Wednesday, May 18, 2011

ဘာညာဘာညာ



လေယဉ်ဖြင့်ခရီးသွားလျှင် လေယဉ်ပေါ်မတက်ခင် မုန့်စားထားသင့်သည်. ။ ရေသောက် .ဘာညာများအပြင် ဘိုက်မဆာစေရန်ဖြစ်သည်. မစားထားလျင် အားကြီးဘိုက်ဆာ တတ်သည်. လေယဉ်မယ်မလာမခြင်းမျော်ရသော ဒုတ်ခကိုကြုံဘူးသည်. သူကျွေးမှသာ ကိုယ်စားရသည်မဟုတ်ပါလော။ လေယာဉ်ပေါ်တက်တက်ခြင်း မျက်နာသုတ် စနိုးပုဝါများလာပေးသည်ကိုကားနားမလည်နိုင်ချေ. နားမလည်ပါးမလည်ခင် ကတော့ သူများယူသလို လိုက်ယူရွေ့သူများသုတ်သလိုလိုက်သုတ်ရာ မျက်နာပေါ်မှ မိတ်ကပ်များပြောင်သွား သည်ကိုတွေ့ရသည် မိုးမလင်းခင်ထလိမ်းခဲ့ရသည်ကိုမှ အားမနာ. နောင်သော်ယခုအခါတူကာ ယူရွေ့ မျက်နာမှလွဲေ၇ွ့အားလုံးသုတ်ပလိုက်ပေသည်. မယုံသူမရှိရာ.

လေယဉ်ကြီးပေါ်တွင်လည်း ဝင်းဒိုးဆိ မရကာ ခက်သည်. ဘယ်သို့ကြည့်ရမည်မသိ. အလည်ခုံကားအဆိုးဆုံးတည့် နစ်ယောက်ကြားတွင်ညှပ်ခါ အတော်နေရခက်ပေသည်။ အသွားတွင်က အပြောကောင်းရွေ့ ဝင်းဒိုးဆိရလိုက်သည်. သို့သော်ငြားဘလော့လုပ်ကောငးရွေ့အိပ်ရေးပျက်ရာ ပတ်ဝန်းကျင်အလှကို မခံစားလိုက်ရ လေယဉ်တက်သည်ကိုမျှ မသိ.အိပ်ပျော်သွားလေ၏.




အပြန်တွင်ကားသူများလင်မယား စကားပြောနေသည်ကို ချောင်းနားထောင်ကောင်းသောကြောင့် အသူတို့ဘာပြောနေကြနည်းဆိုသော် ခင်နင့်မောင်ကားခေါင်းချင်းရိုက်နေလေ၏. ခင်၏ လက်မှတ်တွင် အပြန် ဒိတ်သေချာပါပုံမရ. လေကြောင်းလိုင်နှင့်စကားပြောပြီးသကာလ ခေါင်းချင်းရိုက်ကာ. မည်သည့်ဒိတ်ယူရမည်ကိုသေချာ ဆွေးနွေးတိုင်ပင်နေလေရာ အလွန်တစ်ရာကူညီတတ်သောမိမိသည် ထုံးစံအတိုင်း ဤကိစ္စများသည် ပူပင်စရာမရှိကြောင်းအပြန်ရက်စွဲသည် အပြန်ရက်စွဲသာဖြစ်ကြောင်း ကိုနင်းမောင်ကိုမျှ အကူအညီတောင်းစရာမလို မိမိနင့် အဲလေ မြန်မာရပ်ကွက်ရှိ မြန်မာဆိုင်များနှင့်သာပြီးကြောင်း အပြန်ရက်ကို အချိန်မရွေး ယခင်ကာလက ငါးကျပ် ယူပြီး ယခုကာလတွင် ဖရီးအကူအညီပေးကြောင်း ဝင်ရောက်ဆွေးနွေးကူညီပြီးသကာလ မိမိ၏ ချက်ကင်ကိုပင်မေ့ပြီးကူညီနေရာ ချက်ကင်ပြီးကာမှ မိမိသည် ဝင်းဒိုးဆိ မတောင်းမိယုံမျှ မက မိမိ၏ နေရာသည် အမျိုးသားနစ်ယောက်၏ အလည်တွင်ဖြစ်နေကြောင်း လေယဉ်ပေါ်ရောက်ခါမျှသာ သတိပြူမိလေသည်. လေယဉ်ထွက်ခါနီး အိမ်သာဝင်ချင်ယောင်ဆောင်ရွေ့ နေရာရွေ့ရန်ကြိုးစားလေရာ လေယဉ်မယ်ကရိပ်မိသွားပြီး နေရာများမလပ်ဖြစ်နေကြောင်း ရှိပါက ရွေ့ပေးမည်ဖြစ်ကြောင်း နစ်သိမ့်ပြီးသကာလ. ကျွန်နုပ်မှာ လေဆိပ်ဆင်းသက်သည်အထိ မည်သူမျှ မဆင်းကြသောကြောင့် ခပ်ကြပ်ကြပ်ဖြင့်သာ အသို့ဆိုသော် ဘယ်ဘက်ကလူသည်ဝသောကြောင့်ကျွန်နုပ်သည်လည်းခပ်ဝဝဖြစ်လေရာအတော်ပင်ကြပ်တည်းလှပေသည်. ။

အပြန်တွင်လည်းကျွန်နိုပ်သည် ပစစည်းသိတ်များလှချေ. အသွားတွင်သာ ကုန်သည်ရွေ့အပြန်တွင်သိတ်မသယ်သောကြောင့်ဖြစ်သည်။ အကြီးနစ်လုံးအသေးတစ်လုံးဖြင့်သွားရာ အကြီးတစ်လုံးသာ ပြန်ပြည့်ရွေ့ ကျန်သောအကြီးတစ်လုံးအသေးတလုံးကို ထပ်ရွေ့ လက်ဂ်ေချလုပ်လိုက်လေသည် အမျိုးသမီးတစ်ယောက်ကာ အကျွနိုပ်အားချဉ်းကပ်သေးသည်. သူမ၏ သား၏မိတ်ဆွေငယ်သည် သူမလက်ချက်ကြောင့်လက်ထဲတွင် တစ်ဆွဲ တနိုင် တစ်ပိုးဖြစ်နေလေရာကျွန်နုပ်၏ ကုန်ပိုများကို ကူညီရန်ဖြစ်၏. အလွန်ကူညီတတ်သော ကျွနိုပ်သည် လေဖြင့်သာ ကူညီတတ်ရာယခုကဲ့သို့ကိုယ်တိုင်ကိုယ်ကျ ထိခိုက်ကူညီရန်ကားဝန်လေးလှသည် သို့ဖြင့်ရာ အရိုးခံ ကလေးမျက်နာ လူကြီးကိုယ်လုံးကလေးဖြင့် အကျွနို၏ အမျိုးသားသည် အကျွနိုပ်အား မည်သူနင့်မျှ ကုန်ပေါင်းမချိန်ရန် မှာကြားထားကြောင်း အကျွနိုပ်၏ အမျိုးသား ငါးပေဆယ်လက်မ. ကိုယ်အလေးချိန်မသိ. က မှာထားသောကြောင့်ခွင့်လွတ်ပါရန် တောင်းပန်ပြီးသကာလ. Departure card ဖြည့်ရန် သေချာထည့်ထားသောဘောပ်န်ရှာမတွေ့သောကြောင့်သူမထံမှ ဘောပန်ငှားရင်းသနားစဖွယ်ပြောလေရာ သူမသည်. စိတ်ပျက်စွာ ဆုတ်ခွာသွားရလေ၏.

အလွန်လေဖြင့်ကူညီတတ်သူ ကျွနိပ်ကာ မည်သူ့ကို ကူညီရဦးမည်နည်းဟု လေဆိပ်အပေါ်ထပ် မတက်ခင် မျက်စေ့ဝဲရွေ့ရှာဖွေရာ မှန်ချပ်ခြား ကနာရာ ချောင်းခြားနေသော စုံတွဲတစ်တွဲကို တွေ့လေ၏. မနေနိုင်သော ကျွနိုပ်သည် အနားသို့သွားပြီး လက်ဟန်ခြေဟန် လုပ်လေရာ မှန်ချပ်ပြင်ပရှိ ကနာရာ မကလေးသည် ကျွနိုပ်ကိုမြင်လေ၏. ကျွနိုပ်သည်ကာ သင်ဝင်လိုပါသလားဟု လက်ဟန်ခြေဟန်ပြလေရာဝင်လိုကြောင်း ဆို၏ ခေါင်ညီတ်ပြသည်. ကျွနိုပ်သည် မှတ်ပုံတင် ကို လက်ဟန်ခြေဟန် လုပ်ပြလေရာ အူတူတူလုပ်နေသည်နင့် ကျွနိုပ်၏ လက်ကို ဝှေ့ယမ်းကားမောင်းသကဲ့သို့ပါးစပ်မှဝူးဝူးမထွက်ရုံသမယ် မော်တော်ကားလိုင်စင်ကိုသရုပ်ဖော်ရာ သဘောပေါက်သွားပုံရ၏. မှတ်ပုံ့တင်ကိုဆိုလို“၏. မည်သို့သဘောပေါက်သည်ကိုကားနားမလည်. ခပ်သုတ်သုတ်ပြေးထွက်သွား၏. ကျွန်နုပ်သည်ကာ ပီတိကိုစားသုံးလိုသောကြောင့်အပေါ်မတက်သေးဘဲ လိုက်ပို့သူလဲမရှိဘဲ အောက်မှာ ဆက်ထိုင်နေသေး၏. ခဏကြာရာ ကိနာရာမလေးသည်အောင်မြင်မှုရှီစွာ အထဲသို့ရောက်ရှိလာရာ ကျွနိုပ်၏ ဝမ်းသာမှုမှာ ကိနာရာကောင်လေးနင့်မခြားပြီ။




အပေါ်တက်ပြီးသကာလ ဟိုလျှောက်ဒီလျှောက် ရာ သပြေနုကိုတွေ့လေ၏. သူကားကျွနုပ်နာမည်ကြီး မျှ မသိချေ. ကျော်ဖြတ်သွားလေရာစိတ်မကောင်းဖြစ်ရ၏. နောက်တစ်ခါ ရွေ့ဘုံသာလမ်းသို့သွားရွေ့ name plate လုပ်ရန်ကြီးစွာသန်ဒိတ်ဒန်ချ၏. ရေချိုးခန်သို့ဝင်ရွေ့ ခေါင်းဖြီးချင်း မိမိကိုမိမိ မှန်ကြည့်ရွေ့ ဓတ်ပုံရိုက်ခြင်းများကို ရီတာကိုသတိရစွာဖြင့်ပြုမူ၏.

လေယဉ်မထွက်ခင်ဟိုကြည့်ဒီကြည့်ကြည့်၏. တယ်လီဖုံန်းကိုမြင်သော် သတိရ၏. ဟန်းဖုန်းခေါ်မရ အိမ်ဖုံးကိုခေါ်လို့ရသည်ဟု တစ်စုံတစ်ယောကကသင်လွတ်လိုက်သည်။ သယ်ချင်းကိုသတိရ၏. အိပ်နေမည်မှာသေချာ၏. ဟန်းဖုံးကိုခေါ်လေရာ မကိုင်ချေ. ။ အိမ်ဖုံးကိုခေါ်လေရာ မိဘဆွေမျိုးများက အိပ်နေသည်၏.ဆို၏. လေဆိပ်မှ ခေါ်ကြောင်း လေယဉ်ပေါ်တက်ခါနီးနှူတ်ဆက်လိုပါကြောင်းဆိုရာ ပြောကြားလိုက်မည်ဟုဆို၏. အတော်မသိတတ်သောလူကြီးများပါပေ။ပြောချင်သောကြောင့်ဆက်သည်ကို မသိချင်ယောင်ဆောင်ကြ၏. အတော်ဆိုးကြပါပေသည်။ ရှိသမျှ လျှောက်နိပ်၏. နောက်လူလာသော် မသိယောင်ဆောင်ရွေ့ဆက်နိပ်၏. နောက်ဆုံးလေယဉ်ထွက်ခါနီးမှ ထွက်ခွာ၏. ခပ်သုတ်သုတ်.

လေယဉ်တွင်အသွားတွင် မစားနိုင် အပြန်တွင်စားနိုင်၏. Rest room ကိုချောင်းရာ လူအမြဲတန်းစီနေသည်ကိုမြင်၏. နားမလည်နိုင်. အသို့ကြောင့် ယခုလောက်စည်ကားရသနည်း. ။ အခါနစ်ဆယ်လောက်မျှော်ပြီးကာ မျှ လူရှင်း၏. မိမိဘေးမှလူဝကြီးသည် ကုမနီမှ စရိတ်ခံသောကြောင့်ဝမ်းသာနေ၏. သူဝိုင်မှာရာ အတော်စောင့်ရသည်. .။

လေဆိပ်ဆိုက်ရောက်ရာ တွင်ခပ်အေးအေးသာဆင်း၏. မည်သူမည်ဝါနင့်များတွေ့ဦးမည်လဲဟို မသိသောသူများကိုငေးမော၏. Rest room ဝင်၏. ရေသောက်သည်. လမ်းဖြည်းဖြည်းလျှေက်၏. အင်တာနက် များကိုကားမကြည့်ချေ.။ မိမိသည်ယခု သွားလေရာတွင် ဖုံးတစ်လုံးဖြင့် မျက်နာအပ်နေကြသောလူသားများကိုသနားနေ၏. လောက အလှတစ်ရာများကို မမြင်နိုင်ကျချေ. ဖုံးတစ်လုံးနင့်မျက်နာအပ်ရွေ့မိမိဘာလုပ်နေသည်ကို update လုပ်နေသောလူသားများကား သက်ပြင်းချမိ၏. နားမလည်နိုင်တော့ချေ.။ ကျွနုပ်သည်သား လူမှူဆက်ဆံရေးခေါင်းပါးလှချေသည်. Like လုပ်ခြင်းခံရမည်မဟုတ်ချေ။။ ကျွနုပ်သည် ကျွနုပ် changi ရောက်ပြီဟု like အလုပ်မခံလိုချေ. ကိုယ်တိုင်ဖုံးဆက်အကြောင်းကြားလိုသူဖြစ်ချေ၏. သို့သော်ငြား. လောကကြီးသည်ထူးဆန်းလှပေသည်. ဖုံးဆက်လျှင်လက်မခံဘဲ ဖဘ မှ အနောင်စ် announce လုပ်ခြင်းကိုသာ like လုပ်ကြပေရာ. ကျွနိုပ်သည်လည်း ဝမ်းနည်းစွာဖြင့်ပင် အိမ်ရောက်မှသာ announce လုပ်ရသည်. ဝမ်းသာကြသည်မှာပြောဖွယ်ရာမရှိချေ။ အားလုံး like လိုက်လုပ်ကြသည်. သြော် အသင်လော က အသင်လောက. ……… ဖဘ သည်ကား..အသက်ဖြစ်ချေ၏။


မှတ်ချက်
ရေးစဉ်က အလွမ်းဖြစ်သည်. ယခုမည်သို့ဖြစ်သွားသည်မသိချေ။

31 comments:

  1. ဇာဇာညာညာ..
    ကျွနုပ်အတွက် ဖဘသည် အသက်မဟုတ်ပါသော်လည်း
    ဖဘမှာ အိပ်မရကြောင်း ကြော်ငြာခဲ့ပြီး ဖြစ်ပါသည်။
    သတ်ပုံ အလွန်မှားတတ်ခြင်းသည် ကျွန်ုပ်အတွက်
    ဆန်အိုးထဲ ကြွက်ချေးပါသကဲ့သို့ လွန်စွာ စိတ်အနှောင့်
    အယှက် ဖြစ်ရပါတော့သည်။


    Xထုံ

    ReplyDelete
  2. တညသနှိက် ကျွန်တော်သည် အလွန်၁၀၀မျှ ထူးဆန်းလှသော.. ဘာသောညာသောများကို ဘာမသိညာမသိဖတ်ကာ ဘယ်လိုဖြစ်မှန်းမသိတော့ရွေ့ အိပ်မရသူများအား ထိုင်ကြည့်ကာ ပီတိပွားမိလေသတီး..
    အန် မျဉ်းဇောင်း အေ

    ReplyDelete
  3. ဖတ်လို့ကောင်းတယ်

    စူးနွယ်လေး

    ReplyDelete
  4. ကနာရာ ချောင်းခြား...... ကနာရာ ချောင်းခြား :D

    ReplyDelete
  5. မောင်ဝေးMay 18, 2011 at 6:26 AM

    တတ်လည်းတတ်နိုင်ပါပေ့ ဆားပုလင်းရှားလော့ကွမ်ရယ်...။ ဒါမဲ့ ဒီခရီးစဉ်မှာ လျှို့ဝှက်စုံစမ်းထောက်လှမ်း စနည်းနာတဲ့အခန်းတွေမပါတော့ ရင်မခုန်ရဘူး ရှားလော့ကွမ်ရယ်။

    ReplyDelete
  6. အသင်သည်အသေးအဖွဲများကိုကူညီလိုသော်လည်း ကိုယ့်ကိုထိခိုက်ခံရွေ့ မကူညီလိုသည့်အတွက် အမျှော်အမြင်ကြီးလှသည်ဟုဆိုရပေမည်။ ကကမဆလ မရှိလျှင်အသင်မည်သူ့ ကိုလွှဲချမည်နည်း။ အီတွင် ကကမဆလ အိကြီးစွာသောကျေးဇူးကို အသိအမှတ်ပြုသင့်ရာအိ။
    အိုင်အိုရာ

    ReplyDelete
  7. ချစ်ဖို့ကောင်းတဲ့ ဒေါ်ကြီးခင်...။

    ရေခဲမုန့်

    ReplyDelete
  8. ကနာရာ ချောင်းခြားနေသော စုံတွဲ...ကိနာရာမလေးနှင့် ကိနာရာကောင်လေး
    ...
    ဘာညာဘာညာ လာမပြောနဲ့
    ဟော့ ဒီမှာ ဒီမှာ ချစ်မိတဲ့သူပါးD

    ReplyDelete
  9. အတော်လည်တာပဲ.. အိမ်သာဝင်ပြီး ခုံလဲမလို့ဆိုပဲ.. ဟားဟား.....

    ReplyDelete
  10. ဆားပေါ်လီကွမ် ၏ “ဘာညာဘာညာ” အမည်တွင်သော “ စင်္ဂပူရ သွား တောလား” သည် ပစ်စုပ်ပန်လောကအား အရှိကို အရှိ အတိုင်းထင်ဟပ်စေကာ ၊ လဂေါင်း ၏ အစ်ဇတ်တ အတွင်းသန်ဏန်ကို အဟုတ်အမှန်အတိုင်း ထုတ်ပြန်ထားသလို၊ ဂရုစိုက်မဖတ်လျှင် အဓိပ်ပါယ် မပေါက်သော နက်နဲသည့် အရေးအသားများဖြင့် အတိပြီးလေအိ။

    ReplyDelete
  11. ဟိဟိ .. မမရေးတာဖတ်လိုက
် မန့် တာတွေဖတ်လိုက်နဲ့  အတော်ရယ်နေရတယ်

    ReplyDelete
  12. ဟားဟားဟား......... ခရီးသွားတိုင်း မမကွန်လို လူမျိုးနဲ့ မတွေ့ရလိုပါ အရှင်ဘုရား။ လို့ အဲ့အမျိုးသမီးက ဆုတောင်းသံ ကြားလိုက်တယ်။

    ReplyDelete
  13. ဒါလား ပေါ်လီကွမ်း...... :(

    နောင်ဆိုကြိုပြော ဖုန်းနံပါတ်ပေးထားမယ်... ပြောစရာရှိတာ မြန်မြန်ပြောပြီး ပြန်ချဖို့ တော့လိုမယ်.. ဒီက စိတ်သိပ်ရှည်တတ်တာ... :)))))))

    ReplyDelete
  14. ပို့စ်မော်ဒန်ပဲ...
    နှစ်ခေါက်ပြန်ဖတ်လိုက်ရတာလေးတခုပဲ..
    ကောင်းပါသီ...။

    ReplyDelete
  15. စော(အဝါရောင်မြေ)May 18, 2011 at 3:40 PM

    အင်း ဖစ်မှ ဖစ်ရလေ။
    ဒါကို ကြည့်ရတာကိုက ကိုယ့်ကိုကိုယ် ယုံကြည်မူရှိပြီးသားပဲ။

    ReplyDelete
  16. Soooooooooooooooooooo this is kom...:D
    Ha ha
    Luv
    GD

    ReplyDelete
  17. ကနာရာ မကလေး ဆိုသည်မှာ အဘယ်နည်း။ (သို့တည်းမဟုတ်) မည်သည့် လူမျိုးဖြစ်သည်၊ (သို့တည်းမဟုတ်) မည်သည့် အလုပ် မျိုးဖြင့် အသက်မွေးသူ ကို ခေါ်ဆိုသနည်း။ ဥပမာများဖြင့် ဖြေဆိုပါ။

    AATO

    ReplyDelete
  18. ကိနာရာကောင်လေးနှင့်ကောင်မလေး ဆိုသည်ကို အကျနုပ် အပျင်းအထန်ဆင်းစားသည်ယှိသော် အိမ်ဒိယ
    နွယ်ဖွား ကစ်စနား စုံတွဲ....ဟု ယူသော်ရရာအိ မဟုတ်တုံ
    လော...ငံပြာရည်ပုလင်း ပေါ်လီကွမ်း.....:)))

    ReplyDelete
  19. အမလို ဆယ်လီဘရယ်တီ တစိယောက်ကို မသိသော သပြေနုအား သနားမိပါအိ

    ReplyDelete
  20. တနေကုန် ပျင်းလို့ မပျော်နိုင် ဖြစ်နေတာ၊
    အခုမှ ဖတ်ပြီး မျက်နှာပြုံးနေမိတယ်၊

    သတ်ပုံအမှားတွေကြားက စာများကို ရွေးချယ်ဖတ်ရတာလေးက
    မြန်မာစာကြားမှာ ညှပ်ရေးထားတဲ့ အင်္ဂလိပ်စာတွေကို
    ကျော်ခွဖတ်သွားရသလိုပါပဲ၊

    သို့သော် အနှစ်သာရ ရသ ကိုကား ရသွားပါလေတယ်။

    အပြုံးပန်း

    ReplyDelete
  21. အရမ်း အရမ်းကို ရီရတာပဲ...ဒါမျိုးလေး များများရေးပါ. ဟဟားဟားဟား

    ReplyDelete
  22. ရန်ကုန်ပြန်တဲ့ခရီးဆိုရင်တော့ window seat က ကောင်းပါတယ်၊ ဒါပေမဲ့ အချိန်အကြာကြီး ပျံသန်းမဲ့လေယာဉ်ဆိုရင်တော့ ၊ aisle seat က ပိုကောင်းပါလိမ့်မယ်၊ ရန်ကုန်-စင်ကာပူ ခရီးစဉ်လောက် ဆိုပေမဲ့ ဘီယာ၊ ၀ိုင်၊ ရေများများသောက်တဲ့ ကျွန်တော် ဆိုရင်တော့ ဘေးကလူကို အားမနာရတဲ့ aisle seat ကိုပိုနှစ်သက်ပါတယ်၊

    စင်ကာပူကနေ ရန်ကုန်အပြန် silk air နေ.လည် flight ဆိုရင်တော့ window seat, ခုံနံပါတ် F ဆိုရင် ကျ နေမထိုးပါ၊ အပြန်ဆို နေ.လည်လေယာဉ်နဲ. စင်ကာပူကို ပြန်ရင်တော့ window seat ခုံနံပါတ် A ကပိုကောင်းပါလိမ့် မယ်၊ ပြန်ပါများတော့ မြန်မာပြည်ကိုပြန် ရင် မြှောက်ဘက်ဦးတည်၊ စင်ကာပူကိုပြန် လာရင် တောင်ဘက်ဦးတည်၊ ကိုယ်ပြန်မဲ့အချိန်နဲ. နေကိုလည်း ထည့်စဉ်းစားရပါတယ်၊ ဘယ်ဘက်အခြမ်းက A,B,C, ညဘက်က D,E,F, ပြီးတော့ တက်နေ၊ ကျနေ၊ တို.ကိုပါ စဉ်းစားတတ်လာပါတယ်၊ airbus 319, airbus 320 တို.ကို ဆိုလိုချင်တာပါ၊ airbus 330 နဲ. Boeing 777-200 တို. ခုံနံပါတ် တစ်တန်းကို ၈ခုံ၊ ၉ခုံ ဆိုပြီး ကွာပါတယ်၊

    ၁၆ ၊ ၁၇ ဆိုရင်တော့ window seat ပေမဲ့ လေယာဉ်တောင်ပံပေါ် ရောက်ပြီးကောင်းကင်ကြီး ပဲမြင်ရပါတယ်၊ လေယာဉ်ဆင်းခါနီး မြန်မာပြည်က လယ်ကွင်းတွေ၊ အိမ်တွေ၊ ရှုခင်းလှလှတွေကိုမမြင်ရပါ၊ ကျွန်တော်ဆိုရင် row ၁၉ ၊ ၂၀ တို.ကို နှစ်သက်ပါတယ်၊ နောက်ပိုင်းနည်း နည်းရောက်ပြီး lavatory နဲ.လည်း နည်းနည်းဝေးပါတယ်၊ နောက်ဖက် တော်တော်ရောက်ရင် lavatory မှရေဆွဲတဲ့အသံ က ခြောက်ခြားစေပါတယ်၊ ရာသီဥတုကဆိုးလို. turbulence နဲ.ကြုံတဲ့ အခါပိုဆိုးပါတယ်၊ အဲဒီ့အချိန်မှာပဲ ဘုရားစာရွတ်၊ တရားမှတ်ကြမယ်လို. ထင်ပါတယ်၊ ဘီယာသောက် ထားရင်တော့ ကြောက်စိတ်သိပ်မရှိပါ၊

    ခင်တဲ့

    Z

    ReplyDelete
  23. Read this post while waiting for boarding and really love the idea, and composing style, MaMa KOM.
    Mon Petit Avatar

    ReplyDelete
  24. ဖတ်ပြီး ရယ်နေရတယ်...
    ဒါတောင် စရေးတုံးက အလွမ်း ပေမို့ပဲ...း))

    ReplyDelete
  25. တနေ့သနှိုက် အကျွန်ပ် တယောက်တည်း ဖူးကက်ရှိ တွင် ပျင်းနေချိန်တွင် ပင်လယ်ထဲနိုက် ဆာဖ်ပ် မလုပ်ရ၍ အင်တာနက်ပေါ်တွင် ဆာဖ် လုပ်နေရာ ယခင့်ယခင် နာမည်အင်မတိအင်မတန်ကြီး ခဲ့ဖူး သော ဆရာကြီး ရွှေဥဒေါင်း၏ ကျွတ်တပည့်မ ခင်ဥမြောင်း ၏ ဘလောခ် ပိုစ့် အသစ်သစ် ဘာဘာညာညာ ကိုဘတ်ရပေ၏ အလွမ်းဟု ခေါ်သော်လည်း ထို စာရေးဆရာမကြီးသည် ပိတိကိုစားကာ ဝနေပြီးသကာလ အလွမ်းဓါတ်ခံ မရှိရှာဘဲ မိမိကဲ့သို့ အခွီအနှောက်မေပိတောက်ဖြစ်နေသဖြင့် ဘာရေးရေး ဟာသသာလျင်ထွက်နေပေတော့သည် တမုံ့ သို့ပါသော်လည်း နာမည်ကြီးဖြစ်သဖြင့် ဘာရေးရေး ရေးသားချက်များကား အသက်ပါ ပြောင်မြောက်လှပေသည်

    ReplyDelete
  26. မမ ဒီတခါရေးတာ အရေးအသားသိပ်ကောင်းတယ်
    စာလုံးပေါင်းသိပ်မမှန်သေးတာတခုပဲ
    အဲဒါလည်းရိုးသွားပြီဆိုတော့ ကိုယ့်ဘာသာခံစားနားလည်ပြီးဖတ်လိုက်ပါတယ် ဂွတ်စ် :D

    ReplyDelete
  27. ဒီတစ်ခါညီမလေးရဲ့မမ စာတွေအများကြိးရေးထားလို့.. အားပါးတရ ဖတ်သွားတယ် မမ:):)
    ဖတ်ရင်းပြုံး ပြုံးရင်းဖတ်...
    ကောင်းသောနေ့လေး ဖြစ်ပါစေမမ။

    ReplyDelete
  28. အစ်မ ... ရယ်နေရတယ်... စာလုံးပေါင်းမှားတာကိုက ရယ်နေရတယ်။ ကွန့်မန့်တွေဖတ်ပြီး ပိုရယ်ရတယ်။ ဟိုတစ်ခါဖတ်ပြီးသား... ရယ်နေရလို့ မအားလို့ မကွန့်မန့်ခဲ့ရဘူး။ ခုမှလာမန့်တား)

    ReplyDelete