Monday, March 9, 2009
Poem of the day
မိုးတွေ ကလည်းစွေ..
ကိုယ့်အသည်းတွေ ကလည်းကြွေ..
မင်းအနားမှာလေ....
71 comments:
  1. ဒီတစ်ခါ အနော် ပထမ
    ဒါပေမယ့် ဘယ်နေရာမှာလဲ အမ။
    ရာသီဥတုကြီးကိုတော့ ရုံးထဲမှာ မုန်းမုန်းနဲ့ ကြည့်နေတယ်
    ReplyDelete
  2. အဟဲ... ဒို့ချစ်မကြီးက ကဗျာတွေ ကာရံတွေနဲ့ပါလား... တော်တော်ကြာ ချစ်ရသူကြီး ပေါက်ချလာနေဦးမယ်ဗျို့... ဟီးးးး :P
    ReplyDelete
  3. ကဗျာလဲစပ်တတ်တာပဲလားငှင်ငှင်ငှင်
    ReplyDelete
  4. ကြွေတဲ့ အသဲလေး မိုးရေထဲ မျောမသွားစေနဲ့
    ReplyDelete
  5. ခံစားချက်တွေ တစ်ယောက်နဲ့ တစ်ယောက်ကူးသွားပြီ။
    ReplyDelete
  6. မိုးတွေ ကလည်းစွေ..
    ကိုယ့်အသည်းတွေ ကလည်းကြွေ..
    မင်းအနားမှာလေ....
    ငုတ်တုတ်နေ။
    mm
    ReplyDelete
  7. ပုံနဲ့ စာတော်တော်လိုက်ဖက်တယ်း) အသည်တွေမြေခ ပုလဲတွေကြွေကျတော့ အမဲတွေပြချသွားတယ် သွားတိုက်ဖို့ :P
    ReplyDelete
  8. တော်ပါဗျာ တော်ပါဗျာ မိုးသူ့ဘာသာရွာနေတာအကောင်း မိုးကြိုးပါပစ်ချလိုက်မှဖြင့် .. ဒွတ်ခ။
    တော်ကြာ စိုင်းစိုင်းမြင်သွားမှ သီချင်းလုပ်ပစ်လိုက်ပါဦးမယ်။
    ReplyDelete
  9. ကျနော်အတွက်တော့မိုးနဲ့ အတူမျောသွားသလားရယ်..
    ReplyDelete
  10. စကားမစပ် KMSL စပ်တဲ့ကဗျာလားဟင် .. အရီးကွန်ကတော့ ဒီလောက်ခံစားရမှာမဟုတ် .. သူသာ....
    ReplyDelete
  11. ဟိုက္ကူ လိုလိုဘာလိုလို ဆိုပါတော့
    ဖြူဖြူကျော်သိန်းလိုတော့လုပ်နဲ့နော်
    ရင်မှာမီးတောက်
    ထင်မှာချီးခြောက်
    အဲဒါမင်းကြောင့်
    ဆိုတာလေ
    အဟီး
    ReplyDelete
  12. ရိုက်ချင်ရာရိုက်("tza"သတ်သေလိုက်တော့ ကင်မရာနဲ့အတူတူ)၊ရေးချင်ရာရေး("ကောင်းကင်ကို" အဘားအဘားအော်သွားနိုင်တယ်)ပေါက်ကရတွေတင်လည်း၊ကြည့်ရ ဖတ်ရတာစမ်းတယ်ဆိုပြီးဖြစ်ကြတာပါပဲ။
    ReplyDelete
  13. အလ်ဆိုင်းဇီ လုပ်နေတယ်..........
    (မိုးရေတွေစိုနေတဲ့ မင်းလေးကို..........)
    ReplyDelete
  14. ဝေး မိုက်တယ်ဟ :P
    ReplyDelete
  15. စာက စိတ်မပါပေမယ့် ရေးရင်းနဲ့ ဈာန်သွင်းလို့ရတယ်။
    ကဗျာဆိုတာမျိုးက စိတ်ထဲက မပါရင် တစ်လုံးတောင်ရေးလို့ ရတာမဟုတ်ဘူး။
    ဟုတ်တော့ ဟုတ်နေပါပြီ၊ အမ တစ်ယောက်ယောက်ကို သတိရနေတာ။
    ReplyDelete
  16. နေကလည်း ပူ
    အသည်းကလည်း အူ
    မင်းကလည်း အနားမှာ ဆူ
    (တောက် မသာမ)
    ReplyDelete
  17. မမကွမ်ကိုဆဲတာမဟုတ်ဘူးနော်..
    ကဗျာထဲက ဘဲက သူ့ဘေးမှာ လာဆူနေတဲ့ ကောင်မလေးကို စိတ်ပေါက်ပေါက်နဲ့ အဲလိုအော်လိုက်တာ..
    ReplyDelete
  18. မိုးတွေကလည်း ရွာ…
    ကိုယ့်အသည်းတွေကလည်း မာ…. (ကင်ဆာကြောင့်မဟုတ်)
    မင်းကလည်း မလာ။
    မိုးတွေကလည်း စဲ
    ကိုယ့်အသည်းတွေလည်း ကွဲ…
    မင်းကလည်း တလွဲ။…………….
    မိုးတွေကလည်း ကြမ်း
    ကိုယ့်အသည်းတွေကလည်း လွမ်း
    မင်းကလည်း ဗြန်း……… (ဘာမှန်းတော့ မသိ…ကာရန်တူတာ ယူလိုက်တာ)
    မိုးတွေကလည်း ပက်
    ကိုယ့်အသည်းတွေကလည်း အက်
    မင်းကလည်း ခွက်………။ (ခွက် ကျ ခြင်း)
    မိုးတွေကလည်း မှောင်
    ကိုယ့်အသည်းတွေကလည်း ယောင်
    မင်းကလည်း ပြောင်…….. (ပါးပြောင်တာကိုပြောတာ၊ တလွဲမတွေးနဲ့)
    အောက်ပါ အိမ်စာများကို ပြီးအောင် ဆက်လုပ်ပါ။ တပုဒ် သုံးမှတ်။ (ပေါက်ကရ မစဉ်းစားရ)
    မိုးတွေကလည်း ညို…..
    မိုးတွေကလည်း ချုပ်…..
    မိုးတွေကလည်း ခေါင်…..
    မိုးတွေကလည်း ဖွဲ…..
    မိုးတွေကလည်း စွေ…..
    မိုးတွေကလည်း ချုံး…..
    မိုးတွေကလည်း ခြိမ်း…..
    မိုးတွေကလည်း မဲ…..။
    မိုးတွေကလည်း ကြီး…..။
    မိုးတွေကလည်း ညံ….။
    ReplyDelete
  19. မိုးတွေ ကလည်းညို
    ကိုယ့်အလွမ်းများလည်းပို။
    မင်းက လည်း လို။
    မိုးတွေ ကလည်း ဖွဲ
    ကိုယ့်အသည်းများလည့်း ကွဲ။
    မင်းကလည်း ဇကွဲ။
    ReplyDelete
  20. ညံ့တယ်။ သုံးဆယ်ဖိုးမေးတာ ခြောက်မှတ်ဖိုးပဲ ဖြေနိုင်သေးတယ်။
    ReplyDelete
  21. မိုးကလည်းမှောင်
    မှောင်ကလည်းမှောင်မဲ
    မရဲတရဲနဲ့ အဟဲ
    ရုတ်တရက်ထကြည့် အဟိ
    လျှပ်စီးလက်တာ မြင်၏
    ကျွှန်တော်ကြောက်၏
    ထို့ကြောင့်.....
    ကုတင်ပေါ်မှာ အပေါ့သွား၏
    ( ဘာမှန်းတော့မသိ အများသူငါ ၀ိုင်းကာ ကာရံစပ်ကြသဖြင့် ၀င်၍စပ်လိုက်သည်။ )
    အမှားရှိက ကြေပါစေ
    ReplyDelete
  22. နန်းညီရီရတယ်....:P
    ReplyDelete
  23. အလဲ့ တယ်ကဗျာဆန်နေပါလား ချစ်မကြီး
    မိုးတွေကပြိုမယောင်
    ကိုယ့်အတွေးတွေက ကြောင်တောင်တောင်
    မင်းနဲ့ တော့ လွဲလို့ မဖြစ်ပေါင်
    (သူများတွေရေးတာမြင်လို့  လိုက်ရေးသည်)
    ReplyDelete
  24. read.
    ^_^
    ကြည်
    ReplyDelete
  25. မမရယ်.. ကိုမဆလာက တော်တော်နှိပ်စက်နေတယ်ထင်ပါရဲ့. .အသည်းကြွေ ကဗျာလေးတပုဒ်တောင် ထွက်လာရတာ..။ ဟဲဟဲ
    ReplyDelete
  26. အို ဘာတဲ့တုန်း
    :)
    ReplyDelete
  27. မိုးတွေကလည်း ခေါင်…..
    အလွမ်းတွေနဲ့လည်း လောင်...
    မင်းကလည်း ကြောင်..(အဲဒါဆို မောင်မျိုး)
    မင်းကလည်း ဒေါင်..(အဲဒါ ချစ်သူက ငြိမ်ငြိမ်မနေလို့ ထိပ်ခေါက်ပစ်တာ)
    ReplyDelete
  28. အဟမ်း...
    ခံစားချက်တွေနော် .. ခံစားချက်တွေ
    ReplyDelete
  29. မိုးတွေကမဲ
    အသဲကလဲကွဲ
    မင်းကတော့ကြူနေဆဲ
    ReplyDelete
  30. မိုးတွေကလဲချုံး
    ဖဲကလဲရှုံး
    ပိုက်ဆံမချေးချင်တဲ့မင်းက
    ပတ်ပြေးနေတုန်း
    မိုးတွေကကြီး
    အသဲမှာလဲ ပတ်တီး
    မင်းကတော့ ပြုံးဖြီးဖြီး
    ReplyDelete
  31. မိုးတွေကလံညံ
    အရက်ကလဲမှန်
    မင်းကလဲစာမပြန်
    ReplyDelete
  32. အသည်းတွေကြွေနေတာတောင်
    စိတ်မနာနိုင်ဘူးဗျာ။ အနားမှာနေနိုင်သေးတယ်
    တကယ်မာတဲ့အသည်းပါလား
    ReplyDelete
  33. မိုးကလဲရွာ
    ပုဆိုးကလည်းမပါ
    (ဘောင်းဘီရှည် ၀တ်ထားသည်)
    ReplyDelete
  34. ကွန့်မန့်တွေကရှယ်ပဲ။
    ReplyDelete
  35. မိုးကလေည်းမှောင်
    ခွေးကလည်းဟောင်
    သူကလည်းကြောင်
    ReplyDelete
  36. မိုးတွေ ကလည်းခြိမ်း
    အသည်းတွေ ကလည်းဒိန်း
    သူကတော့ဂိမ်း
    ReplyDelete
  37. တိုတယ်..ဒါပေမယ့်ထိတယ်..တွေး သလောက် ပြန့် တယ်နော် ..
    ReplyDelete
  38. မိုးတွေ ကလည်းချူပ်
    လမ်းတွေကလဲ ရှုပ်
    မင်းစိတ်ကလဲပုပ်
    ReplyDelete
  39. မိုးတွေက မဲ
    အသဲတွေက ကွဲ
    ပုလင်းတွေက လဲ ...
    ခေါင်းတွေက ခဲ
    နောက်နေ့
    ရုံးမတက်နိုင်ရင် ဒုက္ခပဲ..
    (ယမကာလုလင်တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်)
    ReplyDelete
  40. မိုးတွေကလည်း ညို…။
    ပန်းတွေငို
    စမ်းရေ ပြိုခဲ့..
    မိုးတွေကလည်း ချုပ်…။
    အလွမ်းဇာတ်ထုပ်
    ဖုံးမအုပ်နိုင်..
    မိုးတွေကလည်း ခေါင်…။
    မျက်လုံးကြောင်နဲ့
    မောင်..လား။..
    မိုးတွေကလည်း ဖွဲ ။
    အသည်းက ကွဲပြီးသား
    နည်းနည်းမှ အကောင်းမကျန်။…..
    မိုးတွေကလည်း စွေ…
    လွမ်းလို့ သေသွားတဲ့သစ်ပင်
    ပြန်ရှင်.....။..
    မိုးတွေကလည်း ချုံး…။
    အသဲ နုန်နုန်းမှာ
    အရှုံး ထောင့်ငါးရာ။..
    မိုးတွေကလည်း ခြိမ်း…
    မငြိမ်းရက်ဖြာ
    စိမ်းတစ်သက်တာ.
    မိုးတွေကလည်း မဲ…..။
    ခွဲတော့ မခွဲချင်ဘူး
    ချစ်ဦးရယ်။
    မိုးတွေကလည်း ကြီး…..။
    ပြီးခဲ့တာတွေကို
    ငြီးချင်းချ မနေလို။
    မိုးတွေကလည်း ညံ….။
    အလို မမကေအိုအမ်ရေ........
    ဟမ်...ဟမ် ဟမ် ဟမ်
    ReplyDelete
  41. မိုးတွေကလဲ ခြိမ်း
    ဂျိမ်း....ဗလိမ်း...ဒိန်းဒိန်းဒိုင်း
    ReplyDelete
  42. ကဗျာလာဖတ်တာ... ဘယ်နားမှာလဲဟင် :P
    ReplyDelete
  43. (အ)
    မိုးတွေ ကလည်းများ..
    ကိုယ့်အသည်းတွေ ကလည်းခါး..
    မင်းအနားမှာလား....
    အ.ဟား..အ.ဟား
    (အိ)
    မိုးတွေ ကလည်းအိ..
    ကိုယ့်အသည်းတွေ ကလည်းရိ..
    မင်းအနားမှာမချိ....
    အ.ဟိ..အ.ဟိ
    (အု)
    မိုးတွေ ကလည်းဆူ..
    ကိုယ့်အသည်းတွေ ကလည်းပူ..
    မင်းအနားမှာမူ....
    အ.ဟူ..အ.ဟူ
    (အေ)
    မိုးတွေ ကလည်းစွေ..
    ကိုယ့်အသည်းတွေ ကလည်းကြွေ..
    မင်းအနားမှာလေ....
    အ.ဟေ..အ.ဟေ
    (အဲ)
    မိုးတွေ ကလည်းမစဲ.
    ကိုယ့်အသည်းတွေ ကလည်းကွဲ..
    မင်းအနားမှာပဲ....
    အ.ဟဲ..အ.ဟဲ
    (အော)
    မိုးတွေ ကလည်းအော်..
    ကိုယ့်အသည်းတွေ ကလည်းခေါ်..
    မင်းအနားမှာနော်....
    အ.ဟော်..အ.ဟော်
    (အမ်)
    မိုးတွေ ကလည်းချမ်း..
    ကိုယ့်အသည်းတွေ ကလည်းကျွမ်း..
    မင်းအနားမှာမလန်း....
    အ.ဟမ်း..အ.ဟမ်း
    (အို)
    မိုးတွေ ကလည်းညို..
    ကိုယ့်အသည်းတွေ ကလည်းငို..
    မင်းအနားမှာဆို....
    အ.ဟို..အ.ဟို
    ReplyDelete
  44. ကဲ
    ဒုန်း
    ဂလုန်း
    အုန်း
    ဗုန်း
    ဂျိမ်း
    ဒလိန်း
    ဂွိမ်း
    အိန်း
    မိုးကြိုးတွေပစ်ကုန်ပြီ
    ReplyDelete
  45. မရေးတော့ဘူး ဘာမှကို မရေးတော့ဘူး
    ကွန်မန့်တွေဖတ်ပြီး ရီရတာ မျက်ရည်တောင်ကျတယ်။ သူတို့အားလုံး ဆိုးတယ်..:D
    ReplyDelete
  46. ဟုတ်တယ် အားလုံးဆိုးလို့ မိုးကြိုးပစ်ချလိုက်တယ် မှတ်ကရော
    ReplyDelete
  47. စိတ်ညစ်တာပျောက်၍ ပြုံး၍ပြန်ပါသည်
    မိုးတွေကစွေ
    အိပ်မရတော့ ရတက်ပွေ
    သူ့ကြောင့်တော့ ခက်တယ်အေ...
    မိုးတွေကထစ်ချုန်း
    ကြောက်လွန်းတော့ပုန်း
    သူ့ရင်ခွင်သာ အလုံဆုံး
    မိုးတွေကအေး
    ကိုယ့်ရင်မှာနွေး
    သူပေးတဲ့ဆေး
    မိုးတွေကယို
    အိမ်ထရံကစို
    အားငယ်စွာနဲ့ငို
    မိုးတွေကမဲ
    ချစ်သူနဲ့ကွဲ
    အသဲမှာဗြန်းကနဲ
    မြတ်နိုး
    ReplyDelete
  48. Poem of All Comments
    မိုးကလည်း
    ရွာနေတာ... တပေါက်... နှစ်ပေါက် ...
    ကိုယ့်အသည်းကလည်း
    မာနေတာ... မခြောက်... တခြောက် ...
    ကိုယ့် ငနဲကလည်း
    ပြာနေတာ... မဂေါက်... တဂေါက်...
    အမဲပြားဝိုင်းကလေးကိုလည်း
    အိပ်ရင်းက... ကောက်ကောက်... ခေါက်... ...
    ATN
    ReplyDelete
  49. မိုးကလည်း ညို…..
    ပုဆိုးကလဲ တို
    အဖိုးကဆဲဆို
    မိုးတွေကချုပ်…..
    အတိုးတွေက ရှုပ် (ငွေချေးထားတာများလို့)
    ဂျပိုးတွေက ကုတ်
    မိုးတွေက ခေါင်…..
    ဖိုးရွှေလရောင်
    မညှိုးစေရပေါင်
    မိုးတွေက ဖွဲ…..
    အိုးတွေကကွဲ
    သူခိုးတွေက ဆဲ
    မိုးတွေက စွေ…..
    ရိုးမြေကျပစေ
    အိုး ... မေ-မှ မေ (မခင်ဦးမေ ကို ksml ကပြောတာ)
    မိုးတွေက ချုံး…..
    ဖိုးငွေက ဂတုံး
    စိုးရွှေက ဆုံး
    မိုးတွေက ခြိမ်း…..
    ပျိုးတွေကယိမ်း
    မျိုးမေက စိမ်း
    မိုးတွေကလည်း မဲ…..
    ဖွဲကာရန်နှင့် တူတူမို့ မရေးတော့ပါ။
    မိုးတွေက ကြီး…..။
    ဆိုးပေက သူကြီး
    အတိုးတွေ ခွတီး
    မိုးတွေက ညံ….။
    နသိုးတွေက ထန်
    အမျိုးတွေက မာန် ...
    ဒန်ဒန့်ဒန် ....
    ကဲ ဘယ်နှမှတ်ပေးမတုန်း ကိုပေါး)
    ReplyDelete
  50. ကဗျောင် တွေကအရမ်း ရယ်ရတယ် ခွိခွိ :P
    ReplyDelete
  51. အောက်ပါ အိမ်စာများကို ပြီးအောင် ဆက်လုပ်ပါ။ တပုဒ် သုံးမှတ်။ (ပေါက်ကရ မစဉ်းစားရ)
    မိုးတွေကလည်း ညို…..
    မိုးတွေကလည်း ချုပ်…..
    မိုးတွေကလည်း ခေါင်…..
    မိုးတွေကလည်း ဖွဲ…..
    မိုးတွေကလည်း စွေ…..
    မိုးတွေကလည်း ချုံး…..
    မိုးတွေကလည်း ခြိမ်း…..
    မိုးတွေကလည်း မဲ…..။
    မိုးတွေကလည်း ကြီး…..။
    မိုးတွေကလည်း ညံ….။
    (Ko Paw)
    ပျော်လို့ အပျော်လေး ဝင်ရေးသွားတယ်...
    မိုးကလည်းညို
    အမျိုးတွေလည်းငို
    ပျို့မှာခက်သကို။
    မိုးကလည်းချုပ်
    အရင်းကပြုတ်
    ပျို့မှာငုတ်တုတ်။
    မိုးကလည်းခေါင်
    ဆံပင်လည်းပြောင်
    ပျိုရူးကြောင်ကြောင်။
    မိုးကလည်းဖွဲ
    အသဲကလည်းကွဲ
    ပျို့မှာငိုမဆဲ။
    မိုးကလည်းစွေ
    အခက်တွေလည်းပွေ
    ပျို့ကိုကိုရေ။
    မိုးကလည်းချုံး
    အတိုးကဆုံး
    ပျို့မှာအမုန်း။
    မိုးကလည်းခြိမ်း
    အဖိုးကလည်းကျိန်း
    ပျို့ခေါင်းတဗိန်းဗိန်း။
    မိုးတွေလည်းမဲ
    ငိုမိတာ တဗျဲဗျဲ
    ပျို့ရင်တွေကွဲ။
    မိုးတွေလည်းကြီး
    စိတ်တွေညစ်ပြီး
    ပျိုလစ်မယ်အပြီး။
    မိုးကလည်းညံ
    တောကိုလည်းပြန်
    ပျို့ကိုသနားအမြန်။
    အပျော်လေးပါနော်...။
    (ခင်လေးငယ်)
    ReplyDelete
  52. မမရေ.. မမကြောင့် မန့်တဲ့ သူတွေ အားလုံး ကဗျာစပ်ဖြစ်ကုန်ကြပြီ... တွန်းအားပေးတာ ကောင်းတဲ့ တို့မမကွ
    ReplyDelete
  53. This comment has been removed by the author.
    ReplyDelete
  54. It was raining
    Girls are giggling
    I was smiling :)
    Rain got heavy
    They became naughty
    I was honey
    Rain turned to storm
    Girls became to porns
    I was on thorns
    Rain began to disperse
    They got disappeared
    I was in the bars :(
    ReplyDelete
  55. အားလုံး မြန်မာစာ ဂုဏ်ထူးထွက်ကြပါသတည်း။ ကျနော်တော့ အားလုံးကို လက်ဖျားခါသွားပြီ။
    “မိုးကလဲရွာ
    ပုဆိုးကလည်းမပါ
    (ဘောင်းဘီရှည် ၀တ်ထားသည်)”……….. ဆိုတဲ့ သီဟသစ်ကိုတော့ အမှတ် ၁၀၀ အပြည့်ပေးလိုက်သည်။း-)
    ReplyDelete
  56. ဘယ်လိုလေးပါလိမ့်.....သေချာတွေးကြည့်မှ...
    အလို....မိုးတွေကလည်းစွေ..ကိုယ့်အသည်းကလည်းကြွေ..
    မင်းအနားမှာလေ....တဲ့...
    တော်တော်လေးကောင်းပါလား....
    ReplyDelete
  57. မိုးတွေက သည်း
    အသည်းကမအေး
    ပုလင်းတစ်လုံးနဲ့မှေး။
    အော်မှားလို့
    စောင်ခြုံပြီးကွေး....။
    ReplyDelete
  58. ကဗျာက ကျွန်တော်နဲ့ ကွတ်တိပဲနော်။ ကျွန်တော့် အတွက်များ စပ်ဆို ပေးသလား မှတ်ရတယ်။ အဟား...
    ReplyDelete
  59. အသီးကွဲ July ကတမျိုး....ဇွတ်...ကိုကိုလူဆိုးပဲ
    ReplyDelete
  60. မိုးတွေကရွာ ထီးကမပါ
    မိုးရေတွေရွှဲ ရှူးတွေေ၇ာပဲ
    ဘယ်သူမှမသိ ဟီးးးးး
    အမ ကျနော်ကို ကြိုအကြောင်းကြားဘူးနော့် ဟင့် ဟင့် ငိုခြင်းပါး)
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  61. မမကွမ်
    ကွန်မင့်တွေကို ပို့ စ်တခုအနေနဲ့ ပြန်တင်ရန်
    အကြံပြုပါသည်။ အရမ်းရီရလို့ 
    ReplyDelete
  62. nice post...
    same 2 u July Dream!!
    strike lol^^
    ReplyDelete
  63. မိုးတွေက “ကြီး“
    လိုနေတာ “ထီး“
    အိတ်ထဲပါတာ “ဘီး“
    .............
    .............
    .............
    စိတ်ကြီးကြီးနဲ့ ရေရွတ်မိတာက
    “ချီး“ .........တဲ့
    (စိတ်ဆိုးလွန်းလို့ ကိုယ့်ကိုကိုယ် ရွတ်မိတာပါအမားရယ်)
ီDeeDar
    ReplyDelete
  64. ဒီကနေ့ တော့ မနေ့ ကနဲ့ မတူ နေကိုခြစ်ခြစ်တောက် ပူနေပါရောလား
    ReplyDelete
  65. မနောသား: စာတွေ လာဖတ်သွားပါတယ် ..ပျော်ရွင်ပါစေ
    10 Mar 09, 02:19 AM
    ShwunMi: :-)
    10 Mar 09, 02:30 AM
    အောင်သာငယ်: အမဲဝိုင်းလည်း ကျပျောက်တတ်တယ်... pyaw
    10 Mar 09, 02:29 AM
    အောင်သာငယ်: - KOM - လျှောက် မကျပ်နဲ့နော.. လမ်းမှာ ခလုပ်တိုက်တတ်တယ်
    10 Mar 09, 02:29 AM
    အောင်သာငယ်:ုkom: အားလုံးလင့်ထည့်သွားကြတယ်နော်။ ကြောက်ကြတယ်နဲ့တူတယ။်
    10 Mar 09, 12:50 AM
    ကိုတိုးလေး: ဘလော့တစ်နှစ်ပြည့်လေးဖိတ်ပါတယ်။ ပျော်ရွှင်ပါစေ။
    ပေါက်: အဟီး..ပြောစရာမရှိလို့
    10 Mar 09, 12:35 AM
    သီဟသစ်: ပေါက်ဘာတွေဖြစ်နေတုန်း
    10 Mar 09, 12:24 AM
    အောင်သာငယ်: black
    10 Mar 09, 12:22 AM
    အောင်သာငယ်: ရောက်တတ်ရာရာ ကဗျာ တပုဒ်အား လာရောက် ချီးမြှင့်သွားပါကြောင်း၊ ဥာဏ်ပူဇော်ခ အမဲပြားတ၀ိုင်းချီမြှင့်ပါရန်
    10 Mar 09, 12:21 AM
    အောင်သာငယ်: မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ထုတ်ဝေတော့မည်ဖြစ်သည့်အတွက်
    10 Mar 09, 12:20 AM
    ပေါက်: ukrre
    10 Mar 09, 12:07 AM
    thetpaingthu: ဟွန်း.... ၁ မရရင် ဘယ်တော့မှ မမန့်ဘူး။ စိတ်ကြီးတယ
    9 Mar 09, 11:07 PM
    Craton: စာသားတွေနုနေတဲ့ ဂျီးဒေါ်.. ဂုဏ်ပြုပါကြောင်း.. (ဝမ်းသာခြင်းမဟုတ်ရပါ)
    9 Mar 09, 08:59 PM
    strike: run ကိုယ့်အနားကိုတိုးလို့ထား ခင်ဦးမေရယ့်အချစ်များ
    9 Mar 09, 08:57 PM
    strike: အိုးဘာတယ့်....kmsl အချစ်လေးကိုယ့်အနားကိုတိုးကပ်ပေး...အာရေး အားရေးရေး
    9 Mar 09, 08:54 PM
    strike: KOM နဲ့ပေါင်းပြီးရုးကုန်ကြပြီနဲ့တူတယ် black
    9 Mar 09, 08:52 PM
    strike: ကိုယ်ဖျော်ပေးမယ့်ကော်ဖီလေး တကယ်သောက်ချင်သလားမေး
    9 Mar 09, 08:51 PM
    strike: လင်းကမိုက်တယ်
    9 Mar 09, 08:51 PM
    လင်း: သွားပြီ pkw ရပ်လို့ မရတော့ဘူးးးးးးးးးးးးးးး
    9 Mar 09, 08:51 PM
    လင်း: eitatke,e မိုးကလဲအေး အိပ်ရာထဲမှာ ပုဇွန်လိုကွေး မင်းဖျော်တိုက်မဲ့ကော်ဖီလေး တခါလောက်တော့ သောက်ချင်သေးး
    9 Mar 09, 08:48 PM
    လင်း: ဟီးးဒီနေ့ မိုးတွေရွာမှာပေါ့၊ မမကွမ်က လင်းကို ချီးကျူးနေတာကို ထူးထူးဆန်းဆန်း (ရှက်တောင်လာပြီ)
    9 Mar 09, 08:22 PM
    mgnge: ယတြာ သွားချေ မလို့ အဖော်လာခေါ်တာ လိုက်ဦးမလားအမ
    9 Mar 09, 08:21 PM
    သီဟသစ်: မမ ကွမ်း ၏ "အလွမ်းများနဲ့မိုး" ကဗျာပေါင်းချုပ်စာအုပ်ကြီး ထုတ်ဝေတော့မည်
    9 Mar 09, 07:53 PM
    Sint Sint: ကြွေနေတာတောင် သူ့အနားမှာ နေချင်သေးတယ် .. ကြုံရင်ပြောပေးပါနော် အစ်မ ..
    9 Mar 09, 07:53 PM
    Sint Sint: အစ်မ .. ကဗျာရေးတာ ပိုတော်တယ် .. ကြိုက်တယ် .. တိုတိုလေးနဲ့ စိုစိုပြည်ပြည်လေး .. ကျွန်မလဲ အသဲတွေ ..
    9 Mar 09, 06:29 PM
    လင်းကြယ်ဖြူ: အားပေးသ္ဂားပါတယ်။Blog လေးကကောင်းလိုက်တာခင်ဗျာ။
    ReplyDelete
  66. မိုးကလည်းရွာ
    ပုဆိုးကလည်းမပါ
    ( ဘောင်းဘီရှည်ဝတ်ထားသည် )
    သီဟသစ်....
    မိုးကလည်းရွာ
    ပုဆိုးကလည်းမပါ
    ဟိုက်)))) ပလုတ်တုတ်.....
    ( ဘောင်းဘီရှည်ဝတ်ထားသည် )
    ဝူး))))))တော်ပါသေးရဲ့.....
    မနောက်ပါနဲ့ဦးလေးရယ်..( ဦးမိုးဒီလေသံဖြင့် )
    ReplyDelete
  67. So funny. Cheer all...
    ReplyDelete
  68. မိုးတွေက သည်း၊
    ရင်မှာ မရဲတရဲ
    သူပြန်လာမလား ..ခင် မျှော်နေစဲ... :)
    ReplyDelete