီလိုရှိသော်ညားမမသူငယ်ချင်းဆိုသောကြောင့်လေးဆယ်တန်းဖြစ်မည်ထင်ပြီးလက်လျှော့သွားရှာပါတယ်


    စိတ်နာတတ်သူ

    ReplyDelete
  9. ရေးထားတဲ့စတိုင်လ်ကတော့ လန်နေတာပဲ
    (သိပ်နားမလည်သော်လည်း နားလည်ချင်ယောင်ဆောင်သွားသူ လီယို)

    ReplyDelete
  10. ရေးထားတဲ့စတိုင်လ်ကတော့ လန်နေတာပဲ
    (သိပ်နားမလည်သော်လည်း နားလည်ချင်ယောင်ဆောင်သွားသူ လီယို)

    ReplyDelete
  11. 30 ကျော်မှ ခြစ်ပါသည် ။မောင်အုန်းခြစ်.

    ကိုမောင်ဝေးညဏ်မှီလိမ့်မည်မဟုတ်ပါ။

    ဟိုတစ်ယောက်လား ဒီတစ်ယောက်လား ရေးတုံးကတော့ဟိုတစ်ယောက်ကိုရေးတာဘဲ ဒါပေမဲ ]ဟိုလုလိုလိုဒီလူလိုလိုဖြစ်ကုန်တယ်။

    ဟုတ်တယ်ေ စာင်းစောင်း..

    အိုင်အိုရာနဲ့ဆိုင်တာကတော့အကြော်စုံဘဲ ဟင်း.

    ဘီနိုနဲ့ ကျန်သူအားလုံးကျေးဇူး။

    ပုံဖုန်းဆက်လာခဲ့ သောနူးညံ့တဲ့ ကောင်လေးတို့မှာလဲ ကောင်လေးတွေ များနေလို့ဘယ်တစ်ယောက်လဲ
    ဒွိဟဖြစ်ရတယ်။

    မမသူငယ်ချင်းများသည် ငယ်ရွယ်သူများဖြစ်ကြောင်း ကာကာ အားရှိစေရန်သိစေလိုသည်။ ပုံ လက်မလျော့စေလိုသူမမ..

    လီယိုကနားမလည်ပေမဲ့လာလာဖတ်ပေးလို့ကျေးဇူး။

    ReplyDelete
  12. ဖုန်းနံပါတ်လေးများမစလျှင် အတင်းဝင်ရောမည် ....
း)း)



    မောင်ဘချိုင် အဲမောင်ဘကြိုင်

    ReplyDelete
  13. အင်း မောင်...မောင်...သေနာကြီး ကွန်ကွန့်အဆွဲ မခံဘူး ရှောင်ပြေးနေတယ် ဟင်းဟင်းဟင်း....တနားပါတယ် ကွန်ကွန် :sad:

    ReplyDelete