Tuesday, October 16, 2012

တူးဝိခ်.စ်

 ခြေထောက်များညောင်းနေသောကြောင့်ကိုယ့်ဘာသာကိုယ်ပြန်နိပ်ရသည် အုန်းမှူတ်ခွက်နင်းလျင်သက်သာသည်ဆိုသည်ကို သတိရသသောကြောင့်အုန်းမှုတိခွက်မရှိရာ ဒေါက်ဖိနပ် ထူထူတစ်ခုကို ပြောင်းပြန်လှန်ေ၇ွ့ ဒေါက်ကိုတက်နင်းသည် နဲနဲသက်သာသလိုခံစားရသည်။



ခဏခဏသွားစားသည် အသုပ်စားလိုက်အရည်စားလိုက်ဖြစ်သည် အီကောနော်မီလည်းဖြစ်သည် နစ်လည်းနစ်သက်သည်။ တစ်ရက်ထည်း လမ်းထွက်စားရာ တစ်ဘိုက်ထည်းရှိသောကြောင့်ဘက်ဂါကိုညစားရန် တာပေါင်း၏။



 ဒီနားဟိုနားဘဲသွားရာ ဒီနားဟိုနားဘဲတွေ့ရသည် ဟိုနားဒီနား မသွားနိုင်ချေ. အားမရှိ.


 အရည် အသုပ်. အသုပ် အရည်.။





ပူအိုက်စွတ်စိုသော အီကွေတာ ရာသီဥတုစလုံးတွင် အဲကွန်းအေးလျင် မခံနိုင်သော နာခေါင်း. rhinits ကြောင့်.မကြာခဏဝယ်ရသော. ..........ဦးထုတ်စလုံး တစ်ဆယ့်သုံးကျပ် မမငွေ ကိုးထောင်ကျပ်ခန့် (ဟင် . မနည်းပါလား. သို့သော်လည်းအသားကောင်းသည်။ )



ခြေအိတ်.........လျော်ပြီးတိုင်း ပျောက်သွားသည်။ သို့မဟုတ် မလျော်ခင်ပျောက်သည် သို့မဟုတ်. ဆွဲယူလိုက်လျင် အဆင်မတူတာဖြစ်နေတတ်သည် များလေကောင်းလေဖြစ်သည်။



 စလုံးခြောက်ကျပ်. မမငွေ လေးထောင်ကျပ်ခန့် မျက်နာသုတ်ပုဝါ. အခုလောလောဆယ် တစ်ဆယ်တန်သုံးနေသည် ခုနစ်ထောင်ကျပ်ခန့်. Pi ဘလောသွားဖတ်ပြီး ငွေနှုံးမြှောက်ရလွန်းသောကြောင့်ကိုယ်ချင်းစာကာ တစ်ခါတည်းမြှောက်ပေးသည်။



 ပိုက်ဆံအိတ် စလုံးတစ်ဆယ့်သုံးကျပ် မိုးကာသားကဲ့သို့ခပ်ချောချောဖြစ်သည် . ဒီလိုနဲ့အိတ်တွေ များပြီ. . (မမငွေ တစ်သောင်းကျပ်ခန့်...........မတန်ဘူးထင်တယ်။). တစ်ဆယ်ထင်လို့ဝယ်တာ တစ်ဆယ့်သုံးကျပ်ဖြစ်မှန်းပိုက်ချေကာနိးမှ သိရသည်. အို. နေပါစေတော့. အိမ်မှာအကြွေတွေ အများကြိးဘဲဆိုကာ ..



ရှမ်းခေါက်ဆွဲစားပြီးမှ ဆိုသော်ဖာလူဒါသာသောက်နိုင်သည် ဆိုင်မှငွေသိမ်းသောကောင်လေးသည် သဘောကောင်းသည် မြင်တာနင့်ပြုံးပြသည်. ဘာစားမလဲမေးသည်.ဖာလူဒါတစ်ခွက်ဆိုသေိာည်းရသည်. အများကြီးမမျော်လင့် ခေါက်ဆွဲကြော်လေးကျပ်ဘိုးစားသောကြောင့်လေးကျပ်တန်ဟု ဆက်ဆံလိုက်သောဆိုင်ကိုကြောက်သောကြောင့်ထိုဆိုင်ဘက်ခြေဦးမလှည့်ဖြစ်.  ယခုဖာလူဒါသောက်သောဆိုင်ကိုသာ ရဲရဲဝံန့်ဝံဝင်ရဲသည်။ ဖာလူဒါကြိုက်သည် ရန်ကုန်တွင် သွားသွားသောက်သည်. သာကေတဘက်မှ ဆိုင်သို့သွားသွားသောက်သည်။ ရေခွက်ကို လာမချပေးသောကြောင့်စိတ်မကောင်းဖြစ်ရသေးသည် ဒါကတော့ ငွေသိမ်းကောင်လေးနင့်မဆိုင် ဆိုင်မှကူသောကောင်လေးများနင့်ဆိုင်သည်. နောက်မှ လာချသောကြောင့်ကျေနပ်သွားသည် မဟုတ်လို့ကတော့ ခဥမ ကလောင်ရန်းသည်နင့် ဆိုင် စိတ်ဆိုးရမည်။ ဒါတောင် စကူမရ။ သူတို့ဆိုင်မှ စကူသည်ဇွန်းခရင်းထည့်သော ခြင်းတောင်းကလေးနင့်လာလေရာ ဘာမှ မစားသောကြောင့်ခြင်းတောင်းရောက်မလာခြင်းဖြစ်သည်. ခဥမ တော်တော်ဆိုးသည်.အားကြိးခံစားချက် ကြီးသည်။  ဒါတွေ ကိုသိသောကြောင့် rest room ဝင်ရင်း ယူလာသော တစ်ရှူးကိုသုံးလိုက်သည် အိမ်တွင် တစ်ရှူးအများကြီးအထုတ်လိုက်ရှိသည် ဝယ်ထားပြီးဘယ်နားသိမ်းမိသည်မသိသောကြောင့်ဖြစ်၏.



 သိသောမိတ်ဆွေ ဆရာနင့်တွေ့ရာ ဟယ် နုပြီးလှနေလိုက်တာ ဆိုသော်ကျေနပ်သွား၏။ မိန်းကလေးများစရိုက်ပါပေ။

9 comments:

  1. အဲ့လို နင်းပြီးရင် ခြေချက်ခြင်းမဆေးရဘူးတဲ့ .။ဆေးရင်း ဘိုက်ပူတတ်တယ်တဲ့.။ တိဝူးအမေပြောတာ.။ဟုတ်လားတော့မသိဘူး.။

    ReplyDelete
  2. ၄ကျပ်တန်ဆိုင်ကိုမပြေနိုင်သေးဘူး.. :).. မန်းလေးရောက်ရှမ်းခေါက်ဆွဲများများစားခဲ့ ၃၄ & ၇၄ ထောင့်က ရျွေမူဆယ်ကောင်းတယ်.. ဒီ၁ခါ အင်းဝ သွားခဲ့နော် မမလှလှ

    ReplyDelete
  3. နောက်တစ်ခေါက်အလည်လာရင် အုတ်မှုတ်ခွက် ယူခဲ့ပေးမယ် (ခဥမ တီတင့်ဆီလာယူမယ်ဆိုမှနော် :P) နည်းပေါင်းစုံသုံးပြီးခေါ်ကြည့်တာ ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အမ..ခြေအိတ်ကို တူတူတွဲပီးခေါက်လေ.. လျှော်ပီးရင်။





    မန

    ReplyDelete
  5. တူးဝိခ်.စ် ဆိုလို. နှစ်ပတ်စာအကြောင်းအရာများရေးထားသလားလို.။
    ဒါမှမဟုတ် မြန်မာပြည် ၂ပတ်ပြန်မလို.လားလို.။:)
    အုန်းမှုတ်ခွက်မလိုပါချေ။ ဒိုင်းဆိုဟုခေါ်သော ဂျပန် ဆိုင် စလုံး ၂ဒေါ်လာပေးရသောဆိုင်တွင် ခြေထောက်နင်းသော အပြားလေးများရောင်းမည်ဟု ယူဆရပါသည်။ စလုံးက ဒိုင်းဆိုကို မရောက်ဖူးပါ။ ထို.ကြောင်.ရမ်းသမ်းရေးပီး အကြံပေးပါသည်မမခဥမ။
    ထိုအပြားလေးကိုဝယ်ပီး နင်းပေးပါက အတော်သက်သာပါကြောင်း စေတနာလောင်းရ်ျ မန်.သွားပါတယ်။

    ReplyDelete
  6. အင်းလေးက ဖာလူဒါ နှင်းဆီအဆီ အရမ်းများလို့ မှာပြီးကုန်အောင်တောင်မသောက်နိုင်ဘူး ရွှေပုဇွန်ကဟာလေးသတိရတယ်

    ReplyDelete
  7. ဒီပိုစ့်ကို ၂ကြိမ်ဖတ်တယ် ဖဘနဲ့ ဒီမှာ ဟီး....
    လှတယ် နုတယ်ဆို သိပ်ကြိုတ် xD :P

    ReplyDelete
  8. ဘာဘဲပြောပြောနှစ်ခါတိတိ
    ဖတ်သွားတယ်မကြီးကွန်..

    ReplyDelete