အခုတလော ရုံးမသွားတာ အတော်အေးချမ်းတယ်။ အလုပ်ကလေးရှိပြီး ရုံ့းမသွားရဘူး ဆိုတာ အတော် ပျော်စရာ ကောင်းတာဘဲ။ တော်တော်လေး စိတ်ချမ်းသာတယ်။ ဒီတစ်လ က ကောင်းကောင်းကို ရုံးမတက်ဖြစ် လိုက်ဘူး။ ခွှုင့်တွေ ရှင်းနေတာနဲ့။ ခရီးလဲ မသွားဖြစ်ပါဘူး။ အထိုက်အလျောက်လဲ သွားခဲ့ပြီးပြီ။။ နိုင်ငံခြား မြို့ကြီးတွေ ဆိုတာ စလုံး မှာ နေတာ ကြာပြီ ဆိုရင် သိတ် ထူးတော့မယ် မထင်ဘူး။ ဆိုးလ်..ပဲရစ်.. အီတလီ ရောမ..မလေးရှား ကေအယ်။ ယိုးဒယား ဘန်ကောက်… မြို့ကြီးတွေ ကို အလည် ရက်ပိုင်းဘဲ သွားမယ် ဆိုရင် တော့ တယ်ထူး မယ် မထင်ဘူး။ တိုက်တာ ကြီးတွေ ရှိမယ်. ဈေးဝယ် ကုန် တိုက်ကြီးတွေ ရှိမယ်။ TOWER တွေ မျော်စင် တွေ ရှိမယ်။
နောက်ပိုင်းတော့ သွားမယ် ဆိုရင် မြို့လေးတွေ ဘက် ဆင်းချင်တယ်။ ဥရောပ ဘက် မှာ မြို့သေးတွေ ရောက်ဘူးခဲ့တယ် ။ မလေးရှားမှာ မြို့ငယ်တွေ မြင်ဘူးခဲ့တယ်။ ယိုးဒယား တော့ မြို့ငယ်တွေဘက် မရောက်ဘူးဘူး။ ချင်းမိုင်တို့ အယုဒယ တို့ဘယ်လို နေလဲ သိချင်တယ်။ ဒါပေမဲ့လဲ သိတ် တက်တက်ကြွကြွ မသိလိုတော့ပါဘူး။ ကမ္ဘောဒီးယား အန်ဂါဝပ် တို့ရှိသေးတယ်။ မနီလာက သူငယ်ချင်းက လူဘဲကြွခဲ့ပါ ဆိုတာတောင် မလူပ်ချင်မိဘူး ။
တစ်ကယ်တန်းမြို့ငယ်တွေ သွားမယ် ဆိုရင်ကိုယ့်တိုင်းပြည်ထဲ မှာ တောင် မနှံ့သေးဘူး။ တောင်ကြီး အင်းလေး. ကျိုူင်းတုံ. တာချီလတ် .. မရောက်ဘူးဘူး။ မေမြို့.. မရောက်ဘူးဘူး။ ကလော. ဟဲဟိုး..ဖားကန့်...မဲဆောက်.. မြဝတီ.. ဒါတွေ အားလုံး ဟာ ရောက်ဘူးမယ် ဆိုရင် ရောက်သင့်တဲ့နေရာတွေ ချည်းဘဲ။။
မနှစ်က ရန်ကုန်ပြန်တုံး က အလုပ် မှာ အတော် ပင်ပန်းပြီး ပြန်သွားတော သုံးရက်လောက် မလူပ်နိုင်ဘူး။ ခရီးထွက်ဘို့ဆိုတာ ကလည်း နဲနဲကြောက်နေတယ်။ မိတ်ဆွေ တစ်ယောက် accident ဖြစ်ပြီး ကတည်း က ခရီးထွက်ဘို့ကို PHOBIA ဖြစ်သွားတာ အခုထက်ထိ နလံမထူသေးဘုး. .။
ဒီတစ်ခေါက် ရန်ကုန် ပြန်ရင်တော့ ခရီးထွက်မယ် စိတ်ကူးတယ်။ ခရီးထွက်မယ် စိတ်ကူးတော့ လဲ ဘယ်သူနဲ့သွားရမလဲ။ ဘယ်ကိုသွားရမလဲ မသိ.. သူငယ်ချင်းများ ကလည်း အိမ်ထောင်တစ်ဖက်နဲ့ အလုပ်တစ်ဘက် နဲ့အားကြမယ်မထင်….။ ကိုယ့်မောင်နှစ်မတွေ နဲ့သွားဖို့ဆို တာ ကလဲ FEEL က မလာ..
KMSL ဆိုတာ ကလဲ သူ့ဘာသာ သာ သွားချင်တဲ့သူ....ကိုယ်နဲ့အတူသွားပါလား ဆိုရင်.. စလုံးမှာလဲ အတူတူ..ရန်ကုန်မှာလဲ အတူတူ ဆိုရင် ငါ့ဘဝ တော့ ငါ အတော်သနားတယ်။ လွတ်လပ်ခွင့်လေး ပေးပါလို့ တောင်းဆိုထားတော့ ခက်တာဘဲ။ အတော်ခင်တဲ့ တစ်ယောက် တော့ရှိတယ်။ အိမ်ထောင် မပြူသေးဘူး ။ အခုထက်ထိ… သူ့ဘဲ မျက်စိထဲ မြင်တယ်။ သူ့လဲ လိုက်နိုင်မယ် မထင်…
တယ်ခက်ပါလား။ လောကကြီး အသက်ကြီးလာရင် ဘယ်ဟာမှ မကောင်းဘူးလို့ ညည်းညူပြန်တော့ လဲ သနားခြင်းမခံရတဲ့အပြင်. မင်းတို့ခေတ် တူံးက မင်းတို့လုပ်ပြီးပြီဘဲ။ အခု ငါတို့ခေတ် ရောက်ပြီလို့ကြွေးကြော်နေတဲ့သူ တစ်ယောက်က လည်း အနားမှာ ရှိသေးတယ်။

Mama KOM,
ReplyDeleteno worries, we can be good mates for travelling :D
Have u ever been to Mogoke, i will bring u there :)
Cheer up, wish u all the best of happiness naw .
မမ..
ReplyDeleteပြန်ရင် ကျနော်တို့မြို့သွားနော်..
၃နပ်လုံးအိမ်မှာစား..
အေးဆေး...
မားက သဘောကောင်းတယ်..
Xထုံ
Package Tour တွေ နဲ့ ခရီးသွားပါလားဗျာ၊ အဖော် မပါလည်း တိုးအဖွဲ့ က တိုးဂိုက် တွေ နဲ့ အဖွဲ့ ကျလို့ ရတယ်။ တိုး အဖွဲ့ တွေ မှာ တိုးဂိုက်လိုမျိုးကို အမျိုးသားရော အမျိုးသမီးပါ ထည့်ပေးတဲ့ အဖွဲ့တွေ ရှိတတ်တယ်
ReplyDeleteဂါဇာကမ်းမြှောင်ဒေသကို သွားပါလား။ အတော် ပွဲကြမ်းနေတယ်ဆိုပဲ။ အတွေ့အကြုံသစ်ပေါ့။ (ဟဲဟဲ။ နောက်တာပါ။)
ReplyDeleteကျွန်တော်ကတော့ အိမ်ထောင်ကျပြီးထဲက ဟန်းနီးမွန်းဆိုတာဝေးရော။ ရိုးရိုးခရီးတောင် မိန်းမနဲ့ တစ်ခါမှ အတူမသွားဖူးဘူး။ သူ့ကြည့်ရတာ ကျွန်တော်ကို အတော်သတ်ချင်နေပုံပေါ်တယ်။
ကိုယ့်ကိုကိုယ် ရာဇ၀င်လူဆိုးလို့ ထင်နေတာ။ (အဟေ့။) kmsl လည်း ကျွန်တော်လိုပဲ။ “ငါ့ဘ၀တော့ ငါ အတော်သနားတယ်” တဲ့။ မှတ်ထားဦးမှ။
အကိုရေ။ New..G..Friend (A to Z) လေးတွေနဲ့ ရွှေရောင်လွှမ်းသော နေ့ရက်များကို စတင်ကြပါစို့။
သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ လေကောင်းလေသန့် ရတဲ့ နေရာကို သွားပါလား မမ ၊ စိတ်ချမ်းသာတယ်
ReplyDelete:)
တယောက်ထဲ ခရီးသွားတာ အကောင်းဆုံးပဲ မခင်ဦးမေ။ ဘယ်သူနဲ့မှ ညှိစရာ မလိုတော့ဘူး။ ကိုယ့်သဘောနဲ့ ကိုယ်ပဲ။
ReplyDeleteအလည် သွားချင်ရင် Bronte Country ကို သွားပါလား။ ပြတိုက်တွေလည်း ရှိတယ်။ ရှုခင်းတွေလည်း လှတယ်။ မခင်ဦးမေ အတွက် စာရေးစရာ ကုန်ကြမ်းတွေလည်း ရနိုင်တာပေါ့။ အဲ .. ဒါပေမဲ့ အခုချိန် ဆိုရင်တော့ အေးနေဦးမှာ။
ကျမလည်း မြို့ပြထက် ကျေးလက်ကို လည်ပတ်ရတာ ပိုသဘောကျတယ်။ ဒီနှစ် အီစတာ ပိတ်ရက်တော့ သွားလည်မယ် စိတ်ကူးတာပဲ။ Wuthering Heights ဖတ်ကတည်းက စိတ်ဝင်စားခဲ့တဲ့ နေရာလေးမို့ .. ။
ဘလော့ဂါတွေနဲ့ အဖော်စပ်လိုက်ပေါ့ မခင်ဦးမေရဲ့ ဟိ။
ReplyDeleteစလုံးကနေ ဇင်းမယ်၊ အယုဒ္ဓယထိ ရထားနဲ့ သွားလို့ မရဘူးလား။ မလေးရှားကို ဖြတ်သွားမယ်။ ပျော်စရာကြီး။
တစ်ယောက်တည်းသွားတော့ လုပ်ချင်ရာလုပ် သွားချင်ရာသွားလို့ရတာပေါ့။ ဒါအခွင့်အရေးပဲ။
ReplyDeleteမမ လမ်းလျှောက်ရတာ ကြိုက်လား။ မြေပြန့် လမ်းလျှောက်လို့ရတဲ့ ခရီးတစ်ခုသွားပါလား။ အဖော်လိုရင် ပြောပါ။ လိုက်ခဲ့မယ်။
ReplyDeleteအမလာချင်ရင် လာလည်လေ နေဖို့ စားဖို့
ReplyDeleteမပူနဲ့ တာဝန်ယူတယ် လေယာဉ်လက်မှတ်တော့ ပေးပေါ့ဗျာ ကျနော်
နေတာက ပလေတို၊ ဆိုကရေးတီးတို့ နိုင်ငံဗျ
တယောက်ထဲ မြို့ထဲ လျှောက်သွားရတာတော့ ပိုလွတ်လပ်တယ်။ ငေးချင်ရငေး ထိုင်ချင်ရာထိုင် ၀ယ်ချင်ရာဝယ်...
ReplyDeleteခရီးသွားရင်တော့ အဖော်နဲ့ဆို ပိုပျော်စရာ ကောင်းပါတယ်။ မမ လာခဲ့မလားဟင်။
ဂျေရုစလင် မရောက်ဖူးသေးဘူး..:P
ReplyDeleteမမပြောသလို မြန်မာပြည်ကမြို.တွေကိုစုံအောင်လည်ချင်တယ်။yangon
ReplyDelete၊ပြည် နဲ.ပုသိမ်ပဲေ၇ာက်ဖူးတယ်။ပြည်ပခရီးဆို ဒီစင်ကာပူတခုပဲရောက်ဖူးသေးတယ်။
မမ နဲ.အဖော်စပ်ရကောင်းမလား။
:)
Let's go together A ma :D
ReplyDeleteဘယ်သွားချင်လဲ အနော်ရှိတယ် ..
ReplyDeletehttp://winzaw-mdy.blogspot.com
လိုက်ခဲ့မယ်လေ အမ ဘယ်သွားကြမလဲ
ReplyDeleteမမ အဖော်မရှိ မရှိနဲ့ လိုက်မယ့်လူတွေ အများကြီးပဲ။ တောင်ကြီး အင်းလေးဘက်လည်းကောင်းတယ်..မေမြို့ လာရှိုး မူဆယ်ဘက်လည်းကောင်းတာပဲ..။ မမ အားရင် စင်ရော်မောင်မောင်ရဲ့ လျှို့ဝှက်သောနှင်း ကားထဲက ရေခဲတောင် သွားတက်ရအောင်...:)
ReplyDeleteအသက်ကြီးလာတော့ စိတ်တွေ ပြောင်းလဲသွားတယ်ဆိုတာ သိပ်ထောက်ခံတယ် အမ kom.
ReplyDeleteအလည်လာမယ် ဆိုရင်တော့ ကျွန်တော် တို့ မြို့က အကောင်းဆုံးပဲ နော် ကမ္ဘာအနှံ့က လာကြတယ် ကမ္ဘာစစ် ကြီး နှစ်ကြိမ်လုံး အများနဲ့ တစ်ယောက် နောင်ဂျိန် ပလေး ခဲ့တဲ့ နိုင်ငံပေါ့ ဟက် ဟက်...။
ReplyDeleteမေးထားတာ ဖြေရင် မမနဲ့  မြန်မာပြည် အနှံလျှောက်လိုက်ပေးမယ် ။ ဘယ်လိုလဲ
ReplyDeleteတိုးတိုးလေးပြောပြ
နှလုံးသားရပ်ဝန်းကို လာလည်ပါလား...။ စိတ်ချမ်းသာသွားစေရမယ်...။ ဟိဟိဟိ
ReplyDeleteနောက်တစ်ခါ SG Bloggers Meetup လုပ်ရင်လာခဲ့ပေါ့။ အမကြီး အတွေ့အကြုံတယ်စုံဘဲဗျ။ ဆက်ရေးဗျာ ဖတ်ကောင်းတယ်။
ReplyDeleteအစ်မ ခရီးသွားရတာဝါသနာပါတယ်။ ဒါပေမယ့် ကီးမကိုက်တဲ့သူတွေနဲ့သွားရင်တော့ အလကားခရီးဖြစ် သွားတာပဲ။ အတူတူသွားကြမယ်လေ။ နှင်းကျတဲ့နေရာတစ်နေရာကိုသွားချင်တယ်။
ReplyDeleteအစ်မခရီးသွားရတာကိုကြိုက်တယ်။ ကိုယ်ခင်တဲ့သူတွေနဲ့ သွားရတဲ့ခရီးတွေကတော့ ပိုပျော်ဖို့ကောင်းတယ်။ ဘလော့ဂါအစ်ကိုအစ်မတွေ ခရီးတစ်ခုကိုဦးဆောင်လိုက်ရင်ကောင်းမယ်နော်။ ကျောင်းပိတ်ရက်နဲ့ကြုံရင်လိုက်ချင်လို့။
ReplyDeleteသွားမယ်ဆိုရင် လက်တို့လိုက်ပါ မဂွိ ၊၊ မလိုက်နိုင်ရင်တောင် နှုတ်ဆက်ချင်လို့ပါဗျ၊၊
ReplyDeleteအသက်ကြီးရင် တစ်ယောက်တည်း အဖော်မရှိဖြစ်မှာတော့ ကြောက်တယ်။ ဒါပေမယ့် တစ်ယောက်တည်းဆိုတော့ နောက်ဆံတင်းစရာ မလိုဖူးပေါ့လို့လည်း ဖြေမိတယ်း)
ReplyDeleteတောင်ကြီး Yes, အင်းလေး Yes., ကျိုူင်းတုံ. No ,တာချီလတ် No.. , မေမြို့.Yes. , ကလော.No, ဟဲဟိုး.No. ,ဖားကန့်.NO.,.မဲဆောက်.No., မြဝတီ.. No
ReplyDelete