Wednesday, October 29, 2008

Long time ago bus

ကြာခဲ့ပါပြီ။ လွမ်းစရာပေါ့။ ကျောင်းတက်တော့ လသာ ၂။ .မြို့ထဲ ကနေ လာတော့ မှတ်မိသလောက် နပါတ် ၄ ကားလား မသိဘူး။ အမြင့်ကြီးတွေ လေးဖက် ထောက်ြီ့ပီး တက်ရတယ်။ နောက်က တယောက်က တွန်းပေးရတယ်။ ဒါမှ မဟုတ် ရှေ့ ကတစ်ယောက်က ဆွဲ တင်ရတယ်။

ဘတစ်ကားရှိုးရိုး တွေလဲ ရှိတယ်။ မှတ်မိသေးတယ်။ ဘရိတ်တွေ လေတွေ ဆီတွေ သိတ်ရယ်ရတယ်။ ကားပေါ်တက်မယ် လုပ်တုံး ခါးပိုက် နှိုက်ခံရဘူး သေးတယ် ။အဲဒီ တုံးက ကလေး သာသာရယ် ဘာ ကို များမျက်စိကျပြီး ကလေးပိုက်ဆံ့အိတ်ကို နှီူက် ရသလဲ မသိ။ ကိုယ် က သတ်တိကောင်း။ ချက်ချင်းသိ. ချက်ချင်း ပြန်တောင်းတယ် ခင်ဗျား။ အဲဒိ အိတ် ကို ဒါ ကျွန်တော့အိတ် ပြန်ပေးပါ ဆိုတော့ ဟိုလူ က ပြန်ပေးသွားသဗျာ။

နောက်ပိုင်းတော့ ကျောင်းကားစီးတယ်။

(http://maungmaungmfs.blogspot.com/2008/10/blog-post_2455.html ကိုဖတ်ပြီးသတိရသွားတာနဲ့။)

20 comments:

  1. နယ်မှာနေတော့..ဘတ်စ်မစီးဖူးဘူး
    မြင်းလှည်း(ရထားလုံး)ပဲစီးဖူးတာ..

    ReplyDelete
  2. မမက မဆိုးဘူးပဲ။ ခါးပိုက်နှိုက်တောင် ပိုက်ဆံအိတ် ပြန်ပေးလိုက်ရတယ်ဆိုတော့..ဆရာကြီးပဲ။

    ReplyDelete
  3. မမKOM ကြီးရေ နံပတ် ၉ ကား ကိုမှတ်မိသေးလားဗျ။
    မေမေ နဲ့ မင်္ဂလာဒုံသွားတော့ ဗျာ မေမေ က သံဇာကာ နဲ့ နောက်ဖက် က ကျွန်တော်က အရှေ့ ဖက် မှာ။
    ငိုချင်လိုက်တာပြောမနေနဲ့ တော့။
    ခလေးပဲရှိသေးတာ ကို သူတို့ သံဇကာခန်းထဲ ပေးမ၀င်ဘူးလေ။
    နံပါတ်ကိုး ဗိုလ်တထောင် နဲ့ မင်္ဂလာဒုံဈေး ကိုဆွဲတာပါ။

    ReplyDelete
  4. မီးလည်း ခါးပိုက်တစ်ခါနှိုက်ခံရဖူးတယ်။ ပိုက်ဆံတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် လိုင်စင်ပုံတွေပါသွားတာဗျ။ နောက်ပိုင်းတော့ လူနားလာ
    ပြီး မရိုးသားပုံရရင် ခြေထောက်နဲ့ တက်နင်းမိချင်ယောင်ဆောင်တတ်လာတယ်။ မီးမီးနင်းလို့ အော်ရတယ်လူတွေရှိတယ်ဗျ။ အဟီး။သနားပါတယ်။

    ReplyDelete
  5. သစ်သားကားကြီးတွေမှာ ရေးရေးထားတာက
    သတိ
    ဆီ ၊ ရေ၊ လေ ၊ ၀ိုင်
    ဆိုလား။ ငယ်ငယ်က ၀ိုင် ဆိုတာ နားမလည်လို့ အမေကို မေးရသေးတယ် :P

    ReplyDelete
  6. "အမြင့်ကြီးတွေ လေးဖက် ထောက်ြီ့ပီး တက်ရတယ်" မ kom ရယ်ဖြစ်ရတယ်လို့ မျက်စိထဲဘယ်လိုမြင်ကြည့်ကြည့်ဗျာ။ဟ ဟ ဟ ဟ

    ReplyDelete
  7. I took bus frequently when I was in Yangon. I can't remember the bus route number.I was working at Mingalardon Military hospital. In the morning, I was so tired after doing night duty and fell into sleep. I woke up only when that big bus with solid passengers stopped at Phonegyi street. I lived near Pegu club :)

    ReplyDelete
  8. အမက ခေသူမဟုတ်...ပါလား..... ခါးပိုက်နှိုက်ဆီက ပိုက်ဆံပြန်တောင်းရဲတယ်။

    ReplyDelete
  9. အမရေ ကျနော် စီးဘူးတဲ့ စစ်ကျန် သစ်သားကားတွေ ကတော့ အင်းစိန်- ဆူးလေ ဆွဲတဲ့ ၄၈ ရယ်၊
    ပြည်လမ်း ပေါ်က သရက်တော ကျောင်းတိုက် ရှေ့နားကနေ သိမ်ဖြူ၊ မင်္ဂလာဈေးဘက် အထိ ဆွဲတဲ့ (လိုင်းနံပတ် မေ့နေပြီ) ကားကြီးတွေရယ်ပဲ။
    ကျနော်က အမြဲ ပဲ နောက်ဘက်က တွယ်စီးရတယ် အမရဲ့ ။ လူက ကားထဲဝင်ရင် ခေါင်း မလွတ်လို့။ :D
    ခါးပိုက်နှိုက်တာတော့ တခါမှ မခံရဘူးဖူး။ အ ဟီး ခါးပိုက်နှိုက် စိတ်ပျက်လောက်တဲ့ အထင်ကြီးတဲ့ ပုံ ပေါက်လို့နေမယ်။
    :D

    ReplyDelete
  10. ခါးပိုက်နှိုက်ကလည်း ကြောက်တက်လိုက်တာ ညံ့ပါ့ =)

    ReplyDelete
  11. ဟား မမကတော့ သတ္တိကောင်းချက်.
    ခါးပိုက်နှိုက်ကတောင် ပိုက်ဆံအိတ်ပြန်ပေးသွားရတယ်. :D

    ReplyDelete
  12. အတော် သတ္တိကောင်းသဗျို့
    ခါးပိုက်နှိုက်ဆီကတောင် ပြန်တောင်းရဲတာ
    လေးစားမိပါတယ် အမ KOM ရေ ...။

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  13. Wow...
    မမKOMက တယ်ဟုတ်ပါလား...
    ကလေးဘ၀မှာတောင် ခါးပိုက်နှိုက်ဆီက ပိုက်ဆံအိတ်ကို ပြန်တောင်းရဲတယ်နော်...
    ညီမဆို ခါးပိုက်နှိုက်တာကို သိပေမယ့် ကြောက်လို့ မသိချင်ဟန်ဆောင်နေခဲ့ရတယ်... အဲ့တုံးက တက္ကသိုလ်တောင်ရောက်နေပြီကို... သတ္တိကောင်းပုံကလေ... အဟဲ...

    ReplyDelete
  14. ဒီကားကြီးကလည်း အမိုက်စားပဲနော်။ နောက်ကတွန်းတင်ရတာနဲ့ ရှေ့ကဆွဲခေါ်ရတာနဲ့။ မျက်စိထဲမြင်ကြည့်နေတာ။

    ReplyDelete
  15. မဇနိပြောပုံအရကားကြီးက Model အောက်ပြီး Engine ပါကျနေပုံပဲနော်...:P

    ReplyDelete
  16. ဝိုး မမကတော်လိုက်တာ ခါးပိုက်နှိုက်တော့ တခါမှ မကြုံသေးဘူး။ ကြုံရင်လဲ ပြန်ပြောရဲမယ် မထင်ဘူး ။ ဟီး Bus နဲ့ပတ်သက်တဲ့အမှတ်တရကတော့ Uni တက်ခါစက ကုန်ဈေးတန်းနားကနေအိမ်ကိုကားပြောင်းစီးရမှာကို ရောင်ရောင်မှားမှားနဲ့ ဆင်းလာတဲ့ကားပေါ်ပြန်တက်သွားတာ ဟီး ရှက်လိုက်တာ :P စပယ်ယာဦးလေးကြီးကလည်း မှတ်မိပြီပိုက်ဆံထပ်မယူဘူး နောက်မှတ်တိုင်ကြမှပြန်ဆင်းပြီး လမ်းပြန်လျှောက်ရဘူးတယ်။ :D

    ReplyDelete
  17. တော်လိုက်တဲ့ ငါ့အမ။ ငယ်ငယ်ကတည်းက ဟောက်လိုက်တာ ခါးပိုက်နှိုက်ကတောင် ကြောက်ရတယ်။ .... ဟီဟိ...

    ReplyDelete
  18. ma kom ka YGN ka la tha (2) lar ? tar tar lae latha (2) ka pal . hal hal thu thu pal :D lwan tal school ko . kyaung ted ya ter pyaw pot kg tal naw hote tal hmart lar ? :P

    ReplyDelete
  19. အဲလို သွက်လက်ချက်ချာ သတ္တိ ရှိတဲ့ မမဂွိ ပါ ၊၊ အဲလို ပွင့်လင်း ဖော်ရွှေ စွာ လုပ်ချင်ရာလုပ် တတ်တဲ့ မမဂွိ စတိုင်ကို အားလုံးကို ခင်မင်ချစ်ခင်နေကြတာပါဗျာ ၊၊
    (ဆက်လက်၍ လည်း စိတ်ထဲရှိတာလုပ်ပါ ..ဟီး ဂွိဂွိ )

    ကိုကြီးဝီ

    ReplyDelete