Monday, October 27, 2008

I call back telephone card

သိသူတွေ ရှိသလို မသိသူတွေလည်း ရှိနိုင် သေး တာကြောင့် ရေးမိပါတယ်။ I call back tel card လို့ ခေါ်ပါတယ်။ similar ကဒ်တွေလည်း ရှိပါတယ်။ထုံးစံ အတိုင်း ပင်နီစူလာ မှာ ဝယ်လို့ရပါတယ်။ ကိုယ်သုံးနေတဲ့ ကဒ်မို့လို့ သု့ အကြောင်းဘဲ ရေးပါ့မယ်။ ကိုယ်တို့ရဲ့ စလုံး လိုင်း တယ် လီဖုံး က အဝင် မှာ free call မို့လို့ ပိုက် ဆံ မပေးရပေမဲ့ အထွက်မှာတော့ တစ်မိနစ်ကို ၁၀ ပြားကနေ ပြား ၂၀ ဝန်းကျင် ကျသင့်လေ့ ရှိပါတယ်။

မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ အဲဒီတော့ ကာ မှားဝင်တဲ့ဖုံး ကိုတောင် မှားနေ ပါတယ် ရှင် ကစပြီးလေ များတာ နာရီဝက် ကြာနိုင်တဲ့ သာဓကာတွေ ရှိ တဲ့ အခါ အတော်လေး bill ထိ ခိုက် နိုင်ပါတယ်။ လက်ရှိကို ချာတိတ်မ တစ်ယောက် က အစ်မရယ် သမီးလေ။ စလုံး ၂၀၀ တယ်လီဖုံးဘီလ် ပေးရမယ် ။ သမီးတော့ ဒီလောက်လဲ ပြောမိတယ် မထင်ပါဘူးလို့ ဆိုပါတယ်။ ဒါတွေ က ရိုးနေပါပြီ။


သူ I call back card က တစ်မိနစ် ကို ငါးပြာအောက်ကျသင့်ပါတယ်။
၁။ စလုံ့း ငါးကျပ်ဖိုး ဖြစ်စေ. / တဆယ် ဘိုး ဖြစ်စေ ကဒ် ပြား တခု ဝယ်လို့ရပါတယ်။
၂။ ပြီးရင် ပေးထားတဲ့ နံပါတ် တစ်ခု ကို နှိပ်ပြီး register လုပ်ရပါတယ်။
၃။ ပြီးရင် တော့ သူပေးထားတဲ့ နံပါတ် တခု ကို ဆက်ပြီး ရင် လိုင်း က အော်တို မက်တစ် ပြတ် သွားပါတယ်။
၎။ ပြီးရင် ဖုံး ပြန်မြည် လာ ပါလိမ့်မယ်။ မလည်ပတ်သေးရင်တော့လဲ ဟယ်လို လို့ ထူးလို့ရပါသေးတယ်။ အမှန် ကစက် ကပြန် ခေါ်တာပါ။ ကိုယ့်ရဲ့ ဟယ်လို ကို သူ မသိပါဘူး။

၅။ အဲဒီ အခါ မှာ စက် ကပြောပါလိမ့်မယ်. သင်ခေါ်ဆိုလိုသော နံပါတ် ကို နှိပ်ပါ ဆိုပြီ။
၆။ ပြီးရင် ပြောလို့ ရပါပြီ။ အကြမ်းဖြင့် တမိနစ် ကို ငါးပြားအောက် ကျသင့်ပါလိမ့်မယ်။ အရေ မရ အဖတ် မရပြောချင် တဲ့ အခါ သုံ့းသင့်ပါတယ်။
၇။ တစ်ခါ ခေါ်ပြီးရင်တော့စက် က နံပါတ် တစ်ခု ကို ကို ပြန်ပို့ပါလိမ့်မယ်. စော စော က သင်ဆက်ခဲ့သော နံပါတ် အတွက် ကျွှန်နပ် တို့စက် မှ နံပါတ် တခုပေ့းပါသည်။နောင်တွင် ယင်းနံပါတ် ကို တိုက်၇ိုက် နှိပ်နိုင်သည် လို့ဆိုပါတယ်။

၈။ ကိုယ်တို့ရဲ့ တယ်လီဖုံးလိုင်း ကတော့ အဝင် ဖရီး ဖြစ်ဘို့ လိုအပ်ပါတယ်။ ဆိုလိုတာ က လိုင်းရှိပြီးသား post paid line မှ သာလျှင် သုံးလို့ ရပါတယ်။
၉။ Local call အတွက် အတော်လေး အသုံးဝင်ပါတယ်။ အကြမ်းဖျင်း ၅ မိနစ် အထက် ပြောရင် သုံးသင့်ပါပြီ။

15 comments:

  1. တီတီကွန်းရေ... i call back တစ်ကဒ်လောက်..... :P :P :P
    ဒါဆိုရင်တော့ လက်တို့ပြိးတော့ကို ၀ယ်လိုက်ဦးမယ်
    ဗျို့... :P :P

    ReplyDelete
  2. စ လုံး ကိုလာလာယင် သုံးရအောင် မှတ်ထားလိုက်ပါပြီဗျာ။
    မျှဝေပေးသော KOM အားကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete
  3. call back က အသုံးခံတယ် မရေ တကယ်ဘဲ
    ဒါပေမယ့် အိမ်ဖုန်းကို သုံးလို့ရနေတော့ အိမ်ဖုန်းကို အဓိကထားသုံးနေတယ်။

    ReplyDelete
  4. ကျွန်တော်တော့ အမြဲပိုက်ပိုက်ဖြည့်ထားတယ် အမေတို့ဆီကို အရေးပေါ် ဆက်ချင်တဲ့ အချိန်ဆက်လို့ရအောင်လို့။ သုံးရတာ တော်တော် လွယ်ပါတယ်။

    ReplyDelete
  5. ကျွန်တော်လည်း I Call Back ကဒ်ကို ၀ယ်မိဖူးတယ်၊ သေချာ မသုံးတတ်လို့ အဲကဒ်အခုထိ ရှိသေးတယ်ဗျ။
    အခု အမ KOM က နည်းပေးလမ်းပြလိုက်တော့ ကွက်တိပဲ၊ ပြန်မွှေပြီး ပြန်ရှာကြည့်ဦးမယ်၊ မတွေ့ရင် တော့ အမ KOM ပဲတစ်ကဒ် ပြန်ဝယ်ပေးတော့နော် ... :P (စတာပါ အမ၊ တကယ်ပြောတာပါ)

    ခင်မင်စွာဖြင့်

    ReplyDelete
  6. "မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ "
    ဒီစာသားလေးကို သဘောကျ၏

    ReplyDelete
  7. စလုံးကို လည်လည်ရောက်ရင်
    SG Expert အမဆီလာ တပည့်ခံမယ်။
    မကုန်သင့်တာ မကုန်အောင်လို့......

    ReplyDelete
  8. မမရေ ဆက်နည်းတော့ မှတ်ထားလိုက်မယ်။ ပိုက်ပိုက်တော့ မပူပေါင် စလုံးလာလည်ရင် မမက အကုန်ဝယ်ပေးမယ်ဆိုတာ သိပြီးသား ကွိကွိ ကွိ

    ReplyDelete
  9. အမရေ.. ကျနော့်လည်း တစ်ကတ်ဒ်ဗျာ...
    လက်လွယ်ရင် ဆက်သွယ်လိုက်ပါ...
    ၅ ကျပ်တန်ကတ်ဒ်လောက် စမ်းသုံးကြည့်မယ်လေ... :P

    ခင်မင်လျက်...

    ReplyDelete
  10. ကျေးဇူးပါမမ..အဲဒီကဒ်ခုမှကြားဖူးတာ..သုံးကြည့်မယ်။ ဟုတ်တယ်..ဖုန်းဘေလ်လာရင် တော်တော် မျက်လုံးပြူးရတာ .. တစ်ခါပို့ ၅ ပြား SMS ဖိုးတင် တော်တော်ထိတယ်..နောက်ပြန်စဉ်းစားတော့မှ..
    အရေမရအဖတ်မရတွေ SMS ပို့မိတာ သတိထားမိပြီး ဆင်ခြင်နေရတယ်..(ကာတွန်းပုံတွေ အပြန်အလှန် ပို့နေတာ၊ SMS နဲ့ စကားနိုင်လုနေတာတွေ ပေါ့) "မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ ".. ဟီးးးးးးး မှန်ပါတယ်ရှင်...
    မြန်မာပြည်ကိုကဒ်နဲ့ခေါ်ရင်လည်း ကဒ်ထဲက ပိုက်ပိုက်ပဲဖြတ်သွားပြီး တော်တော်နဲ့ လိုင်းမ၀င်. . စိတ်မရှည်လို့ တိုက်ရိုက်ခေါ်လိုက်တော့ ကျေးဇူးရှင်ဖုန်းက လျှောလျှောရှူရှူ ၀င်သွားရော.. အဲတော့ဆောင်ပေတော့ overseas phone bill....:(((((

    ReplyDelete
  11. တခါမှတော့ မသုံးဘူးသေးဘူး။ မမကြော်ငြာကောင်းလို့ စမ်းသုံးကြည့်ဦးမယ်။ prepaid card ဆိုတော့ နောက်မှ bill ပေးရတာထက်စာရင် ပိုကောင်းတယ်လို့ ထင်မိတယ်။

    ReplyDelete
  12. ဟုတ်ကဲ့ ၊၊ မမဂွိ ပြောသမျှ မှတ်ထားပါ့မယ်ဗျာ ၊၊ မမဂွိ က ဗဟုသုတ စုံလင်တယ် ၊၊

    ReplyDelete
  13. လာရောက် ဖတ်ရှု ကြားနာ လေ့လာ မှတ်ယူသွားပါကြောင်း မမရေ..

    ReplyDelete
  14. "မိန်းကလေး ဆိုတာ ဖုံးမှားရင် နာရီဝက်။ မှန်ရင် တနာရီပြောတတ်လေ့ ရှိပါတယ်။ "

    :D Ha ha ha Nice!

    ReplyDelete
  15. အမရေ Ezy လည်းကောင်းတယ်အမ။ သူလည်း callback ဘဲ။

    ReplyDelete