Sunday, December 7, 2008

flying thoughts.................

ပန်းကလေးတွေ လမ်းဘေး မှာ ပွင်.နေတယ်။ နေရောင် အောက် မှာ လန်းဆန်းလို. နဲနဲ မှ ညိုးနွမ်းပုံ မပြ။ သူတို့လို စိတ်ဓါတ်မျိုးလေး ရှိချင်စမ်းပါဘိ။

18 comments:

  1. တယ်ဟုတ်ပါလားဗျ ကျနော်လည်းရှိချင်ပါတယ်

    ReplyDelete
  2. ရှိအောင်လည်း ကြိုးစားနေပါတယ်။

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အားကျမိပါတယ်

    ReplyDelete
  6. မမမှာ အဲစိတ်ဓါတ်မျိုးရှိပုံပေါ်ပါတယ်

    ReplyDelete
  7. ရှိရမှာပေါ့ မမရယ်။ အားပေးဖော်တွေ ရှိပါတယ်။

    ReplyDelete
  8. ကျွန်တော် လမ်းဘေးကပန်းလေးတွေအကြောင်း မနေ့ကပဲ လမ်းလျှောက်ရင်း တွေးလာတာ ခလုတ်တောင်တိုက်သေးတယ်..

    အစ်မနဲ့ တိုက်တိုက်ဆိုင်ဆိုင်...

    ReplyDelete
  9. ထိတယ်ဗျာ .. မမဂွိ ၊၊ အတွေးလေးနဲ့ စားသွားပီဗျာ ၊၊

    ReplyDelete
  10. မမ..
    ကျနော့်ကြည့်ရတာ..
    အဲ့ပန်းလေးတွေနဲ့မတူဘူးလား..
    Xထုံ

    ReplyDelete
  11. နေကြာပန်းကလေးဖြစ်ချင်တယ် ...။

    ReplyDelete
  12. ကိုယ်ကိုယ်တိုင်လည်း အမြဲတန်း တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း နေတယ်..မြင်သူတွေ ခင်သူတွေကိုလည်း စိတ်ချမ်းသာစေရတယ်.။ အဲဒီပန်းလေးရော.. မမ သိလား။ ဟဲဟဲ

    ReplyDelete
  13. အမ်းမား အတွေးလေးကို ဓါတ်ပုံလေးနဲ့  ပြထားတာ မိုက်တယ်ဂျာ။ သူတို့ လို စိတ်ဓါတ်မျိုးရှိအောင်တော့ ကြိုးစားနေတုန်းပါပဲ။

    ReplyDelete
  14. အချိန်တန်တော့ လဲ ညှိုးရတာပဲ ဟုတ်ဘူးလားဟင်...mk

    ReplyDelete
  15. ပန်းလို လန်းဆန်းပါစေခင်ဗျာ

    ReplyDelete
  16. ပန်းကလေးလို အမြဲတမ်းလန်းဆန်းလှပနေပါစေ။ ဒါပေမဲ့ သူတို့ က ပွင့်ဖို့ အတွက် မိုးကို မျှော်ရသေးတယ် အမရဲ့ ။

    ReplyDelete
  17. ဟုတ်တယ် မဦး ရေလမ်းဘေးကပန်က
    တယုတရပျိုးတဲ့ပန်းထက် ပိုအကြမ်းခံနိုင်တယ်
    ဒါကလဲ သူ့ဘ၀ပေးအခြေအနေရ ဒီလိုမှမရပ်
    တည်ရင် ကျဆုံးဖို့ပဲရှိတယ်လေ။
    ကျနော်လဲ ဟိုးပင်မြင့်က ပန်းထက် လမ်းဘေးပန်းကို ပိုသဘောကျတယ်ဗျ(သိချင်ရင် ငါဟဲ့ယောကျာင်္း)
    ကဗျာလေးကို ဖတ်ကြည့် ဟိဟိ

    ReplyDelete
  18. 20 AM
    Ko Boyz said...

    အိုး.. အို...။
    ပုလဲ ဆိပ်ကမ်းကို ဂျပန်တွေ လာလည်သွားပြီးနောက်တစ်နေ့မှာ အန်တီနိုင်းနိုင်းကို မွေးတာကိုး...။ ဓနုရာသီဖွားများပေါ့...။
    လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တ၀ါက လေးနဲ့မြှားကို ကိုင်လို့ ကောင်းကင်က ကြယ်ကို ခွင်းမယ့်ဟန် ရာသီရုပ်ပေါ့ (လို့ ထင်တာပဲ...။)

    ဖတ်ဖူးတာလေးတွေ မှတ်မိသလောက် မွေးနေ့လက်ဆောင် ပါးလိုက်ပါတယ်။

    ချမ်းအေးတဲ့ လရာသီမှာ မွေးဖွားတဲ့ သူများဟာ အေးချမ်းတဲ့ စိတ်နှလုံးသားများကို ပိုင်ဆိုင်သူ ဖြစ်တယ်တဲ့။ အပြင်လူထက် အိမ်၊ မိသားစုကို ပိုသံယောဇဉ်ထားတယ်ဆိုပဲ။ ပိတောက်၊ ခမောက်၊ တစ်ယောက်ဆိုတဲ့ အချစ်ကို တန်ဖိုးထားသတဲ့။ သူတစ်ပါးက ကိုယ့်ကို ခုတုံးလုပ်သွားတာကို ခဏခဏ ခံရတတ်သတဲ့။ အချစ်ကြီးသူ ဖြစ်ပါသတဲ့။ စမတ်ကျတယ်လို့ ထင်ရပေမဲ့ အပျင်းကြီးတာကြောင့် လိုရာပန်းတိုင်ကို တော်ရုံ မရောက်တတ်ဘူးတဲ့။ ကြိုးစားအားထုတ်မှု ၆၀% လောက်သာ ထည့်လိုက်ရင် Top 5 ထဲကို ရောက်နိုင်တယ်တဲ့။ အိုဇာတာ ကောင်းမယ်တဲ့။ အချစ်ဦးနဲ့ လွဲတတ်တယ်တဲ့...။ (အလွန်မှန်မှာပဲ.. ဟုတ်တယ်ဟုတ်..။)

    ဒီရာသီဖွားတွေက လည်တံတွေ အလွန်လှတယ်။ မျက်လုံးတွေက စကားပြောတတ်တယ်တဲ့။ နဂိုရှိသူများ ဖြစ်တဲ့အတွက် ဘာဝတ်ဝတ် နဂိုင်းကထွက်ပြီး တင့်တယ်နေတာပဲတဲ့။ (ရပ်ကွက်ထဲတော့ ဘီကီနီတွေ လျှောက်မ၀တ်နဲ့ပါ့အေ။ ခွေးတစ်စီစီနဲ့ ဖြစ်နေမှာ...။)

    ဒီရာသီဖွားအများစုဟာ တစ်ပါးသူ ၊ သူတစ်ထူး စကားကို အလွန်အရေးထားတဲ့အတွက် တစ်ခါတစ်လေ ကိုယ်စိတ်ချမ်းသာသလို မနေဖြစ်ပဲ ပတ်ဝန်းကျင်အလိုကျ နေထိုင်ကြသတဲ့။

    အသက် ၃၀ ကျော် ၄၅ အတွင်းမှာ ပစ္စည်း၊ ဥစ္စာများ ဒီရေ အလား ဒလဟော ကျသွား.. အဲ.. အဲ.. ၀င်နီးကီး ရှိပါသတဲ့...။ (၀င်ခဲ့ရင် ဤဖေကိုယ် အကျွနိုပ်ကို တစ်ဝက်ခွဲပါလေ...။)

    ငယ်ငယ် ၁၆-၁၉ ကြား အိမ်ထောင် မပြုဖြစ်ခဲ့ရင် ၃၀-၃၅ ကြားမှာ အိမ်ထောင်ကျကိန်း ရှိတယ်။ နောက်ကျမှုအတွက် ကံတရားက favor ပေးပါလိမ့်မယ်...။ မိမိကို ချစ်ခင် စုံမက်အလေးထားတဲ့ ဥစ္စာဓနကြွယ်ဝတဲ့ ရုပ်ချောချော ဖူးစာရှင် ဖြစ်နိုင်တယ်တဲ့။ Minimum 3 Maximum 5 ဆိုတဲ့ အရေအတွက်အထိ သားသမီး ပွားစီးကန်း ရှိသတဲ့။ သားသမီးရတနာ၊ ပစ္စည်းရတနာများ မြဲမြံလိမ့်မယ်တဲ့။

    ကဲ.. ရွှီးတာ တော်ပြီဗျား...။
    မှန်ရင် ဗေဒင်ဆရာကို တစ်ဝက်ခွဲပေးလှည့်...။

    ဗေဒထိပ်ခေါင်

    ဘွိုင်းဘွိုင်းသောကြာ

    (ဟီးဟီး။ Happy Birthday ပါဗျာ...။ ၃၈ လား ၃၉ လား မေ့သွားလို့...။ ဟိ)

    ReplyDelete