Wednesday, October 22, 2008

One man show

မိုးမလင်းခင် alarm ပေး။ အိပ်ရာ က နိုးတာနဲ့ ဘာညာ သာဒကာ ပြီးရင် ည ကတည်း က ဖျော်ထားတဲ့ ကော်ဖီ ပြင်းပြင်း ကို သောက် ။ ပြီးတာနဲ့ ကြိုဝယ် ထားတဲ့ ငှက်ပျော်သီး ၂ လုံးနဲ့ ပန်းသီး တလုံး ကို ထည့်ပြီး အလုပ် သွားပါတယ် ။ သွားရင်းလာရင်း နဲ့ လူလစ် တဲ့ နေရာ မှာ ငှက်ပျောသီး တလုံး ကို ထုတ်စားလိုက်တယ်။

အလုပ်တွေ လုပ်။ ဗိုက်ဆာ လာတော့ လုပ်ငန်းခွင် မှာ တာဝန် ကျ တဲ့ သူတွေ အတွက် ပေးတဲ့ ထမင်းဘူး ထဲ က တဗူး ကို သွား ခိုးပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော.တာဝန် ကျတဲ့ သူတွေ က အပြင် ထွက် စား ကြ ရွှေု့ သော်လည်းကောင်း ။ ဟင်း မကောင်းရွေ့ သော်လည်း ကောင်း။ စိတ်ဖိစိမှု များရွေ့ မစားနိုင် မသောက်နိုင် ရွေ့ သော်လည်း ကောင်း ။ အမြဲ လိုလို ထမင်းဗူး များ ပိုနေရွေ့ ဖြစ်ပါတယ်။ နေ့တိုင်းတော့ သွားမခိုးပါ။ ကိုယ့် အ လှည့်ကျရင်လည်း ကိုယ်မစားနိုင်တာ များလို့ ပြန် ကလဲ့စားချေခြင်းလဲ ဖြစ်ပါတယ်။

အဓိက ကိုယ် ငါးပါး သီလ မလုံ ရခြငး အကြောင်း က တော. စားသောက် ဆိုင် သွားရင် တန်း စီ ရ မှာ စိုး လို့ ဖြစ် ပါတယ်။ အချိန် ကို လည်း ခိုးတာပါ။ ဟင်း မကောင်းလဲ စား ရမဲ့ အနေအထားဖြစ် နေပါတယ်။ အဲဒါနဲ့ ဟင်းမကောင်း လို့ မနက် က ကျွှေးတဲ့ အထဲ က ပိုတဲ့ ကြာဇံကြော်ကို ပါ ထပ် ဖြည်.ပြီး တို လက် စနဲ့ ဆက် တို လိုက်ပါတယ်။

ပြီး သင့်လျော်ရာ တနေရာသွား ရှိတာ လေး ထုတ်စားပြီး ခွေ လိုက်ပါတယ်။ တခါ ကာဖီပြင်းပြင်း ထပ်သောက် အလုပ် ဆက်လုပ်။ ညနေ တခါ ကြာဇံ ဆွပ် စားပါတယ်။ ဒီတခါ တော့ ဝယ် စား တာပါ။ မီးဟွန်းဆွပ်ပါ။ ပန်းသီး တလုံးလဲ ခွဲစား လိုက်ပါ သေးတယ်။ ငှက်ပျောသီး ကိုတော့ သူငယ် ချင်း တယောက် ကို ပေးလိုက်တယ်။

တခါ သူများ က ဘီစကစ် လာကျွှေးတာလဲ စား။ ညပြန်လာတော့ သွားရင်းလာရင်း နဲ့ ပေါင်မုန့်တွေ baker ဆိုင် က နှစ်ခုဝယ် သုံ့းခု ရမယ်ဆိုတာနဲ့ ဝယ် စား လိုက်သေးတယ်။ ကုန်တော့ဘယ် ကုန်ပါ့မလဲ။ အိမ်ရောက်တော့ တခါ ခေါက်ဆွဲ မက်ဂီ ပြူတ် စားပါသေးတယ်။ သဘောင်္သီး စပျစ်သီး ကတော့ခွဲပြီး ရေခဲသေတာထဲ ထည်.ထားတာ stand by ရှိပါတယ်။ ဝင် ခလုပ်ထွက်ခလုပ် eat ပါတယ်။ ကော်ဖီမစ်မှိှူျူးစုံ။ ခေါကဆွဲခြောက် မျှိုးစုံး။ ပက်စီ ကိုကာ ကိုလာ။ နွားနို့။ ပေါင်မုန့် ။ ကွေကာအုတ်။ ကွန်ဖလိတ် လောက်ကတော့ စကားထဲ ထညှ်ု့မပြောတော့ပါဘူး။

(မီးငယ်နှင့် ကိုနေလင်း ခင်မင်မေတာ တုံ့ပြန်ပါသည်.) (ဖြစ်သလိုစားခြင်း)

အချပ်ပို။
(GreenGirl က ဖြေရှင်းချက် ထုတ်ပါတယ်။ ဒီပိုစ်ကို တက်က သူပါဆိုဘဲ။ အချစ်အကြောင်းတက်တာ က မီးငယ်ဆိုဘဲ။ သူမို့ လို့ သူများ ကိုတက် တာ ကို မှတ်မိနေတယ်။ အမှန် အတိုင်းပြောရင် နဲနဲ ရောသွားတာတော့အမှန်ဘဲ။ ခင်မင်စိတ်နဲ့ဘဲ ခွင့်လွှတ်ကြပါလို့ဘဲ..ဒါဆိုအချစ်အကြောင်းတက်တာ က မီးငယ်နဲ့ မေမိုးပေါ့။ သက်ဝေရောပါသေးလားမသိ. မသေခင် ၁၀ ရက် အလိုကရော ဘယ်သူများပါလီမ့်. သြေ်. ဒုတ်ခ.။ ညကျမှ ပြန်မေးလိုက်ဦးမယ်။ )

24 comments:

  1. မမခင်ဦးရေ...

    တက်ဂ်လေးအမှတ်တရ ရေးပေးတာကျေးဇူးပါနော်.. မမရဲ့ ဖြစ်သလိုစားခြင်းကလဲ အရမ်းကောင်းတာပဲ..ဟဲဟဲ.. ကျွန်တော်တောင်စားချင်လာတယ်..

    သြော်.. ဒါနဲ့ မမရဲ့ ရေခဲသေတ္တာ ရော ဆန့်သေးရဲ့လား ??? သဘောင်္သီး စပျစ်သီး ပက်စီ ကိုကာ ကိုလာ။ နွားနို့။ စားစရာ အစုံထည့်ထားလို့... ဟီးဟီး... မဆန့်တော့ရင် ဒီကိုပို့လိုက်ပါ မမခင်ဦးရေ... အားမနာနဲ့နော်...

    ခင်တဲ့

    မောင်လေး နေလင်း :)

    ReplyDelete
  2. ဂွတ်တယ် ဂွတ်တယ်
    ဒီလိုလေး ဖြစ်သလိုစားလို့ ဗိုက်ပြည့်တော့လည်း ပြီးတာပဲကိုး နော အမရယ်
း)

    ReplyDelete
  3. ဟားဟား..အမ သဘောင်္သီးစားချင်တယ်
    ဒီကသဘောင်္သီးက သိပ်မချိုဘူး..ပီးတော့ သေးသေးလေး

    ReplyDelete
  4. မခင်ဦးမေက ဟာသစွက်ပြီးရေးတယ်နော်။ ပို့စ်ကို ဖတ်ပြီး ရီလိုက်ပြုံးလိုက်ဖြစ်သွားတယ်။ အသီးများများစားတာ ကောင်းတယ်။ အသားလဲလှ ဝိတ်လဲကျ :-)

    ReplyDelete
  5. ကြာဆန်ပိုယူပေးခဲ့ပါ။

    ReplyDelete
  6. ထမင်းဘူးလေးတဘူးလောက် ပိုယူခဲ့ပေးနော်။ ကြာဇံလည်းစားချင်တယ် မမ။

    ReplyDelete
  7. မကေအိုအမ်နဲ့ လိုက်စားတယ်...

    ReplyDelete
  8. မမဂွိ က သူများတွေတော့ ပန်းသီး ငှက်ပျောသီးတွေဝေတယ် ၊၊ ကိုကြီးဝီ အတွက်တော့ ဘာမှ မကျွေးပါ ၊၊ ဟုတ်ကဲ့ ၊၊ ရပါတယ်၊၊ မမဂွိ ဗိုက်ဝရင် ကျနော်တို့ ငတ်သလိုပါပဲ ၊၊ ဘာပဲဖြစ်ဖြစ်လေ ၊၊
    မိုးလေ၀သ သာယာပါသည် ၊၊

    ကိုကြီးဝီ

    ReplyDelete
  9. တို့မမ ဖြစ်သလိုကလည်း.... ပျော်စရာကြီးပါလား... အဲဒီလို စားနိုင်တာလည်း ကုသိုလ်ကံကောင်းခြင်း တစ်မျိုးပဲ အမရေ.. အားကျတယ်.. :D

    ReplyDelete
  10. မင်္ဂလာပါ အမ

    အမရဲ့ ဖြစ်သလိုစားခြင်းလေးက တကယ်အားကျစရာ၊ စားချင်စရာ ဖတ်ရင်းနဲ့ ဗိုက်ဆာလာပါတယ်ခင်ဗျာ။ :)

    ReplyDelete
  11. အမ်းမား မိုးလေ၀သ သာယာနေတယ်ပေါ့။ ကျနော် ကတော့ ဗိုက်ဆာလွန်းလို့  လူလစ်မစောင့် နိုင်ဘူး။ သွားရင်း လာရင်း ၀ါးတီးလေးထုတ် အုပ်လိုက်တာပဲ။ နောက်နေ့  ကျနော့်အတွက်တစ်ဗူး ပိုမခဲ့ပါ။ မဟုတ်ပါက အိမ်မှ ရေခဲသေတ္တာကြီး အလုံးလိုက်လာမမည် ဖြစ်ပါ ကြောင်း ကြိုတင်သိစေအပ်ပါသည်။ ။ ဒူ ဝေ ဝေ ဝေ။

    ReplyDelete
  12. မမ ဖြစ်သလို ကို ဖတ်ပြီးရီသွားတယ်။
    ချက်လဲ မစားပါလား မမ။ ခေါက်ဆွဲပြုတ်ချည်း သိပ်မစားနဲ့နော်။ ကျန်းမာရေး ထိခိုက်နေအုံးမယ်။ အသီးတွေ စားတာတော့ ကောင်းပါတယ်။
    အလုပ်က ထမင်းဗူးတိုလို့ ရတယ်ဆိုတော့ တယ်မိုက်ပါလား။

    ReplyDelete
  13. သနားတာနော် မမKOM ကြီး က ဖြစ်သလို စားနေကိုလေ။
    စကားမစပ် KMSL ကိုရော မကျွေးဘူးလားဗျ။
    ဟဟဟဟ

    ReplyDelete
  14. မိုးလေ၀သ သာယာပါသည်၊၊

    အသီး ကြိုက်တာခြင်း တူပ။ ကောင်းတယ်..

    ရီသွား ပြုံးသွားတယ် မမရေ...

    SMNTL

    ReplyDelete
  15. မမရေ... GreenGirl တက်ပါတယ်။ ဒီပို့စ်ကို။ တို့မမ တက်ခံရတာတွေများလို့ ရောကုန်ပါပြီကွယ် :)

    ReplyDelete
  16. "သွားရင်းလာရင်း နဲ့ လူလစ် တဲ့ နေရာ မှာ ငှက်ပျောသီး တလုံး ကို ထုတ်စားလိုက်တယ်။ "
    လူလစ်တဲ့နေရာရှိရင်..သာမီးကိုလည်းပြထားပေးပါ မမ..
    (မုန့်ထုတ်စားဖို့ပါ) :))))

    ReplyDelete
  17. တော်သေးတာပေါ့ မမရယ်... ညက မဖတ်မိလိုက်လို.။ မဟုတ်ရင် ဗိုက်ဆာနေမှာ.. မမစားတာတွေ လိုက်ကြည့်နေရသလိုပဲ.. ဟဲဟဲ.. ကံကောင်းတဲ.မမ ဘယ်လောက်စားစား မ၀ ပါစေနဲ့.. အဲလေ.. fat fat မဖြစ်ပါစေနဲ့လို့ ပြောတာပါ..

    ReplyDelete
  18. တော်သေးတာပေါ့ ။ ဖြစ်သလိုမို့ လို့ ။ :D

    ReplyDelete
  19. One man show လာကြည့်တာ... :)
    ဖြစ်သလို အစုံစားတယ်ပေါ့...
    သစ်သီး ကြိုက်တာ တူတယ် မမKOMရေ...
    မိုးလေ၀သ သာယာတယ်ဟုတ်...

    ReplyDelete
  20. အော်.......One man show ပြီးသူများတွေက
    ဖြစ်သလိုစားတာ ဒီလိုပါလားနော်...

    ReplyDelete
  21. ကော်ဖီပြင်းပြင်း သောက်တာချင်းတူတယ်မမ ။ ညကတည်းကဖျော်ထားရင် အေးနေမှာပေါ့ မနက်မှ သာမီးလာဖျော်ပေးရမလား အသီးတွေတော့ သိပ်မစားဖြစ်ဘူး အရွက်ဆိုရင်တော့ ဘာလာလာစားတယ် ဟီး ဟင်းသီးဟင်းရွက်နော် :P

    ReplyDelete
  22. မမရေ..ဘယ်သူပဲ တက်တက် ရေးပေးဖို့ သတိရလို့ ကျေးဇူးများကြီးတင်ပါတယ်။ မမကို အမြဲဂရုစိုက်လို့ ဘယ်သူဘာတက်တာလဲဆိုတာကို မှတ်မိပါတယ် :P

    ReplyDelete
  23. မမရေ... ကော်ဖီကို ညကတည်းက ဖျော်ထား တာတဲ့လား။ မနက် မိတ်ကပ်လိမ်းဘို့ အချိန်ပိုရတာပေါ့နော်။

    ReplyDelete
  24. စားပုံစားနည်း ဖတ်သွားတယ်အစ်မ.. ဟုတ်တယ်.. အလုပ်များရင် ဒီလိုပါပဲ။ အဲ .. အဲ့လောက် ၀င်ခလုတ် ထွက်ခလုတ်ကြီးတော့ မစားမိဘူး။ အစ်မကို အတုယူပြီး သစ်သီးတော့ များများစားရမယ် =)

    ReplyDelete