Tuesday, January 27, 2009
Management 2
ကဲစုပြီးပြီ..နဲနဲ ရလာပြီ..ဘာလုပ်ကြမလဲ..ဒီအပိုင်းဟာ အရေးအကြီးဆုံးဘဲ။ ကိုယ့်ရှိ တဲ့ ပိုက်ဆံ ကို ဘယ်နားပုံ မလဲ ဆို တာ က သိတ် အရေးကြီးတယ်။ အရင်ဆုံး မြန်မာပြည်မှာ ဆိုရင် တော့ ရွေပြေး ဝယ်ရတာဘဲ. ။ ဒါမှ မဟုတ်လဲ မြတ်နိုင် တဲ့ပစည်း အချို့ပေါ့။ ရွေတောင် မှ အခေါက်ရွေ အတုံးကို ဝယ် သင့်တယ။် ကျန်တာတွေ က အလျော့ တွက်နဲ့ ဆိုတော့ပြန်ရောင်းရင် ရုံးတယ်။ တစ်ခေတ် က့ hangphone က ဈေးတက် တတ်တဲ့ အမျိုးပါ။ အဲဒါမျိုး နှစ်လုံးလောက်ဝယ်ပြီး စုထား ။ပိုက်ဆံလိုတော့မှ တစ်ခါ ပြန်ရောင်း.။ အသေးတွေ ကို နိုင်သလောက် စုထားပြီ. လိုချင်တော့မှာ ပြန်ရောင်းပြီး အများဖြစ်အောင်ဖန်တည်းတဲ့သဘောပါ။
မျက်စိ ကိုဖွင့်ထားရမယ်။ ငါ့မှာ ပိုက်ဆံရှိခဲ့ရင် ငါ ဘာဝယ်ချင်တာလဲ ဆိုတာ ကို စဉ်းစား ထားရမယ်။ market ကို လေ့လာထားရမယ်. ပိုက်ဆံမရှိခင်ကတည်း ကလေ့လာရမယ် ပိုက်ဆံရှိမှ လေ့လာမယ် ဆိုရင် နောက်ကျသွားလိမ့်မယ်။ ဥမမာ. .မော်တော်ကားဝါသနာ ပါတဲ့သူ ကမော်တော်ကားကို ကြည့်.. ဘယ်ကောင်က ဈေးဘယ်လောက်.. ဈေးကျရင် အပေါါ်ကားတွေ ကျတတ်ပြီး အောက် ကားတွေ ကျန်ခဲ့တတ်တာ ကို သတိမှူမိရမယ်။
တိုက်ခန်းဝယ်ချင်တဲ့သူကလည်း ဘယ်နားဝယ်ရင်ကောင်းမလဲ.။ ရပ်ကွက် ကိုကြည့်ရမယ်။ မြေနီကုန်း တိုက်ခန်းနဲ့ လမ်း ၅၀ တိုက်ခန်း ဈေးမတူဘူးဆိုတာကို သိနေရမယ်။ အကျယ် ကို လေ့လာထားရမယ်။ ၁၂ ပေ ၅၀ လား.. ၁၂ ပေ ၄၀ လား.. ၁၅ ပေ ပေ ၆၀ လား ဆိုတာ ကို သိ နေရမယ်။ လှေခါးဘေးလှေခါးလား.. အလည် လှေခါးလား.။ အုတ်ပါးပါး နဲ့ဆောက်တာလား.တကယ်ကို ပက်ကားဆောက်တာလား. ရပ်ကွက်ထဲမှာ ဆိုရင်တောင် ဘယ်သူဆောက်တာ လဲ မေးမြန်းရမယ်။
နာမည်ရှိ ရပ်ကွက် ကန်ထရိုက်တာ ကဆောက်တာလား။ နာမည်မရှီ ကဆောက်တာလား။ ဒါတွေ ကို လေ့လာရမယ်။ ပိုက်ဆံရှိရင် မြေညီထပ်ဝယ်ရမယ် ဆိုတာ ကို သတိမူရမယ်.။ ကိုယ်တို့ခေတ် က မြေညီထပ် ဝယ်နိုင်ရဲ့သားနဲ့ ကိုယ့်အိမ်ရှေ့က လူဖြတ်လျှောက်ရင် အိမ်ထဲ ကို မြင်ရရင် ကိုယ့်ကိုမြင်နေရရင် မကြိုက်ဘူးဆိုတဲ့ အတွေးအခေါါ်တွေ ကို ဖယ် ထုတ်ရမယ်။ မြေညိထပ် သည် ထားကောင်းရောင်းစွံ့ အရောင်းအဝယ် လုပ်လို့ကောင်း ဆိုင်ဖွှုင့်လို့ကောင်းတယ် ဆိုတာ ကို သတိမူမိရမယ်။
တစ်ခါထည်းဝယ်နိုင်ရင်လည်းဝယ်. မဝယ်နိုင်ရင် လည်း ဟိုခေတ် က ကြိုပွီုငှ်ု့ဆိုတဲ့ခေတ် ရှီခဲ့ဘူးတယ်။ အဲလိုမျိုး ကိုယ်ဘယ်နည်းနဲ့တတ်နိုင်မလဲ ဆိုတာကိုကြံဆ နေရမယ။်
မြေကြီး သဘောကျတဲ့သူကလည်း အမြဲလေ့လာပြီး ဘယ်နေရာ က ဘယ် မြေကြီး ဈေးက တစ်ရေးနိုး ထမေး သိနေအောင် လေ့လာရမယ်။ အဲဒါမှ တန်တာ လေးများတွေ့ရင် ဝယ်နိုင် မယ် ဘယ်အကွက် ကဖြင့် ဟော့နေတယ်. ဘယ် အကွက်ကဖြင့် ဈေးမရှိဘူး.. စဥင်္းစား ထားရမယ်။
ကိုယ့်မိတ်တွေ ချာတိတ် နစ်ယောက် စလုံး ၂ သောင်းစီ ကိုင်ပြီးပြန်သွားတာာ( ဟိုခေတ် ကပါ.. အဲဒီ အချိန် ကမြေကြီးတွေ ဈေးကောင်းတယ် မြေတွေ ဟော့နေတဲ့အချိန်ပေါ့။ မြေတစ်ကွက် ကို မဟော့တဲ့ နေရာမှာပွဲစား အပြောကောင်းလို့ ဝယ်မိတယ်။ ဘာမှ မလေ့လာထားဘူး. ကဲကဲ ဝယ်ဝယ် ဆို ဝယ်လိုက်ကြတာ အခု အသံတောင် မကြားရ တော့ဘူး. အဲဒီ ခေတ် ကပိုက်ဆ့နဲ့ဆို သူ တိုက်ခန်း ကောင်းကောင်းဝယ်နိုင်ပါတယ။်
အဓိက.က လေ့လာရမယ်။ လေ့လာမှူမရှိရင် မှားမှာဘဲ။ ကိုယ်သှူုယ်ချင်းမိဘ များ လက် ထက် က ပိုက်ဆံကိုင်ပြီး မြေဝယ်ဘို့လေ့လာကြတယ် ဆိုပါတယ်။ အဲဒီ အချိန်မှာ အင်းစိန် ဘက် ဈေးနဲ့ပြည်လမ်းဘက်ဈေး သိတ် မကွာဘုလို့ဆိုတယ။် သူတို့စဥ်းစားပြီးအင်းစိန် ဘက် ဝယ်လိုက်တယ် ဘာကြောငှ်ုလဲ ..အကြောင်းပြချက် က အင်းစိန် က ဘတ်စကား ပေါ တယ်။ ပြည်လမ်းဘက် က ကားရှားတယ် အကြောင်းပြချက်ပါ။ သေရော..အခုအချိန် မှာပြည်လမ်း ကဝက်ဝက်ကွဲ ဈေးတက်ပြီး အင်းစိန် ကပြည်လမ်းလောက်မတက်ပြန်ဘူး။
သိတ်ခက်တယ်။ အဲဒီတော့ တစ်ခါ တစ်ခါ ကံကလည်း လိုသေးတယ်။ စဥင်္းစား ဘို့လည်းလိုသေးတယ်။ ကိုယ်ပြောဘူးတဲ့ km ဆို အရင် ကသူ့အဖေ က ၄၅ လမ်း မှာ နေတာပါ။ ဟိုတစ်ခေတ်က ၄၅ လမ်းနဲ့ ရွေတောင်ကြားနဲ့ဈေး သိတ်မကွာတဲ့ခေတ် ရှိခဲ့ တယ် ဆိုတယ်။ သူ့အဖေ က ၄၅ လမ်း တိုက်နဲ့ ရွေတောင်ကြားတိုက်နဲ့ ကို အလိုက် အနည်း ငယ်ပေးပြီး ဒဲ့လဲခဲ့တယ် လို့ဆိုပါတယ။် အဲဒီတော့ရှေးလူကြီးတွေ နဲ့ စကား ပြောရမယ်။ သူတို့ ဘာတွေ မှန် ခဲ့သလဲ နားထောင်ရမယ်. သူတို့ဘယ် လို မှားခဲ့ သလဲ နားထောင်ရမယ်။ အဲဒီ အပေါ်က နေ သုံးသပ်ရမယ်။
မော်တော်ကား တစ်စီးမြန်မာ ငွေ ၂ သိန်းဆိုတဲ့ခေတ် လည်း ရှိခဲ့ဘူးတယ။် ကိုယ့်အဒေါ်ဟာ ပညာသင် အင်္ဂလန် ကို ခေတ္တ သွားရင်းနဲ့ ဒတ်ဆန်းကား နောက်ဖွင့်ကလေး တစ်စီး ဝယ်နိုင် ခဲ့တယ် ။ အဲဒီ အချိန် က အဲဒီ ကားကို ရောင်းရင်မြန်မာ ငွေ ၂ သိန်းရပါတယ်။ အဲဒီ ၂သိန်းက တိုက်ခန်းကောင်းကောင်းရပါတယ်. ဦးလေး အင်ဂျင်နီယာ က မော်တော်ကား မောင်းချင်တယ် ဆိုတော့အဒေါ်က ဦးလေး ကို ချစ်တဲ့စိတ်နဲ့ မရောင်းခဲ့ဘူး. သူတို့ တစ် သက် လုံး အမေ့တိုက်ခန်းမှာဘဲ နေ ရပါတယ်။ အခုထက်ထိ.. ကိုယ်ပိုင် တိုက်ခန်း မရှိလိုက်ဘူး။
အဓိက က လေ့လာရမယ်။ ဘာဝယ်ချင်သလဲ ဆိုတာ ကို ကိုယ့်စိတ်နဲ့စဉ်းစားရမယ်။ အပြန်ပြန် အလှန်လှန် သုံးသပ်ရမယ်။ အချိန်ပေးရပါမယ။် ဘယ်အရာကို မှ အချိန်မပေးရင် မတိုးတက်ဘူးဆိုတာ အားလုံးသိပြီးသားဘဲ။
31 comments:
  1. အင်မိုးမင်းဘယ်ရောက်သွားးတာလဲ
    ReplyDelete
  2. မမစင်ဒါလားနှင့်ဦးwelcome စောင့်သာစောင့်ပြီး
    ပထမနေရာကိုမဦးနိုင်သောကြောင့်ဝမ်းနည်းပါသည်ငှဲငှဲငှဲ
    ReplyDelete
  3. ကျွန်ုပ်လဲ ရှေ့ရေးစဉ်းစားနေပါသောကြောင့် စိတ်ဝင်စားတယ် အမကြီး ဆက်ပါဦး။
    ReplyDelete
  4. ဘာပြောရမှန်းတောင်မသိတော့ဘူး
    ReplyDelete
  5. မဂွိစ် ကြီး က တော်လိုက်တာ ၊၊ ၄၅လမ်း မှာနေတာလား မဂွိစ် ၊၊ ၄၅လမ်း က နေ လမ်း၅၀ အတွင်းဖြစ်ရမယ် ၊၊
    ReplyDelete
  6. ဟုတ်ကဲ့..မမ..
    ပိုက်ဆံချမ်းသာတဲ့ အခါ ၀ယ်ဖို့ ခုကတည်းက လေ့လာထားပါ့မယ်..။
    ReplyDelete
  7. ကျေးဇူးပါမမ ရေ.
    Nice idea တွေပါပဲ..
    မီးမီးလဲ အဲလိုပဲတွေးထားပါတယ်။
    အတွေးတူတယ်. ဟီး..ဒါပေမယ့် မမလိုတော့ သူဌေး
    ဟုတ်သေးဘူးရယ်.း) မမက ကားရှိတယ်. မီးမီးက ကားဝယ်နိုင်သေးဘူးရယ်။း)
    ပိုက်ဆံရှိရင် အခုအချိန်မှာဆို တိုက်ခန်းဝယ်တာ အကောင်းဆုံးပဲ ထင်ပါတယ် မမ ရေ.
    အခုဆို ရွှေဈေးတွေလဲကျနေတယ်. တစ်ကျပ်သားကို
    ပြန်ရောင်းရင်တော့ အဲလောက်မမြတ်ဘူး။ငွေ ၃၅သိန်း
    လောက်စုမိတာနဲ့ ဖုန်းတစ်လုံးဝယ်ဖြစ်အောင်ဝယ်ပြီး
    သူများကို (စိတ်ချရတဲ့သူ) ကိုပြန်ငှားရင် တစ်လ ၅၀၀၀၀ ကျပ်ဝင်ငွေရှိတယ်ဆိုတော့ ကိုက်တယ်လို့ပြော
    ရမယ်နော် မမ။
    ရွှေကအခေါက်ဝယ်စုထားပြီး ကိုယ်သိမ်း
    ထားရမယ် ၄ သိန်းကျော်နဲ့ဝယ်ပြီး ၅ သိန်းကျော်တော့
    ပြန်ထုတ်နိုင်ရင် အိုကေပေါ့။ ဈေးမတက်ရင်တောင်
    ဈေးပိုမကျသွားခဲ့ရင် စုမိတာပေါ့ မမ ရေ။
    မီးမီးက ၂၀၀၅ မှာ တိုက်ခန်းတစ်ခန်းကို ၆၅သိန်းနဲ့
    တင်လိုက်တယ်လေ။ အခုဆို မီးမီးက အိမ်လခ ၃ နှစ်စာ
    လောက်လဲ စားပြီးနေပြီ ၊ တိုက်ခန်းဈေးကလဲ ၁၂၀
    ကျော်သွားပြီ မမရေ... အဲဒီတော့ နိုင်ငံခြားမှာနေပြီး
    ပိုက်ဆံစုမိရင် တဖြးဖြေးချင်းစုပြီး တိုက်ခန်းလေးဝယ်
    ကြစေချင်ပါတယ်။
    ၂၀၀၇ မှာတော့ စုထားတဲ့ငွေလေးပျောက်ပျက်သွား
    မှာစိုးလို့ အောက်ထပ်တွေမနိုင်တာနဲ့ ၇ လွှာဝယ်ထား
    လိုက်မိတယ် မမရေ..၇၈ သိန်းနဲ့.. လူငှားလဲတင်ထားပါတယ်.
    လခကတော့ သိတ်မရဘူး၊အသိကိုတင်ထားတော့ ၃
    သောင်းခွဲပဲရတယ်. ပွဲစားကတော့ ၄၀၀၀၀ ပေါက်တယ်
    ပြောပါတယ်။ ၇ လွှာဆိုတော့ ရေကိစ္စပူရတယ် မမရေ.
    အခု မမတွေကို ပြန်ရောင်းခိုင်းထားရပါတယ်။၇ လွှာကျတော့ ဈေးသိတ်မတက်ဘူးရယ်လေ။အဲဒါကြောင့်ဝယ်နိုင်ကြရင် ၃ ၊ ၄ လွှာလောက်ဝယ်တာ အကောင်း
    ဆုံးပါပဲ။
    ဒီနှစ်တော့ ဘာမှ မ၀ယ်နိုင်တော့ဘူးထင်ပါတယ်. မေမေ
    နဲ့ မမလာတော့ ပိုက်ဆံတွေအများကြီးကုန်တွားဘီလေ။
    ဟီးးး ခရီးစရိတ်လဲပေးရတယ်..လက်ဆောင်တွေလဲ
    ဒါပေမယ့် မမရဲ့ပို့စ်ဖတ်ပြီး ပိုက်ဆံအရမ်းစုချင်နေတယ်.
    စုလိုက်ဦးမယ်..း)
    ကျေးဇူမမရေ..
    သူများတွေအိမ် မလည်ဖြစ်ဘူးရယ် မမ ဆီပဲရောက်နေတယ်. ပျော်လို့.. ဟတ်ဟတ်.
    တာ့တာ မမရေ..မီးမီး နံပါတ် ၅ ရမယ် ထင်ပါတယ်.း)
    ReplyDelete
  8. နံပါတ် ၅ ရဘူး.
    ဦးလစ် နဲ့ မဆင်ဒန်လာ ဦးသွားတယ်.း(
    ReplyDelete
  9. ဟုတ်ကဲ့
    အချိန် ကိုယူပြီး လေ့လာနေပါတယ်။
    (လောလောဆယ် အချိန် တရုတ်ပြည်ပြန်သွားတယ်။ နှစ်ကူးမို့လို့)
    ReplyDelete
  10. သွတ်ပြားမှာလဲ စီမံချက်ရှိဒယ်.. နောက်၎နှစ်နေရင်ယောက်ျားယူဖို့ ပိုက်ဆံစုမယ်
    ReplyDelete
  11. လာဖတ်ပြီးတော့ မှတ်သားသွားတယ်အမရေ အဆင်ပြေရင်တော့လည်းအဲ့လိုပေါ့နော် အဆင်မပြေတဲ့သူတွေကျတော့လည်း စိတ်ကူးပဲရှိမှာပဲနော် လက်တွေ့ဆိုတာကတော့ မိုးနဲ့မြေလိုဝေးကွာနေမယ်ထင်ပါတယ်...
    ReplyDelete
  12. တို့ ကကြွေးသစ် အရင်ချထားတယ်။သားလေး ကိုKK မှာမွေးလိုက်တာ B1 class ပဲယူတာကို ရိုးရိုးမမွေးနိုင်လို့ခွဲမွေး လိုက် တာစလုံး ၆၀၀၀ကျော် ပလုံ။အဲဒီ ကစကုန်လိုက်တာသောက်သောက်လည်းအခုထိပါပဲ။
    အခုမှစစုဖို့ကြိုးစားရမယ်။
    ReplyDelete
  13. ကျနော်ကတော့ အရင်က သိပ်ဘာမှ မစဉ်းစားဘူး။ အခုတော့ ပိုက်ဆံရှိရင် ပိုဝင်အောင် ဘယ်လိုလုပ်ရမလဲစဉ်းစားနေတယ်။
    ReplyDelete
  14. မြန်မာပြည်မှာ တိုက်ခန်းဝယ်ထားတာတော့ ကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။ မှတ်သားသွားပါတယ်။
    ReplyDelete
  15. စဉ်းစားနေပါပြီ။
    ReplyDelete
  16. သူနဲ့ လည်းခွဲလို့ မဖြစ်ဘူး(အင်တာနက်)
    ReplyDelete
  17. ပြင်ညာတွေ သင်ယူမှတ်သားသွားပါသည်...း)
    ReplyDelete
  18. မမရဲ့ ပို့ချချက်တွေကို လာရောက်မှတ်သားသွားပါတယ် ဟုတ်ပါတယ် တချို့က မမပြောသလိုမလုပ်မိတော့ ပိုက်ဆံတွေအလကားဖြစ်ကုန်ရော ကျေးဇူးမမ မျှော်နေတယ်နော်
    ReplyDelete
  19. စုတဲ့ အပိုင်းထက် ကို ဒီ နေ့ ရေးတဲ့ ဘယ်လိုသုံး မလဲ ဆိုတာ က ပိုပြီး အရမ်းကောင်း ပါတယ် အနော်စုလို့ ရရင် မခွန် ကို လာတိုင်ပင် အုံးမယ် မခွန်က အကုန် လေ့လာထားပြီးသားမို့လို့လေ ဟဲ..။
    ReplyDelete
  20. ၀ယ်ဖို့တော့ မရှိသေးဘူး။ ရောင်းချင်တာတွေတော့ စုမိနေပြီ။ ပြန်ဝယ်မလား မမ.. :)
    ReplyDelete
  21. အင်း ဟုတ်တယ်နော် အစ်မ။
    ဘာမဆို တိုးတက်ချင်ရင် အချိန်ပေးပြီး လေ့လာရမယ်။
    ReplyDelete
  22. ထပ်ခါထပ်ခါ လာရောက်ဖတ်ရှု၍ ပညာယူနေကြောင်း။
    ReplyDelete
  23. အိမ်က အကောင်းဆုံးပေါ့ ဟုတ်လား မမ.. ဈေးတွေ အရမ်းကြီးတယ်လေ... ဘာတခုမှ နောင်ရေးအတွက်ဆိုပြီး မ၀ယ်ဖူးဘူး.. လိုတယ်ဆိုမှ ပြူးပြဲ ထပြီး ရှာရတယ်။
    ReplyDelete
  24. အန်တီ kom ကကိုယ့်ရဲ့အမေအရွယ်ဖြစ်တယ့်အတွက် ဆိုဆုံးမ
    မှုများကို အမြဲတမ်းမှတ်သားနာယူသွားပါတယ်။
    ReplyDelete
  25. ကိုယ့်ပတ်ဝန်းကျင်မှာ ချမ်းသာနေတဲ့ သူတွေကိုတော့ အတုမယူချင်ပါဘူး။ သူတို့က ကိုယ့်ပိုက်ဆံနဲ့ ကိုယ်တောင်မှ ရှေးဘ၀က ၀ဋ်ကြွေးပါသလားလို့ ထင်ရလောက်အောင် သုံးချင်စွဲချင်လည်း မသုံးရက်မစွဲရက်၊ မစားရက်မသောက်ရက်နဲ့ ဒုက္ခခံနိုင်လွန်းလို့။ ဒီအတိုင်းဆို ကျွန်မကတော့ တသက်လုံး ဘယ်တော့မှ စုဖြစ်မယ်မထင်ဘူး။ ရှော့ပင်းကို သီးသန့်ထွက်တာ မဟုတ်သေးဘူး သွားရင်းလာရင်း တနေရာမှာDiscount 50%, 70% တွေ့ရင် ၀င်မကြည့်ပဲ မနေနိုင်သလို ၀င်ကြည့်ပြီးရင် မ၀ယ်ဖြစ်ပဲ ပြန်လာတာလည်း တခါမှမရှိဘူး။ ကိုယ့်နဲ့ အသုံးမတည့်တဲ့ ပစ္စည်းဆိုရင်တောင်မှ တန်လွန်းလို့ သူများကို လက်ဆောင်ပေးလို့ရတယ် ဆိုပြီးဝယ်ဖြစ်သွားတယ်။ ကိုယ်သုံးဖို့ ၀ယ်လာတာဆိုရင်လည်း အ၀တ်ဆို ဘယ်လောက်မှ ကြာကြာမ၀တ်လိုက်ရဘူး နောက်ထပ် Discount တွေထပ်တွေ့ရင် ထပ်ဝယ်ဖြစ်လို့ အရင်ဝယ်ထားတာတွေက ဘာသာရေးပေါင်းစုံက အလှူခံပုံးတွေထဲ ရောက်သွားတာပဲ။ အဲဒီတော့ ချမ်းသာဖို့ စိတ်ကူးယဉ်မရဲသေးဘူး။ တကယ်ချမ်းသာချင်တဲ့ ဆုံးဖြတ်ချက်ချပြီ ဆိုရင်တော့ မခင်ဦးမေနည်းတွေကို သုံးဖို့ စဉ်းစားနေပါပြီ။
    ReplyDelete
  26. စုတော့စုဖြစ်ပါတယ်။
    အသစ်အဆန်းလေးတွေ မြင်တော့လည်း
    ဘယ်တော့သူဌေးဖြစ်မယ်မသိ။
    အစ်မရဲ့ ဗျူဟာကိုသုံးဖြစ်မှာပါ။
    လေးစားတယ်။
    ReplyDelete
  27. အမရေ...လေ့လာ မှတ်သားသွားပါတယ်...။စုတာကတော့စုတာပဲ...ဒါပေမယ့် ဘာဝယ်ပြီးစုရမှန်း မသိတော့ account ထဲမှာ ဒီအတိုင်း ကြီးပဲဖြစ်နေရော။ ပြီးတော့လက်ကလည်း နဲနဲဖွာတော့ ဟိုပေးဒီပေးနဲ့..။ အင်း...အမပြောသလို တခုခုမှာ အချိန်ပေးသေချာသိအောင်လုပ်ပြီး invest လုပ်မှ...။
    ReplyDelete
  28. Management 3 ကို စောင့်မျှော်ဖတ်ရှုနေပါသည်
    ReplyDelete
  29. ဆက်ရေးပါအုန်း ဒီလောက်နဲ့ ရပ်မထားပါနဲ့၊ စောင့်မျှော်နေမယ်...
    ReplyDelete
  30. ကောင်းတယ် အမကွန် ဆက်လက်ချီတက်ပါ၊ အခုလို သီအိုရီနဲ့ လက်တွေ့ဘ၀မှာ ကွာခြားနေတာလေးတွေကို ဥပမာတွေနဲ့ စပ်ဆက်ရှင်းပြ၊ ပြောပြပေးထားတာလေးတွေ သဘောကျတယ်၊ ဒီပိုစ့်စီးရီးကို စိတ်အ၀င်စားမှု ရာခိုင်နှုန်း ၁၀၀ အပြည့် ရှိပါတယ်ခင်ဗျ ... ။ လေးစားလိုက်နာစရာတွေချည်းပါပဲ ... တော်လိုက်တာ ...း)
    ReplyDelete