x factor မှာ တစ်ယောက် ဆိုသွားတဲ့သီချင်း ကို ယူကျူမှာ ပြန်ရှာပြီး နားထောင်ဖြစ်တယ်။ သီချင်း မကြိုက်တိတ်ပေမဲ့ နဲနဲပါးပါေးလလေးတော့ကြိုက်တတ်ပါတယ် စာဖတ်တာကိုတော့ပိုကြိုက်တယ် မျက်စေ့သိတ်မကောင်းလို့ စာအုပ်တွေ မဖတ်ဖြစ်ပေမဲ့ အိမ်မှာ မီးရောင်က နည်းတာလဲပါတယ်။ ဖဘကိုဖတ်ဖြစ်တယ် ဘလော့အဖတ်နည်းလာတယ်။ ဘလော့က နဲနဲသိုင်းဝိုင်းတယ် အချိန်များများပေးရတယ် လူနည်းနည်းဆီဘဲရောက်တယ်။ ဖဘက တော့လူများများဆီရောက်တယ် ပေါ့ပေါ့ပါးပါးရေးကြတယ် ဖတ်ကြတယ် အတွေးတွေ ကို ချရေးဖြစ်တယ် ချက်ခြင်းလဲ response ရတယ်ဆိုတော့ အထီးမကျန်ပေမဲ့ အဖော်မဲ့တဲ့သူတစ်ယောက်အတွက် attention တစ်မျိုးရတယ်။ ဘလော့ကတော့အချစ်ဆုံးပါဘဲ. ဖဘက တော့ ဘလော့မရေးနိုင်တဲ့ အချိန်မှာ စပ်မိစပ်ရာ အရက်ကို ကွမ်းယာနဲ့ အစားထိုးသလိုဘဲ။ သီချင်းတွေ ဟာ အခုအချိန်မှာယူကျုမှာ လွယ်လွယ်ကုကူ ရှာတတ်ပေမဲ့ ဟိုတုံးက စကာပူရောက်ခါစအချိန်မှာ သီချင်းလာတဲ့ အချိန်ရှိတယ်။ MTV ပြတတ်တယ် အဲဒီအချိန်ကို သေချာ ထိုင်စောင့်ပြီးနားထောင်ကြည့်တယ်။ ယူကျူဆိုတာ ရှိမှန်းမရှိမှန်းတောင်မသိခဲ့သေးတဲ့အချိန်တွေပေါ့။ presenter ကနေပြီးတော့ဘာသီချင်း တောငးဆဆိုတယ်တို့ဘာတို့ညာတို့ပြောတတတယ် ဘာရယ်မဟုတ်ပါဘူး. သီချင်းလေးက ချိုတယ်။ သေချာတာ ကတော့ ညမိုးချုပ်မှာ သီချင်းနားမထောင်ဘို့ဘဲ တိတ်ဆိတ်တဲ့ ညက မျောသွားတယ်။။။။
တခါတလေ.ကလေးတွေနားထောင် နေတာလေးတွေကလဲ မထင်မှတ်ပဲ နားထဲစွဲသွားတတ် တယ်ဗျ
ReplyDeleteအချိန်မရလို့ ဘလော့နေရာကို ဖဘနဲ့အစားထိုးတယ်ဆိုပေမယ့် မှတ်တမ်းလေးသဘော ခြေရာချန်လို့ရတဲ့ ဘလော့ကိုတော့ အချိန်ပေးမဖတ်ဖြစ်တောင် ရေးဘို့ တိုက်တွန်းပါတယ် ခဥမရေ။ အမြဲဖတ်တဲ့သူတွေအတွက်ပေါ့နော်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သများတို့ကို ပစ်မသွားရင် ပီးရော ဘယ်မှာရေးရေးးး :)
ReplyDeleteထွက်သွားလိုက်ရတဲ့ အန်ကယ်ကြီး Justin ကိုပဲသဘောကြတယ် သနားလဲသနားတယ် :-(
ReplyDeleteI like that philipino guys.. he was gifted of god.
ReplyDeleteအဲ့ဒီသီချင်းလေး အရမ်းအရမ်းကြိုက်တာ.....
ReplyDeleteWhen you smile... The whole world stops and stares for a while cuz you are amazing.. just the way you are~~~~
အဲဒီချင်း ပစ်ပစ်လည်းကြိုက်တယ်မမကွန်
ReplyDeleteရေးချင်သလိုရေး ချစ်လျှက်အားပေးလျှက်
ReplyDeleteBruno Mars ကို ကြိုက်ရင် The Lazy Song ဆိုတဲ့ သီချင်းလည်း ကောင်းတယ်။
ReplyDeleteကျွန်တော်က ဒီသီချင်းလေးကို ကြိုက်တယ်ဗျ။
ReplyDeleteသူဆိုထားတဲ့ Millinor ဆိုတဲ့သီချင်းလည်းကောင်းတယ်ဗျ...။