Friday, February 27, 2009
Tuition intensive
အစ်မရယ် .။ အစ်မရယ် ဆိုပြီး ဂျီတော့မှာ ချဉ်းကပ်လာကြ သူတွေများလွန်ူးးလို့ ဒီနေ့မနက်က စာရိုက်ရတာ လက်အံတောင် သေပြီးလက်ကို ခါလိုက်ရပါတယ။် အဲဒါကြောင့် လက်ချာကို ဒီနေ့ ဒီနေရာမှာဘဲ ပေးပါ့မယ်။
မောင်ကျောင်းသားရဲ့မေးခွန်းကတော့ အစ်မရယ် မိန်းကလေးတွေ ကဘာဖြစ်လို့ အဖြေပေးဘို့ အချိန်ဆွဲကြတာလဲဟင် ဆိုတဲ့မေးခွန်းပါဘဲ။ လွယ်ပါတယ။် ဒီထက် ကောင်းမဲ့ နောက်တစ်ယောက်များလာဘို့ အချိန်ဆွဲထားတာပါ ။။ လေလံတင်သလိုပေါ့။ ဈေးကောင်းရေမဲ့သူကို ပိုရောင်းချင်တှဲု သဘောပါ။ ကိုယ့်ပစ္စည်းကလဲ ကကောင်းတယ် မဟုတ်လား။
အချိန်ဆွဲထားတော့ အချိန်ကုန်တာပေါ့။ အဲဒီတော့ကြားထဲ မှာ မောင်ကျောင်းသား အနေနဲ့ မှန်မှန် ကြူနေပေးဘို့တော့လိုအပ်တာပေါ့။ ဖုံးဘိုးကုန်တယ် လို့ ပြောချင်သေးလို့လား။ ဒီအချိန်ဘဲ ယောက်ကျာ်လေးများ ကို အနိုင်ရတာပါ်။ တသက်လုံး အပိုးကျီူး ကျိုးနေ သွား ရတော့မှာ ။ သူတို့က ရပြီ:ရင်တော် အိလျှော် အီ ထိုး ထားချင်ကြတာပါ။
အဲလိုဖုံးဘိုးကုန်မယ်ဆိုရင်တော့လည်း ကိုယ့်ရဲ့ future girl friend ရဲ့ အခြေအနေကို အမှန် အတိုင်းသုံးသပ် နိုင်ရပါမယ်။ ဘယ်လို မိန်းကလေးလည်း ဆိုတာ ကို အမြန်ဆုံး နှူံးနဲ့ အကဲခတ် နိုင်ရပါမယ။် မိန်းကလေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက တော့ ပိုက်ဆံကို concern လုပ်ပါတယ်။ နားလည်မှူလည်း ရှိပါတယ်။ အဲလို မိန်းကလေး မျိုးဆိုရင်တော့လဲ သေချာ ရှင်ြး့ပရမှာပေါ့ ။ ညီမလေးရယ် ဖုံးဘိုးက ဒီလို ရှိပါတယ။် တယ်လီဖုံးကဒ် တစ်ဒ် စလုံး ၁၀ ဆိုတာ မြန်မာငွေ ဘယ်လောက်ရှိတယ် ဆိုတာ။ သူမြင်အောင်ပြောပြရ့င် နှစ်ကဒ်က ပိုက်ဆံအိတ် တလုံး. (သို) ဒါးကြီး ပါတိတ်တထည်. (သို့)နှူတ်ခမ်းနီ တစ်ဗျူး. နဲ့ညီမျှတယ် ဆိုတဲ့ အကြောင်းကို သူနားလည်အောင် ပြောပြထားပေးဘို့လိုပါတယ်။
ရန်ကုန်က လူများက နားလည်မှူ တစ်ခါတစ်လေ မရှိပါဘူး။ တစ်ချို့ ဆို ပိုအသည်းယားဘို့ကောင်းသေး အခု ဆက်နေတာ ဘယ်သူပါလဲရှင်။မမလေးလာ။ ခဏ ကိုင်ထားပါနော်ဆိုပြီး ရ.မိနစ်လောက်ပျောက်သွားတာတို့။ အခုပြောတာ ဘယ်သူပါလဲရှင် တို့နဲ့ ဒီကကောင်ကတော့ချွေးပြန်နေပါပြီ။
အဲဒီလို မှ မဟုတ်တဲ့ တခြား အမျိုးအစားမှာပါတဲ့ မိန်းကလေး နောက်တစ်မျိုးရှိပါတယ။် သူလေးတွေ ကတောက အချစ်ကိုကိုးကွယ်သူများပါ။ ကိုကို က ဖုံးဆက်တာ ဘယ်နစ်မိနစ် ကြာသွားတယ် လို့ပြောချင်သူများပါ။။ နာရီမိနစ် ကုန်ဆုံးသွားတာကို မကြည့် အချစ်ကို သာကြည့်သူများပါ။ သူလေးနဲ့မေတ္တာ မျှရင်တော့လဲ နာပြီသာမှတ် ။ ကြည်နူးနေရင်မိနစ် ၂၀ တစ်ကဒ် ကုန်ပြီး ရန်သတ်ကြပြီ ဆိုရင်ောတ့ကဒ်ပြားလဲမလောက် ၀၁၉ နဲ့သာ နှိပ်လိုက်မိတဲ့သကာလ ..ကိုယ်ကလဲ ရင်ပူနေပြီလေ. လကုန်မှ ဘဲ ငိုချင်တော့တာပါဘဲ။ မတတ်ုနိင်ဘူးလေ ကိုယ်ကလည်း ချစ်မိပြီ မဟုတ်လား။ ယူပြီးမှ ဘဲ နှိပ်စက် ရတော့မှာဘဲ ။ အခုကတော့ ဒင်း နေပလေ့စေဦး ဆိုပြီး ဖုံးလေးတော့ ဆက်ရမှာပါဘဲ။ မဟုတ်ရင် မချစ်ဘူးလို့ သူလေးတွေ ကထင်ကြသေးတယ။်
မောင်ကျောင်းသား ကဆက်မေးပြန်ပါသေးတယ။် ဘာဖြစ်လို့များ ချာကြတာလဲ မသိပါဘူး။ စဉ်းစားလို့တောင်မရဘူး။ သူ့မေးခွန်းက ဖုံးပြောရင် ဘယ်အကြောင်းလဲ များပြော ရမှာပါလဲ လို့ဆိုပါတယ။် ကိုယ့်လူတွေချာသကွယ်။ ဒါလေး ကအစသင်နေရ.. ဘယ်လို လုပ်ကြီးပွါးမှာလဲ။ ရှောင်ရန်ဆောင်ရန်လေး များ ရှိပါသလား လို့ဆိုပါတယ။်
ရှိပါတယ် ရှိပါတယ်။ မိန်းကလေးတော်တော်များများ က အချစ်ကို စိတ်ဝင်စားတယ်။ ပိုက်ဆံကို မသိမသာ နှစ်သက်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး ရှေ့ရေး စိတ်အေး ချင်တဲ့သဘောပါ။ အဲလို အချိန်မှာ ကိုယ်စိတ်ဝင်စားတဲ့ နိုင့်ငံရေးတို့ ဘောလုံးပွဲတို့ ဘီယာဆိုင်တို့ အကြောင်းမပြောသင့်ပါဘူး . ချက်ချင်းဘဲ hang up ဖြစ်သွားနိုင်ပါတယ။်
အလုပ်လုပ်တဲ့ မိန်းကလေး ဆိုရင်သူလုပ်နေတဲ့ လုပ်ငန်းခွင် အကြောင်း. သူ့ပတ်ဝန်းကျင် ကလူတွေ အကြောင်းသာ စပေးလိုက်ပါ။ အလုပ်မလုပ်ရင်လဲ မိသားစု ရဲ့ဒီနေ့တနေ့တာ ကို တူးဆွ ကြည့်ပါ။ ကိုယ်စိတ်ဝင်စားလို့မဟုတ်ပါဘူး ။ သူပြောချင်နေတာကို ကိုယ်က ဖွင့်ပေးလိုက်တဲ့သဘောပါ။ ဥပမာ. ကိုကို ရေ. ဒီနေ့ကြောင်ကလေး သေသွားတယ် သိလား။ ဘာဖြစ်မှန်းမသိဘူး . သူ့ဘာသာသေနေတယ် ဆိုပြီး ဆိုပြီး တရှုံရုှု့ငိုရင် ကိုယ်ကပါ လိုက်ပြီး ခံစားပေးတဲ့သဘောပေါ့။ အမှန်ကတော့ မီးမြိုက်စားခြင်နေတာပါ။ ရင်ထဲ ရှိတာတွေ ဘယ်ပြောလို့ဖြစ်မလဲ်။ နှူးနေတဲ့ကာလ မဟုတ်လား။ သူကျေနပ်ဘို့ အရေးကြီးတယ။် သူစိတ်ဝင်စားတာလေးတွေ ကို Update လုပ်ပေးနေရင် လေပေးကို ဖြောင့်လို့ သူက ကိုယ်နဲ့ စကားပြောဘို့ကို ဝန်လေးမှာ မဟုတ်တော့ပါဘူး။
စကားပြောရင်းနဲ့လည်း သူဘာကြိုက်မလဲ ဆိုပြီး သွေးတိုးစမ်းမေးမြန်းနေရပါတယ်။ နှူတ်ခမ်းနီလား။ မိတ်ကပ်လား။ ပေါင်ဒါလား။ ကာခြယ်လား။ ရေမွေးလား။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က လည်းအကုန်မဝယ်ပေးနိုင်ဘူး လေ. နိုင်သလောက်ပေါ့။ မဟုတ်ရင် ဝယ်ပေးဝယ်ပေးနဲ့ အရင်းဆုံးနေမှာ လဲ စိုးရသေးတယ်။
ပိုက်ဆံအိတ်ဆိုရင်လည်း တကြိုးနဲ့ယူမှာလား နှစ်ြကိုးနဲ့ယူမှာလား။ ဘာအရောင်ယူမလဲ . ပါတိတ်ကော ယူဦးမလား။ ကိုကို့ကိုရောချစ်သလား နဲ့ ရူးချင်ယောင် ဆောင်ပြီး သွေးတိုး စမ်းရပါသေးတယ။် အခြေအနေကို တီးခေါက်နေတယ် သဘောပေါ့။ အဲလို မိန့်ခွန်း ခြွေလိုက်တာ မောင်ကျောင်းသား အရမ်းကို ကျေနပ်သွားတယ။် တကယ်ကို ဆရာ တင်ရကြိုးနပ်တယ် ဆိုပြီး ဖြစ်သွားတာဘဲ။
ကိုယ့်ပညာလား မကုန်သေးပါဘူး။ တပုံချည်းရှိသေးတယ။် ဆက်လက် ပို့ချပါဦးမယ်။ ကြားထဲမှာ လဲ နဲနဲ လှူပ်ပေးရပါသေးတယ။် ရုံးမှာ အခုတစ်လောမြန်မာ ကောင်မလေး တစ်ချို့ ဝင်လာတယ် တို့ဘာတို့ နဲ့ပြောပေးရပါသေးတယ်။ တကယ်မှ မဟုတ်ဘဲ ပြောဦးမလို့လား။ လှူပ်ပေးတာပါဆို. လုပ်ကြံပြောရတာပေါ့။ စလုံးပေါ်လီက ဆင်းတာ ထင်ပါရဲ့ ကိုယ့်က အင်ဂျှီနီယာ စီနီယာ ဆိုတော့ အံသြနေကြတယ်တို့။ဲ MRT ပေါါ်မှာ ကောင်မလေး အချို့နဲ့ မျက်မှန်းတန်းမိနေတယ် တို့။ မောင်ကျောင်းသား က ဝင်ရှူပ် သေးတယ်။ ရု့းံ့ကား ကို အပြန်မှာစီးတယ် ခင်ဗျ ဆိုပြီး. ကိုယ်က ကြီမ်းမောင်းရတာပေါ့။ မောင်ကျောင်းသားရယ် ငြိမ်ငြိမ်နေစမ်းပါ။ သိတ်တိကျနေစရာ မလိုဘူး။ ကြုံသလို ပညာသုံးရတယ်ဆိုမှ ဘဲ ခေတ္တငြိမ်သွားတော့တယ်။
ကိုယ့်သူငယ်ချင်း တစ်ယောက်ရဲ့ တပည့်မလေးတစ်ယောက်ကလည်း ရောက်နေတာ တစ်ပါတ် ရှိပြီး ယောင်လည်လည် နဲ့ အိမ်အဆင်မပြေသေးလို့ အိမ်ဝိုင်းရှာ ပေးပါလို့ လုပ် နေတယ။် ကိုယ်တို့အိမ်မှာတော့လွတ်ပါတယ်။ ကိုယ်က အပြင်မှာဘဲ ဝိုင်းရှာပေးနေရတယ်။ အခုတလော အိမ်ငှားဈေးတွေ ကလည်းခပ်တက်တက်နဲ့ ဆိုတော့ ကကောင်မလေး စိတ်ငြစ်နေတယ်တို့ မရှိတာတွေ ကို လုပ်ကြံပြောရပါတယ်။ ချာတိတ်မကလည်းကွာ အလိုက်ကို မသိဘူး ည ၉ နာရီကျော်လည်းဆက်လိုဆက်နဲ့လို့လဲ အပိုဆာဒါးလေးတွေ ထည့်ပေးရပါသေးတယ။်
ရေးရင်းနဲ့လက်ညောင်း လာလို့မောင်ကျောင်းသားရယ် ဖတ်ကော ဖတ်ရဲ့လားဆိုတော့ ဟုတ် ဖတ်ပါတယ်ခင်ဗျ ဆိုမှ တို့လဲ ဘဝင်ကျတယ်။ ဖတ်တယ် ဆိုတော့လည်းအ ရှိန်ရပြီး ဆက်ပြောတော့တာပေါ့်။ ဆက်ပို့ချပါတယ်။ မိန်းကလေး ဆိုတာ အပြိုင်ဂှိမှ တိုးတက်တာ။ သူတစ်ယောက်ထဲ က ကြိုက်သလိုလို လုပ်ရမှာ တစ်မျိုးဘဲ ။ အများက ပါကြိုက်တယ်ဆိုမှ နဲနဲလေးစားတယ။် ဈေးဝယ်သလိုပေါ့်။ ဘယ်သူမှ မဝယ်တဲ့ပစ္စည်း ဆိုရင် သူတို့လဲ အင်တင်တင် ဖြစ်တာပေါ့။ လူတိုင်းက ကြိုက်နေတယ် ဆိုရင် မလိုချင်တာတောင်မှ လက်ကကိုင်ထားမိလိုက်တာမျိုးပေါ့။
နောက်တစ်ခု သိတ်မပျော့ညံ့ဘို့။ အညတရ.ဆိုတဲ့စကားလုံးကို မသုံးမိစေဘို့။ သူက သိတ်ဘဝင်ကျချင်ပုံမရဘူး။ ဘာဖြစ်လို့လဲဗျ လို့ ကွန်ပလိန့်တက်တယ်။ စာလုံးလေးက ကဗျာ ဆန်တာကိုး။် စာရေးရင်းနဲ့ အရှိန်ရပြီး အောက်ကနေ အညတရ.ကိုဘယ်သူပါလို့ လတ်မှတ် ထိုးချင်တဲ့ပုံဘဲ။ ရှင်းပြရပြန်တယ်. မိန်ူကလေး ဆိုတာ အားကိုးအားထားြ့ပူချင်လို့ ရည်းစားထားတာ. အိမ်ထောင်ပြူတာ ကိုယ့်ချစ်သူ အိမ်ထောင်ဖက် က အညတရ ပါဆိုမှ ကိုယ်က ပြန်ရှာကျွေးရမလိုဖြစ်နေပြီ။ တို့သာဆိုရင်အဲဒီစာကို ရော လူကိုရော ဆွဲပြီး လွတ်ပစ်လိုက်မှာဘဲ တကယ် သိတ်စိတ်ဆိုးတယ်လို့။ အဲဒီတော့မှ ရေးတေးတေး မြင်သွား ရှာတယ်။
နောက်လာပြန်သေးတယ်။ ချာတိတ်မက အခုမယူချင်သေးဘု ဘယ်တော့လောက်မှ ဆိုတာ ဘယ်လိုလုပ်ရမလဲ ဆိုပြီး စိတ်အိုက်နေရှာပြန်တယ။် အဲဒါ စောင့်နိုင်သလားလို့ မေးထားတယ် ဆိုတာကို ဘယ်လိုအဖြေပေးရမလဲ တိုင်ပင်ပြန်တယ။် အဖြေမပေးရသေးဘဲနဲ့ စောင့်နိုင်ပါ့မလားလို့ စိတ်ပူနေရှာပါတယ်။ အပွေးမြင်အပင်သိ ဒီက အစ်မကတော့ အဖြေ positive ဆိုတာ ရိပ်မိနေပါပြီ။ ရှင်းပြလိုက်မှ ရေးရေးမြင်သွားပြီး မောင်ကျောင်းသား ပျော်သွားတယ။်
မစောင့်ချင်ဘူးအစ်မ ။ဘယ်နယ် လုပ်ရမလဲ ဆိုပြီခေါင်းလာစား တာကိုတော့ ဒါ အဖြေရပြီးမှ အနုနည်းနဲ့သော်လည်းကောင်း အကြမ်းနည်း နဲ့သော်လည်းကောင်း ကိုင်တွယ်မယ် ဆက်လက် ညွန်ကြား ပေးမယ်. အခု အဖြေကိုသာ အပိုင်သိမ်းထားပါလို့ ပြောထားရတယ။်
ပြီးတော့လဲရှိသေးတယ်။ ကိုယ့်မိန်းကလေး ကိုယ် မကြခဏ ချိးမွမ်းပေးရမယ။် ဘယ်နားလေးကလှတယ် ညာနားလေးက လှတယ် ဆိုပြီး လုပ်ကြ့ပြောနေရမယ်။ မင်းဆံနွယ်လေးတွေ မွေလိးုက်တာ။ ဘာခေါင်းလျော်ရည်ဝယ်သလဲ ဟင် တွေ ဘာတွေ ညာတွေ လုပ်ရမယ် ဆိုတော့မောင်ကျောင်းသား ကတစ်စခန်းထလာသေးတယ်။ .ချစ်တဲ့သူက ရန်ုကုန်မှ ခင်ဗျ. ဆိုသေးတယ။်ဘယ်လိုမွေးမလဲ ဆိုလာသေးတယ။်
ဥပမာ ပါ။ ဥာဏ်ရှိသလို သုံးရမယ် ဆိုမှ ပြန်ငြိမ်သွားတယ်။ သနခါးလေးနဲ့ သိတ်ချစ်စရာကောင်းတာ ဆိုပြီးလွမ်နေသေးတယ။် အဲဒါအကွက်ဘဲ အဲဒါဆိုရင် ပေါင်ဒါ ဝယ်ပေးကွာ။ သနပ်ခါးပေါါ့် ရိုက်လို့ရတယ် ဆိုတော့ဘယ်မှာဝယ်ရမလဲ လုပ်သေးတယ။် Watson မှာဝယ်လို့ရတယ် ဆိုပြီးမှ တို့က အိုင်ဒီယာပြောင်းသွားပြန်တယ။် Watson က အိတ်က မလှဘူး ROBBISON ကအိတ်က ပိုလှတာ အမှန်ပါ။ အဲဒါနဲ့ ROBBISON ကို ညွန်လိုက်ရတယ်။ ဒါတောင်ဘယ်မှာလဲ လုပ်နေသေးတယ။် စိတ်နဲ့လူနဲ့များညစ်ပါတယ်။
ဘောက်ချာ ထည့်ပေးလိုက်ပါလို့ လည်းညွန်ကြားလိုက်သေးတယ်။ ဘာဖြစ်လို့လဲ ဆိုရင် လု့သဘာဝ ဘယ်လောက်တန်သလဲ သိချင်ပါတယ်။ ထည့်ပေးလိုက်တော့အေးရော ။ ဘယ်လောက်လဲ ဆိုတာပြောပြီးသားဖြစ်ကရော။ နှူတ်ခမ်းနီ ဆိုရင်လဲ medium အရောင်ဝယ်ပါလို့ တခါတည်း ညွန်ကြားလိုက်ရပါတယ်။ သေချာအောင်လို့ ဖတ်နေရဲ့လားလို့လဲ ထပ်ထပ် မေးမိပါ သေးတယ။် စာရိုက်ရတာလည်း လက်ညောင်းပြီလေ။ ဖတ်ပါတယ်။ သေချာပါတယ် ဆိုတဲ့ မောင်ကျောင်းသားဆီ ကအဖြေရမှဘဲ လက်ကလေးကို ခြါီပီး ဒီနေ့သင်ခန့်းစာ ကိုဒီမှာဘဲ ရပ်လိုက်ရပါတော့တယ။် အဲဒါတောင် နောက်တစ်ယောက် ဆီက မီးစိမ်းလေး လင်းလာလို့ကမန်းကန်း လက်ခါနေရင်းနဲ့ အမြန်ဆုံးနှူန်းနဲ့ ဂျီတော့ထဲက ထွက်ပြေးခဲ့ရပါ၏၏၏၏၏။
71 comments:
  1. ဟုတ်တယ် မမ ကျူရှင်နည်းပြ လုပ်ဖို့ကောင်းနေပြိ..မိန်းကလေးများအတွက် သီးသန့်..ယောကျာင်္းလေးများအတွက် သီးသန့်ဆိုပြီး။ တယောက်ချင်း မပေးပါနဲ့ မမရာ..လက်ညောင်းတာပေါ့..group chat နဲ့ပေးပါ။ ကိုယ့်ချင်းကိုယ့်ချင်း တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်းလေးပေါ့..။
    မောင်ကျောင်းသားလည်း မြန်မြန်အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်..ဒါမှ နောက်လူတွေ များများလာအောင်..:)
    ReplyDelete
  2. လာဖတ်သွားတယ်နော် မမkom :)
    ReplyDelete
  3. ဖတ်ပြီးမူးသွားတယ်.. တကယ်ပါပဲ..
    ReplyDelete
  4. ဪ အညတရ ဆိုလို့ ဟို ဦးလေးဂျီး Heart Museumလားထင်မိတယ် စလုံးကဆိုတော့ မဟုတ်လောက်ပါဘူးလေ :)
    ReplyDelete
  5. မောင်ကျောင်းသားဆိုတာဘူလဲငှင်ငှင်ငှင်
    ReplyDelete
  6. အဲဒါကြောင့်နာမေးတဲ့ စီဘောက်ကအရုပ်ကိစ္စကို အဖြေရဖို့
    မိနစ်နှစ်ဆယ်လောက်စောင့်လိုက်တာကို ၇ွှတ်
    ReplyDelete
  7. ရှေးရှုကာပဲ အလေးပြုပါတယ်ကွယ်...း)
    ATN
    ReplyDelete
  8. များတို့မိန်းကလေးတွေရဲ့ စီးကရက်ကို ဒီလိုဖြန့်ဖြူးတာ ကောင်းသလား..... လူဇိုး........။
    ReplyDelete
  9. မမ... အတွေ့နောက်ကျသွားတယ်..
    ဟိဟိ... မဟုတ်ရင် မမဆီက ကျူရှင်တက်ချင်တက်နေရမှာ
    ReplyDelete
  10. မမပြောတာလေးတွေ ဖတ်ရင်း တရေးရေးမြင်လာတယ် ဒင်းရဲ့ လုပ်ရပ်တွေကို ဟင့်.... မမကယောက်ျားလေးတွေအတွက်ဆိုပေမယ့် နည်းလမ်းတော့သိပြီ... တွေ့ကြသေးတာပေါ့.... ဟင့် သိပ်မသင်ပေးနဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေအတွက်ပါရေးပေး.... :((
    ReplyDelete
  11. မိုက်တယ်ဗျ။ စကတည်းကတော့ ထင်သားပဲ မမက ပညာရှိလို့
    ထပ်ရေးပါဦး မိန်းကလေးတွေ အတွက် lecture...
    ဟိုတစ်ခါမေးထားတဲ့ ကျောက်ချဉ်ယောင်ဆောင်နည်းလေး
    :)
    ReplyDelete
  12. ဆရာမကြီး အမ... လိပ်စာပေး.. စာလာမေးချင်လို့.. မုန့်ကျွေးမယ်လေ
    ReplyDelete
  13. လာဖတ်သွားတယ်။ ဟဲဟဲ
    ReplyDelete
  14. မမ သူများကိုဆို သူကတစ်ခါမှလှတယ်မပြောဘူး။သူ့ကိုဒီသင်တန်းတက်ခိုင်းရမယ်။
    ReplyDelete
  15. ကျူချင်လို့ (အဲယောင်လို့)
    ကျူရှင် တက် ချင်လို့ ဖောင်လာတင်တာ။
    တန်းခွဲ (၁) .. ဘယ်တော့ချမလဲ ...
    ReplyDelete
  16. မွမ်းမံ သင်တန်း လာတက်သွားပါတယ်။
    ReplyDelete
  17. လာဖတ်ပါတယ်၊ လက်ချာပြန်ပေးဖို့ ကူးသွားပါတယ်
    ReplyDelete
  18. ခုတော့လည်း အခါလွန်မိုးဖြစ်သွားပြီပေါ့ အမရယ်း(
    ၁၀နှစ်ကျော်လောက်နောက်ကျသွားတယ်း)
    ReplyDelete
  19. ခင်ဦးမေရယ့်"ကိုယ့်ပစ္စည်းကလဲကကောင်းတယ်" ဆိုလို့ ဘယ်လိုများလဲလို့တွေးမိသွားပြန်ပါတယ်၊
    Rita ရဲ့"ကျောက်ချဉ်ယောင်ဆောင်နည်း" ဆိုတော့လည်း
    ချင်ချင်၊ပြုံးပြုံးလေးနေမှာပဲနော်လို့ အတွေးပေါက်မိပါတယ်။
    ReplyDelete
  20. ဖတ်ပြီး ဘာပြောရမှန်းတောင်မသိတော့ဘူး။ တစ်တိုကတည်းနေတဲ့ အဆေင်ကကောင်တွေရဲ့ မျက်နှာတစ်ယောက်ပြီး တစ်ယောက်ပြေးမြင်မိတယ်။ ငါးကြော်ကြောင်ချောင်း ချောင်းချင်တဲ့ ကြောင်အကြီးစား ကျား တွေအတွက် သင်တန်းဆို ပိုမှန်မယ်ထင်တယ် lol
    ReplyDelete
  21. ဒါကြောင့် နေ့လည်က စီဘောက်စ်မှာ ပျောက်သွားတာကိုး...
    လက်ချာကတော့ အပျံစားပါပဲ...
    ကိုအောင်သာငယ်ပြောသလိုပါပဲ...
    အလေးပြုသွားပါတယ်....
    ReplyDelete
  22. တောက်..... ဒီလက်ချာ စောစောစီးစီး မစည်းပူးခဲ့မိတာ နာတာပဲ။ အချိန်မှီသေးတယ် လက်ချာမှီသလောက်လိုက်ပြီး နောက်ထပ် ရည်းစား၎ယောက်လောက် ထားလိုက်အုန်းမယ် ဒန်တန်တန်
    ReplyDelete
  23. ရီသွားတယ်..
    Xထုံ
    ReplyDelete
  24. ဟိုက်ရှားဘတ် လိုက်လို့ကို မှီတော့ဘူး။ စောစောစီးစီး အမနဲ့ တွေ့ပြီး ပညာယူရမှာ။ ခုတော့ နောက်ကျသွားပြီ။:D ကိုယ်နဲ့ကိုက်တာလေး ပါလာရင်တော့ မှတ်သားထားရမယ်။ :P
    ReplyDelete
  25. အန်တီကွန် ရဲ့ တွေးခေါ်မျှော်မြင်ရေးကျမ်းကို ဖတ်ပြီး အလေးနီပြုသွားတယ်။
    လေးစားဒယ်..
    လက်တွေ့ကျင့်သုံးစရာ အရေးမရှိတာတွေးမိတော့ စိတ်မကောင်းဖြစ်မိသွားတယ်။
    ReplyDelete
  26. ဟီး...
    ရယ်ရတယ်..အမှန်တွေချည်းပဲ..
    ReplyDelete
  27. မိန်းကလေးများအတွက်ရော မပို့ချတော့ဘူးလား မမ။
    အိလျှော် အိထိုးဆိုတာ ဘာလဲဟင်။
    ဖတ်ပြီး မမှတ်နိုင်လောက်အောင် မူးနောက်သွားတယ်။
    mm
    ReplyDelete
  28. လက်ချာကတော့ ရှယ်တကာ့ ရှယ်ပဲ။ ရီလိုက်ရတာ အူတောင်နာတယ်။
    အိမ်ထောင်သည် မိန်းကလေးတွေအတွက်လဲ ပို့ချပေးအုံးလေ။ Notebook ကိုင်ပြီး အသင့်စောင့်နေပါတယ် မမ။
    ကြောင်လေးသေတာ စိတ်ထဲက မီးမြှိုက်ချင်နေတာဆိုတဲ့ ဥပမာကိုတော့ နည်းနည်း သံသယ ရှိသွားပြီ။ ချိုသင်း ကြောင်လေးကလဲ သေသွားတော့ ဒီလောက်တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး။ မမ သဘောထား အမှန်လား။ (လာပြီး စစ်ဆေးရေး ၀င်သွားတယ်)
    ReplyDelete
  29. ဤတွင် အန်တီဂွိ အိပ်ရာမှ နိုးထပြီတည်း...။
    ReplyDelete
  30. အမကြီးရေ ပညာ လာ ယူ သွားတယ်။ ပညာ ပါရမီ ဆိုတာ ဖြည့်ကောင်းတယ်တဲ့။ ဟီး ဟီး
    ဒီ ဘ၀ မသုံးရလဲ နောင်ဘ၀ကျ အလိုလို တတ်နေအောင် ။:D
    ReplyDelete
  31. တို့မမကတော့ ရှယ်ပဲ.. တကယ်လေးစားတယ်.. အမ မိုးချိုသင်းပြောသလို ပဲ Notebook ကိုင်ပြီး စောင့်နေတဲ့ သူထဲမှာ ကျနော်လည်း ပါတယ်နော်.. :D
    ReplyDelete
  32. မမ မီးမီးတို့ မိန်းကလေးတွေအတွက်လည်း သင်ပေးဦးလေ..
    သူတို့ချည်းပဲ သင်မပေးနဲ့လေ...
    တော်ကြာ မမညီမလေးတွေ သူတို့ညာတာတွေခံနေရဦးမယ်.. :D
    ReplyDelete
  33. “တရှုံရုှု့ငိုရင် ကိုယ်ကပါ လိုက်ပြီး ခံစားပေးတဲ့သဘောပေါ့။ အမှန်ကတော့ မီးမြိုက်စားခြင်နေတာပါ။ ရင်ထဲ ရှိတာတွေ ဘယ်ပြောလို့ဖြစ်မလဲ်။ နှူးနေတဲ့ကာလ မဟုတ်လား။”
    အမလေး အမှန်တွေချည်းပဲ။ ရယ်လိုက်ရတာ သီးတောင် သီးသွားတယ်။ သောကြာနေ့ည အမောပြေလေးအတွက် ကျေးဇူးကမ္ဘာပါ။ ကောင်းသော စနေ-တနင်္ဂနွေ ဖြစ်ပါစေ။
    ReplyDelete
  34. ကောင်းလှောင့်တေး ကောင်းလှောင့်တေး .. ခုမနက်မှ သေချာဖတ်ပြီးသွားတယ်။ မိန်းခလေးများအတွက်သင်ခန်းစာကိုပိုစိတ်ဝင်စားမိတယ်။ ဒါမှ ပိုမိုက်မှာ .. ဒါပေမယ့် သင်ခန်းစာနှစ်ခုပြီးသွားရင် မိန်းခလေး ယောကျာင်္းလေး ဘယ်သူ့ဘယ်သူမှ ယုံကြတော့မယ် မထင်ဘူး။ ခွိခွိ။
    အန်တီဂွိစ် ကျောင်းဆင်းဆိုပြီး လက်မှတ်ပြမိရင် တခါထဲ အဆက်ပြတ်သွားနိုင်တယ်။
    ReplyDelete
  35. အမှောင်ကျောင်းသားပြီးတော့ အလင်းကျောင်းသူ လာပြီ။ သင်တန်းလာတက်တယ်မမရေ သင်ပေးအုန်း။ ကာကာ့ကိုချည်းကြိတ်သင်ပေးမနေနဲ့ နော်
    ReplyDelete
  36. ကျူရှင်နောက်ကျနေပြီ.. မလွယ်ဘူး......။
    နာယူမှတ်သား သွားတယ်..။
    ReplyDelete
  37. ဒီသင်တန်းက လိုအပ်တာ အမှန်ပဲ။ မမဂွိစ် ဆက်ပို့ချပါ။ တချက်ဖတ်ပြီးတိုင်း ဟင်း ဟုတ်သားပဲ ဖြစ်သွားသည်။ (မမစကားသံကို ယူပြောကြည့်တာ)
    ReplyDelete
  38. အမဂျီး
    အဲ ကျောင်းသားက..တုံးလှချည်လား။ တီချယ်သိက္ခာကျမယ်။း)
    ReplyDelete
  39. မောင်ကျောင်းသား အလှည့်ပြီးရင် ကျောင်းသူလေးတွေအလှည့် လုပ်ပါ။ သင်တန်းတက်ရန်ကျောင်းသူများ စောင့်ဆိုင်းနေပါသည်။
    ကြည်
    ReplyDelete
  40. မ ..ရေ.. ဖတ်ပြီးတော့ ... အိမ်ကလူကို အမဆီမှာ ကျုရှင်တက်ခိုင်းမလားလို့ စဉ်းစားနေပါကြောင်း။ (Gtalk လိပ်စာပေးပါရန်)းD
    ReplyDelete
  41. မမရေ သင်တန်းအရမ်းတက်ချင်နေပြီ... မြန်မြနှ်ဖွင့်ပါဗျို့
    ကြုံရင်နေခြည့်အီးမေးကို invite လုပ်ပေးပါဦး.. မမအီးမေး မသိလို့
    ReplyDelete
  42. ဒီဘာသာရပ်မှာ ဂုဏ်ထူးထွက်အောင် လေ့လာ ကျက်မှတ် ဆည်းပူး သင်ယူ ပစ်မယ်ကွာ။
    ReplyDelete
  43. အသီးကွဲတယ့် JulyDream ခမျာလည်းတစ်ဒုက္ခ။
    ReplyDelete
  44. I like this post. Very funny :)
    ReplyDelete
  45. ပြုံးသွားတယ်။
    အင်း .. အတော်လည်း ပညာရလိုက်ပါတယ်။
    ကျောင်းတော့မတက်တော့ပါဘူး ဆရာမ ပင်ပန်းနေမှာဆိုးလို့ ခုလို သင်ခန်းစာတွေကို ပြန်ဝေမျှပါနော်၊ နော်-ဆရာမ။
း)
    သုခမိန်(E-Journal)
    ReplyDelete
  46. strike said...
    အသီးကွဲတယ့် JulyDream ခမျာလည်းတစ်ဒုက္ခ။
    LOL :D
    ReplyDelete
  47. စကားမစပ် JulyDream က ဘာလို့ အသီးကွဲတာလဲဟင်။ သူ့မှာ ကွဲစရာ အသဲ မရှိလို့လား
    ReplyDelete
  48. အတော်စပ်စုတဲ့ ခလေးမလေးပဲနော်။ Strike ကြီးရေ ခလေးမကို ရှင်းပြလိုက်ပါကွာ။ အဟား....
    ReplyDelete
  49. လွန်ခဲ့တဲ့နှစ်နှစ်လောက်ကသာ ဒီသင်ခန်းစာကို သိခဲ့မယ်ဆိုရင်။
    ခုတော့လည်း Let it be ပေါ့လေ။
    ReplyDelete
  50. လက်ချာသေသေချာချာ လိုက်သွားပါတယ် မမရေ။ ကျေးဇူး
    စကားမစပ် အစ်မ sin dan lar ရေးသွားတဲ့ ကွန်းမန့်ကို နားမလည်လို့ ဒီမှာပဲ ပြန်မေးထားခဲ့မယ်နော် မမ
    sin dan lar said...
    1997 မှ ၇ တန်းတဲ့.. ...ဝှူးးးးး (လေးလံသော သက်ပြင်း)
    ဒီ ၇ တန်းကို မမ ခေါ်ပြီး ကောမန့်ရေးတဲ့လူလည်းရှိ
    မမကေအိုအမ်ကို အဖော်ခေါ်ဦးမှပါလေ....
    အဲ့ဒါ ဘာကိုပြောချင်တာလဲ မသိလို့ပါ :(
    ReplyDelete
  51. ma ma yae post ka tot Special pae.
    ReplyDelete
  52. မဂွိစ် ပို့စ်တွေက နှစ်သက်သဘောကျစရာတွေပါ ၊၊စာဖတ်ပရိတ်သတ်ကို ပြုံးပျော်ကြည်နှုးစေတယ် ၊၊
    တရေးနိုးထပီး မဂွိစ် ဘလော့ကို သတိရလို့
    ReplyDelete
  53. Rita:ရေ
    JulyDream ရန်ကုန်ကိုပြန်တော့၊အိမ်နောက်ဖေးကအုတ်ကန်မှာ
    သူရေချိုးဖို့အသွား အုတ်ကန်ဘေးမှာကျနေတယ့်
    ဆပ်ပြာတုံးကိုတက်နင်းမိရင်း ချော်လဲရာက
    နေ စတယ့်ဇတ်ပါပဲ။
    ReplyDelete
  54. သင်တန်းအလကား လာတက်သွားတယ်။ အမ charge လုပ်ရင် ဒီလိုသင်တန်းမျိုး တော်တော်ရမှာ အဟက်။ =)
    ReplyDelete
  55. ကောင်း၏ ကောင်း၏
    သင်ပေးထားလိုက်တာမှ မနည်း မနောပါလား
    ReplyDelete
  56. စိတ်ညစ်နေတဲ့ အချိန်မှာ ဖတ်ပြီး ရီလိုက်ရတာ... ဒါမျိုးမျး ပို့ချရမယ်ဆို တော်သလား မမေးနဲ့ တို့မမက... subject specialist။ စင်စင်ပြောသလိုပဲ စီးကရက်တွေ အကုန် မဖြန့်ဝေပါနဲ့ မမရယ် ကိုယ့်ညီမတွေ အတွက်များ နဲနဲ ချန်ထားပါဦး..
    ReplyDelete
  57. အောင်မလေး..သင်တန်းလာတက်တာတောင် အတော်နောက်ကျနေပြီပဲ.. တက်သွားတဲ့လူတွေ တယ်များပါလား
    ReplyDelete
  58. တွေ့ ပြီ ဒီလို သင်တန်းမျိုးရှာနေတာ... ကြာပေါ့။။
    ReplyDelete
  59. တကယ့်ကို ရှယ်Lecture တွေပါပဲ။ :)
    ReplyDelete
  60. ရယ်လိုက်ရတာ ခွက်ထိုး ခွက်လန်ပဲ။
    မှန်ချက်ကတော့ လန်ထွက်နေတာပဲ။
    လူဆိုး လူပေလေးတွေကို ကောင်မလေးတွေက ဂရုတစိုက် ဘာကြောင့်ကြိုက်သနည်းကို ချင်းမိုင်တက္ကသိုလ်မှာ ၂ နှစ် လေ့လာထားတာ အစ်မကို Share ဦးမယ်။
    အစ်မ လက်ချာ သင်ရိုး အသစ်များ ဖြည့်စွက်လို့ ဖြစ်မလားလို့လေ။
    :D
    သင်ကာ
    ReplyDelete
  61. သဘောကျပါတယ် ဗျို့ ! သယ်ချင်းတွေလေးတွေကို လက်တို့ ပြီး အခမဲ့ ကြော်ငြာပေးဦးမှာ..ဒီသင်တန်းမျိုးလေး တက်သင့်တယ်..အဟတ် အဟီး အဟားးး ဂွတ် ရှယ်.. ^-^
    ReplyDelete
  62. ခုတော့ အချိန်တွေ လွန်ကုန်ပါဘီလေ
    ReplyDelete
  63. သင်တန်းလာတက်သွားပါတယ်။
    ReplyDelete
  64. i think, u get the most comments in the post... really nice post... please write similar posts again....
    ReplyDelete
  65. အခုမှ ဒီပို့ကို အတွေ့နောက်ကျလေခြင်း ဗဟုသုတ အင်မတန် ဖြစ်ဖွယ်တွေ ဖြစ်နေပါလား။ ကျူရှင်လာတက်ချင်တယ် အဘွားရယ်။ အဝေးသင်ပဲ ဖြစ်ဖြစ်ပေါ့လေ။
    ReplyDelete
  66. I loved aѕ much аs you'll receive carried out right here. The sketch is tasteful, your authored material stylish. nonetheless, you command get bought an edginess over that you wish be delivering the following. unwell unquestionably come more formerly again as exactly the same nearly very often inside case you shield this increase.
    my homepage - pikavippii.net
    Here is my site -
    ReplyDelete