Friday, December 5, 2008

my family

မိုင်ဖယ်မလီ
တို.မိဘ လဲ တို.ကို လွတ်လပ်ခွင်.ပေးတယ်။ ကြိုက်တာလုပ် ဥပဒေဘောင်ထဲ ကဖြစ်ရင် ပြီးရော. အဲဒီတော. တို.လဲ သိတ် မှီခိုချင်စိတ် မရှိဘူး။ စာကျက်ချင် ကျက် မကျက်ချင်နေ. ရုပ်ရှင် ကို ခုစ်နှစ်တန်း ကတည်း ကသူငယ်ချင်းများနဲ.ကြည်.တတ်တယ်။ ကျိုက်ထီးရိုး ကို သူငယ်ချင်း မိန်းကလေး များနဲ. စတက်ဘူးတယ်။ ပျော်လိုက်တာ။

အစ်မနှစ်ယောက် ကတော. မလွတ်လပ်ဘူး ဗျာ။ ကျောင်းတက် ရင် အမေ က အစ်မအကြီးဆုံးနဲ့ အတူ လိုက်တတ်တယ်။ သူမလိုက်နိုင်ရင် အလတ် မက လိုက်ရတယ်။ အလတ် မ မလိုက်နိုင်ရင် ကျှန်နုပ် လိုက်ရပါသဗျာ။ ရန်ကုန်တက္ကသိုသ် အခန်းက tutorial တွေ မှာ အပို ငုတ်တုတ် ထိုင်နေ တာ ကျွိုန်ုပ် ပါ ခင်ဗျာ.။ တစ်မျိုး စီ ချစ်ကြ သကိုး။။ ကိုယ်.ကို မချစ်လို.ပစ်ထားတာ များလို.တောင်ထင်ခဲ.ဘူးရဲ.။ အကြီး ဆုံး ကို အသည်းပိုကြလို.။

အဖေက အကြီးဆုံးကို ခေါ်တာ ပေါက်ဖော်တဲ.။ တရုတ်မကလေး လိုဘဲ ဖြူဖြူဖွေးဖွေး ချစ်စရာ. ချောမှ ချော.။ အလတ်မ ကိုတော.ဘိုမ တဲ. ။ ဘိုမလေးလိုဘဲ. အသားဖြူဖြူ ဆံပင်လေး ကောက် ကောက် လှ မှ လှ.။ တို.ကိုတော. အိမ်နံမည် မရှိဘူး။ မချစ်လို.ထင်မိတယ်။ သမီးသုံးယောက် မြောက် ဆိုတော. ဒီလောက်တော.ရှီမှားပေါ.။ အငယ်ဆုံးမောင် လေးကို တော. နောက် မှ တိုးလို. နောက် တိုးတဲ.့။

ချစ်လိုက်ကြတာ နောက်တိုးကို .ပုဆိုး ဆို လဲပြီးရင် ချွတ်ချခဲ.တာ ပြန် မကောက်ဘူး။ အစ် မတွေ ကလည်း လိုလိုလား လား ပြန်ကောက်တယ်။ သူကလဲ ဆိုးပါ. ။ သန်းးကောင် သန်းလွဲ. ပြန်မလာ။ အဖေ က သမီး လိုက်ရှာစမ်း ဆိုရင် မငြင်းဝံ ဘူး။ ည သန်းကောင် လဘက်ရည် ဆိုင် တစ်ကာ လိုက်မေးရတယ်။ ကို တိုး တစ်ကောင် များမြင်မိလား ဘယ်ဆိုင်မှာလဲ ဆိုပြီး. အဖေတှိုများ သမီးကို မနှမြောဘူး. ညသန်ူးကောင် သှူှူှု သား ဘဲ စိတ်ပူတယ်။

အဲဒီကောင် မိန်းမရတော.ခေါင်းပေါ့သွားလိုက်တာ. ပြန်မလာ သူ့မိန်းမစိတ်ပူလိမ်.မယ်။ သူ့မိန်းမ က လိုက်ရှာ ရှာတယ်။ တယ် လီဖဲူးနု အစ် မ ..ကိုတိုး ပြန် မလာသေးဘုး စိတ်ပူလို. ဆိုရင် ဟာ မပူနဲ.မ ပူနဲ. အချိန် တန် ပြန် လာ လိမ်.မ.် ဆိုပြီး တို.တော.ပြန်အိပ်တာဘဲ. ။

33 comments:

  1. ဟာ မပူနဲ.မ ပူနဲ. အချိန် တန် ပြန် လာ လိမ်.မယ်..မှန်၏။

    ReplyDelete
  2. သမီးအထွေးလေး မမဂွိ။ စိတ်ပူတယ် မမဂွိအတွက်။ အချိန်တန်ပြန်လာပါ။

    ReplyDelete
  3. ကျှန်နုပ် ကို စာလုံးပေါင်းထားတာ ရေရေလည်လည် ကိုမိုက်တယ်း) လိုက်လို့ကို မမှီတာ ဖြေဖြေပေါ့ ညီမငေးရာ ဆန္ဒတွေ ဘာလို့ စော :P

    ReplyDelete
  4. ဟိ မွေးစားသမီးများလားလို့ ရော အတွေးမ၀င်မိဘူလား။ လင်းကတော့ ငယ်၂တုံးက အဲလို အမြဲတွေးမိတယ်။ အမနဲ့ လင်းအတူတူဘဲ သိလား

    ReplyDelete
  5. maybe you looked so mature, taking care yourself very well. so they're not worried.

    ReplyDelete
  6. အားမငယ်ပါနဲ့လေ။ ခု ၀ိုင်းချစ်သူတွေမှ ပုံလို့း)

    ReplyDelete
  7. “ညိုတုတ်ကောက်” ဆို ငယ်နာမည်က၊ဘာအခုမှငယ်နာမည်မရှိပါဘူးလဲ။ညိုညို၊ တုတ်တုတ၊် ပုပုနဲ့၊ ဖင်ကကောက်နေလို့ ခေါ်ကြတာဆို။
    ”တယ်လီဖဲူးနု” ဒါနဲ့အဲ့ဒါကဘာ ဘာသာစကားလဲဗျ နာဂလား။

    ReplyDelete
  8. အဲ့ဒါမိဘကကိုယ့်အပေါ် အယုံကြည်စိတ်အချရဆုံးလို့ သတ်မှတ်ထားတယ်လို့မှတ်ယူလိုက်ပါ မမရေ။
    ဂုဏ်ယူစရာတို့မမပါ...

    ReplyDelete
  9. ဖောင်တွေ များကြီးမှားတယ်နော်

    တို.ကိုတော. အိမ်နာမည် မရှိဘူး။ မချစ်လို.ထင်မိတယ်။ သမီးသုံးယောက် မြောက် ဆိုတော. ဒီလောက်တော.ရှီမှာပေါ့

    ဟုတ်မယ်မထင်ပါဘူး

    အစ်မကို လဲချစ်မှာပါ.

    အစ်မ ဖောင့်တွေများကြီးမှားတယ်နော့

    သေချာပြန်ရေးအုံး ..စေတနာနဲ့ ပြောတာနော့အစ်မ

    စိတ်မဆိုးနဲ့ အုံး

    ကျနော်ကိုတော့ချစ်လို့ လားမချစ်လို့ လားတော့သိဘူး

    အိမ်နာမည်က လွဲပီးရပ်ကွက်ထဲမှာ

    ကျောင်းနာမည်ကို ဘယ်သူမှသိကြဘူး ဟီး

    ReplyDelete
  10. မမက မွေးစားသမီးနေမှာပေါ့
    အို...
    သိပ်တွေးမနေပါနဲ့..
    ဟုတ်ကိုဟုတ်ရမယ်..

    မမရဲ့
    ထုံ ညီမ များစွာထဲက..
    X ထုံ(guess ကြည့်ပါ)

    ReplyDelete
  11. ရန်ကုန်ရောက်ရင်မြန်မာစာအဖွဲ့မှာရာထူးကြီးကြီးရမယ့်ပုံပဲ
    ဟိုက ကြိုးနဲ့တုတ်ရိုက်ရိုက်ပြီး မြန်မာသတ်ပုံကြမ်းထုတ်ခိုင်းလိမ့်မယ်

    ReplyDelete
  12. မခင်ဦးမေ ...
    အမရဲ့ စာတွေဖတ်ရင် မပြုံးဘဲ မနေနိုင်ဘူး။
    (စာလုံးပေါင်းပုံတွေကို ကြည့်ပြီးတော့လေ ...)
    ဒါပေမဲ့ အဲဒီလို မှားတာကလဲ အမရဲ့ သင်္ကေတ လို့ ဖြစ်နေပြန်တော့ တကယ်လို့များ မှန်အောင် ပေါင်းနိုင်ရင် မခင်ဦးမေ မဟုတ်တော့ဘူးလို့တောင် သံသယ ၀င်နိုင်ဖွယ်ရှိတယ် နော် ... ။ အင်း ... မည်သို့ပင် ဖြစ်စေပေါ့ အမရယ် ... မြန်မာလို စာရိုက်ပြီး ဘလော့ဂင်းရင်းနဲ့ တဖြည်းဖြည်း မှန်လာမယ် ထင်တာပဲ။

    အဲ ... အမ မိသားစုအကြောင်း တိုတိုတုတ်တုတ် ရေးထားတာလေးက ချစ်စရာ။ အမလိုပဲ ကျွန်မလည်း မောင်နှမ လေးယောက်မှာ အမ နှစ်ယောက် မောင် တယောက်ရှိတာ။ ကျွန်မမောင်လေးလည်း အဲလိုပဲ အငယ်ဆုံးဆိုတော့ ဆိုးဆိုးလေး။ ခြေသည်း လက်သည်းကအစ အသက်ကြီးတဲ့အထိ အမေနဲ့ အမတွေက ညှပ်ပေးကြတုန်း။ ခုတော့ မိန်းမ ရသွားပါပြီ။ အမစာ ဖတ်ရင်း မောင်လေးကို သတိရမိတယ်။

    ReplyDelete
  13. ****ညဟာ သတ်ပုံမှားနေတယ်.....******
    အဲဒီသီချင်းကိုသာ အရင်ဆုံးအော်ဆိုချင်တော့တာပဲ.....
    အားမငယ်ပါနှင့်.. မမကို လှည်းလမ်းကြောင်းပေါ်က ကောက်ရတာ သေချာပါတယ်။
    သာမီးက အိမ်မှာ အငယ်ဆုံး...
    ဂရုစိုက်ခံရလား၊ မခံရလားတောင်မှတ်မိတော့ဘူး..ဟီ....

    ReplyDelete
  14. အင်း..ဟုတ်တယ်နော်။ အကြီးဆုံးဆို တင်းကြပ်တာချည်းဘဲ။ သဉ္ဖာလည်း အိမ်မှာအကြီးဆုံးဆိုတော့ အိမ်မှာဆို လိမ်လိမ်မာမာနေရတယ် ;-)

    ReplyDelete
  15. အားမငယ်ပါနဲ့ မမ ။ ဒီလိုပဲ ကောက်ရတဲ့ ကလေးတွေဆို ဖြစ်တတ်ပါတယ် :P ဟီးးးး နောက်တာ သာမီးကတော့ အကြီးဆုံး :D

    ReplyDelete
  16. ”တယ်လီဖဲူးနု”
    ကျွန်တော်လဲ သိချင်တာ အဲ့ဒါဘာလဲဟင်
    ပြောပြပါဦးနော်...

    ReplyDelete
  17. အမလေး...မမရယ်..အဲဒါ မမကို ယုံကြည်စိတ်ချလို့ စိတ်မပူတာပေါ့။ လည်လည် ၀ယ်ဝယ်နဲ. အချိန်တန်ရင် အိမ်ရောက်အောင် ပြန်လာမယ့် သမီးလေ..။ ကျမလည်း အဲလိုပဲ.. အကိုတွေ မောင်တွေ ကျောင်း ကျူရှင်သွားရင် အိမ်က လိုက်ပို.ပေးတယ်။ ကျမကျတော့ ကိုယ့်ဘာသာ စက်ဘီးစီး တက်ခွင့်ရခဲ့တာ.. ဟဲဟဲ..ပျော်စရာကြီး။

    ReplyDelete
  18. ကျမလည်း တတိယသမီး အစ်မ ၂ယောက်နဲ့ မောင်တယောက်ကြားမှာ၊ ခံစားချက်ချင်းတော့တူတယ်၊ ကျမကပေါ်တင် မေမေ့ကိုမေးဘူးတယ်၊ ဘာကြောင့်လည်းလို့၊ ကျမကိုမွေးစားထားလို့လား၊ ဖေဖေများ နောက်မီးလင်းပြီး ရထားတာလားလို့။ မေမေ့ အဖြေကရှင်းရှင်းလေး၊ ညည်းကဘာမဆို မဖြစ်ရင် ဖြစ်အောင်လုပ်နိုင်၊ ဖြေရှင်းနိုင်တယ်တဲ့၊ ညည်းကိုဆို လှည့်ကြည့်စရာမလိုအောင် စိတ်ချနိုင်လို့ပေါ့တဲ့၊ ကဲ ကိုယ်ကတမူထူးခြား တော်နေတယ်လို့မှတ်၊ အားမငယ်နဲ့၊ ဟုတ်လား။

    ReplyDelete
  19. ဆိုးတဲ့ ပေတဲ့ သားသမီးကို အဖေအမေက ပိုချစ်ကြတာ ဘာကြောင့်မှန်းတော့ မသိ။
    လိမ္မာတဲ့ သားသမီးကိုတော့ ဥပက္ခောပြု ထားကြတာ များတယ်။
    ဒါဆို အစ်မ KOM က သမီးလိမ္မာလေးပေါ့ (အဟီး)

    http://winzaw-mdy.blogspot.com/

    ReplyDelete
  20. (ဆောရီး)
    သမီးမလိမ္မာလေးပေါ့
    http://winzaw-mdy.blogspot.com/

    ReplyDelete
  21. အိမ်က စိတ်ချတာ ကောင်းတာပေါ့ မမ။ ငယ်ငယ်က ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေရတာပေါ့။

    မမ အမတွေက သိပ်ချောလို့ အမြဲ လိုက်စောင့်ရတာ ဖြစ်မယ်နော်။ ချိုသင်း အမအလတ်ကိုလဲ အမြဲ အဖော်လိုက်ရတယ်။ ဒါပေမဲ့ အိမ်ထောင်ကျတော့ ချိုသင်းက မိသားစုထဲမှာ အရင်ဆုံး..ဟိ။ မမရောဟင်။

    strike ရေးတာ ရီသွားတယ်။

    ReplyDelete
  22. My Family ဆိုလို့  မမက စာမေးပွဲအတွက် အက်ဆေး အရေးကျင့်နေတာလို့  ထင်လိုက်တာ... ဟီဟိ...။
    ကိုယ် လိမ္မာလို့  ကိုယ့်ကို ယုံကြည်မှုရှိတာ ဂုဏ်ယူပါ မမရဲ့ ...။

    ReplyDelete
  23. မမ စာရေးတာလေးတွေက သိပ်ချစ်စရာ ကောင်းတယ်။ :)

    ReplyDelete
  24. အငယ်ဆုံးသမီးလေးကို အလိမ္မာဆုံးပဲ ထင်လို့ လိုက်မကြည့်တမ်း စိတ်ချပစ်လိုက်တာ ဖြစ်မှာပေါ့.. အကြီးတွေဆီက လေ့လာပြီးသွားပြီလေ.. အကြီးတွေတုန်းကတော့ လေ့လာစရာ ရှေ့လူအင်အားက သိပ်မှ မတောင့်ဘဲ.. =)

    ReplyDelete
  25. စာလုံးပေါင်း သတ်ပုံမှန်စေချင်ပါသည်။ စာလုံးပေါင်းသတ်ပုံကြောင့် စာဖတ်ရတာ အရှိန်ပျက်ပါသည်။ မခင်ဦးမေ စေတနာနဲ့ ပြောတာပါ။

    ReplyDelete
  26. မမဂွိ ပို့စ်တွေက စာဖတ်သူတွေကို ပြုံးပျော်စေပါတယ်ဗျာ ၊၊ ပေါ့ပါးလွတ်လပ်တဲ့ စာတွေကိုရေးနိုင်တဲ့သူပါဗျာ ၊၊ ဂွိဂွိ

    ReplyDelete
  27. အမစာနဲ့ ကွန်မန့်လေးတွေ.. ကိုစိမ်ပြေနပြေဖတ်လိုက်တာ
    တိုင်ပင်ကိုကိုက်နေတာပဲ...

    ရေးသူတင်မဟုတ်ဘူး
    ကွန့်သူတွေကလည်းကောင်းတယ်ဗျာ..

    ကျွန်တော်ကတော့ညည ပြောသလိုပဲ..:P

    ReplyDelete
  28. ဘာဖတ်သူကို နဲနဲလေးစားပါဦး စာလုံးပေါင်းလေးဘာလေး နဲနဲပြန်ကြည့်ပါ ငါဟာငါရေးတက်သလို ရေးမယ်ဆိုတဲ့ ပုံစံမလုပ်ပါနဲ့  စေတနာနဲ့ အကြံပေးတာပါ ဘလော်ကာ ကိုကိုမမများလဲ နဲနဲပါးပါး သတိပေးကြပါဦး ရီရတယ်ဆိုတာနဲ့ ပဲ ဒီအတိုင်းကြည့်နေတော့မှာလား

    ReplyDelete
  29. ဟီဟီ... ဘာဖတ်သူ တဲ့...
    ဘာဖတ်သူ ဆိုတာ ဘာလဲဟင်...
    သူများကို အပြစ်ပြောချင်ဇောနဲ့  ရေးလိုက်တာ စာလုံးတွေတောင်မွှားလို့ .. တနားပါတယ်... ဟီးဟီး...

    ပြော ပြော ဖြေးဖြေးပြော...
    နားနားပြီးပြော မောမယ်...
    ပြော ပြော တိုးတိုးလေးပြော...
    အားလုံးလဲ ကြားပါတယ်...။

    ReplyDelete
  30. ဟုတ်ကဲ့ . ကြိုးစားပါ့မယ်။ :P

    ReplyDelete
  31. ဟီဟီ... ဘာဖတ်သူ တဲ့...
    ဘာဖတ်သူ ဆိုတာ ဘာလဲဟင်...
    သူများကို အပြစ်ပြောချင်ဇောနဲ့  ရေးလိုက်တာ စာလုံးတွေတောင်မွှားလို့ .. တနားပါတယ်... ဟီးဟီး...
    ခင်ဦးမေ သူ့ မောင်တော်လစ်တုန်း ကမူးရှူးထိုး ထထတင်တာတွေဖတ်နေတဲ့လူအဖို့  ဒီလောက်တော့နားလည်မှာပါ

    ReplyDelete
  32. ဟိုအပေါ်က အမည်မဲ့သို့

    ဘာဖတ်သူကို နဲနဲလေးစားပါဦး = စာဖတ်သူကို နည်းနည်းလေးစားပါဦး
    နဲနဲပြန်ကြည့်ပါ = နည်းနည်းပြန်ကြည့်ပါ
    ရေးတက်သလို = ရေးတတ်သလို
    ကိုကိုမမများလဲ = ကိုကိုမမများလည်း
    နဲနဲပါးပါး = နည်းနည်းပါးပါး
    ရီရတယ် = ရယ်ရတယ်

    သူများကိုဝေဖန်ချင်ရင် ကိုယ်အရင်မှန်အောင်လုပ်။

    ReplyDelete
  33. အမည်မဲ့များသို့
    ခင်ဦးမေဘလော့သည် အများပြည်သူဖတ်ရန်မဟုတ် ဘလော့ကာအချင်းချင်း ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်ရန် အတွက်သာ သူတို့  ချင်းနားလည်ရင် ပီးပြီ

    ReplyDelete