Wednesday, July 9, 2008

My handwriting

လက်ရေးသည်းခံပါ..

လက်ရေး ညံတာတော. ။ လူတိုင်း သိနေပါပြီ။ ထွင်တာ မဟုတ်ပါ. ။ မြန် မာ စာကို ကောင်း စွာ မရျိက်တတ် သေး တာ ရယ် .။ ပြောချင်တာ က များပြီး အချိန် က နည်းနေ လို. ကိုယ် ပြော ချင် တာ ကို ဦး စား ပေးတဲ. သဘော ပါ. ။ ဖြည်း ဖြည်းချင်း ကြီုး စား သွား ပါမယ်. ထောက်ပြတာ စိတိ မဆိုး ပါ။

Boyz ပြောတယ်။ စာလုံးပေါင်းမှားတာ ကိုယ်.စတိုင်။ စပေ.များများခြားတာ ကိုယ်.စတိုင်ဆိုဘဲ။ စာလုံး တစ်လုံးခြင်း ကို ခြားနေတာ ဆိုဘဲ. ရှိသမျှ စာ လုံး ကို ခြားနေတာ ဆိုဘဲ။ ကိုယ်.မှာ ရီ လိုက် ရတာ။ ကြံကြံ ဖန် ဖန် သူမို. လို. ဝေဖန် တယ်.။ တကယ်. ကို အဖြစ် မှန်အတိုင်း ပါဘဲ်ဲ. တကယ်ကို ကိုယ် က စာ ရျိုက်ပြီး ရင် တလုံး ခြင်း ကို ကိုယ်.မှာ ကြီုးစား ပန်း စား လိုက် ခြား နေရတာပါ. ။

အမှန်တော.သူ က စ သင် တာ ပါ. စာ လုံး ခြား ပြီး C BOX မှာ ရျိက် ဘို. သူ က စပြီး အကြံ ပြူတာပါ. ။ မဟုတ်ရင် ကိုယ်.ရဲ. C BOX က စာတွေက ပျောက်ပျောက်သွား တယ်။

လင်း လက် ကြယ်စင် ဘလော. မှာ (သင်.စာ လုံး ရှင်း ရှင်း မြင် ချင် ရယ် ခြား ပြီး ရိုက်ပါ) ဆို လို. ကိုယ် လဲ ဆရာ တွေ သင် တဲ. အတိုင်း တသွေ မတိမ်း လိုက် နာ တာ နဲ. အဲ လို ဖြစ် သွာူး တာ ပါဘဲ.

ဒါ တောင် မရီ ရီဝင်း သင် ထားတဲ. (အောက် ကမြင်. (.) ကို H (့) ကို ရိုက် ရမယ)် ဆို တာ တောင် သိတ် ပြီး APPLY မလုပ် ရသေးပါဘူး။

ဒီနေ. Boyz က ဆက်သင်ပါတယ်။ အောက် ကမြစ် က ဖူးတော.မဟုတ်ဘူး။ တနည်း က H ကို ရျိုက်တာ။ ဥပမာ..(အမေ့ဖား)။ နောက်တနည်း က SHIFT +Y .(တို့)။ နောက်တစ်နည်း က SHIFT +U (ကောင်းမှူ့)။

ကိုဝင်းဇော်ကလဲ လာလာဖတ်ပြီး စိတ်ငြစ် ပြီး ပြန်သွား ရတာ အခါခါ. လူကို မသိပေမဲ. သူ.စာ ကို ဖတ်ရတာနဲ.သေသေသပ်သပ် သမား ဆိုတာ ကို ဆားပုလင်းနှင်း မောင် ကသိပါတယ်။

ကိုစိုးထက် ကတော.သည်းခံပြီး ဖတ်ပါ့မယ် ဆိုဘဲ။
ဘယ်သူဘာပြောပြော တို့ ကတော့ မမှူ့ပေါင်။
အားလုံးကိုကျေးဇူးပါ။

18 comments:

  1. သည်းခံ တာ က အကျင့်ကို ဖြစ်လို့ ... ဒီလောက်လေးနဲ့ တော့ ဘာမှ မဖြစ် :P

    ReplyDelete
  2. ကဲ..ဒီနေ့တော့ ရုံးကနေ MC ယူထားတော့ ပျင်းနေတာ...။ သင်ခန်းစာ အသစ်စမယ်...။ ယူချင်ယူ မယူချင်နေ..။ :)
    ၁။ ရကောက်ကို တစ်ချောင်းငင်နဲ့ တွဲသုံးရင် ရကောင် အမြီးပြတ် (ရ) ကို သုံးရပါမယ်..။ ရိုးရိုးရကောက်ကို သုံးပြီး ရိုက်ရင် ကြည့်လို့ မလှပါဘူး...။
    ဥပမာ - ရိုက်ကို ရိုးရိုးရကောက် နဲ့ ရိုက်ရင် “ရိုက်” ဆိုပြီး ပေါ်နေပါမယ်...။
    အဲဒါကိုပဲ ရကောက် အမြီးပြတ်နဲ့ ရိုက်မယ်ဆိုရင်တော့ “ရိုက်” လို့ လှလှပပ ပေါ်နေပါလိမ့်မယ်...။

    ရိုက် သေသေချာချာ ရိုက်တတ်အောင် ပြထားပေးရက်နဲ့ ရိုက်လို့ ရိုက်လာခဲ့ရင် အရိုက်ခံရမယ်နော့...။ ဟွန်း...။

    ReplyDelete
  3. ကိုစိုးထက် ကော်မန့်ကို ဖတ်မိပြီး မခင်ဦးမေကို အားနာသွားတယ်...။ စာလုံးပေါင်း၊ သတ်ပုံမှား တာကို သည်းခံပြီး ဖတ်လို့ ရပါတယ်..။ အစ်မရေးဟန်က တစ်ခြားလူတွေနဲ့ မတူပဲ ဆွဲဆောင်မှု ရှိလို့ နေ့တိုင်း အသစ် တင်ဖြစ်လေမလားလို့ အချိန်ရတိုင်း အပြေးအလွှား ကြည့်မိပါတယ်...။ ပြောချင်တာက လာမိတဲ့ လူတိုင်း နောက်တစ်ခေါက် ပြန်လာချင်စိတ်ပေါ်အောင် အရေးအသားက ဆွဲဆောင်မှု ရှိပါတယ်...။ မဆိုစလောက် အနာလေးပါတဲ့ ပြည်တန်ပတ္တမြားကို ခြောက်ပစ်ကင်း သလဲစင် ဖြစ်စေချင်တဲ့၊ အပြစ်မရှိစေချင်တဲ့ စေတနာ အရင်းခံ ဆန္ဒမှတစ်ပါး ဘာမှ မရှိပါကြောင်း စကားကြော ရှည်လိုက်ရပါတယ်..။ (၀င်ထောက်မိလို့ ဆြာဂျီး ထင်ရင်လဲ သွေ့ပုချိပါဗျို့...။) :D

    ReplyDelete
  4. ရကောက် အမြီးပြတ်ကတော့ Dead Key(~) ကို ၇ ခလုတ် နဲ့ တွဲပြီး နှိပ်ရပါတယ်...။ ~ + ၇ ပေါ့...။
    Dead Key ရှိတဲ့ နေရာကတော့ Esc ခလုတ်ရဲ့ အောက်နားမှာပါ...။ ကီးဘုတ် ဘယ်ဘက် အပေါ်ဆုံးထောင့်ရဲ့ ဒုတိယမြောက် အတန်းမှာပါဗျား...။
    (ဆေးသောက်အိပ်ပြီး အခုပဲ အိပ်ရာက နိုးလာတာပါခင်ဗျား...။ ကျေးဇူးတင်ပါတယ်...။)

    ReplyDelete
  5. ဟုတ် မမး)
    ကြိုးစားပမ်းစား ၊Shift + B ကြ ပါမမ ၊
    C BOX မှာ ရိုက်ဖို့ ၊စိတ်ညစ်ပြီး ၊အားလုံးကိုကျေးဇူးပါ ဟီးးးပြောကြည့်တာနော်မမ
    ဘဲ နဲ့ ပဲကလေ ညမတို့ ငယ်ငယ်က မြန်မာဆရာမသင်ပေးထားတာကတော့ မပါရင် ဘဲ လိုက်တဲ့ မ မပါရင်တော့ ရိုးရိုး ပဲ တဲ့ အဆင်ပြေပါစေ :)

    ReplyDelete
  6. ကျနော်က အမလက်ရေးကို ဖတ်တာ အတော် အထာကျနေပြီ
    ရေးနည်းသင်တန်း ကျူရှင်အလကားရရင်လည်း Boyz ဆီမှာသင်ထားလိုက်
    ရှုံးတာမှတ်လို့ နော အမရယ်

    ReplyDelete
  7. လက်ရေးလေးက လှပါတယ်ဗျ.
    ကွန်ပြူတာစာလုံးလေးတွေ ကျနေတာပဲ. အားမငယ်နဲ့. ဆက်ရိုက်ဗျာ.

    ကျွန်တော် စပြီး လက်ကွက်ကျင့်တုန်းက ငါဒီတစ်သက် စာရိုက်နိုင်ပါဦးမလားလို့တောင် စိတ်အားငယ်ခဲ့ဖူးသေးတယ်.

    မခင်ဦးမေက အများကြီးသာပါသေးတယ်. ဆက်လုပ်ဗျာ. အားပေးနေမယ်.

    http://yanaung.blogspot.com/2008/02/blog-post_9048.html လေးကို အားရင်ဖတ်ကြည့်လို့ရအောင် Drop ခဲ့တယ်ဗျာ..

    အဆင်ပြေအောင်မြင်ပါစေ...

    ReplyDelete
  8. အမှားကို ထောက်ပြပြင် ပေးတော့လဲ ကောင်းတာပေါ့ မမရာ။

    အခုဆို နန္ဒာ Blogging သမျှ မျက်စိဒေါက်ထောက် အကြည့်ခံနေရတာ.. ကိုယ့် Weak Point ကလဲ အရင် ကိုယ်ပါဝင်ပါတ် ထားတဲ့ Site မှာသုံးခဲ့တဲ့ ဓါတ်ပုံတွေကို New Blog မှာ same content အဖြစ်ဘဲ ပြန်သုံးပြီး Post အသစ် အနေနဲ့ တင်တော့ reference ပေးဖိုကျန်ရော....

    ဒါနဲ့ပဲ နန္ဒာ့အပေါ် Negative အမြင်ရှိတဲ့ သူတွေကြောင့် ဇတ်လမ်းတွေက Controversial တွေဖြစ်ကုံ တော့တာ.. အခု Blog ကို ဘယ်လို ရေးရမယ် ဆိုတာ နားလည် သင့်သလောက် နားလည်နေပါပြီ...

    အစက ငါ့ Web Diary ပဲ.. ကိုယ်လုပ်ခြင် သလိုလုပ်ရ မှာပဲလို့ ထင်ခဲ့တာ.. Fresh Blogger ဆိုတော့လဲ Still learning Blog's Rule & Regulations ပါ... No one is perfect & Everyday is learning ပါ,မမရေ....

    Ko Boyz ပြောတာလဲ constructive ဖြစ်ပါတယ်.. နန္ဒာ့မှာ လိုအပ်တာ ရှိနေရင်လဲ ပြောပြပေးကြပါ.. Always Welcome to constructive suggestions!!!

    ဆက်ရေးပါ.. မမရေးတာတွေကိုကြိုက်တယ်.. အားပေးနေတယ်.. Dr.စိုးထက်လို သည်းခံတာ အကျင့်ဖြစ်ဖို့ ကတော့ ထပ်ကျင့်ယူရအုးံမယ်။ ဟီဟိ

    ခင်မင်လျှက်...
    စိုးမြနန္ဒာသက်လွင်

    ReplyDelete
  9. ကြည့်စမ်း များတယောက်ထဲမှားတာ ထင်နေတာ များရဲ့ အယ်တီသာ ကြီးက ကိုရင်ညိန်း။ မှားတာတွေ မရိုက်တတ်သေးဘူး တခါတလေ ပတ်ဆင့်ရိုက်လို့ မရလို့  ထဲ့မရိုက်ထားဘူး။ ဖတ်တဲ့သူတွေ သည်းခံဖတ်ပေးလို့ တော်သေးတယ်။ နောက်ဒီမှာ လာသင်တန်းတက်မယ်။
    မြန်မာစာသတ်ပုံကျမ်းကို ညမီးအိမ်ဆီကယူထားတာ ဒါတောင် မှားသေးတယ် ဟင်းဟင်း

    ReplyDelete
  10. =) .. သည်းခံပါတယ်..
    တစ်ယောက်သောသူဆို အချဉ်ဟင်းတောင် သည်းခံပြီး စားရှာသေးတာပဲ ..
    ဘလော့လေး ဖတ်ရတာလောက်က အပျော့ပါ..
    :-P
    မီ နောက်တာလည်း သည်းခံနော် .. :-)

    ReplyDelete
  11. ဟိဟိ(လှောင်ပြောင်သံမဟုတ်ပါ။)

    ReplyDelete
  12. အပေါ်ကလူတွေ ကတော်တော်လေး ကို စုံစုံ စိစိ ပြောသွားကြပြီးပြီဆိုတော့ ဘာမှ ပြောစရာ မကျန်တော့ တာကို ပဲ ပြောသွားလိုက်ပါတယ်..။

    ReplyDelete
  13. ကဲ...ကဲ... ဘလော့ဂ်ကြော်ငြာ ၀င်ပြီဗျား...။ ဒီမှာ ကျွန်တော် သိသလောက် ဇော်ဂျီနဲ့ သတ်ပုံမှန်အောင် ရိုက်နည်းလေးများ တင်ထားပေးပါတယ်...။ သိပြီးရင်လဲ သိပြီးပြီလို့မှတ်.. မသိသေးရင်လဲ မသိသေးဘူးလို့ မှတ်ပေါ့ဗျာ...။ ဟိဟိ
    မဇနီပြောတဲ့ ကိုဟန်သစ်ငြိမ်ပို့စ်မှာလဲ တင်ထားတာ ရှိပါ့ကြောင်း အခမဲ့ ကြော်ငြာပေးလိုက်ပါတယ်...။

    ReplyDelete
  14. စတိုင် စတိုင် အမ ဟီးးးးးးး

    ReplyDelete
  15. မွန်ကဖြင့် မမဘယ်လိုရေးလဲဆိုတာ သတိတောင်မထားမိဘူး မမစာရေးကောင်းတယ်ဆိုတာပဲ သိတာလေ ရေးတာအရမ်းသွက်တယ် ဆွဲဆောင်မှုရှိတယ် ဟာသဥာဏ်လဲအပြည့် ဒါပဲသိတာ သတ်ပုံတွေ စာပိုဒ်ခွဲပုံတွေကို သတိထားမဖတ်တတ်တာက မွန့်အကျင့်

    ReplyDelete
  16. အဟိ အဲဒီကတဲက ကျင့်နေတာ ခုထိ မှားတုန်း ကောင်မလေး တော့ ဒါပေမယ့် အများကြီး တိုးတက်လာပါပြီ အရင်ကဆို ရိုက်ဆိုပြီးရိုက်တာလေ ဟိ ဟိ ..ကိုယ်က သူများအားနည်းချက် ကို သရော်တာ မဟုတ်ပါဘူး တကယ် ကောင်းစေချင်လို့ ပြောတာပါ တမျိုးမထင်နဲ့နော်...။

    ReplyDelete