Friday, January 9, 2009

YOU MIGHT NOT UNDERSTNADING ME

ဒီနေ့ အိမ်ပြန်လာတော့ကိုယ် က စောနေတယ်။ kmsl ရဲ့ chat က မီးစီမ်းပြနေတာနဲ့ ကြည့်လိုက်တော့ ကလေးမလေး တစ်ယောက် on line ဖြစ်နေတာ မြင်တာနဲ့ ကမန်းကတန်း Log out လုပ်လိုက်တယ် ။ တော်ကြာနေ လာခေါ်နေမှာ စိုးတာနဲ့ဘဲ၊ ဒါပေမဲ့ သိတ်စိတ်ပူစရာ မရှိပါဘူး။ သူ့မှာ မိန်းကလေး တွေကို ခင်မင်အောင်ပြော နိုင်တဲ့ အရည်အချင်း မရှိပါဘူး။

သူ့အတွက်တော့ မိန်းကလေး သဘောကျအောင် ပြောဘို့ဆိုတာ အခက်အခဲကြီးတစ်ခုဘဲ။ ရုပ်ကလေးကလဲ ရှိတော့ဘဝင် ကမြင့်ချင်သေးတယ။် သူ့ကိုသာလျှင် လာစကားပြောရမယ် ဆိုတဲ့ပုံနဲ့ ထိုင်စောင့်နေတယ။် ဒီလိုနဲ့များ ကောင်မလေးတွေ နဲ့ ကြည်ချင်သေးတယ။် ဝေးသေး.။

လှတပတ ပုံ့ကလေးကတော့ ကိုယ်သေချာရိုက်ပြီး တင်ပေးထားတယ။် ဓါတ်ပုံကလေး ကြည့်ပြီးတော့ စိတ်ဝင်စားတဲ့ အချို့ကတော့ ခေါ်ကြည့်ကြပါသေးတယ။် ပြောပြီးရင် ကောင်မလေးတွေ ကို မထိန်းထားတတ်တော့ဘဲ ထပ်မခေါ်ကြတော့ဘူး။ ကိုယ်က ပြောတယ်။ မိန်းကလေးသဘာဝ ဘယ်သူကမှ ကိုယ့်ဆီလာမှာ မဟုတ်ဘူး။ ကိုယ်ကသာလျှင် စရမယ် ဆိုတဲ့သဘာဝ။ ဒါပေမဲ့သူက ဒါမျိုးကို ရှက်ပြန်တယ်။ မလုပ်ချင်ဘူး။ မလုပ်ချင်ရင်တော့ မရဘူးဟေ့လို့ ပြောလိုက်တယ်။

မိန်းကလေး သဘာဝက ယောက်ျာ်းလေး က စစေချင်ပါတယ်။ ကိုယ်စိတ်ဝင်စားနေတဲ့ပုံ ကို အရိပ် အယောင်ပြပြီးရင် သူ့ဆီက တုံ့ပြန်မျူကို စောင့်နေတာပါ။ တုံ့ပြန်မှူ နဲနဲ ပေးလိုက်ရုံ့ပါဘဲ. ကျန်တာ တော်တော်လေး အဆင်ြေ့ပသွားပါလိမ့်မယ်။ တုံ့ပြန်မှူမရှိရင် တော့လဲ မိန်းကလေး မာန နဲ့ တော်ရုံ့ မေတ္တာ ရှိ ယုံ နဲ့တော့ မလာတော့ပါဘူး. ။

နောက်တစ်ချက် မိန်းကလေး သဘာဝ ..သူ့ကို အချိန်ပေးရပါတယ်။ ဘယ်လောက် အလုပ်များများ attendance တော့ပေးရပါတယ။် ဒါမှ သူတို့ကို ဂရုစိုက်တယ် လို့ထင်ပါတယ်။ သူတို့ခေါ်တဲ့ အချိန် မှာ လာနိုင်အောင် ကိုယ့်ဘက်က ကြိုးစားရပါမယ်။ ဒါကို အချို့သော မိန်းကလေးများက ဂုဏ်ယူတတ်ပါတယ်။

တစ်ပုံသေ ကားချပ်ထဲ မှတ်ထားလို့တော့မရပါဘူး။ case by case မိန်းကလေး သဘာဝ ရှုပ်ထွေးပါတယ။် kmsl က ညည်းရှူာတယ။် သူများ မိန်းကလေးတွေ ကို လေ့လာဘို့မပြောနဲ့ ။ ကိုယ့်ကိုတောင် သူနားမလည်နိုင်ဘူး လို့ ပြောတယ်။ အဲဒီတော့ နားလည်စေချင်ရင် အချိန်ပေးရပါတယ။် မိန်းကလေး အများနဲ့ ခင်မင် မှူကို တည်ဆောက် နိုင်ရပါမယ်။ အဲဒီလိုနဲ့ exposure များလာပြီး အနည်းငယ် နားလည်လာပါလ်မ့်မယ်။

မိန်းကလေး များနဲ့ပက်သက်မှူ မရှိဘဲ နဲ့ ရှူပ်ချင်တယ် ဆိုဘို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီ ဘာသာရပ်ကလဲ subject တစ်ခုပါဘဲ။ ကိုယ်က ကျွမ်းကျင်တယ် ဆို တစ်သက်လုံး လေ့လာလာတာကိုး။ ။ ….

ကိုယ့်အတွက်တော့ human သဘာဝ ကိုအတော်လေး နားလည်တယ်လို့ ထင်တာဘဲ။ မိန်းကလေး ကျအောင် ပြောတတ်ပါတယ် ဆိုရင် kmsl က မင်းက ယောကျာ်းလေး ကျအောင် လဲ ပြောတတ်ပါတယ် လို့ မနာလို တှိုရှည် ပြောတတ်သေးတယ။်

32 comments:

  1. ဟုတ်၏ ဟုတ်၏ ဂျီးဒေါ်... ငါ့ဂျီးဒေါ်လည်း ဘာတွေပေါက်ကွဲနေတယ်မသိ။ သားတောင် ခပ်လန့်လန့်နဲ့ လာမန့်ရတယ်။

    You might not understand me နော်။း)

    ReplyDelete
  2. သွယ်ဝိုက်သောအားဖြင့် သင်ခန်းစာတွေ ပို့ချနေတယ်လို့ပဲ မြင်မိပါတယ်။

    ဟုတ်ကဲ့...
    ကြိုးစား သင်ယူ လေ့လာ မှတ်သား ကျင့်ကြံ အားထုတ် အသုံးချဖို့ ရည်ရွယ်ထားပါတယ် ခင်ဗျာ။

    ReplyDelete
  3. မဂွိ ဆီမှာ သင်တန်းလာတက်တာ ၊၊
    မှတ်သားသွားပီ ၊၊ တုံ့ပြန်မှုတွေ ပေးကြည့်အုံးမယ်ဗျာ ၊၊ သင်ခန်းစာအသစ်တွေ လည်း ဆက်လက် ပို့ချပေးပါဦး ၊၊ ဂွိစ်

    ReplyDelete
  4. မမတော့ TZA တို့ ကိုဘွိုင်းဇ်တို့ ကိုဂျူလိုင်တို့အတွက် သင်တန်းပေးနေပြီထင်တယ်။ :))
    သိပ်လဲ kmsl ကို အထင်မသေးပါနဲ့လေ..၊ မမတောင် အေးအေးဆေးဆေးနေတဲ့ စာခြောက်ရုပ်ကို ကြွေခဲ့သေးတာပဲ။ တချို့မိန်းကလေးတွေကတော့ သိပ်လည်ပတ်၊ အလိုက်သိနေရင် လူလည်ကြီးဆိုပြီး ပြေးတာလဲ ရှိသေးတာနော်။ ဟာဟ..

    ReplyDelete
  5. မင်္ဂလာပါ ဆရာမ ...
    နောက်ကျနေလို့
    အတန်း စနေပြီလား မသိဘူး ... ခင်ဗျာ :P

    ReplyDelete
  6. ကောင်မလေးတွေက ဂရုစိုက်တာ ကြိုက်တယ်နော်။ အအေးမိနေဦးမယ်တို့၊ နေမကောင်း ဖြစ်နေဦးမယ်တို့၊ ထမင်းမစားရင် အဆာလွန်သွားဦးမယ်တို့ အဲဒီလို အသေးအမွှားစကားလေးတွေနဲ့ ဂရုစိုက်ပြရင် သိပ်ကြိုက်ကြတယ် ထင်တာပဲ။

    ReplyDelete
  7. ဟာ ဟ....မှန်၏

    ReplyDelete
  8. မှန်တာတွေချည်း ပြောနေတော့တာပဲ မမကတော့..။ ဟုတ်တယ်..နားမလည်ဘူး..နားမလည်ဘူးသာ ပြောနေ..နားလည်အောင်မှ အချိန်ပေးမကြိုးစားပဲနဲ့နော်..။ မမကတော့ လူ့သဘောသဘာဝတွေကို စိတ်ဝင်စားတယ်ပေါ့။ မမနော်.. Kmsl ကို တကယ်ကျတဲ့သူ ပေါ်လာမှဖြင့်...

    ReplyDelete
  9. မိန်းမတွေကို နားလည်ဖို့ ခက်တယ်တဲ့။ အနီးကပ် လေ့လာနိုင်ဖို့ လက်ထပ်လိုက်တာလေ :P

    ReplyDelete
  10. မိန်းကလေး များကို အလွမ်းသင့်အောင် ပေါင်းနည်း တွေ လာရောက် လေ့လာ မှတ်သားသွားပါတယ် မခွန် ခင်ဗျာ အခုလို သင်တန်းပို့ချ ပေးတဲ့ အတွက် အထူးကျေးဇူး ဥပကာရ တင်ရှိပါတယ် ..။

    ReplyDelete
  11. မမရေ ..
    Understanding နော် ... ပြင်လိုက်ပါအုံး။
    တို့ မမက အီးလိုရေးလဲ မှားတာပဲ .. ဟီဟိး)
    ဒါနဲ့မမရေ ..
    ယောက်ျားတွေက နဂိုကမှ တတ်ပြီးသားပါ။ မလုပ်ချင်လို့သာနေမယ် ... သူတို့ကို သင်ပေးနေရင် မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေဦးမယ်နော်။
    တချို့တွေ့များ အိမ်ထောင်ရှိ ကလေးရှိတာတောင် လူပျိုလူလွတ်ကလေးလို ဟန်ဆောင်တတ်ကြသေးတာ။ အွန်လိုင်းဆိုတော့လဲ ... just အွန်လိုင်းပဲပေါ့လေ ... ။

    ReplyDelete
  12. အဟမ်း...အဟမ်း

    တစ်ခုလောက် ဆရာမကို မေးရင်ကောင်းမယ်
    ဒါပေမယ့် ကျွန်တော့်ဆရာမကတော့
    လက်သီးပဲ ထောင်ထောင်ပြနေတယ်။

    ဒီမှာတွေ့လားဆိုတာချည်းပဲ။ ဒါကြောင့် မလှုပ်ဝံတာ။ ဟေးဟေး။

    သူက ခါရာတေး ခါးပတ်နက်ရထားတာလေ :(

    ဆိုးသွမ်း

    ReplyDelete
  13. might + understand လား
    might + understandingလား။

    ReplyDelete
  14. လေ့လာ သင်ယူသွားပါတယ်..မမ
    ကျနော် မလိုပေမယ့်လည်း..
    ဟီးဟိ..
    နောက်အပတ်ကျော်ရင်တော့..
    ရွာပြန်ဖြစ်မလားမသိဘူး..မမ
    ကြိုပြောထားတာနော်..
    လွမ်းနေမှာစိုးလို့..
    (မရီပါနဲ့နော်..)
    Xထုံ

    ReplyDelete
  15. ဟုတ်ကဲ့ပါချာမ

    ReplyDelete
  16. မခင်ဦးမေရေ... Cindy Cashman ရေးတဲ့ Everything Men Know About Women ဆိုတဲ့ စာအုပ်ကိုသာဖတ်ခိုင်းလိုက်ပါ။ စာအုပ်က ဈေးချိုပြီး ဖတ်ရတာလည်း အင်မတန်လွယ်တယ်... အဲဒါဖတ်လိုက်ရင် အမရော ကိုmsl ပါ နားလည်မှုရသွားမှာ သေချာတယ်... ;)

    ReplyDelete
  17. မိန်က လေး တွေ ဆို တာ ဒီ ခေတ် မှာ်ယောက် ကျား လေး တွေ အ တွက် ပျင်း ရင် က စား ဘို့  သိတ် လွယ် တဲ့  ကစား ကွင်း ပဲ...သူ တစ် ကယ် မပျင်း သေး လို့  ပါ...

    ReplyDelete
  18. သင်တန်းလာတက်တယ်ဗျာ။
    ဆက်လက်ပို့ချပါနော။

    ငြိမ်းအေးပါစေ။

    ReplyDelete
  19. လေးစားပြီးရင်း
    လေးစားနေမိတော့တယ်
    အစ်ကို Kmsl ကို သီးသန့် သင်တန်းခေါ်ပေးမှ ဖြစ်တော့မှာပါ။

    http://winzaw-mdy.blogspot.com

    ReplyDelete
  20. အင်း မမဂွိပြောတော့လည်း ဟုတ်သားပဲနော်။
    အမှန်တွေပြောပြနေတာ ကွိကွိ။

    ReplyDelete
  21. မမကလဲတမျိုးပါလား။ ကိုkmsl ကို အတင်းကို လွတ်လပ်ခွင့်တွေပေးနေတော့တာကိုး။ သူများတွေနဲ့ ကွာပါ၏။ မနာလိုတိုရှည် မဖြစ်ဘူးလား၊ တိုရှည်တော့ ကြိုက်ပြီး တိုရှည် မဖြစ်တာဆန်းပါ့ပေ့

    ထုံတထုံ ( ဘယ်ထုံလဲ)

    ReplyDelete
  22. အမကြီး သတိ သတိ။

    ReplyDelete
  23. ဟုတ်လောက်တယ်...

    ReplyDelete
  24. မမနော်...
    မှန်တိုင်းလဲ မကောင်းဘူးတဲ့...

    *** မမရဲ့  ဘလော့ဂ်ကို ကိုMSL မဖတ်ဖူးလားဟင်...

    ReplyDelete
  25. သင်တန်းတက်ချင်ပါတယ် ခင်ဗျ

    ReplyDelete
  26. မမရေ.. kmsl သူ့ဘာသာ အေးအေးနေတာ နေပါစေလားးး။ တော်တော်ခက်တဲ့ တို့ မမပဲ....။

    ReplyDelete
  27. သင်တန်းပို့ချထားတာလားမမ.....
    ဖတ်ပြီးရယ်သွားရတယ် မမကလူ့သဘောနားလည်တယ်ပေါ့။ ဝေလေးကတော့ နားလည်ဘူး။ သင်ရမယ်.. သင်ပေးအုံးနော်... :P

    ReplyDelete
  28. မမက ကျအောင်ပြောတတ်လား မတတ်လားတော့မသိ
    ဒီစာဖတ်ြီး မမkomကြီး kmslကို အတော်ပစ်ကျနေတယ်ဆိုတာပဲ conclusion ဆွဲသွားတယ် ဟိ

    ReplyDelete
  29. လူ့သဘာဝ ကိုက မလုပ်နဲ့လို့ပြောရင် ပိုလုပ်ချင်တယ်။
    လုပ်ဆိုပြီး လွှတ်ပေးထားရင် အသိဥာဏ်ရှိတဲ့လူက သူ့ကိုယ်သူထိန်းတယ်။
ွှလွှတ်ပေးလိုက်တာကို အခွင့်ကောင်းယူပြီး လွတ်သွားရင်လည်း သွားပစေပေါ့...။

    ReplyDelete
  30. you might not understnading me?
    Neo English? :)

    ReplyDelete
  31. အစ်မ ရေ..
    အစ်မ ပို့စ် ဖတ် ပြီး....
    အစ်မ ပြောခံ ရသလို ..
    လာ ရမ်း ခံ ရ ဖူး တာ သတိ ရပြီး ပြုံး မိတယ်..
    အဆင် ပြေ ပါစေ...

    ReplyDelete
  32. သင်တန်းလာတက်တာဗျ။ ကျတော်က နောက်ဆုံးဖြစ်နေပါလား။ ကိုကြီး နဲ့ ကျတော် တော်တော်များများတူသလားလို့ (အကျင့်တွေလေ) ဟ ဟား။ ဘာပဲပြောပြော ဖတ်လိုက်ရတော့ ကျတော့
    အားနဲချက်တွေကို သိသွားပီ။ ကျေးဇူး။

    ReplyDelete