Monday, December 8, 2008
back to home
ရင်ထဲ ဟာနေတယ်။ အချစ် ရန်ကုန်သွားတယ်။ ခဏတဖြူတ်ပေါ့။ ဘာဖြစ်လို့ မ လိုက် သွား ဘူးလဲ ဆိုတြာေ့ပာပြီး ပြီ မို့လို့ အကျယ် မရှင်းလိုတော့ပါ။ အဲဒီညက အိပ်လို့မရ.ပါ။
ရန်ကုန်ပြန်ရင် ကီလို ၃၀ ရတယ် ဆိုတော့ကိုယ်တို့ကဝေ့ပုံ ကျ ချထားပြီးသာ့းပါ။ ၂ အိတ် မှာ တအိတ်ကို အကြမ်းဖျင်း ကီလို ၁၅။ သူအဝတ်အစားနဲ့ သူ့မီတ်ဆွေ များအတွက် က တစ်အိတ်။ ကိုယ့်အမျိုး တွေ အတွက်က တစ်အိတ်စာ ရပါတယ။် ဝယ်ထားတာတွေက များ နေ လို့ကိုယ့်မှာ အတော် ခေါင်းကိုက်ပါတယ်။ မပါမဖြစ်ပါရမဲ့ ပစ္စည်းတွေကို ဦး စား ပေး ပြီးထည့် ရပါတယ။် အထုတ်တစ်ထုတ်စီထဲမှာ ဘယ်သူ့အတွက်လဲဆိုပြီး စာ ရွက်တ ရွက်စီ ထည့်တယ်။ ဒါက ဘိုမ အတွက်. ဒါက အကြီးဆုံးအတွက်ဆိုပြီး တခါထည်း ခွဲ ထည့်ပေး လိုက်တယ်။ ဟိုရောက်မှ အဝေမတည့်တာတွေဖြစ်တတ်လို့။ မှား ပေး ပြီး ရင် လဲပြန် တောင်း ရခက်တယ်လေ။
လေဆိပ်ကို အစောကြီးသွားကြတယ်။ ကားဆရာ က ထုံးစံ အတိုင်းပါတ်မောင်းလို့ သူ စိတ် တို သေး တယ်။ ကိုယ်ကတော့ သူဋ္ဌေး ကတော်ဆိုတော့ အေးအေးဆေးဆေးပါ။ သူ့ ကိုတောင် စိတ်လျှော့စိတ်လျှော့ ဆိုပြီး ဖြောင်းဖျ လိုက်သေးတယ်။ သူလဲ စိတ်ဆိုးတော့ အဆင်းမှာ ကားဆရာကို ခင်ဗျား ဒီလမ်းက ဘာဖြစ်လို့လာတာလဲဗျာ ။ ဟိုဘက်လမ်းက လာရင်ပိုနီးတာပေါ့လို့ ပြောပြီး ဆင်းသွားပြီး ကားနောက်ခန်းက အထုတ်တွေကို အောက် သွားချ တဲ့ အချိန် ကားဆရာက ကိုယ့်ကို ပိုက်ဆံပြန်အမ်းပါတယ်။ သူလဲ အယောင်ယောင် အမှားမှားနဲ့ ကိုယ်က ဆယ်တန် ပြန် ပေးရမဲ့အစား ငါးဆယ် တန် ပြန်ပေးတော့ ကိုယ်ကလဲ K. MAUNG သမီးဘဲလေ. မယူပါဘူး ။ ပြန်ပေးလိုက်တယ်။
တခါထည်း CHECK IN ဝင်ပါတယ်။ လူသိတ်မများသေးဘုး ။ EXCESS 10 KILO ဆိုတော့သူအံသြသွားတယ်။ သူ့လတ်မှတ် က ၂၀ ကီလိုဘဲ ရပါတယ်တဲ့ ။အခု က ၃၀ ကီလိုဖြစ်နေလို့ပါ ။ ဆိုတော့ ပို အံသြသွားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တို့ ဒီလက်မှတ်ကို ရုပ်ရှင်ရုံလတ်မှတ်လိုဘဲ ဒီစီ စတော်လ် ကဝယ်ထားတာပါ။ ပုံ မှန်လတ်မှတ် က စလုံး ငါးရာ အောက်ဘဲရှိတာကို PEAK SEASON မို့လို့လားမသိ။ အဲဒီ ၅၀၀ အောက် လတ်မှတ် တွေ အားလုံးကုန်ပြီ ဆိုလို့ ၇၅၀ တန် ကို ဝယ်ထားရတာပါ။
ဒါတောင် မနည်းကံကောင်းလို့ရယ်။ ဒါကို မရလိုက်ရင် ၁၆၀၀ တန် ဘဲ ကျန်ပါတော့တယ်. လေယာဉ်လက်မှတ် ဝယ်တုံးက ကိုယ်တို့ အသိဆိုင် က အ ရောင်း တာ ဝန် ခံ က လည်း မ ရှင်းပြလိုက်သလို သူကလဲ အလုပ်တွေများလွန်းလို့သေချာ မစစ်ဖြစ်သလို ကိုယ်ကလဲ ဘလော့လုပ်တာကနဲနဲ ။ချက်တာ ကများများဆိုတော့ အာရုံတွေများပြီး EXCESS ပေး လိုက်ရပါတယ။် ဒါပေမဲ့ နဲနဲ လျှော့ပေးပါတယ်။ လေဆိပ်ရောက်မှလဲ ပြန်ထုတ်ပြန်ထည့် လွယ် တာ မဟုတ်။ ပြီးတော့လဲ အပြင်လူ ပစ္စည်းမပါ။ ကိုယ့် အမျိုးပစ္စည်းတွေ ချည်းဘဲ ဆိုတော့ကာ ရှိပါစေတော့လို့ဆိုပြီး...
သူခံရတာ ဒါတင် မကသေး. လေဆိပ် အထဲမှာ သူ့သူငယ်ချင်းများ အတွက် (လို့ ဆိုပါတယ။် ) ပုလင်းဝယ်တော့လည်း ပြီးခဲ့တဲ့ ခြောက် လထက် စာရင် ပိုလို့ အတော်ဈေးကြီးသွားတယ်လို့ကိုယ်ကို ဖုံးဆက်ပြောပါသေးတယ။် သူ့ သူ ငယ်ချင်း များ က လည်း ချီဗားစ် ကို စတိုးဆိုင် ကဝယ် သောက်တာထက် သူကိုယ်တိုင် လေဆိပ်က ဝယ်လာတာ ပိုကောင်းတယ် လို့သူ့ကို FEEDBACK ပေးထားလို့သူကလဲ ဝယ်ပေး ချင် နေတယ်ဆိုတော့ ဈေးပိုကြီးလဲ ပိုကြီးတဲ့အလျှောက်ပေါ့လေ။
ရန်ကုန်လေဆိပ်အဝင် အတွေ့အကြုံကိုတော့ကိုယ်မသိရသေးပါဘူး. ။ မလိုက်ရလို့ ဆန္ဒပြ တဲ့ အနေနဲ့ တယ်လီဖုံးကို ကိစ္စ မရှိဘဲ မဆက်ဘူးလို့ နိုင်တဲ့နည်းနဲ့ တုံ့ပြန်ဘို့ စိတ်ကူး ထား ပါ တယ်။ (သူကတော့ဝမ်းသာနေမလားမသိ) ……..စလုံးမှာ STRESS များလွန်းလို့ ရန်ကုန်ကို SWITCH OFF လုပ်ချင်တယ်။ စလုံးနဲ့ပက်သက်တာ ဘာသံမှ မကြားချင်ဘူးလို့ ကိုယ့်ကို HITS ပေးသွားပါတယ်။
24 comments:
  1. ငှဲငှဲ
    mm
    ReplyDelete
  2. မkom ရေ.. ရန်ကုန်လေဆိပ်အတွေ့အကြုံလေးတွေ ရရင်လည်း ဆက်ရေးဦးနော်။ ဒါနဲ့.. အပေါ်ဆုံးကတစ်ယောက် .. တအားမြန်ပါ့။ :P
    ReplyDelete
  3. မမ.. သတိရနေတယ်...
    သူမရှိသော နေ့ ရက်များ ဆိုပြီး ဆက်ရေးအုံးလေ... ပိတ်ရက်တွေ လည်ရပတ်ရ စားရ သောက်ရ Shopping သွားရနဲ့ ... ဘလော့နား မရောက်ဖူး ဖြစ်နေတယ်... ဟီးဟီး
    ဂျမ်းရေ...
    အပေါ်ဆုံးတစ်ယောက်က မြန်ဆို... ငှဲငှဲ လို့ ဘဲ ရေးသွားတာကို... ငှဲငှဲ...
    ReplyDelete
  4. အချစ်ကို လွမ်းရင် ထမင်းများများစား ဗိုက်တင်းလာလိမ့်မယ်း)
    ReplyDelete
  5. Ygn မလိုက်ဖြစ်တာ အကြောင်းရှိမှာပါ၊ ဒီမှာက နက်သွားနှုန်းက ဆိုက်ကားသာသာ ဆိုတော့ စလုံးမှာထက် ပို stress များသွားနိုင်တယ်။ မလာဖြစ်တော့ ပျိုပျိုလုပ်ပြီး လည်ချိန်ရတာပေါ့ နော် အစ်မ ...
    http://winzaw-mdy.blogspot.com/
    ReplyDelete
  6. ကိုယ့်ဘာသာမလိုက်ချင်လို့ နေခဲ့တာကိုများ......
    :P:P
    ReplyDelete
  7. သူနဲ့သူ့မိတ်ဆွေအတွက်....တအိတ်
    ကိုယ့်အမျိုးအတွက်....တအိတ်
    ဝေပုံချတာ တော်တော်မျှတတာပဲနော်။ :)
    ဘာပဲဖြစ်ဖြစ်ပါ သူကတော့ တော်တော်ကံကောင်းသွားပြီ။ ရန်ကုန်ပြန်တာ မိန်းမမလိုက်လာဘူးဆိုကထဲက ရန်ကုန်ကသူငယ်ချင်းတွေလဲ ပရိုဂရမ်တွေနဲ့ တော်တော်အလုပ်ရှုပ်နေလောက်ပြီ။ သူပြန်လာရင် ကလူသစ်ဆီမေးလ်ပို့ခိုင်းပါအုန်း။ တချို့နည်းလေးတွေ မေးစရာရှိလို့ :)
    ReplyDelete
  8. မမရယ် GreenGirlလည်း ပြန်ချင်တယ် :(
    ReplyDelete
  9. မမ အချစ်က..ဒါ နောက်ထပ်တစ်ခါ ပြန်တာလား။ မမကတော့ လွတ်လပ်ရေးတွေ များနေပြီနော်..။ ဒါနဲ့ အဲဒီ excess wt. အတွက် အလုပ်များလိုက်ရလို့ သံဇကာ အလယ်မှာ တို့နှစ်ယောက် တစ်ယောက် တစ်ဖက်ခြား.. သီချင်းကို version ပြောင်းပြီး မဆိုလိုက်ရဘူးပေါ့.. ငှဲငှဲ..
    ReplyDelete
  10. အေးလေ..kmsl သွားသင့်ပါတယ်။ stress များတယ် ဆိုတာကိုး။
    တကယ်က အိပ်မရတာ ဘလော့လည်နေလို့ပါ။
    (အကြောင်းသိတယ်နော်) :D
    ReplyDelete
  11. အော်....အခုတော့ ကိုယ်တယောက်ထဲ လွမ်းလို့
    ကျန်ရစ်ခြ့ပြီပေါ့နော်။
    ReplyDelete
  12. ကျွန်တော်ပြန်တုန်းကတော့ အထုပ်တွေဖြေပြီး ဟမ်းကယ်ရီထဲကို ပြောင်းရွေ့ထည့်ရတာ ... ကိုယ့်အထုပ်ကိုယ်ဖြေပြရတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ... :)
    ReplyDelete
  13. မမတယောက်ထဲ ဖြစ်နေပြန်ပီပေါ့။ နှစ်ကိုယ်တူခရီးသွားတာ ဟုတ်ဘူး။
    ReplyDelete
  14. သြော်။ ။ KMSL။ ကျွန်တော်အတွက်တော့ ခင်ဗျားက ဇာတ်လိုက်ကြီးကို ဖြစ်လို့။ James Bond, Jack Sparrow, Harry Potter တို့နဲ့တွဲပြီး ရင်ထဲ တစ်နေရာစာပေးထားရတဲ့ အထိပဲ။ ဒီကြားထဲ ရန်ကုန်ကလည်း မကြာခဏပြန်ဆိုတော့ အားကျတယ်ဗျို့။
    ကြံရာမရ ထူးအိမ်သင်ရဲ့“အမေ့အိမ်”ကိုပဲ ခေါက်တုံ့ခေါက်ပြန် နားထောင်တာပဲကောင်းတယ်။ “အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်ကျတော့ ကျွန်တော်က ဟိုး ... အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ။”
    ReplyDelete
  15. အပေါ်က ksanchaung pyaw tar so funny.ha ha
    ReplyDelete
  16. ကိုစမ်းချောင်းရေးထားတာ ရီရတယ်။
    ဒါနဲ့အစ်ကို့မိန်းမ ဖတ်မိရင် စိတ်ဆိုးနေအုံးမယ်နော်။
    အမေ့အိမ်က နွေးထွေးလုံခြုံတယ်။ သူ့အိမ်က တော့ မနွေးထွေး၊မလုံခြုံဘူးထင်နေမှဖြင့်။
    ဟားဟား
    ReplyDelete
  17. အဟိ..ဂျီးဒေါ်မေမေကျန်ခဲ့တယ်လား.. ဘယ်ဒေါ့ပြန်လာမာဒဲ့ဒုန်း ကိုကိုက? :P
    ReplyDelete
  18. မမ လွတ်လပ်ရေး ရပြန်ပြီပေါ့လေ။
    ReplyDelete
  19. ကြီးတော်က ရင်ထဲဟာနေတာလား .... အားရပါးရလျှောက်လည်ဖို့ လွတ်လပ်ရေးရပြီဆိုပြီး ပျော်နေတာဟုတ်ဘူးလား .... :P
    ReplyDelete
  20. မမရေ..
    မမ မောင်ကခဏခဏပြန်နေတယ်နော်.
    စိုးရိမ်ဘူးလား..အဟွင်းး)
    ဟီးဟီး..အိပ်ပျော်ပါစေ။
    ReplyDelete
  21. မမဂွိ ..သေချာတာကတော့ KMSL ကို ဂွိဂွိ ဘယ်လောက်ပြောပြော အရမ်းချစ်တယ်ဆိုတာပါပဲ ၊၊ ကိုကြီးဝီ အာရုံရပါတယ် ၊၊
    ReplyDelete
  22. အမ်းမား လွတ်လပ်ရေး ရနေပြန်ပြီပေါ့။ kmsl က မပြောသွားဘူးလား။ လွမ်းလို့ ကျန်ခဲ့မှာကို အားနာပါတယ်လေဆိုပြီး။ အဟီး ခွဲတမ်းချပုံကတော့ သဘောကျသဗျာ။ သူအဝတ်အစားနဲ့ သူ့မီတ်ဆွေ များအတွက် က တစ်အိတ်။ ကိုယ့်အမျိုး တွေ အတွက်က တစ်အိတ်စာတဲ့။ ဟဲဟဲ တူလေးကိုပါ အမျိုးစားရင်းသွင်းပါလား အဲဒီအိတ်ထဲက ခွဲတမ်းလိုခြင်လို့ ။ ငှဲငှဲ။
    ReplyDelete
  23. စပါးလင် များအလွန်တရာမှန်လာတယ့်အတွက်
    ဘယ်လို HITS မျိုးလည်းဆိုတာ သိချင်သွားပြန်ရော။
    ReplyDelete
  24. အဲ့ဒီ excess ပေးရတာမတန်လို့ သိပ်နှမြောတာပဲ။ တခါတလေများ သူများပစ္စည်း အသယ်ကောင်းလို့ excess ထိတာ။ မီယာတို့လည်း သူ့အထုတ် ကိုယ့်အထုတ် ခွဲတယ်။ လွယ်အောင်လို့လေ။ ရောက်တာနဲ့ ကိုယ့်အထုတ်ကိုယ်ဆွဲပြီး ပြေးရုံပဲ။
    ReplyDelete