Sunday, March 1, 2009

Famous blogger

နာမည်ကြီးတယ် လို့ဝိုင်းပြောကြတော့ကိုယ့်ကိုကိုယ် တစ်ကယ် နာမည်ကြီးတယ် လို့ ထင်လာမိတယ။် မနေ့က pensul.ar သွားတော့ ရုပ်ဖျက်သွားတယ်။ အချိန်လွဲသွားတယ်။ ခပ်သုတ်သုတ်သွားတယ်။ မြနဒ္ဒာကတော့ ရောက်သွားသေးတယ။် ထိုင်နေကျ နေရာမှာ မထိုင်ဘူး။ တယ်လီဖု့းကို အပြင်မထုတ်ဘူး။ ဟိုရမ်း ဒီရမ်း မလုပ်ဘူး။ ပိုက်ဆံအိတ် မယူသွားဘူး။ ဒါတောင်ဟိုလူ က ကိုယ့်ကိုကြည့်သလို ဒီလူက ကိုယ့်ကို ကြည့်နေသလို ထင်နေမိသေးတယ။် မျက်မှန်တောင် ယူသွားဦးမလို့ဘဲ။ ဒါကတော့ နဲနဲ ပိုလွန်ြးီ့ပီ ဆိုပြီးထားခဲ့ရတယ်။

ရယ်စရာကတော့မျက်စိထဲ အမြဲမြင်တာ ဘဲ ။ ဟာသဓါတ် ခံရှိလို့ထင်တယ်။ တကယ်ပါ။ မြင်ယောင်ကြည့် မြနဒ္ဒာ အတွင်းဘက် မှာ လူတစ်ယောက်အုပ်စု တစ်စု နဲ့ထိုင်နေတယ်။ တယ်လီဖုံးကပြော လို့ တယ်လီဖုံး ဘက်ထရီ charger ကြိုးက ဘေး က နရံ့ ရ ပေ အမြင့်လောက်မှာ ။ အဲဒါကို ကြီုးကြီး တန်းလန်း နဲ့စကားပြောနေတယ။် စကားပြောတာ ကိုလည်းမ အံသြပါဘူး။ဒါပေမဲ့သူ သွားတဲ့ စားသောက်ဆိုင် အရပ်ဒေသကို ဘယ် က charger ကြိုးက ပါလာတာလဲဆိုတာ ကို စဉ်းစားနေမိတယ်။ ဘယ်မှာမှ အဲလို မမြင်ဘူးဘူး။

ရထားပေါ်မှာလဲ လူကြပ်တော့ နောက်တစ်စီးမှ စီးမယ် ဆိုတာ ပိုဆိုးသွားသေးတယ်။ ထိုင်ခုံ နည်းတဲ့တဲ့တွဲကို မှ တက်မိတယ်။ အဲဒါနဲ့ မျက်စိမှိတ်ထားတယ။် ထုံးးစံအတိုင်းဘဲ။ လူတစ် ယောက် က ဝင်လာတယ။် တွဲထဲကို မြန်မာလို ပြောလာတယ။် တို့မျက်စိဖွှုင့်လိုက်ရင် မျက်လုံး ချင်းဆုံ သွားရင် သွေးကသိတယ်လေ။ မြန်မာ ကမြန်မာဘဲမဟုတ်လား။ အဲဒါနဲ့ အရှိန်ပျက် မှာစိုးလို့ဆိုပြီး မျက်စိ ဆက်ပိတ်ပြီး နားထောင်နေတယ။် ပြီးမှ သတိရတယ။် ဟိုက် ငါက မြန်မာ ညှပ်ဖိနပ်နဲ့ ပါလားဆိုပြီ။ ကိုယ့်ကိုကိုယ် မြန်မာ မဟုတ်ချင် ယောင် ဆောင်နေတာလေ. ညျပ်ဖိနိပ်ကြီးစီးပြီး။ ကဲ အဲဒါနဲ့မထူးပါဘူးလေ ဆိုပြီး မျက်လုံးချင်း ဆိုင်လိုက်တော့ အိန္ဒယလူမျိုးဗျာ . အစစ်ကြီး မြန်မာ စကားကို အပီပြောနေတာ။ မြန်မာ လိုသာ မပြောရင်သူ့ကို မြန်မာလို့ဘယ်သူမှထင်မှာ မဟုတ်ဘူး။

ပါတိတ်ဆိုင် ရောက်သွားသေးတယ်။ နဲနဲဝယ်ခဲ့တယ်။ ဈေးလား သိတ်မများပါဘူး။ စလုံးကသူ တွေတော့သိကြပါလိမ့်မယ်။ ဘယ်လောက်လ.ဲ ..သိချင်ဝယ်ဖတ် နျစ်ကျပ်လို့ တော့..ပန်ဒိုရာ ကပြောလေ့ရှိတယ်။ လိုချင်တာရှိယူသွား။ မကြိုက်လဲထားခဲ့။ အိ. အဖွားကြီး ဆင်ကြီးလို့ ပြောဦးမလား။ အဖွားကြီး ဘဲဟာ။ အဖွားကြီး ဆင်ဘဲပေါ့။ ဒါဘဲ။

56 comments:

  1. ဟိုက်ရှားဘား
    ဒီအခါ မန့်မှာတော့ ကျနော် ပထမဦးဆုံးဖြစ်နေပါပေါ့လား။

    ခပ်မြင့်မြင့်

    ReplyDelete
  2. အင်း။
    ဒါကလည်း နာမည်ကြီးစေတဲ့ အချက်ပါပဲ။

    ဒါနဲ့ မြန်မာသံကြားရင် ဒီလိုပဲ မသိချင်ရောင်ဆောင်နေတာပဲလား။း)

    သုခမိန်(E-Journal)

    ReplyDelete
  3. အခုမှ စိတ်ရှိလက်ရှိမန့်တော့မယ်။ ခုနက တိုင်ဦးထားလိုက်တာ။
    ၁။ အန်တီကွန် စာလုံးပေါင်း မှားတုန်းပဲ။ ဖြစ်တတ်ပါတယ်လေ ဒီလောက်အများကြီး ရိုက်နေရမှတော့ မှားတတ်တာပဲ။
    ၂။ ဒီနေ့ပဲ ပင်နီဇူလာက ဆိုင်တဆိုင်မှာ လာစားတဲ့သူတယောက် ဖုန်းချာဂျင်သွင်းထားတာ တွေ့သေးတယ်။ ပြန်တော့မယ်ဆိုမှ ဖြုတ်ယူသွားတာ။ တော်သေးတာပေါ့နော်.. ကျနော်တို့အသိ ဘလောဂ့်ဂါကြီး တယောက်ဆို ဖုန်းချာဂျာကို ဟိုတယ်မှာကျန်ခဲ့တာ ဒီရောက်တော့ ပြန်ဝယ်ရတယ်လေ။
    ၃။ ပါတိတ်ကိစ္စတော့ မပြောတတ်..။

    ReplyDelete
  4. ပါတိတ်က ဘယ်မှာဝတ်မလို့ လဲ မမရဲ့  :)

    ReplyDelete
  5. အော် သိပြီ သိပြီ ရထားပေါ်မှာ ကုလားကြီးကို မူလဂျီ အကြည့်လေးနဲ့ ခိုးကြည့်နေတာ နာမည်ကြီးဘလော့ဂ်ဂါအန်တီကိုး။ ညှင်းညှင်းညှင်း

    ReplyDelete
  6. ma ma ka city hall ko every week go tar lar? nout ma lite chaung oo mae.hehe;p

    ReplyDelete
  7. ကိုယ့်အလုပ်မှာ(ဆိုင်) မြန်မာလို ယူနန်လို
    စကားတွေပြောပြီးဝင်လာရင်..မျက်လုံးချင်းဆုံအောင်
    ဘယ်တော့မှ မကြည့်ဘူး..ဟီး
    နောက်ပြီး..မမရုပ်ဖျက်ချင်ရင် ဆံပင်အတုပါဝယ်တပ်ပါ့လားး
    မျက်မှန်နဲ့..လျှာထိုးဦးထုပ်နဲ့..ဆံပင်အတုနဲ့
    နောက်ပြီး စကားမပြောမိစေနဲ့..လေသံဖမ်းပြီး
    မှတ်မိသွားလိမ့်မယ်..
    Xထုံ

    ReplyDelete
  8. တွေ့လိုက်သလိုပဲ လို့ ထင်တော့ ထင်သား

    ReplyDelete
  9. မသိမသာလေးပဲ လှမ်းထောက်လိုက်ပါတယ်.. ဖုန်းဖွက်ရတာနဲ့... ကိုယ့်ကို လှမ်းကြည့်မယ့်သူကို ရှောင်နေရတာနဲ့...။
    စိတ်မချမ်းသာပါဘူးဗျာ... ကိုယ့်သိသွားတော့ ဘာအရေးတုန်း..
    ဘဇာကြောင့် အဲလောက် လူသိမှာ စိုးနေသတုန်း...။
    အဟက်...။ မိုးပေါ် ထောင်ပစ်တာပါဗျာ...။

    ReplyDelete
  10. Enjoy to read...,

    :))

    ReplyDelete
  11. ရုပ်ဖျက်သွားတယ်ဆိုလို့ နိုင်ငံခြားက မင်းသားမင်းသမီးတွေလိုပဲထင်မိတယ်။ လျာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်း၊ မျက်မှန်ကြီးကြီးတပ်၊ ခေါင်းကိုခပ်ငိုက်ငိုက်လေးအောက်စိုက်ပြီး လက်နဲ့မျက်နှာကို ကွယ်ကာ...ကွယ်ကာလျောက်သွား အဲလိုလား။ နောက်တစ်ခါဆို မျက်မှန်တပ်သွားနော်။စိတ်ကူးနဲ့မြင်းယောင်ကြည့်ချင်လို့ပါ။
    ကြည်

    ReplyDelete
  12. နောက်တခါကျရင် ညှပ်ဖိနပ်စီး၊ ပ၀ါပါးလေးပတ်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ သုတ်သုတ် သုတ်သုတ် သွားနေတဲ့ အမျိုးသမီးကြီးတယောက်ကို တွေ့ရင် ဟေ့ မမ ဆိုပြီး လက်ဆွဲထားလိုက်မှာ။ နောက်တပတ် မြနန္ဒာ က စောင့်မယ် မမ။ မြနန္ဒာတော့ လူများအုံးတော့မှာပဲ :)

    ReplyDelete
  13. ဖုန်းကို charger တပ်ပြီးပြောတာ အန္တရာယ်ရှိပါကြောင်း
    နောက်တစ်ခါ ခုံဖိနပ်လေးစီးကြည့်ပါလား `ဂွက်ဂွက်နဲ့ မြနန္ဒာတင်မကဘူး တွေ့သမျှလူတွေကြည့်ကြမှာ...။

    ReplyDelete
  14. IP Address ကနေ နောက်ယောက်ခံ လိုက်လာခဲ့မယ်။ :P

    ReplyDelete
  15. အမယ် ဒီနေ့တွေ့လိုက်သား။ မမဂွိဆိုပြီးခေါ်မလို့ သနားလို့သာ လွှတ်ပေးလိုက်တာ။ မသိဘူးထင်မနေပါနဲ့။ ဘယ်လောက်ရုပ်ဖျက်ဖျက် အကဲခတ်တတ်တယ်နော်။ ဟင်း ဟင်း ဟင်း။ ပါတိတ်တထည်ဆွဲသွားတယ်ဗျာ။

    ReplyDelete
  16. နံမည်ကြီးဘလော့ဂါတွေရဲ့ ဒွတ်ခ ဆိုပြီး ရေးပါဦး မမ.. စလုံးက သူငယ်ချင်းတွေကိုတော့ ပြောပြထားတယ်.. ပင်နင်စူလာရောက်လို့ မမနဲ့ တူတာတွေ့ရင် ဓါတ်ပုံရိုက်ထားပါလို့...

    ReplyDelete
  17. ရုပ်ဖျက်လိုလျှင်
    နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အတုများ တပ်သွားပါ...
    (အကြံကောင်းပေးသွားသည်...)

    ReplyDelete
  18. အမ..ရေးထားတာလေးတွေကို သဘောကျတယ်..

    ReplyDelete
  19. စလုံးမရောက်ဖူးတော့ သိဘူးဗျာ။ မဦးမချွတ်
    အဲလေ မဦး နာမည်ကြိးတာတော့ အမှန်ပဲဗျ
    စာရေးနိုင်လို့ လူတိုင်း အမြင်ကပ် များပြန်ပြီ
    အားကျနေတာဗျ အဟီး

    ReplyDelete
  20. အမယ်.မယ်.မယ်.
    အဲဒီ ကုလားကြီးကို ဘယ်သူများထင်လို့ တုန်း
    အခုနာမည်ကြီး နေတဲ့ “ရိုဟင်ဂျာ” နှင့်သူ၏ချစ်သူများ .blogspot.com က Mega star Blogger ပါတဲ့ဗျား...:P

    နာမည်သိချင်လား..ပေး နှစ်ကျပ်.

    လှေဆိပ်ဆင်းမလို့ .လာခေါ်တာ.တဲ့...နောက်
    တော့ သူစိတ်ပြောင်းသွားတယ်.ပြောင်းမှာပေါ့
    ၁.“အဖွားကြီး”
    ၂.“ဆင်ကြီး” ဆိုသကိုး
    လှေနစ်မှာစိုးလို့ ထားခဲ့တာ.ကျေးဇူးတင်တဲ့ :D

    အဲဒီ Ph ပြောနေတဲ့လူ ကို လူရှင်းတဲ့ “မာလိုင်းယွန်း” နားမှာသွားပြောလို့ .. နောက်တစ်ခါ ကျရင် အကြံပေးလိုက်.. :LOL:

    ReplyDelete
  21. Ma Ma Oo
    What you wrote here is very simple, but i was wondering why people including myself are fascinating.
    Keep on blogging Ma Ma........

    ReplyDelete
  22. This comment has been removed by the author.

    ReplyDelete
  23. အာရေး မခွန် ချွန်ဒေါ် အားကြီး စိတ်ဆိုးတယ်
    ချွန်ဒေါ့ ကို တွေ့ဒယ်နော် မသိချင်ရောင် ဆောင်နေဒယ် ..

    ပါဒိတ် ကိုနော် ကုလားဆင် မဝယ်ပါနဲ့ အဖွားကြီး ဆင် တွေဝယ်ဒယ်နော် ကောင်းဘာဒယ်..

    တော်ဒေးဘီ

    ReplyDelete
  24. မမပုံကို မြင်ယောင်ရင်း ရီသွားပါတယ်..။
    အပြင်မှာ မသိချင်ပါဘူးလေ..။ သတ်ပုံမှားနေတဲ့ မမကွန်ကိုပဲ ခင်ချင်ပါတယ်..။ မဟုတ်ရင် တမျိုးလိုနေသလိုလို...။ (ရုပ်မဖျက်တော့မှ စောင့်ဖမ်းမယ်)

    ReplyDelete
  25. ပြုံးတာပေါ့..
    ဒါပဲ..
    မမ
း)

    ReplyDelete
  26. အင်း..ဒီရောက်ပြီဆိုရင်
    စိတ်တော့ကြည်သွားရတာပဲ
    စိတ်ထဲမှာကိုမြင်ယောင်ကြည့်လို့ရတယ်...း)

    ReplyDelete
  27. အကယ်၍ ထို အိန္ဒိယလူမျိုးသည် ဘလော့ဂါဖြစ်နေခဲ့သည်ဆိုလျှင် ....

    :P

    ReplyDelete
  28. နောက်ဆို သေချာ သတိထားစောင့်ကြည့်မှ..း)

    ReplyDelete
  29. ရုပ်ဖျက်ထားတယ် ဒါပေမဲ့ မျက်မှန်လဲ မတတ်ပြန်ဘူးဆို တော့ ဘယ်လိုဖျက်ထားသတုန်း မမ။ ဦးထောင်းဆောင်းပြိးတော့လား ဒါမှမဟုတ် ဆံပင်တုကြီးစွတ်ပြီးလား

    ReplyDelete
  30. နာမည်ကြီးတယ်လို့ ၀ိုင်းပြောကြတော့ ကိုယ့်ကိုကိုယ် တစ်ကယ် နာမည်ကြီးတယ် လို့ ထင်လာမိတယ်။ မနေ့က pensular သွားရုပ်ဖျက်သွားတယ်။ အချိန်လွှဲသွားတယ်။ ခပ်သုတ်သုတ်သွားတယ်။ မြနန္ဒာကတော့ရောက်သွားသေးတယ်။
    ထိုင်နေကျ နေရာမှာ မထိုင်ဘူး။ တယ်လီဖုံးကို အပြင်မထုတ်ဘူး။ ဟိုရမ်း ဒီရမ်း မလုပ်ဘူး။ ပိုက်ဆံအိတ် မယူသွားဘူး။ ဒါတောင် ဟိုလူက ကိုယ့်ကို ကြည့်သလို ဒီလူက ကိုယ့်ကို ကြည့်နေသလို ထင်နေမိသေးတယ။် မျက်မှန်တောင် ယူသွားဦးမလို့ဘဲ။ ဒါကတော့ နည်းနည်းပိုလွန်းပြီဆိုပြီး ထားခဲ့ရတယ်။

    ReplyDelete
  31. အပြုံးပန်းကို
    ပြုံးရုံတင် မဟုတ်ပဲ
    အားပါးတရ ရယ်မောမိအောင်
    ရေးတတ်လှပါလားမမရယ်။
    မနေ့က ပင်နီစူလာရောက်သားပဲ
    မြနန္ဒကို လှမ်းကြည့်မိတယ်။
    လူတွေက ရူပ်ပွနေတာပဲ။
    မမရှိနေလို့ထင်တယ်။

    ReplyDelete
  32. aww.. lat sa thet talk yesterday ka MRT paw hmar twe tat myanmar slipper net myat si hmate htar tat a daw gyi ka ma KOM koo ...:D

    ReplyDelete
  33. ပါတိတ်သုံးထည်ယူ

    ReplyDelete
  34. မန့်တော့ပါဘူး လို့ဟာ... ဖတ်ပြီး ပြုံးသွားတယ် ^-^

    ReplyDelete
  35. ဟယ်..အမဂျီး..
    အဲဒီ မြန်မာလို ပြောနေတဲ့..အိန္ဒယလူမျိုးက..ကလူသစ်ကိုး။ ကြည့်စမ်း..အကုန်ပေါ်ကုန်ပီ..
း)

    ReplyDelete
  36. တွေ့သားပဲ.. သွပ်ပြားက ဝင်းမြန်မာမှာ ရှိတယ်....။
    (ခြိမ်းခြောက်လိုက်သည်)
    *အမည်မဖော်လိုသူ ပေါက်စ် ပြောသလို ဝတ်စား ထားတဲ့လူတွေ့လို့ကတော့ လာခဲ့....။
    **မမချိုသင်းကလည်း မမကို အမျိုးသမီးကြီး လို့ ပြောတယ် မမ... :P အမျိုးသမီးလို့ ပြောလည်း ရတာပဲကို.....။
    ***** သတ်ပုံတွေမှားနေသေးသည်..။ မစ္စတာ ညက်လီဆင်း(http://www.minnyoonthit.net/2009/02/blog-post_21.html) တွေ့လျှင် ငါ့တေသန ပြုနေဦးမယ် မမရေ.. ပြင်ပါ...။ :) :P :D

    ပုံ / အမည်မဖော်လိုသူ ဆင်ဆင်(ခ) စင်စင်

    ReplyDelete
  37. ama...visited..read your all posts..
    miss u.. take care..

    sandakoo

    ReplyDelete
  38. မမ မီးမီးလာရင် မုန့်ဝယ်ကျွေးမှာဆို...
    တွေ့ရဦးမယ်.. နာမည်ကြီးဘလော့ဂါ မမကြီးကို..ဟီးး
    ဒီတစ်ခါတော့ တကယ်လာဖြစ်မယ်ထင်တာပဲ..
    ဦးဥာဏ်က စလုံးမှာ ညီလာခံလာတက်ရမှာလေ.
    ၈ လပိုင်မှပါ.. အခုကတည်းက လေယာဉ်လက်မှတ်စုံ
    စမ်းနေပြီဆိုတော့ ..သေခြာလောက်မယ်ထင်တာပဲ..
    မီးမီးတို့ သားအမိလဲ လိုက်လာမှာနော်..
    မမက သရက်သီသုတ်ကျွေးနော်။း)

    ReplyDelete
  39. နောက်တခါ မိုးမျှော်စီးလေး စီးလာခဲ့သိလား အမ နောက်တပါတ် ပင်နဆူလာမှာ စောင့်နေမယ် ဆက်ဆက်လာပါ ၃း၃၀ နော် အဟဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  40. အစ်မစာရေးပုံက ပျောက်နေတဲ့ ညီမသူငယ်ချင်း စကားပြောပုံနဲ့ တဖြည်းဖြည်း ပိုပိုတူလာပြီ။ ၀ါကျဖွဲ့ပုံတွေ စာလုံးပေါင်းမှားတာတွေရော လျှမ်းတာရော အဲ့ဒီတစ်ယောက်အတိုင်းပဲ။ အစ်မလည်း သူ့လိုပဲ ဒီဇင်ဘာလဖွားပဲမို့ထင်တယ်။ မျက်လုံးနက်နက် ဆံပင်ကောက်ကောက်နဲ့ ညိုချေား-)

    ReplyDelete
  41. ဒီလိုမှန်းသိ မနေ့ က ပင်နင်ဆိုးလား လာပါတယ်… အဲလို လုပ်နေရင် ပိုသိသာမှာပေါ့ မမရဲ့… နောက်ဆို သတိထားကြည့်မှ… ပါတိတ်လေးတွေလှပါတယ်… လက်ဆောင်ပေးဖို့ လား… ကိုယ်တိုင်ဝတ်ဖို့ လား… မမနဲ့ ရှောပင်းထွက်ရင် ပျော်ဖို့ ကောင်းမှာပဲ…

    ReplyDelete
  42. ပါတိတ်တွေဘာတွေတော့ သိပ်နားမလည်ဘူး။ မာမားဆီလဲ ၀ယ်မပို့ဖူးဘူး။ ရန်ကုန်ထက်ပေါ်တယ်တော့ ကြားဖူးတယ်။ ဟုတ်မဟုတ်တော့ မနီးစပ်လို့ မသိဘူး။

    MRT ကိစ္စကတော့ ဟဲဟဲ ခဏခဏ city hall mrt မှာ မသိချင်ယောင်ဆောင်တဲ့ အန်တီburma တွေကို ခဏခဏတွေ့ရဲ့။ တို့များလည်း မလေးတရုတ်လိုလို တော့ဆောင်တာပေါ့။

    အန်တီkom လဲ ဂလိုပဲကိုး... :D

    ReplyDelete
  43. မမနော် လျှောက်လျှောက်မသွားနေနဲ့
    တော်ကြာပြန်ပေးသမားနဲ့ တွေ့မှာစိုးလို့။
    ငွေကို ချွေတာမနေနဲ့ ကိုယ်ရံတော်
်၃ယောက်လောက်တော့ ငှားသာငှားလိုက်ပါ...

    ReplyDelete
  44. ဖတ်ပြီးပြုံးသွားသည်။ :)

    ReplyDelete
  45. နောက်တခါဆို ဆံပင်အတုတပ်သွား။ ဒါမှမဟုတ် နှုတ်ခမ်းမွှေးတပ်ပြီး ဦးထုတ်ခပ်ငိုက်ငိုက်ဆောင်းသွား..

    ပါတိတ်က ၁၀ ဖိုး ၃ ထည်လားဟင်

    ReplyDelete
  46. နန္ဒာလှိုင် နဲ့ တူသလိုလို အစ်မတစ်ယောက်ကိုတွေ့လိုက်တယ်..အဲဒါ အစ်မလားမသိဘူးနော် :D

    ReplyDelete
  47. ဟင်...
    မနေ့ညနေက Comment ရေးခဲ့တာ အခုမတွေ့တော့လို့ အူကြောင်ကြောင်ဖြစ်သွားတယ်...
    သေသေချာချာ Publish လုပ်ခဲ့ပါတယ်...
    ဘာလို့လဲ မသိ။ ရှိပါစေတော့လေ...
    မမရေ.. မမကို ပင်နီဆူလာမှာ တွေ့ရင် လိုက်ဆွဲမှာနော်... သတိသာထားပါ.. ဘယ်လိုရုပ်ဖျက်ဖျက် မှတ်မိတယ်ဆိုတာလဲ မမေ့နဲ့နော်... ဟဲဟဲ..

    ReplyDelete
  48. အော် ဒါကြောင့် ဗေလုဝနဲ့တူတယ့်ဘလော့ဂါမမဆိုပြီးနာမည်ကြီးနေတာ ကိုး။

    ReplyDelete
  49. နာမည်ကြီးတယ်လို့ ၀ိုင်းပြောကြတော့ ကိုယ့်ကိုကိုယ် တစ်ကယ် နာမည်ကြီးတယ် လို့ ထင်လာမိတယ်။(စာလုံးအမဲကြီးနဲ့ မှုခင်းသတင်းထဲပါလာလို့လားဟင်) မနေ့က pensular သွားရုပ်ဖျက်သွားတယ်။(ရုပ်ဖျက်တယ်ဆိုတာ မျက်နှာကိုဓါးနဲ့မွှန်းသွားတာလားဟင်) အချိန်လွှဲသွားတယ်။(နောက်ဆိုဆိုင်ပိတ်မှသွားပါလား) ခပ်သုတ်သုတ်သွားတယ်။(ဘာလည်း စလုံးမှာလည်း အဖမ်းအဆီးတွေ ပေါနေပြီလား) မြနန္ဒာကတော့ရောက်သွားသေးတယ်။
    ထိုင်နေကျ နေရာမှာ မထိုင်ဘူး။(အော် အဲဒီ့ဆိုင်ကခုံနေရာတွေက အပိုင်ဝယ်ထားလို့လည်း ရတယ်လား) တယ်လီဖုံးကို အပြင်မထုတ်ဘူး။(စလုံးမှာ ခါးပိုက်နှိုက်ပေါလို့လား) ဟိုရမ်း ဒီရမ်း မလုပ်ဘူး။( လမ်းသွားရင်အဲလိုပဲလား ) ပိုက်ဆံအိတ် မယူသွားဘူး။(ကျွပ်ကျွပ်အိပ်နဲ့ထုတ်သွားတာပေါ့နော်) ဒါတောင် ဟိုလူက ကိုယ့်ကို ကြည့်သလို ဒီလူက ကိုယ့်ကို ကြည့်နေသလို ထင်နေမိသေးတယ။်(အရူးထင်လို့နေမှာပေါ့ ဟီးဟီး) မျက်မှန်တောင် ယူသွားဦးမလို့ဘဲ။ ဒါကတော့ နည်းနည်းပိုလွန်းပြီဆိုပြီး ထားခဲ့ရတယ်။(နောက်တစ်ခါဆို ဆာလီပါခြုံသွား)

    ReplyDelete
  50. သိချင်ရင် ၀ယ်ဖတ် နှစ်ကျပ်ဆိုတော့ ဧကန္တ ပန်ဒိုရာ ဂျာနယ်တွေ ရောင်းဖူးတာနေမှာ...။ ခွိ

    ReplyDelete
  51. အရမ်းသဘောကျတယ် ရယ်လိုက်ရတာမောသွားတာပဲ ဟိဟိ ဖြစ်မှဖြစ်ရလေ

    ReplyDelete
  52. ကျနော်လဲရောက်တယ် မနေ့က.. :P

    ReplyDelete
  53. ဟိုက်.... ! နံည်ကြီးလားမကြီးလားတော့ မသိဘူး...ကွန်မန့်တွေ ကတော့ အများကြီးပဲ... လေးစားပါတယ်... ဒါပေမဲ့ ရရစ် လေးတွေ (ဥပမာ - ကြီး ကြီး) ထဲ့တာမှားနေလို့ဖတ်ရတာ တော်တော် အရုပ်ဆိုးတယ်... နောက်ပြီး စာလုံးပေါင်းလေးတွေ ကိုသေချာစစ်ပြီးမှ တင်ရင် ပိုပြီး နံမည်ကြီးမယ်လို့ ထင်တယ်..

    ReplyDelete
  54. စကားမစပ်
    မမေနဲ့ မယ်လိုဒီတစ်ခါမှ မဆုံဖြစ်သလိုပဲနော်
    မြင်ရက်နဲ့မနှုတ်ဆက်တာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့
    တွေ့ရင်ခေါ်ပါဦး ကော်ကော်တိုက်ပမယ်
    တကယ်ကြီးမြင်ဖူးပြီး ရင်းရင်းနှီးနှီးခင်မင်ချင်ဖူးပါရဲ့(ခုနောက်ပိုင်းဘလော့ပိတ်ဖြစ်မယ်ဆိုရင် ဘလော့ဂါ မဟုတ်တော့ရင်တောင်မှလေ)
    မယ်လိုဒီအကြောင်းတွေ အမှန်သိသွားတာပေါ့နော်... :)

    ReplyDelete