Sunday, December 28, 2008

Myanmar song

You tube မှာ Myanmar song လို့ ရိုက်ပြီးရှာ ရင် ထိပ်ဆုံးက တက်တက် လာတဲ့ သီချင်းပါ။ အေဝမ်းစိုးမြင့် ရေးပြီး ချိုပြုံး ကဆိုပါတယ်./စကားမစပ် ချိုပြုံး ငယ်ငယ် ကသိတ် ချော ပါ တယ်။ သားသမီး လေးယောက်ရ ပြီး မှ ရုပ်ရှင် နယ် ထဲဝင်တာပါ။

မျိုးကျော့မြိုင်လဲ ဝင်ယောင် :P ပါတယ် ။ မျိုးကျော့မြိုင် ကို ရုပ်ဆိုးတယ် လို့ မြင်တဲ့သူတွေ က မြင်ကြပေမဲ့ ကြိုက်တဲ့သူတွေ ကလဲ အတော်ကြိုက်ကြတယ်။

သီချင်းခေါင်းစဉ်က (အလှကမ္ဘာမြေ) တဲ့။ နားထောင်လို့ကောင်းပြီး မြူးကြွတဲ့ သီချင်းလေး ပါဘဲ။ ကြည့်ချိန် သုံ့းမိနစ်. ။ Rate : five star နီးပါး ရပါတယ။် 41 rating ရှိပြီး...Views: 142,397 ရှိပါတယ်။



http://www.youtube.com/watch?v=CjN4_loD1vU

21 comments:

  1. မမဂွိ သိပ်ကြိုက်တဲ့ သီချင်းလေးပါ။
    ချိုပြုံးကိုလည်း ချစ်တယ်။
    အတော်ချောတာနော်။
    သီချင်းလေးက မြူးလည်းမြူးတယ်။
    အဲသီချင်းလေးနားထောင်ရတာ စိတ်ထဲမှာ တမျိုးလေးခံစားရတယ်။

    ReplyDelete
  2. ကိုယ့်ဌာနေမှာ တကယ်ကို အလှရှိပါတယ်..
    မြန်မာမှာနေတုန်းက
    နားထောင်ဖူးပါတယ်..
    ဟီးဟီ
    Xထုံ
    (ဂက်စ်ကြည့်ပါ..မမ
    ဘယ်ထံဖြစ်မလဲဆိုတာ)

    ReplyDelete
  3. အော်.. စောင့်နေရင်းနဲ့ refresh လုပ်ဖို့ မေ့သွားလို့ နောက်ကျသွားတယ်..သူတို့က ရှိနေတာကိုး။ :(

    မမ ပြောလို့ ကလေး-၄-ယောက်မွေးပြီးလဲ မင်းသမီးဖြစ်နိုင်သေးတာပဲနော်.. ဟဲဟဲ..အဲဒီတုန်းက သူကလည်း အရွယ်လေး ရှိသေးတာကိုး။

    သီချင်းလေးတွက် ကျေးဇူး။

    ReplyDelete
  4. သားသားလည်းကြိုက်တယ်။
    ဟိုးငယ်ငယ်လေးတည်းက ကြားဖူးတာ။ ဘူဒူဆိုမှန်းတော့အဲ့တုန်းကမသိ။ အဲ့သီချင်းက သားသားမမွေးခင်တည်းက နာမည်ကြီးတာထင်တယ်။း(

    ReplyDelete
  5. ဒုတိယမြောက်အစ်မက လင်းထုံးဖြစ်မယ်။ ဟုတ်တယ်ဟုတ်?

    ReplyDelete
  6. ~~~~ကိုယ့်ဌာနေ ~၀န်းကျင်မှာကွယ် တကယ်ကို အလှရှိတယ်~~~~
    ~~~လယ်တောထဲဆင်းကာရယ်~~~လယ်ထွန်ပျိုး နှုတ်မယ်~~

    ReplyDelete
  7. ၀င်းဦးဆိုတာကို ပိုကြိုက်မိတယ်။ ၀င်းဦးရဲ့ နှာသံလေးနဲ့ ဆိုထားတာကို နားထောင်ကြည့်ဖူးတော့ အဲဒီသီချင်းကို အဲဒီအသံနဲ့ပဲ တွဲမိနေတယ်။

    ReplyDelete
  8. ချိုပြုံးငယ်ငယ်ကလှတာက မမကိုမမှီလောက်ပါဘူးနော်

    ReplyDelete
  9. ချိုပြုံးက ရုပ်လည်းလည်းလှ အသံလည်းကောင်းတယ်။ ဒီသီချင်းကို ကြိုက်တဲ့သူအများကြီးပဲနော်။ အဖွဲ့လိုက်ဆိုရင် ပျော်စရာကြီးနေမှာ။

    ReplyDelete
  10. ကြိုက်ပါတယ် .. သီချင်းကို လည်းကြိုက်ပါတယ် ၊၊
    မဂွိ ကြိုက်၍လည်း ပိုပိုသာသာ ကြိုက်လိုက်ပါတယ်၊၊
    ကျနော် က ပုံမှန်ဖောက်သည်ပါခင်ဗျ .. ဂွိစ်

    ReplyDelete
  11. ကြိုက်တယ် မမရဲ့၊ ချိုပြုံးလည်းကြိုက်၊ မျိုးကျော့မြိုင်လည်း အသေကြိုက်၊ သီချင်းလည်းကြိုက်

    ReplyDelete
  12. ၀င်းဦးဆိုတာ ပိုကြိုက်တယ် အမရေ။ ခုတင်ထားတဲ့ ဗီဒီယိုထဲက သီချင်းမှာတော့ တီးတာတွေကလည်း မြန်ပြီး သီချင်းအရသာ နည်းနည်းလျော့သွားသလိုပဲ။

    ReplyDelete
  13. သီချင်းကို စိတ်နဲ့ ပဲနားထောင်သွားတယ်မကြီးရေ။ ၀င်းဦးတို့ အန်တီချိုတို့ ဆိုရင် သီချင်းတွေကို စိတ်ထဲမှာရနေပြီးသားပါ။ ကွန်နက်ရှင်ကမကောင်းတော့ အဲလိုပဲ မှန်းပြီးနားထောင်နေရပါတယ်။ ဒါကြောင့် ခုခေတ်ပေါ်သီချင်တွေ သိပ်မသိတော့ပါ။

    ReplyDelete
  14. တိမ်လွှာမို့မို့လွင်ဆိုတဲ့ ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းပေါ့။ ဒီကားထဲမှာ ၀င်းဦးအတိတ်မေ့သွားတယ်။ သူ့နာမည်က ဆော်ကျိုးမိုး။

    အသက်ကြီးပိုင်းတွေအားလုံးနီးပါး ၀င်းဦးဆိုတာကို ပိုကြိုက်ကြမယ်ထင်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသက်ကြီးပိုင်း (အဲ.ဘွာတေး.မှားလို့) ရင်ခုန်တတ်စဆိုတော့ (ဟဲဟဲ) ၀င်းဦးဆိုတာကိုပဲ ပိုကြိုက်ပါတယ်။

    ReplyDelete
  15. ၀င်းဦးနာမည်က ကျော်စိုးမိုး လေ မြန်မာ့အသံမှာ ခဏခဏပြန်လာတိုင်း မရိုးနိုင်ဘူး။ကြည့်လို့ ကောင်းတယ်.။ ၀င်းဦးသေသွားပြီးတော့ ချိုပြုံးက ၀င်းဦးအလွမ်းပြေဆိုပြီး သီချင်းတော်တော်များကို ပြန်ဆိုတယ်။ အခုဟာကတော့ မျိုးကျော့မြိုင်က version အသစ်ပြန်လုပ်ပေးထားတာတော့ နည်းနည်းမြန်နေတာ trance နဲ့ remix သဘောမျိုး လုပ်ထားတာကိုး။
    ကဲဒါလဲ နောက်တထုံ ဘယ်ထုံဖြစ်မလဲ

    ReplyDelete
  16. မေချို့ အသံလေးတွေ နားဝင်ချိုတယ် သူပြုံးတာလေးက ခုချိန်ထိ လှနေတုန်းးး

    ReplyDelete
  17. မမခင်ဦးရေ..

    ကျွန်တော်လဲ အဲဒီသီချင်း အရမ်းကြိုက်တယ်ဗျ.. နားဆင်ပြီးတိုင်း ရင်ထဲမှာ ဘာလိုလိုနဲ့.. ဟီး..

    ReplyDelete
  18. ဆင်ဒဏ်လား(လူဒဏ်လား)"မျိုးကျော့မြိုင်လည်း အသေကြိုက်"။ ကြိုက်တာတောင်အသေခံကိုကြိုက်တာနော်။

    ReplyDelete
  19. strike အစုတ်ပလုတ်တုတ် !@#$%^&*()+_$#@!%

    ReplyDelete
  20. ဆင်ဒဏ်လား စိတ်မပုတ်ရဘုးနော်

    ReplyDelete