အခုတစ်လော ငြိမ်နေတယ် လို့တော့ အကြောင်းသိတွေ ကပြောကြမယ်။ ဘာလို့ ငြိမ်နေသလဲ ဆိုတော့ စိတ်မရွင်လို့ပေါ့။ criteria ရေးတာ အလကား မဟုတ်ဘူး။ စိတ်မရွင် လို့ ရေးဘို့ ကြံပေမဲ့လည်း အကြံမရလို့ အဲလို စဉ်းစားမိသွားတယ်။ စိတ်က ဘာလို့ မရွင်လဲ။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ အသေးစိတ်တော့ မပြောပရစေနဲ့တော့။
အလုပ်လည်းပင်ပန်းတယ် အခုတစ်လော။ ထမင်းတောင် ကောင်းကောင်းမစားဖြစ်ဘူး။ ထမင်းကတော့ တမင် သွားမစားတော့တာပါ။ နဲနဲများ ပိန်မလားလို့ မနက်ပိုင်းကို ပေါက်စီ စားပြီး နက်စ်ကော်ဖီဘူး သောက် လိုက်တယ်။ ၂ ရက်ရှိပါပြီ။ ရန်ကုန် ပြန်ဘို့ စိတ်ကူးထားတယ်။ဒီနစ်ထဲ ဝနေရင် အမျိုးတွေ က အလန့်တကြား ဟယ်. ဝလိုက်တာ. ဝလိုက်တာ လို့ပြောရင် စိတ်ထိခိုက်နေရဦးမယ်။ ဟိုရောက်ရင် ၂ ပါတ် အတွင်း ၆ ပေါင် တက်ဘို့လည်း ကြိုပြင်ထားရဦးမယ်။
လမ်းလျေက်ရလို့ ကြွက်တောင် တက်ပါတယ် ဆိုရင်လဲ ပိုတယ် လို့ပြောကြဦးမယ်။ တကယ်။ ညဘက် အိပ်ရင်းနဲ့ ကြွက်တက်လို့ လန့်နိုးလာတာ နာလိုက်တာ ဘယ်ဘက် ခြေ သလုံး က အကြောတွေ တောင့်ြ့ပီး အသည်းခိုက် အောင်နာပါတယ်။ ကြွက်တက် နေ ကျ မို့လို့ ကိုယ့်ခြေမကိုယ် ပြန်ချိုးလိုက်တယ် ဘာဆိုင်သလဲ တော့မသိဘူး။ ဖြည်းဖြည်းချင်း အနာ လျှော့သွားတယ်။
အိပ်မယ်လို့စိတ်မကူးဘဲနဲ့လဲ ခဏဆို လှဲလိုက်တယ်။ ခလောက် ဆိုပြီး ခလော ကနဲ အိပ် ပျော် သွားလို့ရေတောင် မချိုးလိုက်ရဘူး။
ကိုယ်က ပြင်တုံး သူက တော့ လက်မှတ်ဝယ်ပြီးသွားပါပြီ။ သူ့အတွက် လက်မှတ် ဝယ်နေတာ ကြာပြီ. မရဘူး. လက်မှတ် ကုန်သွားပြီ။ seat မရှိတော့ဘူး။ waiting list ထဲ ထည့်ခိုင်းထားတာတောင် မျော်လင့်ချက် မရှိဘူး ဆိုလို့ စိတ်ဓါတ် ကျနေတာ။ အခုတော့ အကြောင်းအမျိုးမျှိုးနဲ့် လက်မှတ် ရသွားပါပြီ.။
ကိုယ်က အေးအေးဆေးဆေး ကြိုက်တဲ့အချိန်ပြန်လို့ ရတယ်။ ခါတိုင်းဆိုရင် လေးလ လောက် အလိုကတည်းက သူ့အတွက် booking တင်ထားတတ်တယ်။ အခုတလော ဘလော့ကိုက်ပြီး virtual world ထဲနေလိုက်တာ လောက နဲ့ အဆက် အသွယ်ပြတ်သွားပြီး မေ့သွားတယ်။ ကိုယ်မလိုက်သွားဘူးလား မေးဦးမလို့လား.. မမေးနဲ့တော့။ မေးစရာ မလိုဘူး.။ ထုံးစံအတိုင်း..။ အကြော်နဲ့ နစ်ပွဲ.။

hi hi !!
ReplyDeleteသူ့လက်မှတ်ကို မမယူပြီး ပြန်လိုက်ပေါ့...:P
မမရေ.
ReplyDeleteစာလုံးတွေမြင်ရဘူး
အိုင်အီးနဲ့ဆိုလဲ အတုံးတွေပဲပေါ်တယ်..
Xထုံ
ကြွက်တက်ရင် ကြက်ဥအကာကျက် ပြုတ်စားပါ။ ဒါမှမဟုတ် မကျက်တကျက် ကြော်စားပါ။ လို့ အမေကတော့ ညွှန်ဖူးတယ်။
ReplyDeleteချမ်းမြေ့ပါစေဗျား
ReplyDeleteငါ့အစ်မကြီး။
မကြီးရေ..ဘလော့ဂ်တွေပွင့်သွားပြီးဗျ။ ပျော်လိုက်တာ။
ReplyDeleteပြန်လာဖြစ်ရင်မန္တလေးလာလည်ဦးသိလား။ မီးမီးဝတာတွေမြင်သွားမယ်(လျှောက်တော့မပြောနဲ့ နော်)။
နံနံပင် ထည့်ဦးမလား အမ kom :D
ReplyDeleteHi hi မမ အတူတူပြန်ကြမယ် လေ.... :)
ReplyDeleteHi hi မမ အတူတူပြန်ကြမယ် လေ.... :)
ReplyDeleteဘာအကြော်လဲ ဟင်...
ReplyDeleteဘူးသီးကြော်လား ကြက်သွန်ကြော်လား။
ဒါမှမဟုတ် ပဲကြော်လား။
မမ..စိတ်ညစ်နေသလား..ကြွက်တက်တာ ကယ်လစီယမ် နည်းလို့ထင်တယ်နော်.. သားငယ်ကိုယ်ဝန်နဲ့တုန်းက ကြွက်ခဏခဏတက်လို့ ဒေါက်တာက အိုင်ရွန်းတွေ သောက်ခိုင်းတယ်..။ အကြော်နဲ့ နှစ်ပွဲဆိုတော့ မမရော ပြန်လာမယ်လို့ ပြောတာလား။ အတိတ်စိမ်းတွေ မပေးနဲ့လေ..။ အဲဒါတွေမကောက်တတ်လို့ ချဲတောင်မထိုးဘူး..ဟဲဟဲ
ReplyDeleteမမရေ
ReplyDeleteတကယ်က မမ ကောင်းကောင်းနားသင့်ပါတယ်။ ရန်ကုန်ပြန်ပြီး လျှောက်သွား လျှောက်စား လျှောက်လည် လုပ်သင့်ပါတယ်။ အစားလဲ မလျှော့ပါနဲ့။ စားချင်တာလေးတွေ ရွေးပြီးစားဖြစ်အောင် စားပါ။ အိပ်ချိန်ကောင်းကောင်းယူပါ။
အသက်က ကြီးနေပြီ..စိတ်ကရှိပေမဲ့ လူက မလိုက်နိုင်တော့ဘူးလေ.. :D
(အတည်ပေါက်လိုလိုနဲ့ သွင်းလိုက်ပြီ တလုံး..အဟိ)
မမဂွိ
ReplyDeleteစိတ်မပျော်ဘူးလား
ဒီလိုပဲ တခါတလေဖြစ်တတ်ပါတယ်
ပျော်လိုက်ပျင်းလိုက်ပေါ့
မမပျော်အောင် သမီးကပြရမလားဟင်
နေကောင်းအောင်နေပါ
လာမမေးနဲ့ အကြော်နဲ့နှစ်ပွဲ ကတော့ နားမလည်ဘူး
ပြန်လိုက်သွားမှာကို ပြောတာလာဟင်
ကြွက်တက်ရင်အသက်အောင့်ပြီး ငယ်ထိပ် ရ ချက်ပုတ်ပါ။
ReplyDelete၀ိတ်ချနေတယ်ဆိုပါလားကွယ်ရို့.. အစာအိမ်လဲဖြစ်နေဦးမယ် ဂျီးဒေါ်.. ထမင်းကိုနည်းနည်းလေးပဲ ဖြစ်ဖြစ် အချိန်မှန်စားပြီး အပြင်စာတွေလျှော့စားရင် ပိန်လာမှာပါ။ ထမင်းအချိန်မမှန်ပဲ သွားရေစာများများစားမှ ၀မှာနော်။
ReplyDeleteအိပ်တာကလည်းကောင်းလိုက်တာ.. သားတို့များ အဲ့လိုအိပ်ပျော်ချင်လို့တောင် မပျော်ဘူး။း(
စိတ်မပျော်ရင် ဒါလေးတွေ သွားကြည့်ကြည့်ပါလား ရီရတယ်
ReplyDeletehttp://www.youtube.com/watch?v=1uwOL4rB-go
http://www.youtube.com/watch?v=wskT6YfVB6E
ATN
မမခရီးထွက်ချင်နေတာမဟုတ်လား။ ဘုရားဖူးလိုမျိုး မရောက်ဖူးတဲ့ နေရာအသစ်ကို သွားလည်ပါလား။ massage သွားလုပ်ကြည့်ပါလား အကြောတွေ ပြေသွားအောင်။ SPA holiday????
ReplyDeleteလာအတူ ပြန်မယ်လာ...
ReplyDeleteမမရေ ငြုတ်သီးမှုန့်လေးထည့်ဦးမလား။
ReplyDelete၂ပွဲကို ၅၀၀ ကျပါတယ်. ဟုတ်လားမသိ. ဟီးးး
ပိုက်ပိုက်ချမ်းသာတဲ့ သူတွေကြ ပြန်လည်ကြပါလေ ၊၊ ပျော်ရွှင်ပါစေ မဂွိရေ ၊၊
ReplyDeleteမဂွိ ..ကော်မန့် ပေးလိုက်တာ အမည်မှား ပေါ်သွားတယ်ဗျ ၊၊
ReplyDeleteအိမ်က အဖေဗျ ၊၊သူ့ ဂျီမေး က auto signin ကို ပိတ်ဖို့မေ့သွားလို့၊၊ဟားဟား
စောစောစီးစီး အကြော်နဲ့  နှစ်ပွဲဆိုတာတွေ့ တော့ တကယ်ပဲ မုန့် ဟင်းခါးစားချင်သွားတယ်.. ဟီးဟီး
ReplyDelete(ငတ်ကြီးကျပုံ)
မမရယ်.. ဒီလိုပါပဲ..
စိတ်ဆိုတာ တခါတခါကျတော့လဲ ဟိုရောက်
ဒီရောက်နဲ့  ညစ်ညစ်နေတတ်တာပါပဲ...
နေကောင်းအောင်တော့ ဂရုစိုက်ပါ မမရေ...
မမ
ReplyDeleteရောက်ရင် ကျနော်တို့မြို့လာခဲ့ပါ
တူတူလည်မယ်..
၃၀..၃၁ဆိုရင် ရန်ကုန်ကျနော်သွားပြီ..
အဲ့ါဒီအရှေ့ရင်လာခဲ့နော်..
တကယ်ပြောနေတာ
Xထုံ
ကိုဂျီးဂီပြောသလိုပါပဲ ပိုက်ပိုက်ချမ်းသာသူတွေကတော့ သဘောရှိပြန်ကြပါလေ ။ စကားမစပ် အဲလို အကြော်နဲ့၂ပွဲ ဆိုတဲ့စကားကို ဖေဖေလဲ ခဏခဏပြောတယ်။ သူတို့ခတ်က အသုံးအနှုန်း ဖြစ်မယ် ဒါဆိုမမလဲ သာမီးအဖေနဲ့ ရွယ်တူလောက်ရှိမလားပဲ :P ကိုဂျီးဂီကို လဲအဖေနာမည်ကနေ ခြေရာခံပြီးစုံးစမ်းရမယ် ဟိဟိ
ReplyDeleteမမ ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေ ။ ပြန်ဖြစ်ရင် မုန့်ဝယ်ခဲ့ပါ
100 plus မှန်မှန်သောက်ရင် ကြွက်တက်တာပျောက် တယ်လို့ ကြားဘူးတယ်။
ReplyDeleteစာတွေ လာလာဖတ်ဖြစ်ပါတယ်။.
ReplyDeleteဟိုင်း ဟိုင်း
ReplyDelete(အိပ်ပျော်ရင်း ကြွက်တတ်တာက ရေမချိုးလို့ ဖြစ်ပါလိမ့်မယ်။)
သိရသလောက်တော့ အားနည်းတာ ဖြစ်ပါမယ်။ နောက် tension များတာလည်း အကြောင်းစုံ နိုင်ပါတယ်။ အားဆေးတစ်ခုခု သောက်လိုက်ပါ။
ကျန်းမာရေး ဂရုစိုက်ပါ အစ်မရေ။
မိုး၊ လေ မမှန်ဘူး
မမရေ ပျော်အောင်နေနော် မမပျော်မှ အားလုံးကပျော်မှာ စိတ်ညစ်စရာတွေကို ထုတ်ပစ်လိုက်နော် ကိုးရီးဟားက မင်းသမီးလေးတွေလို စိတ်ညစ်ရင် မုန့်တွေအများကြီးစားပစ်လိုက်နော် အခုတောင် အကြော်နဲ့ နှစ်ပွဲဆိုတော့ မမပျော်ရွှင်ပါစေ
ReplyDeleteစိတ်ရွှင်လန်းပါစေ။
ReplyDeleteအမ်းမား ကျန်းမာရေးလည်း ဂရုစိုက်ဦးဗျ။ ကြွက်တက်တယ်ဆိုတာ အားနည်းတာလည်း ဖြစ်နိုင်ချေရှိတယ်။ ညည ကောင်းကောင်းမအိပ်ပဲ ဘလော့လျှောက်လည်နေတာကိုး။ ပိန်ချင်လို့ တော့ အစားလျှော့မစားပါနဲ့ ဗျာ တော်ကြာစိတ်ပါ ရောပိန်သွားမှ ဒုက္ခ။ လာထား အကြော်နဲ့ နှစ်ပွဲ။ ဘဲဥလေးပါထည့် ကြက်သွန်ဥနဲ့ ငှက်ပျောပင်လည်း မချန်နဲ့ ။
ReplyDeleteကြွက်တက်လျှင် ပိုတက်ဆီယမ်ဓါတ်များသော ငှက်ပျောသီး စားပေးပါ။ ကျွန်မလည်း မကြာခဏ တက်တတ် လို့ပါ။ ကြွက်တက်လာပြီ ဆိုတာနဲ့ ငှက်ပျောသီး ပြေးဝယ်စားရတာဘဲ။ ဒီဘက်မှာတော့ ရခိုင်သီးဘဲ ရတယ်။အဆင်ပြေပါစေ
ReplyDelete