Wednesday, July 4, 2012

ဟေ့ ချစ်ချစ်...

































နင့်မျက်နာလဲ ငါမကြည့်ချင်ဘူး ငါ့မျက်နာလဲ ငါမကြည့်ချင်ဘူး...................
ဘယ်သူမှ မရှိတဲ့ အိမ်ကို ပြန်လာတယ်။ အထီးကျန်တယ်. တစ်ယောက်ထဲ လို့ငိုကျွေးရင်းနဲ့ တစ်ယောက်ထဲ နဲ့နေပျော်တတ်နေခဲ့။ ဘယ်သူမှ မရှိလဲ နေလို့တတ်နေခဲ့ပြီ ထင်နေခဲ့မိ။ ဘာမှ ပြောစရာမရှိအောင်စကားလေုံးတွေ ပျောက်ကွယ်နေခဲ့ပီ။ ကွန်ပြူတာကိုထိုင်ကြည့်ရင်းနဲ့ ငိုက်ငိုက်ကျသွား ငါဇွဲကောင်းခဲ့လွန်းတယ်။
ဘာလုပ်ရမှန်းမသိ နွားနို့ထသောက်တတ်နေတယ်။
ချစ်တဲ့သူ တွေ ကို ပြန်မချစ်တာ ဘယ်နယ့်လုပ်မလဲ။ မချစ်ပါဘူးဆိုမှ မချစ်ပါဘူးပေါ့......... မ ချစ်လို့မုန်းသတဲ့လားဒါတော့ငါလဲ မတတ်နိုင် ဒိုင်းမွန်း ဖက်ဆီလတီ ကို value မရှိတဲ့နောက်ဖျက်သိမ်းခြင်းနဲ့ အဆုံးသတ်လိုက်တယ် ငါပျော်တတ်နေဘီ. ငါ့ကို စိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့သူကို နားလည်တတ်လာဘီ။ ငါငိုတဲ့အချိန်မှာ သူပျော်နေမယ်ဆိုတာ ငါသိခဲ့ဘီ။ ပျော်၇ွင်ပါစေ သူငယ်ချင်း........... လောကကြီးမှာ နောင်တ မရစေချင်ဘူး မရဘူးဆိုတာ သေချာပေမဲ့..

ချစ်တယ်ထင်လိုက်ပြီး မချစ်ဘူးဆိုတာ သိလိုက်ရပြန်တယ် ခက်လိုက်တဲ့စိတ် သိတ်ခက်တယ်။
ကဲ ရှေ့မျက်နာ နောက်ထား မချစ်တော့ဘူးလို့ဘယ့်နဲယ့်ပြောမယ်။

15 comments:

  1. မိုးယံJuly 4, 2012 at 3:10 AM

    နင့်မျက်နှာလဲ ငါမကြည့်ချင် ငါ့မျက်နှာလဲ ငါမကြည့်ချင်မှတော့...မချစ်ဘူးပြောဖို့ ဘာခက်တာမှတ်လို့

    ReplyDelete
  2. သံယောဇဉ်လက်ကျန် မနက်ဖြန်ဆက်ရန် ခက်နေလား
    တစ်ယောက်တည်းဘဝမှာ ဘယ်ဘက်ရင်အုံတခုလုံးကတော့ ပွစာကြဲလို့ 
    တခုခုကိုရှာကြည့်တယ် မတွေ့ အသံနားစွင့်မိတယ်
    မကြား ကိုယ်ရှိနေသေးတယ်ဆိုတာ ကိုယ်တိုင်မေ့နေတတ်ခဲ့ပြီ
    ကဲ ဘယ်လိုလုပ်မလဲ ခက်တယ်
    မချစ်မှန်းသိနေပေမယ့် လက်ကျန်သံယောဇဉ်တွေနဲ့
    တရေးပြီးတရေး နှပ်နေမိတယ် အိပ်မက်တွေတော့ လှမလာပါဘူး ညနေကလို ကန်ချက် ပိုးစိုးပက်စက်ထိတယ်
    ရင်ဘယ်ရင်အုံလေး အောင့်သွားတယ် မချစ်လို့  ထား ဂရုမစိုက်တော့လို့  သွားလဲ မတားရက်ပါဘူး မျိုးကြီးက သူစိမ်းတစ်ယောက်ပဲလေ

    ReplyDelete
  3. မိုးသိကြားJuly 4, 2012 at 7:05 AM

    မြင့်တာတော့ တော်တော်လေးကို မြင့်တယ် လိုက်တွေးကြည့်တာ မမှီဘူး။

    ReplyDelete
  4. ဒေါ်ခင်ဦးမေ တစ်ယောက် တရားတွေကျနေလိုက်တာ မယ်သီလရှင်ဝတ်သွားမှာတောင် စိုးရိမ်ရသေး၊ တော်ကြာ မမ ရေးတဲ့ ပို.စ်အသစ်တွေမဖတ်ရမှာကို စိုးရိမ်မိတယ်၊

    ReplyDelete
  5. ခရစ္စတလ်July 4, 2012 at 10:46 AM

    ခံစားချက်တွေအပြည့်နဲ့ ရေးထားတာတွေကို လာဖတ်မိတိုင်း ပြုံးဖြစ်သွားတယ်၊ အနဲဆုံးတော့ စာဖတ်သူကို ပြုံးဖြစ်စေတာပဲ၊
    ကျေးကျေး ချစ်ကွန် :P

    ReplyDelete
  6. သိပ်နားမလည်ဘူး....သေချာပြန်ဖတ်တယ်...ရေးတေး
    တေးပဲ....၊ဒီပို့စ်လောက် နားလည်ဖို့ခက်တာ ဒီပို့စ်ပဲ
    ရှိမယ်....သုံးခေါက်မြောက်မှာမှ တစ်ဝက်လောက်နား
    လည်သွားတယ်....ဟူး...အောင်မှတ်ရသွားတာ ကံ
    ကောင်းတယ်ပြောရမှာပဲ....။

    ReplyDelete
  7. လူ့စိတ်က အပြောင်းအလဲမြန်တတ်တာ သဘာဝပါပဲ.. မချစ်ဘဲ အတင်းချစ်ဖို့တော့ မကြိုးစားမိစေနဲ့နော် :D

    ReplyDelete
  8. အင်း........
    နှလုံးသားရှိလို့ ခံစားတတ်ခဲ့တယ်ဆိုရင်
    ဦးဏှောက်ကလည်း တွက်ချက်တတ်အောင် သင် ဗျး)

    ဟီ...
    အခွင့်ရေးရတုန်း ဆာ လုပ်ရတာ။

    ReplyDelete
  9. ဟန်ကြည်July 5, 2012 at 4:50 AM

    ဂျီးတော်ရေးထားတာ ရင်ထဲကို ဒိုင်းခနဲပါပဲလား...တကယ်ပဲလား အဟုတ်လားတော့ မသိဘူးဗျာ...အနှိုင်းကို ခံစားနိုင်ပေမယ့် အနှိုင်းခံကို မသိတော့ ကွန်မန့်ပေးရတာတောင် ခပ်ဝေေ၀ရယ်...

    ReplyDelete
  10. ပုံတွေကိုခွဲထုပ်ပြီးစာကို
    တဆက်ထဲရေးရင်သိပ်ကောင်းမှာပဲ
    ဖတ်ရတာ ဖီလ်း ငုတ်ငုတ်သွားလို့ 
    အကြံပေးတာပါနော်ဆရာလုပ်တယ်လို့ မထင်စေချင်ပါဘူး
    ပုံတွေသပ်သပ်ခွဲထုပ်လိုက်ရင်
    အခုရေးထားတဲ့ စာက သိပ်ဖတ်လို့ ကောင်းမယ်ဗျာ

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  11. ခင်ဦးမေ မချစ်သေးတော့
    တစ်ယောက်တည်း ကြိတ်မကြံနဲ့
    နွားနို့ကိုသောက် စစို့နော်
    တို့နှစ်ယောက်ဇာတ်လမ်း
    ကွန်ပြုတာရှေ့ထိုင် လူမရှိတာတွေ ဘေးမှာထား
    ချက်လိုက်တော့ အသင်စိတ်ထဲက လူနဲ့ဗျ

    ReplyDelete
  12. အချစ်ဦးဆိုရင် နားလည်ခွင့်လွှတ်မှု့တွေအပြည့်နှင့်ဆက်ချစ်နေမှာပါ

    zawnaingmyint,yekyi

    ReplyDelete
  13. ရည်စာဦးဆိုတာကောရှိသေးရဲလားဗျာ

    ReplyDelete
  14. ရည်စာဦးဆိုတာကောရှိသေးရဲလားဗျာ

    ReplyDelete