Sunday, February 26, 2012

ဒီလိုပါဘဲ.

9

ယနေ့အစ်ကို ဝမ်းကွဲ အိမ်လာအိပ်မည်ဖြစ်သည်. ။ မတွေ့တာ နစ်ပေါင်းမရေတွက်နိုင်..........ညီမဝမ်းကွဲကိုလည်းလာအိပ်ဘို့ခေါ်ရမည်။ တစ်ညနင့်တစ်မနက်သာ စလုံးတွင်နေမည်ဖြစ်ရာ သူ့သဘောအတိုင်းဖြစ်သည်။ စာအလွန်တော်သောအစ်ကိုဖြစ်သည်။ အမျိုးနည်းသော ခဥမည် ရှားရှားပါးပါး အစ်ကို ကို ချစ်သောငြားအဆက်အသွယ်မရှီလှချေ.


11


အမေရိကားတွင်နေသည်ဟုဆိုကာ လိပ်စာပေးထားသော်လည်း. ယခုအထိ မမှတ်မိ. အမေရီကားတွင်နေသည်ဟုသာ မှတ်ထားလေသည်။

4


2


မတွေ့သည်မှာ ဆယ်နစ်ကျော်ခန့်ရှိပြီထင်သည်

3

စကာပူတွှု နေစဉ်ကလည်း မတွေ့ချေ. ရန်ကုန်မှ အမျိုးများလာလျှင် သာခေတ္တတွေ့ကြသည်။ အမေရိကား သွားခါနီးကို အချင်းချင်း မက်စိပို့ကာ နူတ်ဆက်သည် ။ သူသွားမည့်ညက ဖုံးခဏဆက်သည်.

12


စိတ်ဆင်းရဲစရာများကို မမှတ်မိတတ်သော ခဥမသည် အတိအကျ မှတ်မထားချေ.။ သတိရလျင် ဝမ်းနည်း..လွမ်းမည်ကို စိုးသောကြောင့်ဖြစသည် ။ ကြာပြီဆိုလျင် ကြာပြီဟုသာ မှတ်ထားလိုက်သည်။

8

ဂျီမှာ သူမိးစိမ်းနေလျှင် ဝမ်းသာသည်.။ သုံးလ.. လေးလ တစ်ခါလောက် သုံးလေးကြောင်းပြောသည် ။ သူ့မိခင် ဖခင် မာကြောင်းသာကြောင်းပြောသည် ။ ရန်ကုန်မှ မိဘ များဓါတ်ပုံသူ့ဆီမပို့ ...လူကြီးများအိုလာတာ မြင်လျင် သူစိတ်မကောင်းမှာဖြစ်သောကြောင့်ဖြစ်သည်။ သူများတွေ ပို့ချင်ပို့ခဦမ ကတော့မပို့ချေ.

7

ရှားရှားပါးရှား ဆယ်နစ်ကျော်မှ တစ်ခေါက် တွေ့ရမည်ဖြစ်သောအစ်ကိုဖြစ်သောကြောင့် ဒေါသဖြစ်ဖြစ်နင့် ခွင့်ယူလိုက်ရလေသည်.။ ခွင့်မှ ရွေထက်ရှားသောအရာဖြစ်သည် ဆိုလျင် သိတ်များပိုသွားမည်ထင်သည်.။

ပေးချင်ချင် မပေးမချင်ချင်ခွင့်ကိုင်သသောသူထံသိုံမက်စိပို့သည်။ Please accept my leave to see my cousin brother. we have not seen each other for more than 10 years ဟုပို့ရာ ခွင့်ကြပ်သော သူမတို့ငှာနတွင် လွယ်ကူစွာ approved ဖြစ်သွားလေသည် မည်သူငြင်းရက်မည်နည်း။

တွေ့မည်ဆိုတော့လည်းဝမ်းနည်းဝမ်းသာသည်။ မျက်ရည်လည်ချင်သည်။ ရှားပါးသောအမျိုးမို့လို့ မချစ်ဘူးထင်သော်ငြားလည်း အားကိုး.. .ဘာကို အားကိုးသနည်းမေးလျင်လည်းအဖြေမရှိ. သူထံမှ ဘာမှ ပက်သက်မှူမရှီပါ. သို့သော်အစ်ကိုသည် အစ်ကိုဖြစ်လေရာ.. အစ်ကိုရှိသည်ဆိုသည်ပင် အားကိုးဖြစ်လေသည်။

6

စလုံးအမျိုးများသို့သတင်းပို့သည်.။ လာမတွေ့လျှင် သူတို့အပြစ်ဖြစ်သည်။ အိမ်ရှင်းရမည်. ယခုထိအိမ်မရှင်းရသေး.။

Steve အမေရိကားသွားတုံးက အစ်ကိုံထံသို့ ကြိုက်ရာယူသွားပေးမည်ဆိုသော်ငြားလိပ်စာမပေးဝံ့ ဘာကြောင့်မပေးဝံ့သနည်း........ ။ သူ့ကိုသာမေးရန်ဖြစ်သည်. ။ Steve သည် လိမ်မာသလိုနင့်ဆိုးသူဖြစ်သည်.။ ဆိုးသလိုနင့်လိမ်မာတတ်သည်။ အဆိပ်ရှိသောမြွေလား အဆိပ်မရှိသောမြွေလား။ သူမ မခန့်မှန်းနိုင် ။ဝေးဝေးနေသည် က အနရယ်ကင်းသည်ဖြစ်သည်။ သူမကိုချစ်သည်ဟုတော့ထင်သည်. ။ မိန်းမတိုင်းသည် ဤသို့ချည်းဖြစ်သည် ဟု သူမ မဆိုလို...လူတိုင်း ကိုယ့်ကိုချစ်သသည်ဟုထင်နေသည်မှ ခဥမအတွက်ဆိုးလှသည်.


1


ညက သူ (သူဆိုသည်မှာ နောက်တစ်ယောက်ဖြစ်သည်. )။ သူ့ ကို အိမ်မက်မက်သည်။ သူနင့်အားရပါးရစကားတွေ ပြောကြသည်ြေ့ပာနေရင်းမှ ဟင် .သူငါ့ဖုံးကိုဘယ်တုံးကမှ မကိုင်တာဘဲ အခုဘာလို့ကိုင်တာလဲဟုစဉ်းစားသည်. ။ အို ဘာဖြစ်သလဲပြောပေါ့ဟုဆိုကာ ဆက်ပြောသည်။

5


ပြီးတော့မည်သို့မည်ပုံဖြစ်သည်မသိ ။ သူနင့် သူတို့အိမ်တွင် စကားတွေ ဆက်ပြောကြ ပြန်သည် ကလေးလေးတစ်ယောက်လည်းရှိသည် တူလားတူမ လားမသိ. သူ့ကလေးတော့မဟုတ်. သေချာသည် သူသည် လူပျိုဖြစ်သည် ။ ထိုအချိန်တွင့်သူ့အမေမှ လှပစွာဝတ်စားကာ ထွက်လာသည်. ကားယူသွားချင်သည်ဟုပြောသည်.။ ယူသွားပါဆိုကာတံခါးကိုသူသည် သေချာဖွင့်ပေးသည်. ထိုအချိန်တွင်သူမ နိုးသွားသည်။ူသူ့ဖုံးံန့ါါတ်ငါ့မှာမှ မရှီတော့ဘဲ ငါဘယ်လိုဆက်ပါလိမ့်ဟုစဉ်းစားသည်။ ငါသူ့ကိုအိမ်မက်မက်တာ ပြောပြချင်လိုက်တာ.... အီးမေလ်ပို့ရင်ကောင်းမလားစဉ်းစားသည် ။ စိတ်မချရသော သူမကို block လုပ်ထားသော အီးမေလ်သို့မပို့လိုတော့ပါ။ ဤနေရာတွင်ရေးသည်။ (မင်း ဘာတတ်နိုင်သေးတုံး။). သူများက သွားပြောလျင် ရေးပေါ့ဟု ခပ်ပြုံးပြုံးပြောနေမည့်သူကိုမြင်ယောင် သည်။ သူ့ရင်ထဲတွင် သူမ မရှိတော့ပါ။

မှတ်ချက်
ခဥမကို အများသူငှာချစ်ပါသည်ဆိုလျင်ရယ်ချင်လှသည်။


24 comments:

  1. ရီချင်တယ်လား ကြည်ခင်ရယ် ....
    ရီပါ ရီပါ
    စက္ကူပန်း ပန်းရောင်လေး လှ၏

    ReplyDelete
  2. ဟို စိမ်းစိမ်း သေးသေး ရှည်ရှည် ချွန်ချွန်လေး တွေလည်း လှ၏

    ReplyDelete
  3. မမဥ (အမယ်လေး ခေါ် ရတာ အူယား လိုက်တာ) အဲဒီ ..အကို နဲ့ မိတ် ဆက်ပေးလေ။ ကျွန်တော် ပိုက်ဆံ ပြတ် ရင်ချေး လို့ ရ တာ ပေါ့။ နောက် တ ခါ ပဲခူး သွား ရင် ကျွန်တော် ကို ခေါ်။ ကျွန်တော့် မြို့ လေ။
    ပျော်ရွှင် ချမ်မြေ့ ပါ စေ။

    ReplyDelete
  4. ဝေးကွာနေသောအစ်ကိုနှင့်ပြန်ဆုံလေသောအတွက်
    ထပ်တူဝမ်းမြောက်မိ၏
    KFC ကြက်ကြော်ကိုသွားရည်ကျသွား၏



    မောင်ဘကြိုင်

    ReplyDelete
  5. ဖတ်လဲဖတ် သွားရည် လဲ ယိုနဲ့
    ဆက်မဖတ်တော့ပဲ ခေါက်ဆွဲပဲ
    ထပြုတ်စားရမလိုလို ဟီးးးးးး
    ဗိုက်ဆာနေတဲ့အချိန်ဖတ်မိသွားတာကိုးးးး

    ReplyDelete
  6. အများသူငါမဟုတ်သော်လည်း ခဥမကို ကျွန်ုပ်ချစ်ပါသည်။

    ReplyDelete
  7. ခဥမကို အများသူငှာချစ်ပါသည်ဆိုလျင်ရယ်ချင်လှသည်။ << မီးချစ်ပါတယ် မမကွန် :'(

    ReplyDelete
  8. ကျနော်လဲ မမကွန်ကို ချစ်ပါ၏
    (လီယို)

    ReplyDelete
  9. ဧည့်သည်ဆိုလို့ ကန်ဒီတို့အိမ်မှာလည်း ဧည့်သည်တွေရောက်နေတယ်.. ဘုစုခရုလေးတွေရော @_@

    ReplyDelete
  10. ဓါတ်ပုံ တွေ ကြည်လင် ပြတ်သားလာပြီ၊ မခဥမ ကိုယ်တိုင်ရိုက်တာမှ ဟုတ်ရဲ.လားး)

    ReplyDelete
  11. ၁၀ နှစ်ကျော်အစ်ကိုကို အဲဒီခေါက်ဆွဲကျွေးပြီး နနွင်းမှုန့်ထုတ်လက်ဆောင်ပေးလိုက်မယ်လို့ ဆိုလိုတာလား..

    ပုံ
    အနည်းသူငါ စင်စင်

    ReplyDelete
  12. So funny bcoz of the last sentence. De Lo Par Pe, I'm not "we" but "I" love K.o.m....LOL..

    ReplyDelete
  13. ကျနော်လည်း ချစ်ပါတယ်.။
    (ထင်တာပဲ...)

    ပုံ..။
    ပေါက်ထုံ

    ReplyDelete
  14. ကြည့်ရတာ ဒီဘလော့ဂ်ပိုင်ရှင်ကို ကိုက်စားချင်တဲ့လူတွေ တနေ့တခြား များများလာသလို ထင်ရတယ်။

    ReplyDelete
  15. မိုက်တယ်.. ကွဲကွာနေတဲ့ဆွေမျိုးတွေနဲ့ပြန်တွေ့ချင်စိတ်
    တွေတောင်ဖြစ်လာပီ..

    ReplyDelete
  16. ချစ်ပါဘူး.
    KFC အစပ်ကြော်ဝယ်ကျွေးရင် ချစ်ဖို့ စဉ်းစားမယ်
    ပုံ
    ပွင့်

    ReplyDelete
  17. ဟုတ်တယ်
    ဓာတ်ပုံလေးတွေ အများကြီး ပိုလှတာတယ် အစ်မခင်ဦးမေ..
    အစားအသောက်ပုံတွေကလည်း သွားရည်ကျချင်စဖွယ်ပါဘဲ..
    အစ်မလည်း စိတ်ပျော်ရွှင်ချမ်းမြေ့ပါစေ..

    ReplyDelete
  18. မမကွန် ဓာတ်ပုံများ ကောင်းမွန်လာသည်..ဆယ်နှစ်ကြီးများတောင် မတွေ့ သော အကိုနှင့် ပျော်ရွှင်ကြပါစေ

    ReplyDelete
  19. မခးဌီ3ေ ကို ကျွန်ုပ်လဲဘဲချစ်ပါသည်။

    ReplyDelete
  20. အစ်မခဥမ....
    ၁၀နှစ်ကြော် ဝေးနေတဲ့ အစ်ကိုနဲ့ တွေ့ရမယ့် စိတ်လှုပ်ရှားနေတဲ့ ညီမလေးခဥမကို မြင်နေရတယ်။ ဓာတ်ပုံတွေ ကောင်းလာတယ်။ ကင်မလာများ ပြောင်းလိုက်လေသလား...။

    ReplyDelete
  21. မိုးပျံမFebruary 27, 2012 at 5:42 PM

    ကြုံရာငါ ပစ်ထည့်ဝါးရင်းနဲ့...မယ်တင်ငါလည်း နင့်ကို လွမ်းပါတယ်...

    ReplyDelete
  22. ပန်းပင်လေးတွေ အလွန်လှ၏။
    မမကွန် ဘလော့ကို လာမဖတ်ရလျှင် စားမဝင် အိပ်မပျော် ဖြစ်၏ ။ :)

    ReplyDelete
  23. မမကွန်ကို ချစ်ပါ၏

    ReplyDelete
  24. ပန်းပင်လေးတွေ အလွန်လှ၏။ မမကွန် ဘလော့ကို လာမဖတ်ရလျှင် စားမဝင် အိပ်မပျော် ဖြစ်၏ ။ :)

    ReplyDelete