Monday, January 26, 2009
Management 1
ပိုက်ဆံချမ်းသာချင်တယ်။ ဘယ်လိုလုပ်မလဲ...။ လုပ်တတ်တဲ့သူက လွယ်ပါတယ် ကွာ လို့ဖြေမယ်။ မလုပ်တတ်တဲ့သူက ဘယ်နဲ့လုပ်မလဲ လို့ဖြေမယ်။။ အလွယ်ဆုံးက ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူချမ်းသာ သလဲဆိုတာကြည့်ပါ။ သူလုပ်သလို လိုက်လုပ် ချမ်းသာ ပါလိမ့်မယ် လို့ဆိုတယ်။ သူလဘက်ရည် ဆိုင်ဖွင့်လို့ ကိုယ်လိုက်ဖွင့်တာ မျိုးကို မဆိုလိုပါ။ ဆက်လက် ရှင်ြး့ပပါ့မယ်။
ဒီအခြေအနေ မှာ ပိုက်ဆံ အတန်အသင့် လစဉ်ဝင်ငွေ ရှိနေပြီလို့ ဆိုကြပါစို့။ဒါမှ လဲ ဘယ်လို စစု ရမလဲ ဆိုတာ ပြောနိုင်မယ်လေ..ပိုက်ဆံဝင်ငွေ ရှိအောင် ဘယ်လို လုပ်ပါလို့တော့ မမေးနဲ့တော့။။ ဒီအချိန် မှာသိသင့်ပြီ.. ကိုယ်တို့ အနေအထားက လူမျိုးတွေ ဟာ ပညာတတ် များပါတယ်။ စီးပွါးရေးသမား များ သိတ်မပါဝင် တာ ကို သတိထားမိတယ်။
ကဲရှိစေတော့.သိပြီးသားလူ တွေ လဲ ငါသီသားဘဲလို့မှတ်..မသိသေးတဲ့သူတွေ လည်း တလေးတစားမှတ်..။ (တရားဟောသလိုဖြစ်နေပါပြီ)
ပိုက်ဆံရှိပြီ ဆိုတာ နဲ့စစုဘို့ပြင်ရမယ်။ ဝင်သမျှ သုံးပစ်နေတဲ့သူ ကတော့လူမိုက်ဘဲ။ စုဘို့ နေနေသာသာ သုံးလို့တောင် မလောက်ဘူးဆိုရင် လဲ မပြောတတ်တော့ဘူး. အဲဒီတော့ သုံးပြီး ပိုတဲ့သူ ကို သာ လက်ချာပေးတယ် လို့သာ မှတ်ပေတော့။။
စစုမယ်။ ဘယ်လိုစုမလဲ။ အရင် ဆုံး ဘဏ် အကောင့် နစ်ခု ခွဲ ရမယ်။ credit card 2 ခုထားပြီး ပိုက်ဆံချေးဘို့ မဟုတ်ဘူး..ပိုက်ဆံစုဘို့။ ဘယ်လို ခွဲမလဲ.. လခဝင်ရင် တစ်ခုထဲကို များများထည့်.ကျန်တဲ့တစ်ခုထဲကို နဲနဲဘဲထား..သုံးရင်းနဲ့ကုန်သွားရင်ောတ့ များတဲ့ အထဲက နဲနဲပြန်ထုတ်သုံး။ အင်တာနက်ဘန်ကင်းကို ပိုက်ဆံနည်းတဲ့ အကောင့်နဲ့ဘဲထား.
ဘာဖြစ်လို့ ၂ခု ခွဲရသလဲ။။ ရှင်းရှင်းလေးပါ.တစ်ထောင့်ငါးရာ ဝင်တယ်ထား… အားလဲုး မျက်စိထဲမြင်နေရင် အများကြီးလို့ထင်နေဦးမယ်။ ငါးရာ ကို စုတဲ့အထဲပို့ ။ တစ်ထောင်ထဲက နေ အိမ်လခ.ရေဘိုးမီးဘိုးတယ်လီဖုံးဘိုး.. တောက်တိုမယ်ရဘိုး.. သုံး ပိုတာ ကို ကိုယ်သုါံ်ဘို့လို့ထား..မလောက်သေးဘူးလား.. အဲဒီတော့မှ ငါးရာထဲ ကနေ နဲနဲပြန်သုံး ဘာဘဲ ပြောပြော အသုံးစရိတ် ကျသွားမှာကတော့အမှန်ဘဲ။။ ပိုက်ဆံအိတ် ထဲမှာ တစ်ရာမြင်နေ ရင် ၂၀ ဘိုးသုံးဘို့ဝန် မလေးပေမဲ့ သုံးဆယ်ဘဲ ရှိရင် တော့ တစ်ဆယ် ဘိုးသု့းဘို့ကို နင်္စခါ ပြန် စဥ်းစားသွားနိုင်တယ်။ ဒါ very common ပေမဲ့ အန်မတန် ဖြစ်တတ်တဲ့ usual mistake ဘဲ..
ဒါပေမဲ့ အခုထက်ထိ ကိုယ်စဉ်းစားလို့မရတာ က atm machine မှာ ဘာလို့ လူတွေ အများကြီး စီနေသလဲဆိုတာ..တစ်ခါ ကတော့ဝိုင်းပြီး စဥင်္းစားပေးကြဘူးပေးကြပါတယ်။ အဲဒီ လူတွေ က ကိုယ့်ထက် ဘဲ တောာ်နေကြတယ်ထင်တယ။် အိတ်ထဲမှာ နဲနဲလေး လောက်နဲ့ နေတဲ့သဘောလား မသိ.။ အဲဒီတော့ သူတို့က ပိုပြီး money ကို concern ဖြစ်တဲ့သဘောရှိတယ်။ ကိုယ့်လက်ချာ ထဲမှာ သူတို့ နားထောင်ရန်မလို့။ တော်ပြီးသားလို့သတ်မှတ်တယ်။
ကဲပိုက်ဆံလေးနဲနဲ ပိုဘို့ကို အသုံးစရိတ်ကို ချွေတာမှ ဖြစ်မယ။် ဘယ်လိုချွေတာမလဲ။။ တတ်နိုင်သလောက်ပေါ့။။ သေချာတော့ မပြောတတ်ဘူး..ချွေတာရမယ်။ ဘတ်စကားစီးလို့ရတဲ့နေရာ ဘတစ်ကားစီး. ကိုယ်လူငယ်ဘဲ အပင်ပန်းခံနိုင်ပါတယ်။ ဘတ်စစကား ရထားစီးပေါ့.. တွေ့ဘူးပါလိမ့်မယ် ချာတိတ် မ အခှို့ .. ရွီးဆို အငှားကားပေါါ်တတ် သွားတာ။။ သု့အရွယ် သူ့ဝင်ငွေ သူ့အလုပ်နဲ့ အဆင်ပြေသလိုပေါ့.. အမှိုးမှူိးပေါ့လေ..။
ကိုယ့် အသိ အစ်မတစ်ယောက်ရှိတယ်။ ကိုယ် စပို့ရှပ်ကလေး တစ်ဆယ်တန် ဝတ်ဲ်တဲ့အချိန် မှာ သူက သုံးဆယ် အထက် ဝတ်ပါတယ်။ ကိုယ် နဲနဲ လေး.ဝယ်တဲ့ အချိန်မှာ သူက ၆၀ . ၈၀ တန်ပါတယ် . ကလေး ရှိပါတယ်. ကလေး ကိုဘယ်တော့ မှ နဲနဲပွ တဲ့အကျီမဝယ်ပေးပါဘူး. ရုပ်ဆိုးလွန်းလို့တဲ့ ကလေး အကျီတွေ ဆိုတာ ကလည်း ဈေးကြီးလိုက်သမှ..။ ကလေးဆိုတာ ကလည်း အမတန် ထွားလွယ်တဲ့အရွယ်... ခဏလေး ခဏလေးပြောင်းဝယ်ရပါတယ်။ အဲလို လူမျိုးဆိုရင်တော့ ဒီလ ရတာ ဒီလကုန်ဘို့ များပါတယ။် လူအမျိုးမျိုးပေါ့။
မသုံးတဲ့သူ ကို လည်း ရှေျးဘဝ မစင်ကြယ်လို့ မသုံးရတာ လို့ လည်း အပြောခံရပါတယ် ကိုယ့်ဘာသာ ကိုယ်တောင် ပြန်စဥင်္းစားမိတယ်. ဟုတ်များဟုတ်နေမလားဆိုပြီး။
မီန်းကလေးများ တယ်လီဖုံးသိတ်ပြောတယ်. တစ်လ ကို လေးရာ ရှင်းရတဲ့ ကိုယ့် သူငယ် ချင်း ရှိခဲ့ပါတယ်.။ ဖုံးဘို့နဲ့တင် အတော်ထိပါတယ်။ ကဲ ဘယ်နဲ့စုနိုင်တော့မလဲ။
Generally ကတော့ စုပါ။။စုပါ။ အသုံးလျှော့ပါ။
ကြီ့းပွားဘို့ကို ပြီးမှ ဆက်လက်ချာပေးပါမယ်။ ဆက်ရေးဖြစ်ခဲ့ရင်...
36 comments:
  1. ပထမရပါပြီ
    ReplyDelete
  2. ဒီက ဖတ်ပြီးမှ ရေးတဲ့ second.
    အညံ့စားတွေ အများကြီးဝယ်မယ့် အစား ကောင်းတာကိုကြိုက်ရင် နည်းနည်းပဲဝယ်ပြီး သုံးတာရော ဘယ်လိုနေမလဲ။ ပြီးတော့ တကယ်သုံးမှဝယ် ဒစ်စကောင့်နောက် မလိုက်နဲ့ပေါ့။ အဲလိုလည်း စဉ်းစားမိပါတယ်။
    ReplyDelete
  3. atm machine မှာ ကောမန့်ပေးမိပေမယ့် ဒီလက်ချာကို
    လေးစားစွာနာယူသွားပါတယ်..။
    နောက်လက်ချာကိုလည်းစောင့်နေပါတယ်..။
    မပန်ပြောတဲ့ ဒစ်စကောင့်နောက် မလိုက်နဲ့ဆိုတာ ကိုယ့်ကိုတည့်တည့်ပြောသလို ခံစားရပါတယ်...။:P:P
    ReplyDelete
  4. ဟုတ်ကဲ့။ မှတ်သားသွားပါတယ်။ ကျနော် လက်ရှိကျင့်သုံးနေတာကတော့ များများကျန်ချင်ရင် များများရှာတဲ့ နည်းပါ။ နည်းနေရင် ဘယ်လောက်စုစု မရဘူး။ :-)
    ReplyDelete
  5. အစ်မရေ
    အသိတရားတွေအတွက်
    အချိန်မနှောင်းသေးပါဘူး
    ကြိုးစားထားပါ .. ..
    (ဆြာဂျီးဝင်လုပ်တာ၊ ချိတ်ချိုးနဲ့)
    ReplyDelete
  6. စုစရာ အပိုကို မရှိတဲ့ လူစားမျိုးထဲမှာ ပါပါတယ်။ အဲဒီတော့ အရင်ဆုံး ဝင်ငွေများများ ပိုရအောင် ဒါမှမဟုတ် ထွက်ငွေအများဆုံး ဖြစ်နေတဲ့ ကျောင်းကို မြန်မြန်ပြီးအောင် လုပ်ရလိမ့်မယ် လို့ထင်ပါတယ်။ :)
    ReplyDelete
  7. မမဂွိ မှတ်ဆိုလို့ မှတ်ပြီးရင်း မှတ်သွားပါတယ်။
    ReplyDelete
  8. စိတ်ချမ်းသာဖို့အတွက်
    သုံးရမယ်၊ လည်ရမယ်၊ ၀ယ်ရမယ်။
    အကုန်မခံချင်တော့ဘဲ
    စုဆောင်းရမယ်ဆိုရင်တော့
    အပျော်တွေလျော့ရတော့မှာပေါ့နော် ..
    သင်ခန်းစာကောင်းတွေ ဆက်ဆက်လာဖတ် ပါအုန်းမယ်။
    လေးစားလျက်
    ReplyDelete
  9. ပိုက်ဆံရှိပြီ ဆိုတာ နဲ့စ စုဖို့ပြင်ရမယ် တဲ့...
    သေသေချာချာမှတ်သွားပါတယ် မမရှင့်...
    ခုကစပြီး စုတော့မယ်... ဒန်တန့် တန်...
    ** ကြီးပွားရေး လက်ချာကို မျှော်နေမယ်နော်...
    ReplyDelete
  10. မမရေ စုဆောင်းဖို့အတွက်ပြင်ဆင်သွားပါပြီ။ ကြီးပွားရေးအတွက် လက်ချာလိုက်ဖို့စောင့်နေပါတယ်
    ReplyDelete
  11. ကျွန်တော်လဲ အကောင့်နှစ်ခုနည်းနဲ့ ကျင့်သုံးပါတယ် မမဂွိခင်ဗျား။ များများစုချင် များများရှာဆိုတဲ့နည်းကိုလည်း နှစ်သက်ပါသဖြင့် အလုပ်ပြောင်းတာ သုံးခါရှိသွားပါပြီ။ သို့ပါသော်လည်း အလုပ်ပြောင်းရသည်ကို ငြီးငွေ့လာပြီဖြစ်ပါသဖြင့် လိုအပ်ချက် ပန်းတိုင်ရောက်လျှင်ဖြင့် မပြောင်းတော့ဘူးဟု ဆုံးဖြတ်ထားပါသည်။ :P
    ReplyDelete
  12. စုနိုင်မှ ချမ်းသာမည်။
    ReplyDelete
  13. ဟီ ကျနော်ကတော့ စုကိုမစုတာ ချန်ထားရင် ရန်များ
    တယ်လေ အဲဒါကြောင်လားတော့ မသိဘူး တလတလ
    ရတဲ့လခကုန်တဲ့အပြင် တခါတလေ အကြွေးပါတင်တယ်
    အလုပ်လုပ်လာတာ ၁၀နှစ်ရှိပြီခုထိဘာမှ မစုမိသေးတာ
    အေးရော ဟိဟိ
    ReplyDelete
  14. စုနိုင်တုန်း စုထားကြ...း)
    ReplyDelete
  15. အဲ့ဒီ့ KLNG ကာကာတို့၊ဆင်ဒဏ်လား(မြင်းဒဏ်လား)တို့ရဲ့ပထမ ရောဂါကတမျိုး၊အမေတစ်ယောက်လိုချစ်ခင်
    ရတယ့် KOM လက်ချာဖတ်ရတာအာရုံနောက်တယ်။
    ReplyDelete
  16. ဟုတ်..မမရဲ့လက်ချကို အိမ်ဦးနတ်ကို ဦးချပြီး ပြောပြလိုက်ပါမယ်။ သုံးချက်ချရမှာလား။ သုံးချက်ချုပ်ရအောင်လား။ သုံးခါချရမှာလား။
    mm
    ReplyDelete
  17. မမKOM ရဲ့ လက်ချာ ကို သေချာဖတ်သွားပါတယ်။
    လိုက်နာဖို့ လည်းး ကြိုးး စားးး ပါဦးး မယ် :D
    နောက်ထပ်လက်ချာများလည်းး စောင့်မျှော်လျက်
    ReplyDelete
  18. သေသေချာချာ လေ့လာ မှတ်သားသွားပါတယ်။ သေချာတာက ဖြုန်းတဲ့အခါ အမှန်အကန် ဖြုန်းပြီး စုတဲ့အခါလည်း အမှန်အကန် စုပါတယ်။
    လောလောဆယ် ကင်မရာကိစ္စမှာ အပီအပြင် လက်ဖွာနေပါတယ်။ ဆင်ခြင်အုံးမှပါပဲ။
    ReplyDelete
  19. စု နိုင်မှ ချမ်းသာမယ် ဆိုတာ တစ်ကယ့် အမှန် တရားပဲ..။
    ဒါနဲ့ စကားမစပ် ဒုတိယ ဘဏ်ကဒ် လေးထဲ ဘယ်လောက်ရှိလဲ ဟင် တိချင်ရို့ :P
    ReplyDelete
  20. စစုတော့မယ် မမရေ... အိတ်တွေ ဖိနပ်တွေ အင်္ကျီတွေ ၀ယ်တာ ရပ်လိုက်တော့မယ်... မမကို ရိုသေလို့ ဟီးဟီး.. စားတဲ့ အထဲမှာ ပါတယ် မမရေ.. ခရီးတွေလည်း သွားပစ်တယ်...လျှော့ ရတော့မှာပေါ့နော်.. အပိုင်း ၂ မြန်မြန် ဆက်ရေးပါဦး
    ReplyDelete
  21. အမ
    ငွေရှာနည်းလေးကော
    မစ ဦး...
    :D
    ReplyDelete
  22. မလိုတာတော့ မသုံးပါဘူး။ ဒါပေမဲ့ စုလဲ မစုနိုင်သေးဘူး မမရေ။ ဒါပေမဲ့ Discount နောက်တော့ လိုက်မိတယ်..ပန်ပန်ပြောတာ ကိုယ့်ကိုပြောတာများလား ..တိန်..
    ReplyDelete
  23. ကိုယ့်ပတ်ဝန်ကျင်မှာဘယ်သူချမ်းသာသလဲ
    ကြည့်ပါဆိုတော့၊ဓါးပြများတိုက်တော့နလားလို့ ၊ကျောချမ်းသွားတယ်။။။။။
    ReplyDelete
  24. မမရေ..မီးမီးက အကောင့်၂ခုတော့ထားပါတယ်။အ
    ကောင့်တစ်ခုကို ကိုယ့်လခ၀င်လာရင် ဟိုဘက်အကောင့်
    မှာ အားလုံးပြောင်းပြီး စုထားလိုက်တယ်. ဟီးး
    မောင့် ရဲ့ ၀င်ငွေနဲ့ လောက်အောင်သုံးတယ်. ဒါပေမယ့်
    တခါတလေ လောက်ပါတယ် တခါတလေလောက်ဖူး
    ရယ်. ၀င်ငွေနဲ့ထွက်ငွေမျှဘူးရယ်.
    မောင်က လခ ၂ခုဝင်ငွေရှိတယ်. တစ်ခုမလောက်လို့
    ကုန်သွားရင် သူ့ရဲ့နောက်တစ်ခုကနေ ငွေထုတ်သုံးပါ
    တယ်. မီးမီးရှာတဲ့ငွေတော့ နှမျောလို့ ..ဟီးး စုထားတာ
    ပါ။ ကြီးကြီးမားမားလိုမှ ၀ယ်ပါတယ်။( မမ အရင်တုန်းက
    ရေးဖူးတဲ့ ပို့စ်လေးလိုပေါ့.)း)
    အပြင်ထွက်ရင် ငွေကုန်လွန်းလို့ အပြင်မထွက်ပဲ ဘလော့
    နေတာကြာပါပြီ.. ဘလော့ကျေးဇူးကြောင့် ငွေကုန်
    တော်တော်သက်သာသွားပါတယ်ရှင်။
    အရင်ကဆို အားတာနဲ့ Shopping ထွက်နေတတ်ပါတယ်
    ။ အခုဆိုရင် အားတာနဲ့ ဘလော့ဂင်နေတတ်ပါတယ်။
    ကောင်းတာလဲ ကောင်းပါတယ်.
    မကောင်းတာလဲ မကောင်းဘူးပေါ့နော်.
    ဒါပေမယ့် စိတ်ချမ်းသာအောင် နေပါတယ်.
    သုံးသင့်တာသုံး စုသင့်တာစုပေါ့နော်.
    မြန်မာပြည်ရောက်မှပဲ ပိုက်ဆံစုတော့မယ် မမရေ...
    မီးမီးတို့ က ဂျပန်မှာနေပြီး တိုက်တွေ ကားတွေ မ၀ယ်
    နိုင်ပေမယ့် မြန်မာပြည်က သွားဆရာဝန်တွေက ကိုယ်
    ဒီရောက်တဲ့ ၂ နှစ်အတွင်းမှာ ကားတွေ၊ တိုက်ခန်းတွေ
    ဒီမှာတော့ စိတ်ချမ်းသာမှုလေးကလဲ အရေးကြီးတော့
    စိတ်ချမ်းသာအောင်လဲ ဂရုစိုက်တယ်. စုသင့်သလောက်
    လေးလဲစုပါတယ်ရှင်။
    ကျေးဇူးပါ မမ.
    မှတ်သားသွားပါတယ်။
    ReplyDelete
  25. မှတ်သားသွားပါသည်။ဆက်လက်နာယူလိုပါသည်။
    ReplyDelete
  26. မဂွိစ် ပို့ချတဲ့ သင်ခန်းစာကိုရေးမှတ်သွားပါတယ်၊၊
    ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းပြောပြတတ်တာ ချစ်ခင်စရာ ကောင်းပါတယ်၊၊ မဂွိစ် ..ဘရာဗို
    ReplyDelete
  27. ဟတ်ကဲ့ပါ...
    ပြောတဲ့အတိုင်းလိုက်နိုင်အောင်ကြိုးစားပါ့မယ်...
    Xထုံ
    ReplyDelete
  28. အလွယ်ဆုံးက ကိုယ့်ပတ်ဝန်းကျင်က ဘယ်သူချမ်းသာ သလဲဆိုတာကြည့်ပါ။ ..
    ဆိုလို့ ..
    အခုလိုက်ရှာနေပါတယ်။ ဟင်းဟင်း..
    ReplyDelete
  29. အပြုံးပန်းတို့စုံတွဲကတော့ အကောင်းကြိုက်တယ်မမရေ၊ ၀ယ်သလားတော့ မမေးနဲ့၊ ကုန်သွားတဲ့ငွေတွေ နှမျောတယ် အရမ်း၊ အခုတော့ ဘဏ်ကဒ်ထဲမှာမထားရဲတော့ပဲ စုဖို့ဆိုပြီး သပ်သပ်ထုတ်ထုတ်ထားရတယ်၊ ထိကိုမထိရဲဘူး။ စုမယ်...စုမယ်...စုရမယ်။
    ReplyDelete
  30. Thanks a lot really
    Your guide is very suitable and useful for me
    Please go on part 3 and so on
    ReplyDelete
  31. Good post...
    Thinking your idea, it is sure everyone will be great..
    Imagine that, if you will have Euro 10000, What will you do?
    Rgds...
    ReplyDelete
  32. အခုလို ပိုစ့်လေးမျိုးကို ကြိုဆိုနေပါတယ်၊ အထူးကျေးဇူးလည်း တင်ပါတယ် အမ kom
    ReplyDelete
  33. Post အဟောင်းလေးတွေလာဖတ်သွားတယ်ဗျာ......။အင်း..ငွေစုချင်လိုက်တာ...။ ရန်ကုန်မှာတိုက်ခန်းတစ်ခန်းလောက်ဝယ်ချင်လိုက်တာ......။
    ReplyDelete
  34. အမ စာတွေကို စင်္ကာပူ ရောက်ပြီး ကတည်းက အမြဲဖြစ်တယ် အခု မဖတ်ရသေးတာတွေ ပြန် ဖတ်နေတယ် အတွေ့ အကြုံတွေ ဝေမျှတဲ့ အတွက် ကျေးဇူးပါဘဲ အမရေ
    ခင်မင်စွာဖြင့်
    Phomu (Ni Ni Saw)
    ReplyDelete