Sunday, March 8, 2009

astrology

ဗေဒင်။ ယတြာ။

ဗေဒင် ကိုသိတ်မေးလေ့ မရှိဘူး ဘဝ တစ်သက်တာ မှာမေးခဲ့တဲ့ အကြိမ်ပေါင်း ၁၀ ရှိမယ်မထင်ဘူး။ ရပ်ဆွေရပ်မျိုးတစ်ယောက် ကိုမေးဘူးတယ်။ ဆရာထွန်းလင်းကျော် ကို မေးဘူးတယ်။ ကိုင်ဇာ နေခဲ့ဘူးတဲ့ ခြံထဲက ဆရာတစ်ယောက် ကို မေးဘူးတယ်။ မင်းသိင်္ခကို မေးဘူးတယ်။ ဆရာတော်တစ်ပါး ကိုမေးဘူးတယ်။

မယုံလို့မမေးတာ မဟုတ်. ။ ယုံလွန်းအားကြီး လို့မမေးဝံ့တာ။ သူက ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုရင် ယုံမိတော့တာဘဲ။ တကယ်ဖြစ်မယ် လို့ကို ထင်မိတော့တာ။ ကိုယ့် အကြောင်း ကိုယ် သိလို့ မမေးဝံ့တော့ဘူး။

ပြောချင်တာကတော့ အဲဒီ ဆရာတော်ဘဲ။ ကြားဘူးမယ် မကြားဘူးမယ်မသိ။ အတော်လေး နာမည်ကြီးပါတယ်။ လူမသိ. သူမသိကြီးပါတယ်။ အမေနဲ့ က ဟိုစဉ် ကတည်းက သိခဲ့တယ် ဆိုပါတယ်။ ဘုရားတရား အကြောင်း မပြောဘဲ ယတြာ အကြောင်းပြောမလို့ပါ။ ရွှေတောင်ကြား ထဲမှာ ရှိပါတယ်။ အနီးအနားမှာ လဲ ဘာညာ ဘာညာတွေ ရှိပါတယ်။ မှန်တာ ကတော့ အတော်လေး မှန်ပါတယ် ။ ဘဝမှာ ယတြာ မလုပ်ဘူးပေမဲ့ဒီ ဆရာတော် နဲ့ ကတော့ လုပ်ဘူးပါတယ်။

ဘရုတ်ဘရက် အချိန်မှာ မောင်လေးပျောက်သွားတော့ တစ်အိမ်လုံးပြာယာခတ် မအိပိနိုင် မစားနိုင်..နောက်ဆုံး. တူတစ်ချောင်းနဲ့ ဝါးလုံးနဲ့ဘေးချင်း ယှဉ်တိုက်ထားလိုက်တာ အဲဒီနေ့ညနေမှာ ချက်ခြင်း မျက်လှည့်ပြသလို ဘွားကနဲ့ အိမ်ထဲကို ပြန်ရောက်လာပါတယ်။

ပိုက်ဆံလိုချင်ရင် ခရေနှစ်ညွန့်ကို ဘုရားပန်းအိုးထိုးရမယ် ဆိုလို့ ဝန်ကြီးများရုံးဘေး က ခရေပင် တန်းမှ ခရေညွန့် ခဏခဏ သွားချိုးရသေး။ နောက် ဆုံ့းစိတ်မရှည်တော့ ခရေပင် ကို ကန်တော်ကြီး မြေပဒေသာကျွန်းကနေ သွားဝယ်ပြီး အိမ်မှာ ချခဲ့တာ အဲဒီတုံးက နျစ်ပေလောက် အပင်ကလေးက အခုဆိုရင် အပွင့် တွေ တောင်ပွင့်လို့ အရိပ်ရအပင်ကြီးတောင်ဖြစ်နေပါရော့လား။

ဘုန်းဘုန်းရယ်။ နိုင်ငံခြားမှာ ဘယ်ကနေပြီး ခရေညွန့်ရပါ့မလဲလို့ တင်ပြတော့ ခက်ရင်းနျစ်ချောင်းကို အိုးနဲ့ထည့်ုလိုက်ပါလို့ ညွန်ကြားပါတယ။်

တစ်ခါ ကိုယ်က ရိုးရိုးကုပ်ကုပ်နေတတ်တော့ (ကုတ်နေတယ်လို့တော့မထင်စေလို) ဘုန်းကြီးက သနားပုံရတယ်။ အမျိုးသားက ပိုက်ဆံမပို့လား။ ပို့ပါတယ်ဘုရား။ အေး ပိုက်ဆံဝင်ချင်ရင် ဒါကလေးခေါက်ကွဲ့ ဆိုပြီးအမဲပြားဝိုင်း ကလေး တစ်ချပ်ပေးပါတယ။် အဲဒါကိုပိုက်ဆံအိတ်ထဲထည့်ထား။ ထည့်ထားပြီး ရင် ပိုက်ဆံ ကိုခေါက် ပေးရင် ပိုက်ဆံရတယ် လို့ဆိုပါတယ်။ ကိုယ်ကလဲ ခေါက်မိပါတယ်။ ခေါက်တာနဲ့ kmsl က ပိုက်ဆံပို့တော့တာပါဘဲ။ ခါတိုင်းပို့တဲ့အထဲက နေထပ်ထပ် ပြီး ပို့တာပါ။ ကိုယ့်မှာ ပိုက်ဆံရစရာကလည်း သူဘဲရှိတာ မဟုတ်လား။ နောက်ပြီး သူက ညည်းပါတယ။် အိုဗာတိုင်တွေ များလိုက်တာ ပင်ပန်းတယ် ဆိုရာကနေ စကားကို စလိုက်တာ ကိုယ်ခေါက် တဲ့ ဆီ ရောက်သွားပါတယ။် သူမှာ ကလည်း ပိုက်ဆံ့ ပိုဝင် စရာ ဆိုလို့ အိုဗာတိုင် ဆင်းမှ ရမှာ ကိုး။ အဲဒီ မှာ သူ က တောင်းပန်ရပါတယ။် မင်း အဝိုင်းပြားကို မခေါက်စမ်းပါနဲ့ကွာ။ ဒီမှာ့ပင်ပန်းလွိန်း လို့ ဆိုတော့မှ ကိုယ်လဲ ဆက်မခေါက်တော့ ဘဲသိမ်းထား လိုက်တော့မှ သူလဲ သက်သာရာ ရပါတယ်။

ရှိသေးတယ။် ဘုန်းကြီးဆီ က အမွေရလိုက်တာ သူရသတီအရုပ်ကလေးနဲ့ အင်းပြားတစ်ချပ်။ ဒီလောက်ဘဲ။ သူက သက်ဆိုင်ရာ လူကို သက်ဆိုင်ရာ အရုပ်ကလေး နဲ့အင်းပြား ကလေးကို case by case ပေးတာပါ။

ကိုယ့်သူငယ်ချင်းတစ်ယောက်ကိုတော့ စာမေးပွဲနီးရင် ဘဲဥ မစားရဘူးတို့။ မပြောင်းလိုရင် ပြောင်းဖူးကို ဘုရားတင်ပါတို့။ နောက်ဆုံးကိုယ်နေချင်တဲ့ နေရာမှ သံရိုက်ပါဆိုလို့ သူက သူအလုပ်လုပ်တဲ့ နေရာမှာ သံရိုက်ထားပါတယ။် သူ့ရန်ကုန်အိမ်မှာလဲ သံရိုက်ပါတယ။် အဲဒီတုံးကတော့ နယ်မပြောင်းချင်လို့ပါ။ ပြီးတော့ကာ နိုင်ငံခြား လာမယ် ဆိုတော့ဘယ်လို မှ ထွက်မရဘူး အကြောင်း အမျိုးမျိုးနဲ့ အလုပ်က သံက သွားနှူတ် လို့ရပေမဲ့ နေတဲ အိမ်က သံက တော့ နှူတ်မရတော့ပါဘူး ခြံတိုင် မှာ သံရိုက်ခဲ့တာ အဖေ က ခြံတိုင်ကို အုတ်တိုင်လုပ်လိုက်တော့ မျြှုပ်သွားပါလေရောလား။ နောက်ဆုံးတော့ မည်သို့မည်ပုံ လုပ်လိုက်သည်မသိ. နိုင်ငံခြားတော့ရောက်လာပါတယ်။

တို့ကိုလည်း ဘုန်းကြီးက ယောကျာ်းနှိုပ်စက်မယ် လို့ဟောပါသေးတယ်။ ဗေဒင် ဟောတ အန်မတန်ဝါသနာပါပါတယ်။ လူကိုမြင်တာ နဲ့ကျောက်သင့်ပုန်းကို ဆွဲကိုင်ြီ့ပီး တွက်တော့တာပါဘဲ။ ဟုတ်ပါ့ နျိပ်စက်ပါတယ်။ အန်မတန်အပျော်အပါးမက်တဲ့ လမ်းကြိုက် တဲ့ကိုယ်က လိမ်လိမ်မာမာလေး နေရပါတယ်။ လူကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်း ခင်ရယ် ဘာလို့ အိုလာရတာလဲ လို့လည်း ဆိုပြန်ပါသေးတယ်။ ရန်ကုန်ကို လေးလ တစ်ခေါက်လောက်သွားပြီးတော့လည်း လူတွေ အထင်ယောင် အမြင်မှားဖြစ်အောင် လုပ် တတ်ပါသေးတယ်။ တပါတ် လောက်နေပြီးပြန်လာပြီးသကာ လ လူကိုကြည့်ပြီး အလန့်တကြားနဲ့ ဟာ မင်း ဝလာလိုက်တာ လို့လည်း ရန်ကုန် က ဆိုက်သေးလေးတွေ နဲ့ယျဉ်ပြီးတော့ လည်း ပြောတတ် ပါသေးတယ်။ နိပ်စက်တယ်။တကယ်နီပ်စက်ပါတယ်။.အာားာာာာာာာာား။။.

59 comments:

  1. :))

    Here I am..,

    :))

    ReplyDelete
  2. မောင်နိပ်စက်ရင် အဟို အမဲဝိုင်းပြားလေးခေါက်လိုက်ပါလား။
    အိုဗာတိုင် နေ့တိုင်းဆင်းခိုင်းပစ်လိုက်။

    ReplyDelete
  3. Ha ha
    Iam # 3.
    Good to read your YATAYR,.. mama
    BTW... anybody know how to say in English for YATAYAR?

    ReplyDelete
  4. မမ စကေးတက်လာပြီး)
    စာရှည်တာကိုပြောတာ

    ReplyDelete
  5. နံပါတ်တစ် မန့်တာ အိုင်ပါ။ kom ပိုစ့်တိုင်းလိုလို အမြဲ နံပါတ်တစ် ရအောင်မန့်ပါတယ်။ တခါတလေလဲ လွဲပါတယ်။

    ပိုစ့်အသစ်တင်ရင် အိုင့်မှာ နေရာလာလာဦးရတာ။ kom ကို ချစ်ခင်အားပေးတာပေါ့။

    သူများကသာ kom ကို ချစ်ရခင်ရတာ။ အဲဒါကို သူက ရက်ရက်စက်စက် ဓါးကြည့်ထားဆိုပီး စီဘောက်မှာ သူများကို ကြိမ်းဝါးသေးတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် အိုင်က kom မှ kom ပါဘဲ။

    kom အိုင့်ကို ပြန်ပီး ချစ်အောင်ခင်အောင် ဘယ်လို ယတြာခြေရရင် ကောင်းမလဲ စဉ်းစားနေမိတယ်၊ တကယ်။ :))

    ReplyDelete
  6. စကားချပ်: kom ရဲ့ analysis ဆိုတဲ့ ပိုစ့်ထဲက သူအုံးသီးခွဲတဲ့ ဓါးကြီးနဲ့ သူများကို ကြည့်ထားဆိုပီး ကြိမ်းဝါးတာပါ။

    ဒို့က မြန်မာဘလော့တွေမှာ kom ကိုပဲ အသဲစွဲအောင် ချစ်ခင်ရတာပါကွယ်။ :))

    ReplyDelete
  7. ပညာရှိနှိပ်စက်နည်းဆိုတာ အဲဒါကိုပြောတာထင်တယ်
    နော်......း)

    ReplyDelete
  8. ဘုန်းဘုန်းလိပ်စာကိုညွန်ပါလားအမ..
    ကျနော်လဲ ယတြာလေးများချေချင်လို့ ..
    တစ်ခါတည်းမကောင်းတာတွေပြောက်သွားရအောင်..
    လူပါပြောက်သွားလဲကောင်းတာပဲ..
    ဟ...ဟ...
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  9. မမ ယတြာတွေ ကောင်းလှချည်လား... စိတ်ဝင်စားတယ်။ kmsl ကို ရန်ကုန် ခဏခဏ မသွားနိုင်အောင် ဘုန်းဘုန်းကို ယတြာ တောင်းလိုက်ပါလား :)

    ReplyDelete
  10. အဲဒါမျိုးလေးကလည်း နှိပ်စက်နည်းတဲ့လား။ ဂရုစိုက်တာ မဟုတ်ဘူးလားဟင်။ မျက်စိအောက်မှာ တစိမ့်စိမ့် ကြည့်ခံနေရတာ ချစ်လွန်းလို့ နေမှာပေါ့ဗျာ။ နှိပ်စက်တယ်လို့ မမြင်ပါနဲ့လားဗျာ။

    အဟီး... ကိုမဆလာဘက်ကနေ အခမဲ့ ရှေ့နေလိုက်ကြည့်တာ။ ရှေ့နေ့လိုက်မှ ထောင်လုံးလုံး ကျတာ ဖြစ်ဖြစ်... ထောင်ပြားပြား ကျတာ ဖြစ်ဖြစ်... ကျွန်တော်နဲ့ သက်ဆိုင်ခြင်း အလျှင်းမရှိစေရ။

    ReplyDelete
  11. လုပ်ချလိုက်ပြန်ပြီဗျို့ ယတြာကောင်းတော့ ဘာပျောက်ဆိုလား ကြားဖူးတာတော့ရှိတယ်။ အမပြောသလိုဆို ဟုတ်တုတ်တုတ်။

    ReplyDelete
  12. မွန်ပြောတဲ့ idea ကောင်းတယ် မမ။ အဲဒီအမဲပြားလေးသာ ခေါက်နေလိုက်တော့ ။ ကိုမဆလာ ရန်ကုန်တောင် သွားချိန်ရှိမှာမဟုတ်၊ ဂျပိန်လေးတွေနဲ့လဲ ဟေးလားဝါးလားဆိုတာ ဝေးသေး။ ချိုသင်းကိုလဲ အဲဒီအမဲပြားလေး ခဏ ငှားပါလားဟင်..:)

    ReplyDelete
  13. 8 Mar 09, 01:31
    ပေါက်: ဘာလုပ်ဘို့လဲ..မမ

    8 Mar 09, 01:30
    kom: ဒီလောက်သိလဲ မဆိုးပါဘူးလေ။

    8 Mar 09, 01:30
    ksg: ယတြာတော့ မသိဘူး astrology

    8 Mar 09, 01:30
    kom: e လိုပေါင်းပြပါ

    8 Mar 09, 01:29
    ksg: အက်စထရော်လော်ဂျီ

    8 Mar 09, 01:29
    kom: ဗေဒင် နဲ့ ယကြာ ကို e လို ဘယ်လိုခေါ်လဲ

    ReplyDelete
  14. 8 Mar 09, 09:58 AM
ုkom: juneone:Recent Comments အောက် က တစ်စုံတစ်ယောက် ရဲ့ commnet ကို နျိပ်လိုက်ပါ။ post ပေါ့်လာပါလိမ့်မယ။


    8 Mar 09, 08:39 AM
    juneone: စီဘောက်ပဲမြင်ရတယ်။

    8 Mar 09, 08:39 AM
    juneone: မမရဲ့post ကိုမမြင်ရဖူး

    ReplyDelete
  15. ဖတ်သွားတယ်... အဲလို အမဲပြားလေးရှိရင် ကောင်းမှာပဲ... အိပ်ရင်းနဲ့ ခေါက်နေရုံပဲ... ထိုင်ခေါက်နေရမှာ ပျင်းလို့...

    ReplyDelete
  16. မမ... အမဲပြားဝိုင်းလေးပေးပါနော်...

    ReplyDelete
  17. မမဘုန်းဘုန်းလိပ်စာအီးမေးထဲပို့ပေးပါ........
    တကယ်သွားမှာနော်။

    ReplyDelete
  18. ဟုတ်တယ်မမခင်ဦးမေ။ လိပ်စာပေး။ တကယ်သွားမေးမှာ။ နော်နော်နော်လို့ ပေးလို့လိပ်စာ။ :D

    ReplyDelete
  19. အစ်မ အဲဒီ အမဲပြားလေး ပြန်ရောင်းပါလား..ခေါက်နေရင် ပိုက်ဆံဝင်တယ်ဆိုလို့...:P

    ReplyDelete
  20. အမဲပြားလေး ဆိုတာ ဘာလဲဟင်..အဲဒါကို အရမ်းစိတ်ဝင်စားလို့ပါ။ ခေါက်ချင်လို့။

    ကြည်

    ReplyDelete
  21. မမ kom,
    ဘုန်းဘုန်းလိပ်စာ ဖွက်ထားပါ။ အမျိုးသမီးထုကြီး သိရင်မလွယ်ပါ။

    ReplyDelete
  22. မမ kmsl ကျတော့ မ၀ဘူးလားဟင်...သူ့လဲ နွားနို့နဲ့ corn flake တိုက်ပါလား။

    ReplyDelete
  23. အမဲပြား...၊ အမဲပြား..
    အားလုံးတောင့်တနေကြတဲ့ အမဲပြား....။

    ReplyDelete
  24. အမဲပြား ခနငှား မဟုတ်ရင်လဲ အဲဒီအမဲပြားကို ဓါတ်ပုံရိုက်ပြီးတင်လိုက်။ အဲဒီဘုန်းဘုန်းက ရွှေတောင်ကြားထဲက မစိုးရိမ်ဘုန်းဘုန်း လား၊ ဒါဆိုရင်တော့ ခက်ပြီ သွားလဲမေးလို့ မရတော့ဘူး၊ ဘုန်းဘုန်းက ပျံလွန်တော်မူသွားပြီ။
    ကဲနောက်ထပ် အဲလိုဘဲ ဗေဒင်အရမ်းမှန်တဲ့ ဘုန်းဘုန်း တစ်ယောက်ရှိတယ်။ အင်းစိန်မှာ သွားမေး ဘုန်းဘုန်းရွှေမန်းတဲ့

    ReplyDelete
  25. ဒီလောက် အားပေးတဲ့သူတွေနဲ့ဆို ဘုန်းကြီးဆီက အမဲပြားကို တောင်းပြီး စီးပွားဖြစ် ထုတ်ရောင်းရင်တောင် သူဌေးဖြစ်လောက်တယ်။ ဟီးဟီး။

    ReplyDelete
  26. zt က အကွက်မြင်သွားပြီ..
    မ kom လေး ရေ..
    ဗေဒင်လဲ သိပ်မမေးဖြစ်ပေလို့ ပဲ.. ၁၀ ကြိမ် ထဲ ဟုတ်လား..း)

    ReplyDelete
  27. မမ kmsl နှိပ်စက်ရင်...အမဲဝိုင်းပြားလေးက်ုခေါက်လိုက်။မမရေ ယောက်ျားတွေများ မရခင်က ကိုယ်သာအလှဆုံး၊ရပြီးတော့ ကိုယ်ကလွဲရင် အားလုံးလှတယ်။။။။။။။။။။။။။။။။

    ReplyDelete
  28. လူမသိ သူမသိ နာမည်ကြီးတယ်ဆိုတာကို ဦးနှောက်စားသွားတယ် :(

    ReplyDelete
  29. မမပြောရဦးမယ်သိလား။တစ်ခါတစ်လေ တို့ကဘယ်သူငယ်ချင်းက တို့ကို ကြည့်လို့ကောင်းတယ်။ဘယ်အ၀တ်အစားနဲ့ဘယ်
    လိုဆိုရင်လေးးးးးး
    သူကးးးတို့ကို သူများပြောတိုင်းဟုတ်ပဟုတ်ပ လုပ်မနေနဲ့တဲ့လေ။

    ReplyDelete
  30. ခက်ရင်းတွေရောင်းကောင်းဦးမယ်း-)

    ReplyDelete
  31. အစ်မ..
    မေးကြည့်ချင်တယ်။ လိပ်စာပေးလေ။

    ReplyDelete
  32. သုနှင်းဆီပြောသလိုပဲ မမ :P

    ReplyDelete
  33. ယတြာ = amulet လို့ထင်ပါတယ်။ အမှန်က အဆောင်လက်ဖွဲ့ကပိုနီးစပ်တယ်။ အချိန်ယူပြီးမန့်ပါမယ်။ အခုတော့ ဒီလောက်ပဲ။

    ReplyDelete
  34. :)) ယောက်ျားကနှိပ်စက်ရင် ယတြာချေကြည့်ပါလား ဟိဟိ.. ယတြာတွေကြိုက်လို့ လာရယ်သွားပါတယ်..

    ReplyDelete
  35. ပျော်ရွှင်စွာ ပြန်သွားလေသတည်း။
    မမ အမဲပြားဝိုင်းလေး ခေါက်တာရယ်..ကိုမဆလာက မမကို နှိပ်စက်တာရယ်.. တော်တော်ရီသွားရပါတယ်။

    မမ ပျော်ရွှင်ချမ်းမြေ့ပါစေ..
    ကျောက်ချဉ် လုပ်နည်း ပို့စ်လေးလည်း တင်ပေးပါဦး..။ :)

    ReplyDelete
  36. သိတ်လည်းမခေါက်ပါနဲ့သမီးရယ် ဟိုတစ်ယောက်ဂေါက်သွားပါအုံးမယ်။

    ReplyDelete
  37. ရယ်ရတယ်..နှိပ်စက်နည်းကလဲ။ တော်တော်ရက်စက်တာပဲနော်။ :P

    ReplyDelete
  38. မမ၊ ယတြာကတော့ အမိုက်စားပဲ။ ကိုMSL ကို သတိရအောင် အစဖော်ပေးတာလား။ :D

    ReplyDelete
  39. အဟေးဟေး
    အစ်မကွန်
    ရေးတတ်ပါ့။

    ReplyDelete
  40. အမဲဝိုင်းပြားကို တော်တော်စိတ်ဝင်းစားနေကြတယ် အမဲပြားလေးအကြောင်းရေး ပါဦး ပြီးတော့ ခရေ အစား ခရင်းနှစ်ချောင်းတင်လည်း ရတယ်တဲ့လား .... ထူးဆန်းပါပေ့ မမဂွိရယ်... :p စမ်းကြည့်ဦးမှ...

    ReplyDelete
  41. ဒီပို့စ်လေး ကြိုက်တယ်း) တော်လာပြီး

    အဲ့လို အမဲပြားဝိုင်းခေါက်တဲ့သူနဲ့ညာ တေပြီဆရာ အင်းး...မိန်းမသား သဘာဝဆိုတော့လည်း ယုံတာပေါ့လေနော့်း)
    အဆင်ပြေပါစေ


    အော် မေ့လို့ Visited နော် :P

    ReplyDelete
  42. အော် လူတွေ လူတွေ...
    လက်နက်အားကိုးဆိုတာ ဒါပဲနေမှာ။
    ဒါမျိုးဖတ်ပြီးရင် ကျိုးစားပြီး ကိုယ့်ကိုယ်ကု
    ဖြေပါတယ်... တရားနဲ့ပဲ။

    ReplyDelete
  43. Xထုံ =ဘာလုပ်ဖို့လဲ မမ..(astrology)
    မမ = X ထုံ....ဒါကြောင့်မို့Xထုံလို့ခေါ်တာ..
    Xထုံ = ဘာမှနားမလည်ဘူး
    မမ = စီဘောက်စ် ၄ ခုလုံးဖတ်ပါဆို..
    Xထုံ = အာာာ...မဖတ်ချင်ဘူး..၃ခုပဲဖတ်တာ...
    ၃ခုဆိုတော်ရောပေါ့...
    Xထုံ

    ReplyDelete
  44. မခင်ဦးမေစာတွေကတော ဘာရေးရေးဖတ်လို့ကောင်းနေတာပဲ

    ReplyDelete
  45. ဗေဒင်... အင်း သိပ်မမေးဖူးဘူး...
    မမှန်ရင်လဲ ကြောက်တယ်..
    မှန်ရင်လဲ ကြောက်တတ်တယ်.. ဒါကြောင့်
    အတတ်နိုင်ဆုံး မမေးဘူး..
    မမရေးထားလို့ ဗေဒင်တွေ မှန်တာကိုတွေ့ရတော့ အံ့သြမိတယ်.. ယတြာ တွေကလဲ တော်တော်စွမ်းတာပဲနော်... မမရဲ့ အမဲပြားဝိုင်းလေးကို လူတွေ တော်တော်များများ စိတ်ဝင်စားကြတယ်နော်.. ဟီဟိ...

    ReplyDelete
  46. :D ဗေဒင်ကတော့ ၇၀% ကနေ ၉၀% အထိမှန်တဲ့ အတွက်ကြောင့်ဖတ်ပါတယ်။
    သပ်သပ်သွားမေးတော့ ကိုယ်တိုင်မလုပ်ဘူး။
    ကြုံလို့မေးလိုက်တာမျိုးတော့ရှိတယ်။

    :-)

    ReplyDelete
  47. ရောက်တာတော်တော်နောက်ကျ နေပြီဘဲ။
    အမဲဝိုင်းပြားလေးတော့လိုချင်သား :P

    ReplyDelete
  48. 8 Mar 09, 09:36 PM
    tint: မခံစမ်းပါနဲ့  အေးဆေးပါ ။ :P
    8 Mar 09, 09:35 PM

    tint: ကျန်သွားတယ် ။ မောင်ကျောင်းသားရယ် ယောက်ျားကောင်း ရှားတဲ့ ဒီခေတ်မှာ မိန်းမရဘို့  အရေး အဲလောက် အပင်ပန်
    8 Mar 09, 09:33 PM
    tint: :P

    8 Mar 09, 09:33 PM
    tint: ဟီးဟီး KOM ရေ ရန်စတာမဟုတ်ဘူးနော် ။ ဘာသာပြန်ပေးတာ

    8 Mar 09, 09:32 PM
    tint: အဆောင် လက်ဖွဲ့  = amulets
    8 Mar 09, 09:32 PM
    tint: http://skepdic.com/sympathetic.html


    8 Mar 09, 09:31 PM
    tint: Most of us, from time to time, undoubtedly slip into this primitive mode of thinking, ( go to link )

    8 Mar 09, 09:31 PM
    tint: ယတြာ = sympathetic magic

    ReplyDelete
  49. မဂွိစ် ... ဗေဒင် လာမေးတာ ၊၊
    စီးပွါးရေး ၊ ကျန်းမာရေး ၊အချစ်ရေး ဟောပေးပါ ၊၊ မဂွိစ်

    ReplyDelete
  50. မမရေ
    ဘလော့မှာ သံလေးရိုက်နေတာ..ဟားဟား

    ReplyDelete
  51. ဒါဖတ်ပြီး ကျနော့်သူငယ်ချင်းပြောတဲ့ "ယားဒရိုး ဒင်းရူး ပလောင်းပလုပ် အသားစေ" ("ယိုးဒယား ဒူးရင်း....) ဆိုတဲ့ ယတြာတောင် သတိရပြီး ပြုံးမိသေးတယ်။

    ReplyDelete
  52. မမရေ... ယောကျာ်းနှိပ်စက်မယ့် ဘေးကင်းအောင် ယတြာကော မတောင်းလိုက်ဘူးလားဟင်... ဒါပေမယ့် သူနှိပ်စက်လာရင် အမဲပြားဝိုင်းသာ နာနာသာတီးပစ်လိုက် ဟီးးးး မှတ်ကရောပေါ့...

    ReplyDelete
  53. ယောကျာ်းနှိပ်စက်လို့အမဲပြားဝိုင်းတီးလို့မရရင်၊အမဲလုံးသာတီးပစ်လိုက်။

    ReplyDelete
  54. “ ဒီ ဆရာတော် နဲ့ ကတော့ လုပ်ဘူးပါတယ်။”
    (Pagoda, pa..go...da)

    စာလုံးပေါင်းမှားတာ တော့ “ စ..လုံးတိုင်” ပါ.
    အဲ ဂလိုဂျီး တော့ နောက်နဲ့ .
    ငရဲ အိုး ဂျိုး ကပ် (အဲ..မိန်းခလေး တွေ နဲ့ မဆိုင်). :P
    ငရဲ အိုး ဇောက်ထိုးကြ လိမ့်မယ်.

    အော်...
    “ခရေ” မရှိတာနဲ့ များ..
    “ခရီး” ရောက်အောင်
    “ချဉ်ရည်” ဟင်းကို
    “ခရု” ဆီလေးထည့်
    “ခက်ရင်း” လေးနဲ့ သောက်...ခွိ
    “ခေါင်ရမ်း” ပန်းလေးပါ ပန်ထားဖို့ မေ့နဲ့ .

    ဗေဓကဝိန် ဆြာ “လိမ်”

    ReplyDelete
  55. အရမ်းကိုဖတ်လို့ ကောင်းတယ်..စိတ်ဝင်စားအောင်ရေးတတ်တယ်နော်

    ReplyDelete
  56. အမဲပြားလိုချင်တဲ့သူတွေ အများကြီးပဲ ဒီမှာနော်ကုလား..အမဲသားရောင်းတယ်.အားဂျီးလတ်ဆတ်တယ်..အပြားေ၇ာ အလုံးရော အဝိုင်းရောရမယ်

    ReplyDelete
  57. အမဲဝိုင်းပြားလေးခေါက်ရင် ပိုက်ပိုက်ပို့တယ်ဆို လိုချင်လိုက်တာ။ ဘယ်သူက ပို့ပေးမလဲ မသိ။
    ခေါက်ရင် ပိုက်ပိုက်ရတာတောင် ပျင်းလို့ အိပ်ရင်းခေါက်မတဲ့။ မဆိုးဘူး ဒါလည်း လူသက်သာမယ်။

    ReplyDelete
  58. အဲဒိဟာလေး ခေါက်တိုင်း ပိုက်ပိုက်ဝင်တယ်ဆိုရင် ဆိုးဘူး။

    ReplyDelete
  59. ဗေဒင်ယတြာအကြောင်း တခုတ်တရရေးထားလို့ လာဖတ်မိပါတယ်။ ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေးရော ကံမစမ်းခဲ့ဘူးလားဗျ။ ယတြာအချေကောင်းလွန်းလို့ လူခမျာလည်း မျော့သွားရှာမပေါ့။ အစ်မ ရေးတာက ဗေဒင်ကို ယုံကြည်တဲ့ဘက်က များတယ်နော်။

    ReplyDelete