Sunday, October 19, 2008

Educated

ပညာတတ်ညဉ်
ကိုယ်တို့ အားလုံး ပညာတတ်သူ များ ဖြစ် ကြ ပါသည်။ ပညာတတ် ဆိုသည် မှာ နဲနဲ တော့ အိုက်တင် များသည်။ မော်တော်ကား မီးပွိုင့်တွှုင် ရပ်နားစဉ် ဘေး မော်တော် ကားတွင် ဟာ။ မိုးဟေကို ကွ ။ လို့ သူများ က ပြော လျှင်တောင် မကြည့်ချင် သလို ကြည့်ချင် သလိုဖြင့် ကြည့်သည် ကို မကြည့်သယောင် ဟန် ဆောင် ကာ ကြည့်တတ်သူ များ ဖြစ် သည်။ မိတ် မ ဆက် ပေးလျှင် ကိုယ် က စကား ပြော ရ မှာ ကို ဝန်လေး သလို ဖြစ် တတ် ကြသည်။ ကိုယ် သိ သည် ကို မပြော ချင် သယောင် နှင့် ပြောတတ် သူ များ ဖြစ် သည်။ သူ များ ကို မ ကြည့်သ ယောင် နှင့် စောင့်ကြည့် သူ များ လည်း ဖြစ် ကြ သည်။ ကားချင်း ယှဉ် ဖိုက်လျှင်တော့ စိုင်း ထီးဆိုင် မှန်း သိလျှင် လျှော့ပေးသူ များ လည်း ဖြစ် ကြပါသည်။

27 comments:

  1. ဒီတခါ ပထမဦးဆုံး ကွန်မန့် ပေးခွင့်ရသွားပြီ။ မအိပ်မနေ တဲ့ကျေးဇူးကြောင့်ပေါ့။ ဒီလို Kiasu ဖြစ်တာလည်း ပညာတတ်ဥာဉ်ပဲနော် ....

    ReplyDelete
  2. ဟီဟိ..ဟုတ်လိုက်လေ..မမ..

    ReplyDelete
  3. မကေအိုအမ်ရေ...
    ကျွန်တော် ဘွဲ့မရဖြစ်ဖူး..
    ဒါမယ့်...
    အဆိုတော်မင်းသား မင်းသမီးတွေဆို
    မကြည့်သလိုလိုနဲ့ ကြည့်တတ်တယ်..ဟီးဟိ

    ReplyDelete
  4. ဟုတ်တယ်နော်..မသိသလိုလို. အရေးမစိုက်သလိုလိုပေါ့..အမယ်..အရေးလုပ်စရာလား.နောက်တော့ ဘာဝတ်ထားသလဲဟင်. ဘောင်းဘီတိုကလေးနဲ.တော့ ဆိုတော့ စောင်းငန်းငန်းနဲ. ဖြစ်ကရော..။

    ReplyDelete
  5. မမဂွိ.. ဘာတွေဖြစ်နေတာတုန်း...
    တိတ်တိတ်နေမှပဲ...ဗလကြီးနဲ့ ရန်လာရှာမှာ ကြောက်ရတယ်နော်

    ReplyDelete
  6. ပညာတတ်ညဉ်လား
    ဒါဆိုမြတ်နိုးက ငယ်ငယ်ကတည်းကတတ်တာဆရာ..

    စိုးသူကို အရမ်းကြိုက်ခဲ့တာလေ..။
    ဒါပေမဲ့ စိုးသူကို အပြင်မှာတွေ့တာတောင် လုံးဝ လှည့်မကြည့်လို့ ဖေဖေကတောင်မေးယူရတယ်။ နင်ကြိုက်တာ ဘာလို့သွားမကြည့်သလဲတဲ့။ အဲဒီတုန်းက ဖေဖေနဲ့ မြို့ထဲသွားတုန်း လျှောက်လည်တာလေ..စိုးသူက ရုပ်ရှင်ရိုက်နေတာ.။

    ရင်ထဲမှာတော့ ကြည့်ချင်တာပေါ့..။ဒါပေမဲ့...မကြည့်ဘူး

    ReplyDelete
  7. မမဂွိ ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က မှတ်သားစရာပါ ၊၊ ရှင်းကနဲ လင်းကနဲ ပါပဲ၊၊ ပေါ်လွင်လှပါတယ် ၊၊

    ကိုကြီးဝီ

    ReplyDelete
  8. မမဂွိ ဂွိဂွိကို ချစ်တယ်နော် လာလာမချောင်းနဲ့နော်။ ပို့စ်လေးက တိုပေမယ့် ထိတယ်ဗျ။
    ကွိကွိ

    ReplyDelete
  9. ဖတ်သွားပါတယ် မမKOM.. :P

    ReplyDelete
  10. ကျနော် ကတော့ ရဲရဲ ကြည့်တာပဲ.. ကြည့်ပြီး စိတ်ထဲက ဝေဖန်ရေးလုပ်တာပဲ.. အသားညိုတယ်၊ ရုပ်ရှင်ထဲက အတိုင်းပဲ ဘာညာပေါ့.. :P

    ReplyDelete
  11. Educated -- ပညာတတ်(စာတတ်) ပုဂ္ဂိုလ် ။

    အဲဒီလိုလေးက ပိုကောင်းမလား။ ဒီမှာပြောထားသလို အမူအကျင့်တွေအကုန်ရှိတယ်။ ဒါပေမဲ့ ပညာတတ်ဟုတ်ဘူး။ အဲ.. စာတော့နည်းနည်းတတ်တယ်။

    သုခမိန်(E-Journal)

    ReplyDelete
  12. အဲဒီလိုလုပ်တာ အတူတူပဲ။
    အဲဒါကိုက ပညာတခုပေါ့။

    SMNTL

    ReplyDelete
  13. ချိုသင်းကတော့ ကိုယ်ကြိုက်တဲ့ အနုပညာရှင်တွေ့ရင် ရင်းနှီးသလို စိတ်မှာ ဖြစ်လို့ ကိုယ်ကပဲ စ ပြီး ပြုံးပြလိုက်တာပါပဲ မမရယ်။
    တခါတလေ သူတို့က ခပ်တည်တည်ပဲလေ။ အင်းလေ..သိမှ မသိတဲ့ဥစ္စာ..။
    ဒါဆိုတော့လဲ ကိုယ့်မှာ ပညာတတ်ဥာဉ် မရှိဘူးဘဲ ဆိုရတော့မှာပေါ့။ အားငယ်လိုက်တာ။

    ReplyDelete
  14. မာယာပေါ့ဗျာ
    ဟုတ်ဖူးလား
    ပညာတတ်သူရောမတတ်သူရောမှာရှိမှာပါ
    ပညာတတ်ကတော့ ပို လှတာပေါ့
    မာယာလှလှလေးပေါ့


    ခင်မင်လျက်

    ReplyDelete
  15. ကျွန်မလည်း အလှတရားပြောသလို ...
    ဟန်ဆောင်တတ်သူတို့ရဲ့ ဥာဉ်လို့ ထင်တာပါပဲ။
    ပညာဆိုတာ ဟန်ဆောင်ခြင်း အတတ်ပညာကို ပြောတာများလား ... စဉ်းစားမိပါတယ်။
    တခါတလေတော့လည်း ဟန်ဆောင်ဖို့ လိုအပ်သလို ... ရိုးဂုဏ်ဟာလည်း ချစ်စရာ ... လေးစားစရာ ကောင်းတယ်မဟုတ်လား။
    တိုတိုလေးနဲ့ အတွေးတွေ ဖြန့်ကျက်စေတဲ့ ပို့စ်လေးပါပဲ ...။
    ကျေးဇူးပါ မခင်ဦးမေ .. ။

    ReplyDelete
  16. ပညာတတ်လား မတတ်လားတောင် ကိုယ့်ဘာသာကိုယ် မသိတော့ဘူး ခင်ဗျ။ ရူးနေခဲ့တာ ကြာလှပါပြီပဲလေ။ ဒီလိုနဲ့ပဲ ကိုယ့်ဘာသာ ဘာမှန်းမသိတော့ဘူးဗျ။ ဟဲဟဲ...

    ReplyDelete
  17. မခင်ဦးမေရေ - အခြေအနေကြောင့် ရတုံး ကောမန့် ၀င်ရေးသွားတယ်။ အမ ဘလောက် ကိုမကြာမကြာရောက်ပါတယ်။ ပညာဆိုတာ ကတော့ ဘယ်လိုမှတိုင်းတာလို့မရတဲ့အရာ တခုပါ- သေတဲ့အထိ သင်ယူနေရဦးမှာပါဘဲ။ နာယူုလိုတဲ့ဆန္ဒရှိသ၍ပေါ့ဗျာ :)

    ReplyDelete
  18. ပညာတတ်ညာဉ်နဲ့ မရေးချင်သလို ရေးချင်သလိုလိုလုပ်ပြီး ကွန်မန့် ၀င်ရေးသွားပါကြောင်း

    ReplyDelete
  19. အမK ကျွန်တော်ကတော့ မင်းသားဆိုတစ်ယောက်မှ မကြိုက်ဘူး။ မင်းသမီးဆိုအကုန်ကြိုက်တယ်။ ဟီး ဟီး။

    ReplyDelete
  20. အိမ်တို့က ဘာပညာမှမတတ်လို့လားမသိဘူး
    လူတွေ့တာနဲ့ အတင်းဝင်လုံးပစ်တာ
    နောက်ပိုင်းကျတော့ ကိုယ့်အကြောင်းသိတဲ့သူဆို
    တွေ့တာနဲ့ကို ထွက်ပြေးတာ ဟိဟိဟိ

    ReplyDelete
  21. ကိုယ်ကြိုက်တြ့အနုပညာရှင်ဆိုရင်တော့ ငေးမောပစ်လိုက်တာပဲ။
    ထူးအိမ်သင်ကိုတွေ့တုန်းက ချောလိုက်တာ မျက်တောင်မခတ်ကြည့်ရင်းပြောမိလို့
    ဘေးမှာပါလာတဲ့အဒေါ်က ထူးအိမ်သင်ဘယ်နားများလှလဲလို့ တအံ့တသြမေးယူရတယ်။
    အဟဲ။

    ReplyDelete
  22. ရေးထားတာလေးကိုဖတ်မိပြီး
    အကြည်ဓါတ်လေး တစ်ခုနဲ့ ပြုံးမိတယ်။
    ကောင်းတယ်ဗျာ ရေးထားတာလေးက... :)

    ReplyDelete
  23. သိပ်ကို သဘောကျပြီး ပြုံးမိသွားတဲ့ အထိ Heart ထိ သွားပါတယ် ခင်ဗျာ။

    ReplyDelete
  24. ဟုတ်ကဲ့ အကယ်ဒမီများရှင် မင်းသမီး (အမ်းမား)ကို မကြည့်ချင် ကြည့်ချင်သလိုဖြင့် လာကြည့်ပါသည်။ သို့  သော် မိတ်ဆက်ချင်လွန်း အားကြီးပါသဖြင့် အော်တိုလေး မစတော်မူပါခင်ဗျ။ ဟာဟ။

    ReplyDelete
  25. ဟား ဟား ဟုတ်ပါပြီ ဗျာ မမခင်ဦးမေ ရယ် မိတ်ဆက် ပေးမယ့်သူ မရှိပေမယ့် ကိုယ့်ဖာသာပဲ မိတ်ဆက် လိုက်တော့မယ် ကျွန်တော်ကတော့ မ " ခွန် " သိတဲ့ အတိုင်းပဲ လင်းထက်ပေါ့...။

    ပညာသိပ်မတတ်တော့ ကိုယ်ကစပြီး မိတ်ဆက် ဖို့ သိပ်ဝန် မလေး ပါဘူးဗျာ :P

    ပျော်ရွှင်ချမ်းမြေ့စွာ ဖိုတို ဂရပ်ဖင်း နိုင်ပါစေ..။

    ReplyDelete
  26. ပညာတတ်လူတစ်ယောက်ရဲ့ ပြုမူပုံတွေက ဆန်းတော့ဆန်းသား .... လူဆိုတာ မွေးတုန်းက ဘာဆိုဘာမှ တတ်တာမဟုတ် ကလေးဘဝတုန်းကဆိုတာလည်း သူများလိမ်ပြောရင်တောင် လိမ်ပြောလို့ လိမ်ပြောမှန်းမသိ ... အမေနဲ့ အဖေကပြောတယ် သား " ပညာတတ်အောင် သင် ... ပညာတတ်ကြီးဖြစ်ရင် သားသူများလိမ်တာ မခံရတော့ဘူး ပြီးတော့ ... " ဆိုပြီး အမေနဲနဲ စဉ်းစားနေတယ် ဒါပေမယ့် ပြီးတော့နောက်က နောက်ဆက်တွဲ စကားကိုတော့ ထပ်မပြောသွားတော့ဘူး ... အခုတော့ ကျွန်တော် ပြီးတော့ နောက်က နောက်ဆက်တွဲ စကားတစ်ချို့ကို သိခဲ့ပါပြီ .... " ပြီးတော့ သူများယုံအောင်လည်း မင်းပြန်လိမ်တတ်လာလိမ့်မယ် " တဲ့ .... :)

    ReplyDelete