Saturday, August 30, 2008

Me stingy

အခု တစ်လော သိပ် ကပ် စီး နဲ တယ်။ ဘာဖြစ် လို.လဲ သိလား။ ပိုက်ဆံ ရှာ ရတာ ပင် ပန်း သလို ထွက် ငွေ တွေ များနေလို.ပေါ.။ ချွှေးနဲ. သွေးနဲ့ ရှာထားရတာ။ ပင်ပန်းတယ် လေ။ ပြောတော. သူဋ္ဌေး သူဋ္ဌေး နဲ့။

နှမျော တတ် နေပါတယ် ဆို မှ ဟိုနေ့ က မလေးရှား မှာ taxi စီးတော. ကားဆရာ ကြီး က ထီးရေစို နေ လို.ထီး ကို ခုံ အောက် ချထားရ မယ် ဆို တော့ပြာပြာ နဲ့ ဆင်းခဲ့တော့ မေ့ခဲ့ တာပေါ.။ လက်ကကိုင်ထားပါရစေ ဆိုတော.လဲ လက် မခံဘူး။ နှမျော လိုက် တာ။ အခု Giadono က ဈေးကြီးနေပြီ ဆရာ.။ ဟို တုံးက ဆိုရင် Giadono ထီး တလက်ကို နေပူ ရင် စလုံး ၁၂ ကျပ် . မိုးရွာရင် ၆ ကျပ် ဆိုတုံး က ဝယ် ထား တာ အခု မိုးရွာရွာ နေ ပူ ပူ ဆို ၁၀ ကျပ် လို. ဆိုပါတယ်။

ခါတိုင်းဆို ဘော ပန် တွေ ဝယ် လာ ပြီး ကလေး တွေ ကို ဝေပေးလိုက်တတ် တယ်။ ဟိုနေ့ က ကိုယ့်ချာ တိတ်တယောက် က ငှား. တော. ငှားလိုက်တယ်။ ပြီး တော. ပြန် တောင်းလာခဲ.တယ်။ ဟို တုံး ကဆို ရင် ကဲကဲ ပြန် မပေးနဲ.။ ယူလိုက်တော့ လို.ပြောလိုက်တာ။

မလေးရှား မှာ ဘတ်စကားစီးတော့ တစ်ခါ တစ်လေ ဝေးဝေး စီးရင် မလေး တစ်ကျပ် ပြား ၆၀ ပေးရတယ်။ ခါတိုင်းတော့ နှစ်ကျပ် တန်ဘဲ ပေးလိုက်တော့တာဘဲ. သူဋ္ဌေး ပါဆို နေ မှ။ အကြွေ ရှာ မှ ရှာ မနေ လိုဘဲ.။ အလုပ်ရှူပ်တယ်ဆိုပြီး။ အခုတစ်လော အကြွေ ရှာပြီး ပေးတယ် ဆရာ. အတိ အကျဘဲ.။ စလုံး taxi ကတော. မစီးတာ ကြာပါပြီ. ။ဧည့် သည် လာ မှ ဘဲ စီးတော့တယ်။

ရန်ကုန် မှာ တုံး ကဆို ရင် ပိုက်ဆံ က သိတ်သုံးလို့ ကောင်းတာဘဲ။ ပိုက် ဆံ တွေ က လေ ထဲ ကလာတာလေ။ ဘယ်က လေ လဲဆိုတော့kmsl ဆီ ကပေါ.။

အခု အလုပ် လုပ်တော. ပိုက် ဆံ ကသုံး လို့ မကောင်းတော့ဘူး။ ငါ ဒီလောက် လုပ် မှ ဒီလောက် ရတာ။ ဒီလို သုံးနေရင် ကုလား ခတ်တဲ့ ရေ. ကု လား ခြေထောက် ဆေး သလို ဖြစ်နေ မှာ ပေါ့. ။ဘာ လို့ လုပ်နေ ဦး မလဲ ။ သုံးလဲ မသုံးနဲ့. ရှာ လဲ မရှာနဲ့. သက် သက် သာ သာ လေးဘဲ ထိုင်နေ မှာပေါ့ လို. ကိုယ့်ဖာ သာ စဉ်းစားပြီး မသုံးစရိတ် ကျ သွားတယ်။ မိတ်ဆွေ တို့ထဲ မှာ အသုံး များတဲ. ဇနီး များရှိ ရင် ဘယ်လောက်ဘဲ ရရ သှူု့ဆီ ကပိုက် ဆံ ကိုမမျှော်ဘဲ အလုပ် ထဲ ညြာ့ပီး ဝင် ခိုင်း လိုက်ပါ. သု့ဆီ ကမရတာ တောင် သှူု့  အသုူံး စရိတ် ကျ သွားတာ ကို ဝမ်းမြောက်ဖွယ် တွေ့ရ ပါလိမ့်မယ်။


အဲဒါနဲ. မောင်လေးလို ခင် ရတဲ. သူငယ် ချင်းနဲ့တွေ့ လို. ကပ်စီးနည်းနေတဲ. အကြောင်းပြော ပြတယ် ကျွှန် တော်လဲ ကပ် စီးနည်းနေ တယ် အစ်မလို. သူ ကဆိုပါတယ်။ နင် ကပ် စီးနည်း တာ ငါ့ ကို မမှီ ပါဘူးဟယ် ဆိုတော. မှီတယ် ကျွှန်တော် ကတောင် သာသေးတယ် တဲ.။ကဲ ပြောစမ်းဆို တောူ့ သူ့အိတ် ကို နှိုက် ပြီး ဟော ဒီ မှာ တွေ့လား ကျွန် တော.်ဘော ပန် မှာ နာမည် ကို စကူ sticker နှဲု ကပ်ထားတယ်။ ဘယ် သူ မှ မယူ နိုင် တော့ဘူး ပြန် ချ ထားခဲ့ရတယ် လို. သူ ကဆို ပါတယ်။ ပြီး တော. ဟီးဟီး... ကျွှန် တော့ ဆီ မှာ တော့ သူ များ ဘော ပန် ပါလာ တယ်အစ်မ...ဆို ပြီး နောက် တစ်ချောင်း ထုတ်ပြလို့.... တို. အရှုံး ပေးလိုက် ရတယ်။

14 comments:

  1. မမ
    သူဌေး ညည်းချင်းလေး ဖတ်သွားတယ်နော်။
    သူများတွေ ညည်းဖို့ ထားပါအုံး မမရယ်။

    ReplyDelete
  2. ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ်ဟာကိုယ် သတိနဲ့ သုံးတာပဲ။ မှန်တာပေါ့။ ကျမလည်း သတိထားတော့မယ် မှတ်တယ်။ တော်ကြာ အသက်ကြီးလို့ ပိုက်ပိုက် မရှိရင် ဘယ်သူကမှ ပြုစုချင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကျမ သူငယ်ချင်း လင်မယားလိုတော့ မလုပ်နဲ့နော်။ သူတို့က မနက်စောစာ မစားလို့ ဧည့်သည်ကိုလည်း နေ့လည်စာနဲ့မှ ပေါင်းကျွေးတယ်။ ဟားဟား။

    ReplyDelete
  3. ရယ်လိုက်ရတာ.. =)

    "မိတ်ဆွေ တို့ထဲ မှာ အသုံး များတဲ. ဇနီး များရှိ ရင် ဘယ်လောက်ဘဲ ရရ သှူု့ဆီ ကပိုက် ဆံ ကိုမမျှော်ဘဲ အလုပ် ထဲ ညြာ့ပီး ဝင် ခိုင်း လိုက်ပါ. သု့ဆီ ကမရတာ တောင် သှူု့  အသုူံး စရိတ် ကျ သွားတာ ကို ဝမ်းမြောက်ဖွယ် တွေ့ရ ပါလိမ့်မယ်။"

    သူများပြောမခံရအောင် အလုပ်ကို ဦးအောင်ဝင်ပြီး ၀ အောင် သုံးထားနှင့်ရမယ့် ပုံပဲ ..။
    အလုပ်ချိန် များနေရင် ဈေးဝယ်ရမယ့် အချိန်ကတော့ လျော့သွားမှာပဲ.. . အဲ့ဒါမှ တွေ့တာ ဈေးမဆစ်ပဲ ၀ယ်တဲ့ဂိုက်နဲ့ တွေ့နေဦးမယ်။

    ReplyDelete
  4. မမရဲ့ Posts တိုင်းက ဟာသလေးတွေ အမြဲနှောထားတော့ ဖတ်ရသူအတွက် ပြုံးစေတယ်။ :))

    ''Buy what you need, don't buy what you want''
    ဆိုတာကို နန္ဒာကတော့ လက်ကိုင်ထားတယ် မမရေ။

    မမ Post ထဲမှာ ပေးထားတဲ့ Tips ကတော့ Husband တွေအတွက် အပြည့်အဝ ထောက်ခံစေမယ့် မဲတခုပဲ။

    S'pore Lottery မြန်မြန်ပေါက်ပါစေ။
    SMNTL

    ReplyDelete
  5. ဟားဟားဟား .... ကုလား ခတ်တဲ့ ရေ. ကု လား ခြေထောက် ဆေး သလို တဲ့လား မမရယ် ...

    ReplyDelete
  6. တီတီကလည်း...ကပ်စီးနှဲတာတောင်..
    ကုလားလည်းမနေရပါလား....
    ဟားဟား....ရယ်ရတယ်နော်...

    ReplyDelete
  7. မီးမီးတော့ ရှော့ပင် ထွက်ရတာကို ပျင်းတယ်။ တစ်အိမ်လုံးထွက်ကြရင်တောင် မလိုက်ပဲ နေခဲ့တာ။ ကိုယ့်ကို ကြည့်မယ့်လူလည်းမရှိတော့ဘူးလေ။ တရာကျနေပါပြီ။

    ReplyDelete
  8. မမရေ..GreenGirl တောင် အခုအရမ်းကပ်စီးနဲတ်နေပြီ။ ဖုန်းခတော့ ကုန်နေဆဲပဲ။ အဲ့ဒါလည်း ခြွေတာရဦးမယ်။ စလုံးမှာ မြင်မြင်သမျှ ကုန်ချင်စရာတွေ ဖြစ်နေလို့ အဟီး :P

    ReplyDelete
  9. ဟုတ်တယ်ဗျိုး အခုသားလေးရလာတော့ ပိုတောင်ကပ်စီးနဲလာပြီး တိုင်းထွာသုံးနေရတာ။ ကိုယ့်အတွက်တစ်ခုခုသုံးဖြုန်းဖို့စဉ်းစားတိုင်း သားအတွက်ဝယ်ရင် ဘာလေးရမယ်ဆိုတာမျိုး စဉ်းစားမိတာနဲ့ တစ်ချို့အသုံးတွေ ရပ်ရပ်သွားတယ်ဗျ ကြီးတော်ရ။

    ReplyDelete
  10. KMSL ကတော့ ဒုက္ခပဲ ၊၊ မ KOM ကြီး ကတော့ ဗျာ ၊၊တော်ရုံပဲ ကောင်းမယ်နော် ...ဟီး

    ReplyDelete
  11. မခင်ဦးမေ.
    များကိုလာနောက်သွားတယ်ပေါ့. :D
    ကျမက သူဌေး မဟုတ်ရပါဘူးရှင် ၊
    အလုပ်တွေအများကြီးလုပ်ပြီး ပိုက်ဆံရှာနိုင်တဲ့သူတွေ
    ကိုအားကျပါတယ်ရှင်.ကျမက ကျန်းမာရေး မကောင်း
    တော့ တတ်နိုင်သလောက်လေးပဲ လုပ်ရတာပါရှင်။
    အမပို့စ် ထဲမှာရေးထားသလိုပဲ..ကိုယ်ရှာရတဲ့ပိုက်ဆံ
    ဆိုရင် နှမျောလို့ နဲနဲပဲလိုချင်တာဝယ်သုံးပြီး ကျန်တာ
    စုထားပြီး အမျိုးသားရဲ့ ၀င်ငွေနဲ့ပဲသုံးတာလေ..
    ဟီးဟီး..သူများပိုက်ဆံသုံးရတာ အလကားရလို့သုံးရ
    သလိုပဲ သုံးလို့ကောင်းတယ်နော်. ကိုယ်ပင်ပင်ပန်းပန်း
    ရှာထားတဲ့ပိုက်ဆံကျတော့ တကယ်ပဲနှမျောတယ်ရှင့်.
    :P

    ReplyDelete
  12. its gd tobe stingy and thrify..
    to save for "raining days" pop...

    coz..lately sg having lots "rainy" days naw..keeke

    ps:
    dilo meant to says :
    save (something) for a rainy day is
    to keep an amount of money for a time in the future when it might be needed...

    ReplyDelete
  13. ခင်ဦးရေ့ 
    လုလုလည်း သိပ်ကပ်စေးနဲတာ့  ဒါပေမယ့် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးရမှာပဲလေ။ ဘာပဲဖြစ်ဖြစ် စနစ်တကျ သုံးတတ်ဖို့က အဓိကပါ။ စီးတဲ့ရေ့ ဆည်တဲ့ကန်သင်းတဲ့ ဟိဟိ

    ReplyDelete